မန်ယူနိုက်တက်အသင်းကို ငြင်းဆန်ခဲ့ရတဲ့အကြောင်း ယာဂန်ကလော့ပ် ပြန်ပြောင်းပြောဆို

လီဗာပူးလ်အသင်းဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က မန်ယူနိုက်တက်အသင်းမှာ သူ့ကို ဖာဂူဆန်နေရာ အစားထိုးဖိုကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ ကလော့ပ်ဟာ ဗြိတိန်စွန့်ဦးတီထွင်သူ စတိဗ်ဘတ်လတ်ရဲ့ Diary of a CEO podcast မှာ အခုလို ဖွင့်ဟခဲ့တာဖြစ်တယ်။ မန်ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် အနားယူချိန် ယာဂန်ကလော့ပ်ကို ခေါ်ယူဖို ကြိုးစားခဲ့ပေမဲ့ ဒေါ့မွန်အသင်းနဲ့ စာချုပ်ရှိနေလို ပယ်ချခဲ့တာလို ဖွင့်ဟခဲ့ပါတယ်။ ”ဆာအဲလက်စ်အနားယူချိန် အဲဒီနှစ်မှာ သူတို ကျွန်တော့်ကို စကားပြောခဲ့တယ်။ အခြေအနေတစ်ခုမှာ သူတို ကျွန်တော့်ကို စိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာ ငယ်ရွယ်သေးပြီး ဒေါ့မွန်မှာစိတ်လှုပ်ရှားဖွယ် အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် အဲဒီမှာ ဘာလုပ်နေသလဲလိုသူတို တွေးကောင်းတွေးနိုင်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို ကြိုးစားခဲ့တယ်။ ဒါက […]

ရိုင်နီယာ ဒီ ရစ်ဒါ၏ နည်းပြမှ UFC ဗန်ကူးဗားပွဲရပ်ဆိုင်းမှုအပေါ် ထုတ်ပြန်ချက်

UFC ဗန်ကူးဗားပွဲစဉ်၏ အဓိကပွဲစဉ်တွင် ဘရန်ဒန် အယ်လန် (Brendan Allen) ကို ရှုးနိမ့်ပြီးနောက် ရိုင်နီယာ ဒီ ရစ်ဒါ (Reinier de Ridder) သည် မှတ်ချက်ပေးရန် ကျန်ရှိနေသေးသော်လည်း ၎င်း၏ အဓိကနည်းပြ ဟာရန် အော့ဇ်ကန် (Harun Ozkan) မှ ပွဲရပ်ဆိုင်းရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလ ၁၈ ရက် စနေနေ့ညတွင် ကျင်းပခဲ့သော UFC ဗန်ကူးဗား၏ အဓိကပွဲစဉ်တွင် ဒီ ရစ်ဒါသည် အယ်လန်နှင့် ယှဉ်ပြိုင်ခဲ့ပြီး ပထမအချီတွင် အကောင်းဆုံးစတင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အားကုန်သွားကာ အယ်လန်၏ မြေပြင်မှ ထိုးနှက်မှုနှင့် အနေအထားထိန်းချုပ်မှုဒဏ်ကို ခံခဲ့ရသည်။ စတုတ္ထအချီအဆုံးတွင် ဒီ ရစ်ဒါသည် မောပန်းနွမ်းနယ်နေပြီး […]

ယိုကယ်ရက်စ်က ဂိုးမသွင်းပေမဲ့ အာဆင်နယ်အသင်းကို တိုးတက်စေတယ်လို အလန်ရှီးယား ပြောကြား

ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက အာဆင်နယ်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ ဂိုးမသွင်းပေမဲ့ အသင်းကို တိုးတက်စေတယ်လို ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒီနှစ် နွေရာသီမှာ စပိုတင်းလစ္စဘွန်းကနေ အာဆင်နယ်အသင်းကို ပေါင်(၆၄)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၃)ဂိုးသာ သွင်းယူထားနိုင်တဲ့အပြင် နောက်ဆုံး(၇)ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒါပေမဲ့ အလန်ရှီးယားက ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ခေါ်ယူမှုဖြစ်ကြောင်းနဲ့ အသင်းကို တိုးတက်စေခဲ့ကြောင်း သုံးသပ်ခဲ့တာပါ။ ”သူက ကျွန်တော်တို မြင်တွေ့ခဲ့ဖူးတဲ့ တိုက်စစ်မှူး သုံးယောက်ရဲ့ အဆင့်အတန်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကွဲပြားခြားနားတဲ့အရာကို ယူဆောင်လာပြီး အသင်းကို သေချာပေါက် တိုးတက်စေပါတယ်။ သူက တခြားသူတွေအတွက် နေရာလွတ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟာဗက်ဇ်နဲ့ မယ်ရီနိုတို ကစားခဲ့ချိန်မှာ ပြိုင်ဘက်တွေအနေနဲ့ ကာကွယ်ရတာ […]

ဆွီဒင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဂရေဟမ်ပေါ်တာ ခန့်အပ်ခံရ

ပြီးခဲ့တဲ့ စက်တင်ဘာလက ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ်ပေါ်တာဟာ ဆွီဒင်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။ ဆွီဒင်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုးပွဲတွေဆက်ပြီး ရလဒ်တွေဆိုးခဲ့တာကြောင့် ဆွီဒင်ဘောလုံးအဖွဲချုပ်က နည်းပြ တိုမာဆန်ကို ရာထူးက ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုအောက်ဆုံးရောက်နေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို မျှော်လင့်ချက်မရှိတော့ဘဲ Play-offs ယှဉ်ပြိုင်ခွင့်ရဖိုသာ ကြိုးစားရတော့မှာပါ။ ဒါပေမဲ့ Nations League ရလဒ်အရလည်း Play-offs ယှဉ်ပြိုင်ခွင့်ရဖို အခွင့်အရေးရှိနေတာကြောင့် ဆွီဒင်ဘောလုံးအဖွဲချုပ်က ဂရေဟမ်ပေါ်တာကို လောလောဆယ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအထိသာ ကာလတိုနဲ့ ခန့်အပ်ထားပြီး ခြေစစ်ပွဲအောင်မြင်မှသာ ကာလရှည်စာချုပ် ချုပ်ဆိုသွားမယ်လို သိရပါတယ်။ နည်းပြဘဝကို ဆွီဒင်နိုင်ငံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ ဂရေဟမ်ပေါ်တာကတော့ ဆွီဒင်အသင်းမှာ ထိပ်တန်းအဆင့် […]

အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းမှာ ရှိစေချင်တယ်လို ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းမှာ ရှိစေချင်တယ်လို ပြောကြားခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်(၂၅ နှစ်)ဟာ မန်စီးတီးအသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့သူဖြစ်ပြီး ပွဲကစားခွင့်ပိုရချင်တာကြောင့် ၂၀၂၄ နွေရာသီမှာ အက်သလက်တီကိုအသင်းကို ယူရို(၉၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာလည်း ခြေစွမ်းပြနေတာကြောင့် ဂွါဒီယိုလာက လက်မလွှတ်ချင်ဘဲ လွှတ်လိုက်ရတာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ”ကျွန်တော်တို ဖလားသုံးလုံးရခဲ့တုန်းက အရန်ခုံထိုင်ခဲ့ရတဲ့ကစားသမားတွေကို မှတ်မိသေးလား။ လာပေါ်တေးက အရမ်းကောင်းတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ပုံမှန်နေရာရနေသူပါ။ ပြီးတော့ ဂျူလီယန်(အယ်လ်ဗာရက်ဇ်)နဲ့ တခြားကစားသမားတွေကလည်း ကျွန်တော် အသင်းမှာ ရှိစေချင်သူတွေပါ။ ဒါပေမဲ့ သူတိုက ပွဲကစားခွင့်ပိုရချင်တာကြောင့် ထွက်ခွာသွားကြပါတယ်။ ဂျူလီယန်က အာလင်းနဲ့ ပြိုင်ဆိုင်ခဲ့ရပြီး ကျွန်တော်တိုအတွက် အပိုစွမ်းအားတွေ ဖြစ်ခဲ့ပါတယ်။ သူက အခု ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ […]

Reinier de Ridder, Brendan Allenတို အဓိကပွဲစဉ်အတွက် အလေးချိန်မီ

UFC ဗန်ကူးဗား၏ အဓိကပွဲစဉ်သည် အလေးချိန်စစ်ဆေးမှု အောင်မြင်စွာ ပြီးဆုံးပြီးနောက် တရားဝင် စတင်တော့မည်ဖြစ်သည်။ သောကြာနေ့က ကျင်းပသော အလေးချိန်စစ်ဆေးမှုတွင် အလယ်တန်းတန်း (Middleweight) ပွဲစဉ်မှ ခေါင်းစီးတိုက်ခိုက်ရေးသမားများဖြစ်ကြသည့် Reinier de Ridder နှင့် Brendan Allen တိုနှစ်ဦးစလုံးသည် ၁ ပေါင် သက်ညှာခွင့်ကို အသုံးပြု၍ ၁၈၆ ပေါင် ဖြင့် အောင်မြင်စွာ အလေးချိန်မီခဲ့ကြသည်။ လေးပွဲဆက်တိုက် အနိုင်ရရှိမှုဖြင့် ချန်ပီယံဆုအတွက် အခွင့်အရေးရရှိရန် နီးစပ်နေသည့် de Ridder သည် ယခင် ONE နှစ်တန်းစား ချန်ပီယံဟောင်းဖြစ်သည်။ မူလက Anthony Hernandez နှင့် ရင်ဆိုင်ရရန် စီစဉ်ထားသော်လည်း Hernandez နုတ်ထွက်သွားခြင်းကြောင့် Brendan “All In” Allen […]

လက်ရွေးစင်အသင်းဖော် ဘာလီဘာကို မန်ယူအသင်းထံ ပြောင်းရွှေ့ဖို အမ်ဘူမို တိုက်တွန်းနေ

မန်ယူအသင်းရဲ့ ကင်မရွန်းတိုက်စစ်ကစားသမား အမ်ဘူမိုဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘာလီဘာကို မန်ယူအသင်းထံ ပြောင်းရွှေ့ဖို တိုက်တွန်းနေကြောင်း သိရပါတယ်။ ဘာလီဘာ(၂၁ နှစ်)ဟာ ၂၀၂၃ နွေရာသီကမှ လိုင်လီကနေ ဘရိုက်တန်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ မြန်မြန်ဆန်ဆန်အံဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းများစွာက ခေါ်ယူဖို စိတ်ဝင်စားနေကြပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဘာလီဘာကို ခေါ်ယူဖို ကြိုးပမ်းခဲ့သလို၊ လာမယ့် ဇန်နဝါရီစျေးကွက်မှာ ထပ်မံကြိုးပမ်းဖို စီစဉ်နေပြီး အမ်ဘူမိုကလည်း အနီးကပ်တိုက်တွန်းမှုပြုလုပ်နေကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့သလို၊ အခု မန်ယူနဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာလည်း နည်းပြ ဟူဇယ်လာက ဘာလီဘာဟာ ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိနေမယ်လို ပြောကြားခဲ့ပါတယ်။ ဘရိုက်တန်အသင်းက ဘာလီဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)အထိ အလိုရှိနေကြောင်း သိရပါတယ်။

ဘောလုံးမှာ ဘာမှမသေချာကြောင်း အာမိုရင်မ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က ဘောလုံးမှာ ဘာမှမသေချာကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်နဲ့ အန်ဖီးလ်မှာ ပွဲ ၁၀၀ မြောက်တွေ့ဆုံပွဲပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်မ်ကအခုလို ပြောခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က The Times နဲ့ အင်တာဗျူးမှာ အသင်းပူတွဲပိုင်ရှင် ရက်ကလစ်ဖ်က အာမိုရင်မ်ကို မန်ယူနိုက်တက်အသင်းမှာ သုံးနှစ်ကြာဆက်ရှိမယ်လို ဖွင့်ဟခဲ့ပါတယ်။ ဖိအားဒဏ်တွေနဲ့ နည်းပြရာထူးအတွက် မသေချာတော့တဲ့ သတင်းတွေ အဆက်မပြတ်ထွက်နေချိန်မှာ ရက်ကလစ်ဖ်ရဲ့စကားကို အာမိုရင်မ်ကို အာမခံချက်ပေးခဲ့ပါတယ်။ အာမိုရင်မ်က ”ဒီစကားကြားရတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဒီစကားကို သူက ကျွန်တော့်ကို အချိန်တိုင်း ပြောနေတာပါ။ တစ်ခါတစ်ရံမှာတော့ပွဲတွေပြီးရင် မက်ဆေ့ချ်ပိုတယ်။ ဒါပေမဲ့ဘောလုံးဟာ ဒီလိုမဟုတ်ဘူးဆိုတာ သူလည်းသိတယ်၊ ကျွန်တော်လည်းသိတယ်၊ ခင်ဗျားလည်းသိပါတယ်။ အရေးအကြီးဆုံးအရာက နောက်ထပ်ကစားမယ့်ပွဲပါပဲ။ အသင်းပိုင်ရှင်တွေတောင် ဘောလုံးမှာ နောက်တစ်ရက်ကို မထိန်းချုပ်နိုင်ပါဘူး”လို ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ […]

ရိုဒရီ ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ကိုဂွါဒီယိုလာ သေချာမပြောနိုင်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ရိုဒရီကို ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ကို သေချာမသိဘူးလို ပြောခဲ့ပါတယ်။ ရိုဒရီ(၂၉ နှစ်)ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဘရန့်ဖိုဒ်နဲ့ပွဲမှာ တံကောက်ကြောအနည်းငယ်နာကျင်လို ၂၂ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။ ၂၀၂၄ Ballon d’Or ဆုရှင် ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက ဒူးအရွတ်ဒဏ်ရာရခဲ့လို ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။ ရိုဒရီဟာ အခုရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ခုနစ်ပွဲ ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်ကစားနိုင်တဲ့ပွဲအရေအတွက်က နှစ်ပွဲသာ ရှိခဲ့တာပါ။ ဂွါဒီယိုလာက မန်စီးတီးအသင်းမှာ ကိုဗာချစ် ပြန်လည်ကစားနိုင်တော့မှာဖြစ်ပြီး မာမွတ်ရှ်နဲ့ နူရီတိုကတော့ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို ပြောခဲ့ပါတယ်။

၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်

၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ Golden Boy ဆုကို အီတလီအခြေစိုက် Tuttosport သတင်းစာက အားကစားဂျာနယ်လစ််တွေရဲ့ မဲပေးမှုနဲ့ ချီးမြှင့်ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့ အသက် ၂၁ နှစ်အောက်ကစားသမားတွေကို ဆန်ခါတင်စာရင်းမှာ ရွေးချယ်ထားပါတယ်။ အခုစာရင်းဟာ ဆန်ခါတင် ၅၀ ဦးစာရင်းကနေ အပြီးသတ် ၂၅ ဦးအဖြစ် ရွေးချယ်ထားတာပါ။ အပြီးသတ် ၂၅ ဦးစာရင်းမှာ PSG အသင်းက ဒူအေ၊ ဇာအီရီအမ်မရီ၊ မာယူလူ၊ ရီးယဲလ်အသင်းက အာဒါဂူလာ၊ ဟိုင်ဆန်၊ မာစတန်တူအိုနိုတို သုံးဦးစီနဲ့ အများဆုံးရွေးချယ်ခံထားရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်က လူးဝစ်စကယ်လီ၊ နွမ်နယ်ရီ (အာဆင်နယ်)၊ ဟာတို၊ အီစတေဗို (ချယ်လ်ဆီး)၊ […]