UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ

UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို့ တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ Ilia Topuria နဲ့ Paddy Pimblett တို့ကြားက မပြေလည်မှုဟာ သူတို့နှစ်ဦးစလုံးဟာ လာမယ့်ပွဲတွေအတွက် ဒုတိယ (cornermen) တွေအဖြစ် ပါဝင်နေချိန်မှာတောင် အခန့်မသင့် တွေ့ဆုံခဲ့ကြပါတယ်။ သောကြာနေ့မှာ ပြုလုပ်မယ့် UFC ကာတာ (UFC Qatar) ရဲ့ တရားဝင် အလေးချိန်ချိန်းဆိုပွဲ (weigh-ins) မတိုင်ခင်မှာ Topuria ဟာ သူ့ညီ Aleksandre Topuria နဲ့အတူ အဆောက်အအုံတစ်ခုထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ Pimblett ကတော့ လမ်းတစ်ဖက်မှာ ရပ်နေပြီး သူ့သူငယ်ချင်းနဲ့ အသင်းဖော်ဖြစ်တဲ့ […]

တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ

တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းက တူရကီကြယ်ပွင့်ကစားသမား ကီနန်ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဥရောပမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်ကစားသမား ယီလ်ဒစ်ဇ်(၂၀ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ခေါ်ယူလိုတဲ့ ထိပ်သီးအသင်းများစွာရှိနေပြီး ဂျူဗင်တပ်စ်အသင်းကလည်း သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ယီလ်ဒစ်ဇ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်နေတာကြောင့် သက်တမ်းတိုးဖို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး ယီလ်ဒစ်ဇ်ကတော့ ဘောလုံးကိုသာ အာရုံစိုက်လိုတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးလိုခြင်းမရှိသေးကြောင်း သိရပါတယ်။ ဒီအခြေအနေမှာ ချယ်လ်ဆီးအသင်းက ယီလ်ဒစ်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို၊ အာဆင်နယ်အသင်းကလည်း အေးဂျင့်ဖြစ်သူထံ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ယီလ်ဒစ်ဇ်ကို လီဗာပူးလ်နဲ့ […]

နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို ကာရေဂါနဲ့ ရွိင်ကင်း သုံးသပ်

နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ကာရေဂါနဲ့ ရွိုင်ကင်း သုံးသပ် လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါနဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကင်းတို့က လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နောက်ခံလူတစ်ဦး မခေါ်ယူပါက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ ဒီရာသီ ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၈ နေရာ ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ပရီးမီးယားလိဂ်ရှုံးပွဲ လေးပွဲသာ ရှိခဲ့ပေမဲ့ ဒီရာသီမှာတော့ ရှုံးပွဲငါးပွဲ ရှိသွားခဲ့ပြီဖြစ်သလို၊ ပေးဂိုးကလည်း ၁၇ ဂိုးရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ သုံးပွဲသာရှိခဲ့ပြီး ခံစစ်ပိုင်းမှာ အားနည်းချက်များရှိနေခဲ့ပါတယ်။ ကာရေဂါနဲ့ ရွိုင်ကင်းတို့က လီဗာပူးလ်အသင်း အခုလို ခံစစ်ပိုင်းမှာ ပြ ဿနာပေါ်နေတာဟာ […]

စပါးအသင်းကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အိမ်ကွင်းမှာ အာတေတာ ရှုးနိမ့်ဖူးခြင်းမရှိကြောင်း အာဆင်နယ်အသင်း ဖော်ပြ

စပါးအသင်းကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အိမ်ကွင်းမှာ အာတေတာ ရှုံးနိမ့်ဖူးခြင်းမရှိကြောင်း အာဆင်နယ်အသင်း ဖော်ပြ အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာအနေနဲ့ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အိမ်ကွင်းမှာ ရှုံးနိမ့်ဖူးခြင်းမရှိကြောင်း အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ မှာ စပါးအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အခုလို ဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး စပါးအသင်းကတော့ အာဆင်နယ်အသင်းနဲ့ ရှစ်မှတ်အကွာ အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီကြိုကာလက ဟောင်ကောင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ပြိုင်ပွဲအဆင့်ပွဲစဉ်တွေမှာတော့ နောက်ဆုံးခြောက်ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ လာမယ့်ပွဲမှာလည်း အာဆင်နယ်အသင်း နိုင်ပွဲဆက်မယ်လို့ တစ်ပေးခံထားရပါတယ်။ အာဆင်နယ်အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ […]

UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov

Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ ၂၀၂၆ ခုနှစ်မှာ စတင်မယ့် Paramount ရုပ်သံနဲ့ လက်တွဲမှုသစ်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နှစ်ဖက် ကစားသမားတွေကြား သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။ လက်ရှိအချိန်မှာတော့ ပွဲကျင်းပမယ့် နေရာကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။ Bukauskas ဟာ (၄) ပွဲဆက် အနိုင်ရရှိထားပြီး Light Heavyweight တန်းမှာ အဆင့်မြင့်တက်လာအောင် ခြေစွမ်းပြနေသူ […]

အခုတစ်ပတ် ယှဥ်ပြိုင်မယ့် ပြင်သစ်လီဂူးပွဲမှာ မိုနာကိုအသင်းအတွက် ပေါ့ဘာ ပွဲဦးထွက်ဖွယ်ရှိ

နာမည်ကျော် ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အခုတစ်ပတ် ယှဥ်ပြိုင်မယ့် ပြင်သစ်လီဂူးပွဲမှာ မိုနာကိုအသင်းအတွက် ပွဲဦးထွက်အဖြစ် ယှဥ်ပြိုင်ကစားဖွယ်ရှိနေကြောင်း သိရပါတယ်။ ပေါ့ဘာ( ၃၂ နှစ်) ဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ မန်ယူကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ဖူးသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်လည်း ညွှန်းဆိုခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းကို တစ်ကျော့ပြန်ရောက်ရှိချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို၊ တားမြစ်ဆေးပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် ကစားသမားဘဝ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ မိုနာကိုအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ခေါ်ယူထားပေမဲ့ လက်ရှိအချိန်အထိ ကစားခွင့်မရသေးတာကြောင့် ပေါ့ဘာအနေနဲ့ ပွဲကစားခွင့်မရတာ ၂၆ လ ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှုက တိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် ရန်းစ်အသင်းနဲ့ ယှဥ်ပြိုင်မယ့်ပွဲမှာ ပါဝင်ကစားခွင့်ရဖွယ်ရှိကြောင်း L’ […]

အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့အာဆင်နယ်လမ်းခွဲမယ်

အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီးအင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့လမ်းခွဲတော့မယ်လိုသိရပါတယ်။ ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနကအာဆင်နယ်အသင်းနဲ့ ပေါင်(၁၀)သန်းတန်(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၆ ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးကူညီမှုတွေကြောင့်DR ကွန်ဂိုနိုင်ငံရဲ့ပြည်တွင်းစစ်ပိုမိုကြီးမားလာချိန်မှာစပွန်ဆာယူထားတဲ့ အာဆင်နယ်အသင်းလည်းအကြီးအကျယ်ဝေဖန်ခံလာရပါတယ်။ DR ကွန်ဂိုအစိုးရနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့M23 ပုန်ကန်သူတွေကို ရဝမ်ဒါအစိုးရက လက်နက်ခဲယမ်းနဲ့ စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးအကူအညီကြောင့်DR ကွန်ဂိုပြည်တွင်းစစ်က အဆုံးမသတ်နိုင်ဘဲအပျက်အစီးအဆုံးအရှုးများနေခဲ့ပါတယ်။ Visit Rwanda အမှတ်တံဆိပ်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG ၊ ဘိုင်ယန်မြူးနစ်တိုလည်းပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တချိုကတော့အာဆင်နယ်အသင်းဟာ ငွေရမယ်ဆိုရင်ခါးသီးတဲ့မြိုခံပြိုင်ဘက်စပါးအသင်းဆီကနေလည်းစပွန်ဆာယူမယ့်အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။

စီရော်နယ်လ်ဒိုရဲ့နောက်ပြန်ကန်ချက်သွင်းဂိုးနဲ့တွမ်မီနေးရဲ့နောက်ပြန်ကန်ချက်သွင်းဂိုးဘယ်သူ့ရဲ့သွင်းဂိုး ပိုကောင်းလဲ

ွမ်မီနေးက ဒိန်းမတ်နဲ့ပွဲမှာ မှော်ဆန်တဲ့နောက်ပြန်ကန်ချက်သွင်းဂိုးရရှိအောင် မြက်ခင်းပြင်ကနေအတော်မြင့်မားစွာခုန်ခဲ့ရပြီး လေထဲကဘောလုံးနဲ့သူ့ခြေထောက်ထိတွေ့ချိန်မှာအမြင့် (၈)ပေ(၃)လက်မအထိရှိနေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ စီရော်နယ်လ်ဒိုကလည်းအမိုက်စားနောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူဖူးပါတယ်။သူ့ရဲ့သွင်းဂိုးမှာ လေထဲကဘောလုံးနဲ့သူ့ခြေထောက်ထိတွေ့ချိန်မှာ အမြင့် (၇)ပေ(၇)လက်မအထိရှိခဲ့ပါတယ်။ တွမ်မီနေးက စီရော်နယ်လ်ဒိုရဲ့စံချိန်ကိုကျော်ဖြတ်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ်ရဲ့ဒဏ်ရာက အာဆင်နယ်ကိုဘယ်လောက်ထိခိုက်နစ်နာစေမလဲ

အာဆင်နယ်ရဲ့အားထားရတဲ့ခံစစ်ကစားသမားဂါဘရီယဲလ်တစ်ယောက် ဇန်နဝါရီလလောက်အထိအနားယူရမယ်ဆိုပြီးသတင်းထွက်နေပါတယ်။ အာဆင်နယ်ကလာမယ့်ပရီးမီးယားလိဂ်ပွဲမှာစပါး၊ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ကစားရဖိုရှိလို အားထားရတဲ့ဂါဘရီယဲလ်မပါနိုင်တာထိုးနှက်ချက်ဖြစ်လာပါတယ်။ ဂါဘရီယဲလ် မရှိချိန်မှာ အာဆင်နယ်ရဲ့နိုင်ပွဲရာခိုင်နှုန်းက၄၁ ရာခိုင်နှုန်းသာရှိပြီးဂါဘရီယဲလ် ကစားတဲ့အခါ အာဆင်နယ်ရဲ့နိုင်ပွဲရာခိုင်နှုန်းက ၆၃ ဒဿမ ၅ ရာခိုင်နှုန်းအထိမြင့်တက်လာတာပါ။ လက်ရှိရာသီမှာ အာဆင်နယ်အသင်းကခံစစ်မာဂုဏ်မြင့်မားခဲ့ပြီး ဂါဘရီယဲလ်နဲ့ဆာလီဘာကဉရောပအကောင်းဆုံးခံစစ်အတွဲအဖက်ဖြစ်ခဲ့ပါတယ်။အခုဂါဘရီယဲလ်မရှိတာအာဆင်နယ်ခံစစ်ကိုသက်ရောက်မှုကြီးမားနိုင်ပြီး ဂိုးတွေပြန်ပေးနေရလိုလည်းစိုးရိမ်စရာကောင်းပါတယ်။ ဂါဘရီယဲလ်က ပြီးခဲ့တဲ့ရာသီမှာတံကောက်ကြောဒဏ်ရာရပြီး အာဆင်နယ်ရဲ့ချန်ပီယံမျှော်လင့်ချက်ထိခိုက်ဖူးတယ်။အာဆင်နယ်ခံစစ်မှာမော်စကွဲယားက ကစားခွင့်ရချိန်တိုင်းတည်ငြိမ်နေပေမယ့် ဂါဘရီယဲလ်လောက်စိတ်ချလိုမရပါဘူး။ ပြီးတော့ကာလာဖီအိုရီကလည်းဒဏ်ရာရနေလို အာဆင်နယ်ခံစစ်ရွေးချယ်စရာပိုနည်းနေပါတယ်။ အာဆင်နယ်က ဂါဘရီယဲလ်ဘယ်လောက်အနားယူရဉီးမလဲဆိုတာ မူတည်ပြီး ချန်ပီယံအိပ်မက်အလားအလာအဖြေထွက်ဖွယ်ရှိနေပါတယ်။

UFC 322 တွင် ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်လာသည့် အစ္စလာမ်မက္ခချပ်၏ ခြေစွမ်းကို အာမန်ဆာရူကီယန် အံ့အားသင့်ချီးကျူး

ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ် အထင်ကြီးလေးစားမိကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဆာရူကီယန်သည် ယခင်က မက္ခချပ်နှင့် လိုက်ဝိတ်တန်း (၁၅၅ ပေါင်) ချန်ပီယံလုပွဲ ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ယခုအခါ မက္ခချပ်သည် UFC 322 ပြိုင်ပွဲတွင် Jack Della Maddalena ကို အသာစီးဖြင့် အနိုင်ယူကာ ဝယ်လ်တာဝိတ်တန်း (၁၇၀ ပေါင်) ချန်ပီယံဆုကိုပါ ရယူသွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မက်ဒီဆင်စကွဲဂါးဒန်းတွင် ပြုလုပ်ခဲ့သော အဆိုပါပွဲစဉ်နှင့် ပတ်သက်၍ ဆာရူကီယန်က မက္ခချပ်၏ ခြေစွမ်းမှာ အံ့မခန်းဖြစ်ပြီး ၁၅၅ ပေါင်တန်းတွင်ဖြစ်စေ၊ […]