ချယ်လ်ဆီးရဲ့ကြယ်အသစ် အီစတယ်ဗို

ချယ်လ်ဆီးရဲ့ကြယ်အသစ် အီစတယ်ဗို အီစတယ်ဗိုက ပရီးမီးယားလိဂ်ရပ်ဝန်းမှာ တောက်မဲ့မီးခဲတရဲရဲ ဖြစ်ကြောင်း သက်သေပြနေပြီ။ အသက် ၁၈ နှစ်အရွယ် ဘရာဇီးလ်ကြယ်လေးဟာ လီဗာပူးလ်ကိုနောက်ကျဂိုးနဲ့အသည်းခွဲလိုက်ပါတယ်။ ပါလ်မာ မပါဝင်နိုင်ဘဲ တိုက်စစ်မှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ ချယ်လ်ဆီးအတွက် အီစတယ်ဗိုအလင်းဟာ အတော်လေး အရေးပါခဲ့တယ်။ ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ ဂိုးတွေသွင်းပြနေပါတယ်။ အေဂျက်စ်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အီစတယ်ဗိုကဂိုးတစ်ဂိုးသွင်းပြခဲ့တာပါ။ ပယ်နယ်တီကန်သွင်းနေကျ အန်ဇိုကအေဂျက်စ်နဲ့ပွဲမှာ ရတဲ့ပထမပယ်နယ်တီကို သူကိုယ်တိုင်ကန်ခဲ့ပေမယ့် ဒုတိယပယ်နယ်တီကိုအီစတယ်ဗိုအတွက်အခွင့်အရေးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အီစတယ်ဗိုက ချယ်လ်ဆီးအသင်းရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူ ဖြစ်လာခဲ့တယ်။ ချယ်လ်ဆီးသမိုင်းကိုပြန်ကြည့်ရင် သီယာဂိုဆေးလ်ဗား၊ ရာမီရက်စ်အစရှိတဲ့ ဘရာဇီးလ်သားတွေဟာ ချယ်လ်ဆီးကောင်းကျိုးသယ်ပိုးနိုင်ခဲ့တယ် မဟုတ်လား။ ရီးယဲလ်နဲ့အတူ လင်းပနေတဲ့ ဗင်နီစီယက်စ်က အသက် ၁၇ နှစ်အရွယ်မှာ ဉရောပမြေကိုစွန့်စားခန်းထွက်ပြီးအထူးအောင်မြင်ခဲ့တယ်အီစတယ်ဗိုလည်း အဲဒီလိုဇာတ်လမ်းမျိုး အကြီးအကျယ်မျှော်လင့်ခွင့်ရှိနေပြီ။ ချယ်လ်ဆီးကလူငယ်ကြယ်ပွင့်တွေနဲ့အတူ အနာဂတ်အသစ်ကိုဖန်ဆင်းနေပါတယ်။ […]
ဆာလာက လီဗာပူးလ်အတွက် ပြဿနာဖြစ်လာပြီလား

ဆာလာက လီဗာပူးလ်အတွက် ပြဿနာဖြစ်လာပြီလား လီဗာပူးလ်ရဲ့Untouchable Player က ဆာလာပါ။ သူ့ကို ဖယ်ရှားဖိုရာမဖြစ်နိုင်သေးဘူး။ ဆာလာကို ဉီးတည်ပြီး လီဗာပူးလ်တိုက်စစ်လည်ပတ်နေတာနှစ်အတန်ကြာခဲ့ပြီ။ ဆာလာရဲ့ထူးချွန်မှုကြောင့်ပဲ လီဗာပူးလ်ဟာခမ်းနားအောင်ပွဲတွေပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတွေးစရာကောင်းလာတာကဆာလာဟာ လီဗာပူးလ်ရဲ့ပြဿနာတစ်ခုဖြစ်လာပြီလားဆိုတာပါ။ ဆာလာကခံစစ်ကို ကူညီနိုင်စွမ်း မရှိလို လီဗာပူးလ်အတွက် ပြဿနာဖြစ်လာပါတယ်။ အထူးသဖြင့် ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဆာလာက ခံစစ်မကူညီနိုင်လို လီဗာပူးလ် ဒုက္ခများနေရတယ်။ အာနယ်ဆလော့က လျင်မြန်တဲ့တိုက်စစ်အကူးအပြောင်းတွေအတွက်ဆာလာကို တိုက်စစ်ညာတောင်ပံ မှာ အခွင့်အရေးစောင့်ဆိုင်းခိုင်းထားပါတယ်။ ခက်တာက လီဗာပူးလ်ညာနောက်ခံလူနေရာအဖြစ် ကစားနေတဲ့ ဖရင်ပေါင်၊ ဘရက်ဒ်လေ ၊ ဆိုဘိုဆလိုင်းတိုက 2vs1 နှစ်ယောက်တစ်ယောက် အခြေအနေဖြစ်နေပြီး တာဆီးနိုင်စွမ်းမရှိပါဘူး။ ဒီတော့ ဆာလာခံစစ်မကူညီနိုင်တာဟာ လီဗာပူးလ်ရဲ့အားနည်းချက်၊ပြိုင်ဘက်တွေအတွက် ထိုးနှက်စရာအကွက်ဖြစ်လာတယ်။ လီဗာပူးလ်က ညာနောက်ခံလူနေရာအားနည်းချက်ရှိသလို၊ ဆာလာရဲ့နောက်မှာကစားတဲ့ ကွင်းလယ်လူဂရာဗန်ဘာ့ချ်ရဲ့တိုက်စစ်အားသန်စိတ်ထားမြင့်မားလာတာကြောင့်လည်း ညာခြမ်းမှာ Space တွေများနေပါတယ်။ […]
မန်ယူက ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ခွင့်ရှိလား

မန်ယူက ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ခွင့်ရှိလား ဘောလုံးလောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဂရိက ယူရို ၂၀၀၄ မှာ ဉရောပချန်ပီယံဖြစ်ဖူးတယ်။ လက်စတာက ၂၀၁၆ မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖူးတယ်။ ဒီလိုပဲ လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်းချန်ပီယံမဖြစ်နိုင်ဘူးလို မပြောနိုင်ပါဘူး။ လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာမန်ယူရောက်လာသူတွေက အောင်မြင်မှုထက်မန်ယူကိုချစ်တဲ့စိတ်ကြောင့် ရောက်လာတဲ့ကစားသမားတွေလိုဆိုနိုင်ပါတယ်။ မန်ယူရဲ့ကစားသမားခေါ် ယူမှုတွေက စိတ်ကျေနပ်စရာကောင်းပြီး လက်ရှိရာသီမှာ ဉီးပြန်မော့လာမယ့် အရိပ်အယောင် မြင်နေရပါတယ်။ ချယ်လ်ဆီးနဲ့ လီဗာပူးလျကိုအနိုင်ရပြီးနောက် မန်ယူရဲ့မျှော်လင့်ချက်ဟာ ပိုပြီးကြီးမားလာပြီ။ ဉရောပပြိုင်ပွဲ ဝင်ခွင့်မရလို မန်ယူကိုဘယ်ကစားသမားမှ မလာချင်ဘူးထင်ရပေမယ့် ကန်ညာ၊ အမ်ဘူမို၊ ဆက်ရှ်ကိုအစရှိတဲ့ တိုက်စစ်ကြယ်ပွင့်တွေ သိမ်းပိုက်နိုင်ခဲ့တယ်။ မန်ယူပရိသတ်တွေအတွကိ ပိုပြီးဂုဏ်ယူစရာကောင်းတာက အမ်ဘူမိုကစပါး၊ ဆက်ရှ်ကိုက နယူးကာဆယ်တိုရဲ့ကမ်းလှမ်းမှု၊ ချန်ပီယံလိဂ်ကစားခွင့်ကို ငြင်းပယ်ပြီး မန်ယူရောက်လာတာပါ။ ပြည်တွင်းပြိုင်ပွဲတွေပဲကစားရမယ့်အခြေအနေက ပြန်လည်တညိဆောက်ခါစ မန်ယူကို ဖိအားလျော့စေလိမ့်မယ်။ ဒါကအခွင့်အရေးတစ်ခု […]
Jack Della Maddalena နည်းပြက Islam Makhachev နှင့် ထိုးသတ်ရခြင်းသည် Belal Muhammad နှင့် ထိုးသတ်ရခြင်းထက် ‘ပိုမိုလွယ်ကူ’ မည်ဟု ပြောကြား

Jack Della Maddalena နည်းပြက Islam Makhachev နှင့် ထိုးသတ်ရခြင်းသည် Belal Muhammad နှင့် ထိုးသတ်ရခြင်းထက် ‘ပိုမိုလွယ်ကူ’ မည်ဟု ပြောကြား Jack Della Maddalena သည် Welterweight ချန်ပီယံဖြစ်လာရန်အတွက် ပြင်းထန်သော ၅ ချီလုံး ထိုးသတ်ခဲ့ရသည်။သူ့ရဲ့နည်းပြ Ben Vickers က Della Maddalena ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် UFC 322 ရဲ့ ပင်မပွဲစဉ်မှာ Islam Makhachev နှင့် ထိုးသတ်ရမယ့် ချန်ပီယံကာကွယ်ပွဲမှာလည်း ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ Belal Muhammad ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ယူခဲ့စဉ်ကလောက်တော့ မခက်ခဲနိုင်ဘူးလို့ […]
နံပါတ်(၁၄)ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ယိုကယ်ရက်စ် ပြောကြား

နံပါတ်(၁၄)ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ယိုကယ်ရက်စ် ပြောကြား အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ယိုကယ်ရက်စ်က သူ ဝတ်ဆင်ထားတဲ့ နံပါတ်(၁၄)ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ ဒီပွဲမတိုင်ခင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သလို၊ လက်ရွေးစင်အသင်းရဲ့ပွဲတွေကိုပါ ထည့်တွက်ရင် (၉)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာပါ။ ဒါပေမဲ့ အက်သလက်တီကိုနဲ့ပွဲမှာတော့ (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းမှာ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၄)ကို ဆက်ခံဝတ်ဆင်ခဲ့တာကြောင့် ဒီအကျင်္ီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ပြောကြားခဲ့တာပါ။ ”ဒီခံစားချက်က အရမ်းကောင်းပါတယ်။ ဒီအကျင်္ီထဲမှာ သွင်းဂိုးများစွာ ရှိနေပါတယ်။ အရိုးသားဆုံးပြောရရင် အသင်းမှာ လွတ်နေတဲ့နံပါတ် များများစားစားမရှိပေမဲ့ နံပါတ်(၁၄) လွတ်နေခဲ့တာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။ […]
အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ

အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။ မက်ဆီဟာ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ မေဂျာလိဂ်(၃)ပွဲမှာ ကိုယ်တိုင်(၅)ဂိုးသွင်းပြီး (၅)ဂိုးဖန်တီးပေးခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မက်ဆီအနေနဲ့ လအလိုက်အကောင်းဆုံးကစားသမားဆုကို ဒီရာသီအတွင်း (၃)ကြိမ်မြောက်(မေ၊ ဇူလိုင်၊ အောက်တိုဘာ)ရရှိခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီမှာ ကစားခဲ့တဲ့သက်တမ်းအတွင်းဆိုရင်တော့ (၅)ကြိမ်မြောက်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို (၂၉)ဂိုးနဲ့ ရယူနိုင်ခဲ့ပြီဖြစ်သလို၊ အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်တိုက်ရရှိဖို့လည်း အလားအလာကောင်းနေပါတယ်။ အင်တာမိုင်ယာမီအသင်းက မကြာခင်စာချုပ်သက်တမ်းကုန်တော့မယ့် မက်ဆီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိင်းရား ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိုင်းရား ရွေးချယ်ခံရ မန်ယူအသင်းရဲ့အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ မန်ယူအသင်းက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဂွိုင်းရားက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ အနိုင်ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒမဲ (၄၂%)ရရှိကာ ပွဲစဉ်(၈)ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဟာလန်းက (၁၄%)၊ မာတက်တာက (၁၂%)၊ ဆာကာက (၁၁%)၊ ရီးစ်ဂျိမ်းစ်က (၁၀%)၊ မူကီလီက (၇%)၊ နက်တိုက (၃%)၊ ကရူပီက (၁%)သာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို စပါးက (၃)ဦး၊ လီဗာပူးလ်က (၂)ဦး၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ […]
ဂျုံးစ်နှင့် အဲလက်စ် ပါရေးရားတိုပွဲသည် ‘လူ့သမိုင်းတွင် အကြီးမားဆုံးသောပွဲ’ ဖြစ်ပြီး BMF ခေါင်းစဉ်အတွက် ဖြစ်သင့်

UFC မှ အောင်မြင်သော အသံလွှင့်သူနှင့် ပေါ့ဒ်ကက်စ်တင်ဆက်သူ ဂျိုး ရိုဂန် (Joe Rogan) က အဲလက်စ် ပါရေးရား (Alex Pereira) နှင့် ဂျွန် ဂျုံးစ် (Jon Jones) တို၏ ဖြစ်နိုင်ချေရှိသော စူပါဖိုက် (Superfight) ကို “လူ့သမိုင်းတွင် အကြီးမားဆုံးသောပွဲ” ဟု ဖော်ညွှန်းခဲ့ပြီး၊ ယင်းပွဲကို BMF (Baddest Motherfucker) ခေါင်းစဉ်အတွက် ထိုးသတ်သင့်ကြောင်း အကြံပြုခဲ့သည်။ ဂျိုး ရိုဂန်၏ ပြောကြားချက်ကတေ့ ဂျွန် ဂျုံးစ်နှင့် အဲလက်စ် ပါရေးရားတို နှစ်ဦးစလုံးက ပွဲဖြစ်မြောက်ရန် စိတ်ဝင်စားကြောင်း ပြသထားသော်လည်း၊ UFC CEO ဒါနာ ဝှိက် (Dana White) ကမူ ယင်းပွဲသည် ဂျုံးစ်၏ […]
နော်တင်ဟမ်အသင်းနည်းပြအဖြစ် ရှောင်ဒိုက်ကို ခန့်အပ်ဖို ပိုမိုနီးစပ်လာ

နေ်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် ရှောင်ဒိုက်ကို ခန့်အပ်ဖို ပိုမိုနီးစပ်လာခဲ့ပါတယ်။ ဘန်လေနဲ့ အဲဗာတန်နည်းပြဟောင်း ရှောင်ဒိုက်ဟာ ပိုစတီကိုဂလူး ထုတ်ပယ်ခံရကတည်းက ရေပန်းအစားဆုံး ဖြစ်ခဲ့တာပါ။ နော်တင်ဟမ်နဲ့ ရှောင်ဒိုက်အကြား ဆွေးနွေးမှုတွေဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီလိုလည်း သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။ နော်တင်ဟမ်အသင်း တာဝန်ရှိသူတွေဟာ မန်စီးတီးနည်းပြဟောင်း မန်ချီနီနဲ့လည်း ဆွေးနွေးခဲ့ပြီးဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကိုလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်နဲ့ ရာသီကုန်အထိ စာချုပ်သက်တမ်းရှိနေတဲ့ မာကိုဆေးလ်ဗားကို ခေါ်ယူရင် လျော်ကြေး ပေါင် ၁၃ သန်းလောက် ပေးရဖိုရှိလို လက်လျှော့ခဲ့ပုံရပါတယ်။ ရှောင်ဒိုက်ဟာ နော်တင်ဟမ်အသင်းကြီးမှာ မကစားခဲ့ဖူးပေမဲ့ ၁၉၈၀ နှောင်းပိုင်းနှစ်တွေမှာ လူငယ်ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးပါတယ်။ ၎င်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အဲဗာတန်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို ဟာမန်း တိုက်တွန်း

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟောင်းဖြစ်တဲ့ဒီယက်မာဟာမန်းက အသင်းအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို တိုက်တွန်းခဲ့ပါတယ်။ ဟာရီကိန်း(၃၂ နှစ်)ဟာ ဘိုင်ယန်အသင်းမှာ ခြေစွမ်းပြနေပြီး အခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားပါတယ်။ ၂၀၂၃ နွေရာသီမှာ အသင်းကိုရောက်လာတဲ့ ဟာရီကိန်းအနေနဲ့ ကစားသမားဘ၀ ပထမဆုံးဆုဖလားတွေအဖြစ် ပြီးခဲ့တဲ့လအနည်းငယ်က ဘွန်ဒစ်လီဂါနဲ့ ဂျာမန်စူပါဖလားတွေ ရယူခဲ့ပြီး အသင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေရဖို မျှော်လင့်နေပါတယ်။ ဟာရီကိန်းရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာဖြစ်တယ်။ ”ဒါဟာ(စာချုပ်သက်တမ်းတိုးမှု) ရူးနှမ်းတဲ့လုပ်ရပ် ဖြစ်လိမ့်မယ်။ စာချုပ်သက်တမ်းပြည့်ချိန်မှာ သူက ၃၄ နှစ် ရှိနေပါပြီ။ စာချုပ်သက်တမ်း လ ၂၀ လောက် ကျန်နေသေးလို စာချုပ်သက်တမ်း မတိုးသင့်ပါဘူး။ ဒါက ရူးနှမ်းတဲ့ လုပ်ရပ်ပါပဲ”လို နယူးကာဆယ်၊ လီဗာပူးလ်နဲ့ […]