Post Title

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo. Lorem […]
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထား

ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထားဟောင်း UFC ဝယ်လ်တာဝိတ် ချန်ပီယံသည် RAF တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရန် ရှိနေသည်။ ဘီလယ်လ် မိုဟာမက်ဒ်သည် အချိန်မဖြုန်းဘဲ ပြန်လည်လုပ်ဆောင်ရန် စီစဉ်နေပါသည်။ ယခုစနေနေ့က ကျင်းပခဲ့သော UFC ကာတာပွဲစဉ်တွင် အီယန် မာချာဒို ဂါရီ (Ian Machado Garry) ကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ပြီးနောက်၊ မိုဟာမက်ဒ်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အင်ဒီယာနားပြည်နယ်၊ ဖစ်ရှာစ် (Fishers, Ind.) ၌ ကျင်းပမည့် RAF 4 တွင် နှစ်ကြိမ်တိုင် NCAA […]
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား

အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား ချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့ အားပေးမှုမျိုး လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပွဲကျပ်နှစ်ပွဲ ဆက်တိုက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ပရိသတ် ၃၉၃၂၃ ဦး လာရောက်အားပေးခဲ့ပြီး အဲဒီပွဲက ချယ်လ်ဆီးပရိသတ်တွေရဲ့ အားပေးမှုကို မာရက်စကာက ကျေနပ်အားရနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ”ဘာစီလိုနာနဲ့ပွဲက ပရိသတ်တွေရဲ့အားပေးမှုကတော့ ထိပ်တန်းပါပဲ။ အခု ကျွန်တော်တို့ အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ယှဉ်ပြိုင်ရတော့မှာပါ။ တနင်္ဂနွေနေ့မှာ တူညီတဲ့ အားပေးမှုမျိုး လိုအပ်ပါတယ်” လို့ […]
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ

ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ အဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။ အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး FAဘက်က ဘာမှရှင်းလင်းချက်မပေးဘူးလို့ ပြောကြားခဲ့တာပါ။ ဂေးယီ(၃၆ နှစ်)ဟာ မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော် မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့ အနီကတ် ပြသခံခဲ့ရပါတယ်။ ဒေးဗစ်မွိုက်စ်က ”အနီကတ်ကို ကျွန်တော်တို့ အယူခံဝင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အယူခံ ပယ်ချခံခဲ့ရပါတယ်။ ဘာကြောင့် ပယ်ချသလဲဆိုတာ ကျွန်တော်တို့ကို ဖြေရှင်းချက် မပေးပါဘူး။ အဲဒီအရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အယူခံထပ်ဝင်ခဲ့ပါတယ်”လို့ ဒေးဗစ်မွိုက်စ်က ပြောခဲ့ပါတယ်။ စည်းမျဉ်းဥပဒေအရ ခိုက်ရန်ဖြစ်ပွားမှုတွေကို သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်လေ့ရှိပါတယ်။ ဒါကြောင့် ဂေးယီဟာ နယူးကာဆယ်၊ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့နဲ့ ကစားမယ့်ပွဲတွေကို လွဲချော်ရဖို့ များပါတယ်။
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု

ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ကူညာဟာ လေ့ကျင့်ရေးမှာ ဦးခေါင်းဒဏ်ရာရခဲ့လို့ အဲဗာတန်နဲ့ပွဲ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ ၎င်းဟာ လာမယ့်အပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်လည်ကစားဖို့ ရှိနေပါတယ်။ ရှက်ရှကိုနဲ့ နောက်ခံလူ မက်ဂွိုင်းရားကတော့ ဒီထက်ပိုပြီး အနားယူရဖို့ များပါတယ်။ ”နောက်တစ်ပွဲမှာ မားသီးယပ်စ်(ကူညာ)ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရှက်ရှကိုကတော့ အနည်းငယ် အချိန်ထပ်ယူရမယ်။ ဟယ်ရီ(မက်ဂွိုင်းရား)လည်း အတူတူပါပဲ”လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် အခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း!

ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း! ဟဲဗီးဝိတ်တန်းကို ကျောနဲ့ထမ်းချင်ပါတယ်လို့ “Salsa Boy” က ကြွေးကြော် ၂၀၂၅ ရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့် Waldo Cortes-Acosta တစ်ယောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က UFC Qatar မှာ သူ့ရဲ့အောင်မြင်မှုကို ခိုင်မာစေခဲ့ပါတယ်။ သုံးရက်အကြာမှ ဝင်ထိုးရမယ့်ပွဲမှာ Shamil Gaziev ကို ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့တဲ့ Cortes-Acosta ဟာ ပွဲမတိုင်ခင် ညမှာပဲ UFC နဲ့ ဘဝကို ပြောင်းလဲစေမယ့် စာချုပ်အသစ်ကို လက်မှတ်ထိုးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 📝 အံ့အားသင့်စရာ စာချုပ်သစ်Dominican Republic ကနေ Arizona ကို လေယာဉ်စီး၊ […]
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ

ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေ မန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂျော်အိုဂိုးမက်စ်(၂၄ နှစ်)ဟာ ၂၀၂၃ ဇန်နဝါရီမှာ ဖလာမင်ဂိုကနေ ဝုလ်ဗ်အသင်းကို ယူရို(၁၈.၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၃၀ အထိ ဖြစ်တဲ့အပြင် တစ်နှစ်သက်တမ်းထပ်တိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ပါတယ်။ ဂျော်အိုဂိုးမက်စ်က ဝုလ်ဗ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ စတင်နေပြီလို့လည်း သတင်းထွက်နေပါတယ်။ ဂျော်အိုဂိုးမက်စ်က လီဗာပူးလ်အသင်းဟာ သူ့ရဲ့ အိပ်မက်အသင်းဖြစ်ကြောင်း ဝန်ခံခဲ့ဖူးပေမဲ့ မန်ယူအသင်းမှာ ပြောင်းရွှေ့ကစားဖို့လည်း ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဝုလ်ဗ်အသင်းက ဇန်နဝါရီစျေးကွက်မှာ အမာခံကစားသမားတွေကို ရောင်းထုတ်လိုခြင်းမရှိပေမဲ့ ဂျော်အိုဂိုုးမက်စ်ကိုတော့ ယူရိုသန်း(၅၀)နဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်း […]
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်

အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ အာဆင်နယ်ကတားဆီးမရနိုင်ဘဲ ချန်ပီယံဆုတွေ မျှော်လင်ခွင့်ရှိနေတာပါ။ စိုက်ပျိုးချိန် လွန်မြောက်ရင် ရိတ်သိမ်းချိန်ဆိုတာရှိစမြဲ၊ တခါတလေမှာ မမြင်နိုင်တဲ့ အနှောင့်အယှက်ကြောင့် ရိတ်သိမ်းချိန်ဟာ နောက်ကျချင်နောက်ကျနိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေ စွမ်းစွမ်းတမံ စိုက်ပျိုးထားသူအတွက် ပျော်ရွှင်ရမယ့်အချိန်ရောက်လာစမြဲပါပဲ။ အာတီတာပြုစုပျိုးထောင်ထားတဲ့ အာဆင်နယ်ဉယျာဉ်က ခမ်းနားလှပနေပြီ။ ဖလားလက်မဲ့အဖျက်ပိုးတွေကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါပြီ။ အောင်ပွဲတွေဝေဝေဆာဆာဖူးဝေနေမယ့် ရိတ်သိမ်းချိန်ရောက်လာတော့ပါမယ်။ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ခေတ် ပထမအာဆင်နယ်နိုင်ငံတော်ကို တည်ထောင်နိုင်သူဆိုရင်အာတီတာက ဒုတိယအာဆင်နယ်နိုင်ငံတော်ကို ဖန်ဆင်းပေးနေသူပါ။ အာဆင်နယ်ကို လိုတာထက်ပိုပြီး လှောင်ပြောင်ကြတယ်။ အမြဲတမ်းဒုတိယလူအဖြစ် နှိမ်ချချင်ကြတယ်။ ချန်ပီယံလိဂ်ဖလားမရဖူးတာကို လက်ညိုးထိုးကြတယ်။ အာတီတာရဲ့ဖလားလက်မဲ့ရာသီတွေက အနည်းငယ်ရှည်ကြာခဲ့ပါတယ်။ ဒါပေမဲ့အခြားတဘက်မှာ အာဆင်နယ်ရဲ့ အောင်ပွဲဆာလောင်စိတ်ဟာ တောက်-ေ-လ-ာင် နေတယ်။ ပရီးမီးယားလိဂ်မှာ အနီးဆုံးပြိုင်ဘက် […]
တစ်ပွဲတည်းလေးဂိုးသွင်းတာဟာ ဘာပေနဲ့ရင်းနှီးပြီးသားအရာပါ။

တစ်ပွဲတည်းလေးဂိုးသွင်းတာဟာ ဘာပေနဲ့ ရင်းနှီးပြီးသားအရာပါ။ သူ့ရဲ့ကစားသမားဘဝမှာ တစ်ပွဲတည်းလေးဂိုးနဲ့အထက်သွင်းတာ လေးကြိမ်အထိ ရှိခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်ပွဲချိန်၂၉ မိနစ်မတိုင်ခင် ဟက်ထရစ်သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမားအဖြစ် ဘာပေ မှတ်တမ်းဝင်ခဲ့တယ်။ ပြီးခဲ့တဲ့ အိုလံပီယာကော့စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲတုန်းက ဘာပေဟာ ၂၂ မိနစ်၊ ၂၄ မိနစ်၊ ၂၉ မိနစ်တွေမှာ ဟက်ထရစ်သွင်းယူပြီးချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ( ၇) မိနစ်အတွင်းဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ဉရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်ဒုတိယအသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ်ဒေးဗစ်လူးဝစ်ဇ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယအသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ဒေးဗစ်လူးဝစ်ဇ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆိုက်ပရပ်စ်ကလပ် ပါဖို့စ်အသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က မိုနာကိုအသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူပြီး မှတ်တမ်းဝင်ခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် ဒေးဗစ်လူးဝစ်ဇ်က ပွဲချိန် ၁၈ မိနစ်မှာ ပါဖို့စ်အသင်းအတွက် ပထမချေပဂိုးကို ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူက ပီပီဖြစ်ပြီး အသက် ၄၀ နှစ်၊ ၂၉၀ ရက်နဲ့ စံချိန်တင်ထားတာပါ။ ဒေးဗစ်လူးဝစ်ဇ်က ၂၀၁၇ ခုနှစ်မှာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုးပိုင်ဆိုင်ပြီးနောက် အခုမှပြန်လည်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။