ကိုယ်အလေးချိန်နှစ်ကြိမ် မကျော်လွန်နိုင်တဲ့ Bryan Battle ကို UFC ကနေ ထုတ်ပယ်

Bryan Battle ကို UFC ရဲ့ လက်ရှိကစားသမားစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်။The Ultimate Fighter အစီအစဉ်ရဲ့ ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ Bryan Battle ဟာ ပြီးခဲ့တဲ့သီတင်းပတ် UFC 319 ပြိုင်ပွဲမှာ Nursulton Ruziboev နဲ့ ယှဉ်ပြိုင်ဖို့ရှိပေမဲ့ ကိုယ်အလေးချိန်ကန့်သတ်ချက်ကို ဒုတိယအကြိမ်မြောက် မကျော်လွန်နိုင်တဲ့အတွက် ပွဲစဉ်ဖျက်သိမ်းခံခဲ့ရပါတယ်။ ယခုရက်အနည်းငယ်အကြာမှာတော့ သူ့ရဲ့စာချုပ်ကို ရုပ်သိမ်းပြီး UFC ကနေ ထုတ်ပယ်ခဲ့ပါတယ်။MMA Fighting သတင်းဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ UFC အရာရှိတွေက ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။ လက်ရှိမှာ သုံးပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ Battle ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက Randy Brown နဲ့ယှဉ်ပြိုင်တဲ့ပွဲမှာလည်း ဝယ်သာဝိတ်တန်းရဲ့ ကိုယ်အလေးချိန်ကန့်သတ်ချက်ကို မကျော်လွန်နိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့ပါတယ်။ […]

လီဗာပူးလ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို စီးရီးအေကလပ်အသင်းတွေကို ခီယေဆာ အကြောင်းကြား

လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား ခီယေဆာက ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့တော့မှာမဟုတ်ဘဲ လီဗာပူးလ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ စီးရီးအေကလပ်အသင်းတွေကို အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ အီတလီကစားသမား ခီယေဆာ(၂၇ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ ပြိုင်ပွဲစုံ(၁၄)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့သတင်းများစွာ ထွက်ပေါ်ခဲ့ပြီး စီးရီးအေအသင်းတွေဖြစ်တဲ့ အင်တာမီလန်၊ နာပိုလီနဲ့ ရိုးမားတို့က အီတလီကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ လူးဝစ်ဒီယက်ဇ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့နောက်မှာ ခီယေဆာက လီဗာပူးလ်မှာပဲ ဆက်ပြီးတိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် အေးဂျင့်ဖြစ်သူနဲ့အတူ စီးရီးအေကလပ်အသင်းတွေဆီ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရိုဒရီဂိုကို အငှားနဲ့ ခေါ်ယူဖို အာဆင်နယ်အသင်း ဆန္ဒရှိနေ

အာဆင်နယ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းက ဘရာဇီးလ်တောင်ပံ ကစားသမား ရိုဒရီဂိုကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ရိုဒရီဂို(၂၄ နှစ်)ဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ရီးယဲလ်အသင်းက ထွက်ခွာတော့မယ်လို့ ထင်ကြေးပေးခံနေရသူဖြစ်ပြီး အိုဆာဆူနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရတာကြောင့် ပိုပြီးလူပြောများလာခဲ့ပါတယ်။ ရိုဒရီဂိုကို ချန်လှပ်ခဲ့ခြင်းအတွက် မေးမြန်းမှုကိုတော့ နည်းပြ ရှာဘီအလွန်ဆိုက ”ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ရိုဒရီဂိုကို အားကိုးပါတယ်။ ဒါဟာ ပွဲတစ်ပွဲပါပဲ။ ကျွန်တော့်ဆုံးဖြတ်ချက်သက်သက်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရိုဒရီဂိုအနေနဲ့ အသင်းမပြောင်းရွှေ့ခဲ့ရင် နည်းပြ အလွန်ဆိုရဲ့ လက်အောက်မှာ ပွဲကစားခွင့်တွေ လျော့ကျဖွယ်ရှိကြောင်း မှန်းဆချက်တွေကတော့ ပိုပြီးမြင့်တက်လာခဲ့ပါတယ်။ ဘယ်တောင်ပံကို အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းက ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးယူရို(၁၀၀) အလိုရှိနေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း […]

အိုလံပစ်ချန်ပီယံ Gable Steveson, LFA 217 တွင် MMA ပွဲဦးထွက်ယှဉ်ပြိုင်မည်အိုလံပစ်ရွှေတံဆိပ်ဆုရှင် Gable Steveson ရဲ့ MMA ပွဲဦးထွက်ပွဲစဉ်ကို တရားဝင်ကြေညာ

မင်နီဆိုတာတက္ကသိုလ်က ထူးချွန်တဲ့ နပန်းသမား Steveson ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ Mystic Lake Casino Hotel, Prior Lake, Minn ၌ ကျင်းပမယ့် LFA 217 မှာ စတင်ယှဉ်ပြိုင်မယ်လို့ LFA ကနေ အတည်ပြုပေးခဲ့ပါတယ်။ ဒီပွဲကိုတော့ UFC Fight Pass ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။ Steveson ဟာ သူ့ရဲ့ ဒုတိယမြောက် ပရိုပွဲထွက်ကို ယှဉ်ပြိုင်မယ့် Braden Peterson နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Steveson ဟာ ကောလိပ်နပန်းမှာ ချန်ပီယံဆုတွေ၊ ဆုတံဆိပ်တွေ အများကြီးရရှိထားပြီး မနှစ်က WWE ကနေ ထွက်လာခဲ့တာပါ။ အဲ့ဒီနောက် ကောလိပ်ကို ပြန်တက်ပြီး နပန်းပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပေမယ့် […]

★ နော်တင်ဟမ်ဖောရက်စ်အသင်း ကာလီမူအန်ဒိုကို ထပ်မံခေါ်ယူခဲ့ပြီး ပေါင် သန်း ၁၄၀ အသုံးပြုထား

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ကာလီမူအန်ဒိုကို ထပ်မံခေါ်ယူပြီးနောက် အခုနွေရာသီအသုံးစရိတ် ပေါင် သန်း ၁၄၀ အထိ ရှိလာခဲ့ပါတယ်။ ကာလီမူအန်ဒို(၂၃ နှစ်)ရဲ့ ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၂၆ သန်းရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ PSG ကစားသမားဟောင်း ကာလီမူအန်ဒိုဟာ နော်တင်ဟမ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ နော်တင်ဟမ်အသင်းဟာ ကာလီမူအန်ဒိုမတိုင်ခင် ကစားသမားသစ်ခြောက်ဦး ခေါ်ယူမှုအတွက် ပေါင် ၁၁၄ သန်း အသုံးပြုခဲ့ပါတယ်။ ကာလီမူအန်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရန်းစ်အသင်းအတွက် အမှတ်ပေးပွဲ ၃၄ ပွဲကစားကာ ၁၈ ဂိုး သွင်းယူခဲ့ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၄ ပါရီအိုလံပစ် ငွေတံဆိပ်ဆုရ ပြင်သစ်အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

■ အာဂျင်တီးနားအသင်းလူစာရင်းမှာ မက်ဆီနဲ့အတူ ဥရောပထိပ်တန်းလိဂ် ကြယ်ပွင့်တချို့ ပါဝင်လာ

လာမယ့်စက်တင်ဘာလအတွင်း ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲများအတွက် အာဂျင်တီးနာအသင်းရဲ့ပဏာမ ၃၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီနဲ့အတူဥရောပထိပ်တန်းလိဂ်ရောက် ကြယ်ပွင့်တချို့ ပါဝင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းလူစာရင်းမှာ အခုနွေရာသီမှ ဥရောပထိပ်တန်းလိဂ်ကို ရောက်လာတဲ့ မန်စီးတီးအသင်း အယ်ချယ်ဗယ်ရီနဲ့ ရီးယဲလ်မက်ဒရစ်အသင်းက မာစတန်တွန်နိုတို့လည်း ပါဝင်လာခဲ့ပါတယ်။ ဘရာဇီးကလပ် ပါလ်မီးရပ်စ်အသင်းမှာ ကစားနေတဲ့ ဟိုဆေးလိုပက်ဇ်ကတော့ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။ အာဂျင်တီးနားအသင်းမှာ နိုင်ငံတကာပွဲ လုံးဝမကစားဖူးသူအဖြစ် အယ်ချယ်ဗယ်ရီ၊ ဗာရယ်လာနဲ့ဟိုဆေးလိုပက်ဇ်တို့ သုံးဦး ရှိနေပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်ပေမဲ့ နည်းပြစကာလိုနီက လူစုံနီးပါး ရွေးချယ်ခဲ့ပါတယ်။ အာဂျင်တီးနားအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာလ ၄ ရက်မှာ ဗင်နီဇွဲလားအသင်းနဲ့ အိမ်ကွင်းပွဲစဉ်၊ စက်တင်ဘာလ ၉ ရက်မှာ အီကွေဒေါအသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေ ကစားရမှာပါ။ ♦ […]

Carlos Prates vs. Michael ‘Venom’ Page၊ ဒီပွဲဖြစ်လာမလား?

UFC 319 မှာ Geoff Neal ကို အလဲထိုးနဲ့ နိုင်ပြီးနောက် မီးပွင့်ထွက်နေတဲ့ Carlos Prates တစ်ယောက် လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် UFC Rio ပွဲအတွက် လှုပ်လှုပ်ရှားရှား ဖြစ်နေပါပြီ။ ပွဲပြီးပြီးချင်းမှာပဲ Prates က Welterweight ချန်ပီယံဟောင်း Leon Edwards ကို စိန်ခေါ်လိုက်တာပါ။ ဒါပေမယ့် နောက်တစ်ပတ်မှာ Michael “Venom” Page က Jared Cannonier ကိုနိုင်ပြီးနောက် Prates ရဲ့ စိန်ခေါ်မှုကို သူကပဲ လက်ခံမယ်ဆိုပြီး ရှေ့ထွက်လာခဲ့ပါတယ်။ Prates ကတော့ Edwards ကိုပဲ ပိုလိုချင်နေတာ မှန်ပါတယ်။ ဒါပေမယ့် Page နဲ့ ကမ်းလှမ်းလာရင်လည်း လုံးဝငြင်းမှာမဟုတ်ဘူးလို့ […]

ရိုးမားရဲ့ ကမ်းလှမ်းမှုကို ဆန်ချို ငြင်းပယ်ခဲ့ကြောင်း သတင်းထွက်

မန်ယူအသင်းက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဆန်ချိုဟာ မန်ယူအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေပေမဲ့ ဘက်ဆစ်တက်အသင်းနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ခဲ့သလို၊ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆန်ချိုဟာ နည်းပြ အာမိုရင်မ်ရဲ့ အနာဂတ်အစီအစဉ်ထဲ မပါဝင်တော့တာကြောင့် အရောင်းစာရင်း တင်သွင်းခံထားရသူဖြစ်ပြီး မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀) ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ဆန်ချိုရဲ့ မြင့်မားတဲ့ လစာနှုန်းထားကြောင့် ထိပ်သီးအသင်းတချို့က ခေါ်ယူချင်ပေမဲ့ လက်လျှော့ခဲ့ကြပြီး လစာပေးဖို့ အသင့်ရှိနေတဲ့ ဘက်ဆစ်တက်အသင်းကိုကျတော့လည်း ဆန်ချိုက တူရကီမှာ မကစားချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆန်ချိုရဲ့ အေးဂျင့်ဖြစ်သူကတော့ စျေးကွက်မပိတ်ခင် အသင်းသစ် ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

အသင်းရဲ့ ကစားပုံကို သဘောမကျကြောင်းနဲ့ ပိုကောင်းအောင် ကစားနိုင်ဖို့လိုကြောင်း ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က လာလီဂါရာသီအဖွင့်ပွဲစဉ်မှာ မာယော့ကာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံကို သဘောမကျကြောင်းနဲ့ ပိုကောင်းအောင် ကစားနိုင်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မာယော့ကာအသင်းကို အဝေးကွင်းမှာ (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအပြီးမှာ ဟန်ဆီဖလစ်ခ်က ” ကျွန်တော် ဒီပွဲကို မကြိုက်ပါဘူး။ အရေးပါတဲ့ သုံးမှတ် ဆိုပေမဲ့ ကျွန်တော် သဘောမကျပါဘူး။ ပြိုင်ဘက်အသင်း အနီကတ်နှစ်ခါ ပြခံရတဲ့နောက်ပိုင်း လျော့ကျသွားပါတယ်။ ကျွန်တော်တို့ (၅၀)ရာခိုင်နှုန်းပဲ ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီပွဲမှာ ပထမဆုံးလာလီဂါပွဲစဉ်အဖြစ် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီးတော့လည်း ဟန်ဆီဖလစ်ခ်က ”ရပ်ရှ်ဖို့ဒ်အတွက် ကောင်းမွန်တဲ့ […]

UFC ပွဲဦးထွက် ရှုံးနိမ့်ပြီးနောက် အာရွန်ပီကိုရဲ့ ပထမဆုံး စကားသံ

​အာရွန် ပီကို (Aaron Pico) အတွက် UFC ပွဲဦးထွက်ကတော့ မလှပခဲ့ပေမယ့် သူဟာ နောက်ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်နေပြီလို့ သိရပါတယ်။ ​ဘယ်လာတာ (Bellator) ရဲ့ ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်တဲ့ ပီကိုဟာ UFC 319 မှာ နာမည်ကြီး ဖဲသာဝိတ် ကစားသမား လီရုန်း မာဖီ (Lerone Murphy) နဲ့ အဓိကတွဲဖက်ပွဲစဉ်မှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပွဲအတွင်းမှာ သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်အချို့ကို ပြသနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လှည့်ပတ်ပြီးထိုးတဲ့ တံတောင်တိုက်ခိုက်မှုကြောင့် အလဲထိုး ရှုံးနိမ့်ခဲ့ရပါတယ်။ ​ဒီပွဲဟာ UFC အတွေ့အကြုံ မရှိသေးတဲ့ ပီကိုအတွက် ရေပန်းစားနေတဲ့ ပွဲစဉ်ဖြစ်ပေမယ့်လည်း စိတ်ပျက်စရာ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရတာပါ။ ဒါပေမယ့် ပီကိုဟာ သူ့ရဲ့ Instagram […]