“ဘာဖြစ်လို ပြန်သွားရမှာလဲ”- Luke Rockhold MMA လောကကို ပြန်ဖို့ တွေဝေနေ

Luke Rockhold MMA ထိုးသတ်ခဲ့တာ သုံးနှစ်ရှိပါပြီ။ ဒီစည်းမျဉ်းတွေအောက်မှာ သူ နောက်တစ်ခါ ဘယ်တော့မှ ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဖို့ အကြောင်းရှိပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Misfits Boxing 22 မှာ UFC ကနေ အနားယူထားတဲ့ Darren Till နဲ့ လက်ဝှေ့ပွဲ ထိုးသတ်ဖို့ စာချုပ်ချုပ်ထားတာကြောင့် UFC middleweight ချန်ပီယံဟောင်း Rockhold ဟာ MMA ထိုးစရာမလိုတဲ့ တခြားအခွင့်အရေးတွေကို တွေ့ရှိခဲ့ပါတယ်။ UFC ကနေ ထွက်ပြီးကတည်းက Rockhold ဟာ လက်ဗလာနဲ့ ထိုးသတ်တဲ့ Bare-knuckle Fighting ပွဲစဉ်တစ်ခုမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ကိုတော့ သူသိပ်မကြိုက်ခဲ့ပါဘူး။ အဲဒီနောက်မှာမှ Joe Schilling […]
ပရီးမီးယားလိဂ် ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

★ ပရီးမီးယားလိဂ် ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက် ♦ ဖူလ်ဟမ် – မန်ယူနိုက်တက် (မြန်မာစံတော်ချိန်ည ၁၀ နာရီ) မန်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲမှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့ရပေမဲ့ အလားအလာကောင်းတွေကို တွေ့ခဲ့ရတယ်။ အမ်ဘူမို၊ ကူညာတို့က အသင်းတိုက်စစ်မှာ အထောက်အကူဖြစ်နိုင်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တယ်။ အခုပွဲမှာတော့ ရှက်ရှကို ပွဲထွက်ကစားဖို့များပါတယ်။ မန်ယူနိုက်တက် နိုင်ပွဲစရနိုင်တယ်။ ♦ အခြားပွဲများ *ခရစ္စတယ်ပဲလေ့စ် – နော်တင်ဟမ်*အဲဗာတန် – ဘရိုက်တန်
မန်စီးတီးကို အနိုင်ရပြီးနောက် နည်းပြဖရန့်ခ်ကို စပါးကစားသမားတွေ ချီးကျူး

အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် နည်းပြ သောမတ်စ်ဖရန့်ခ်ကို စပါးကစားသမားတွေက ချီးကျူးခဲ့ကြပါတယ်။ အဲဒီပွဲမှာ အနိုင်ဂိုးသွင်းခဲ့ကြတဲ့ ဘရန်နန်ဂျွန်ဆင်နဲ့ ပယ်လ်ဟင်ညာတို့က ပြောကြားခဲ့တာဖြစ်တယ်။ စပါးအသင်းဟာ အခုနွေရာသီမှာ ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ ပိုစတီကိုဂလူးကို ထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်အသင်းနည်းပြ ဖရန့်ခ်နဲ့ အစားထိုးခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ် ရာသီအဖွင့်မှာ နှစ်ပွဲစလုံး အနိုင်ရထားပြီး clean sheet လည်း ရရှိထားခဲ့ပါတယ်။ စပါးအနေနဲ့ ပြီးခဲ့တဲ့ ဥရောပစူပါဖလားမှာလည်း PSG အသင်းကို နှစ်ဂိုးပြတ် ဦးဆောင်ထားပြီးမှ နောက်ကျဂိုးတွေနဲ့ သရေကျကာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ စပါးအသင်းဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲအဖြစ် လာမယ့်အပတ်မှာ ဘုန်းမောက်နဲ့ အိမ်ကွင်းကစားရပါလိမ့်မယ်။
ဆာကာရဲ့တံကောက်ကြောဒဏ်ရာ ပြင်းထန်မှာကို အာတေတာ စိုးရိမ်

အာဆင်နယ်အသင်းနည်းပြ အာတေတာက တောင်ပံတိုက်စစ်ကစားသမား ဆာကာရဲ့တံကောက်ကြောဒဏ်ရာ ပြင်းထန်မှာကို အလွန်အမင်းစိုးရိမ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဆာကာဟာ အာဆင်နယ်ရဲ့ အခုရာသီ အိမ်ကွင်းပွဲဦးထွက် လိဒ်စ်ကို ၅-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ တံကောက်ကြောဒဏ်ရာရခဲ့လို့ ၅၃ မိနစ်မှာပဲ ထရိုဆတ်ဒ်နဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။ ဆာကာမတိုင်ခင် အသင်းခေါင်းဆောင် အော်ဒီဂွါလည်း ပခုံးဒဏ်ရာရခဲ့လို့ ၃၈ မိနစ်မှာ လူငယ်ကြယ်ပွင့် နွမ်နယ်ရီနဲ့ လူစားလဲခဲ့ရပါတယ်။ ”ဘူကာယို(ဆာကာ)ဟာ ဘောလုံးနဲ့အတူ သယ်ပြေးချိန် ပြိုင်ဘက်နောက်ခံလူနဲ့ ရင်ဆိုင်ခဲ့ပြီး တံကောက်ကြောက နာကျင်မှုဝေဒနာ ခံစားခဲ့ရပါတယ်။ ဒါက တခြားတံကောက်ကြောဒဏ်ရာလို့ ယူဆပါတယ်။ အရင်ရခဲ့တဲ့ဒဏ်ရာနဲ့ မတူပါဘူး”လို့ အာတေတာက ပြောခဲ့ပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာနဲ့ လေးလနီးပါး အနားယူခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ မကြာသေးခင်ကလည်း […]
Johnny Walker, UFC ရှန်ဟိုင်း ပင်မပွဲတွင် Zhang Mingyang ကို အလဲထိုးဖြင့် အနိုင်ယူ

Johnny Walker ဟာ စနေနေ့က ကျင်းပခဲ့တဲ့ UFC ရှန်ဟိုင်း ပင်မပွဲမှာ Zhang Mingyang ရဲ့ ဇာတိမြေ ပွဲဦးထွက်ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ပွဲပျက်စေခဲ့ပါတယ်။ ပထမအချီမှာ ခြေထောက်နဲ့ မြေပြင်ပေါ်မှာ ပြင်းထန်တဲ့ ထိုးနှက်မှုတွေ ခံခဲ့ရပြီးနောက် Walker က ပြန်လှည့်လာပါတယ်။ သူက ဆက်တိုက်ဆိုသလို ခြေသလုံးကန်ချက် နှစ်ချက်ကို ဆက်တိုက်ကန်သွင်းခဲ့ရာ Zhang ဟာ ထော့နဲ့ထော့နဲ့ ဖြစ်သွားပြီးနောက် မြေပြင်ပေါ် လဲကျသွားခဲ့ပါတယ်။ အဲဒီကနေ Walker က သူ့နောက်လိုက်ပြီး လက်သီးနဲ့ တံတောင်ဆစ်တွေနဲ့ တရစပ် ထိုးနှက်ခဲ့ရာ Zhang ဟာ ဒဏ်ရာတွေကြောင့် အားကုန်သွားခဲ့ပါတယ်။Zhang ဟာ သူ့ဘေးတစ်စောင်း လှိမ့်ချပြီး သူ့ကိုယ်သူ ကာကွယ်နေချိန်မှာ Walker က […]
ဘွန်ဒစ်လီဂါမှာ ဟက်ထရစ်ရှစ်ကြိမ်ရှိလာတဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ လိုက်ပ်ဇစ်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဟက်ထရစ်ဟာ ဘွန်ဒစ်လီဂါကစားသမားဘ၀ ရှစ်ကြိမ်မြောက်ဟက်ထရစ် ဖြစ်ခဲ့ပါတယ်။ ဟာရီကိန်းအနေနဲ့ ဒီဟက်ထရစ်ကို ၁၄ မိနစ်အတွင်း သွင်းယူခဲ့တာလည်းဖြစ်တယ်။ ၎င်းဟာ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဟက်ထရစ်လေးကြိမ်(ဘိုဟုမ်၊ ဒမ်းစတက်ဒ်၊ ဒေါ့မွန်နဲ့ မိန့်ဇ်)၊ ၂၀၂၄-၂၅ ရာသီမှာ ဟက်ထရစ် သုံးကြိမ် (ဟော်စတိုင်ကီလ်၊စတုဂတ်၊ အော့စ်ဘတ်) သွင်းယူခဲ့ပါတယ်။ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၉၈ ပွဲကစားထားရာမှာ သွင်းဂိုးပေါင်းကလည်း ၈၉ ဂိုး ရှိလာခဲ့တယ်။ ၎င်းအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ဂိုး၊ ၄၁ ဂိုး အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။ အခုရာသီသစ်မှာတော့ နှစ်ပွဲကစားအပြီးမှာပဲ သွင်းဂိုးပေါင်းက လေးဂိုးအထိ ရှိလာခဲ့ပါတယ်။ လီဗာပူးလ်ကနေ ပေါင် ၆၅.၅ သန်းနဲ့ ရောက်ရှိလာတဲ့ […]
အီစတယ်ဗိုကို အလွန်ကောင်းတဲ့ကစားသမားလို မာရက်စကာ ချီးကျူး

ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ လူငယ်ကြယ်ပွင့် အီစတယ်ဗိုကို အလွန်ကောင်းတဲ့ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ အီစတယ်ဗိုအနေနဲ့ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းမှာ ကိုးလ်ပါလ်မာ ဒဏ်ရာရသွားလို့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့် ရခဲ့တာပါ။ ဝက်စ်ဟမ်းရဲ့အဖွင့်ဂိုးက သူ့အမှားကနေ ပေးခဲ့ရပေမဲ့ ပွဲအပြီးမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ”သူ အထိုင်ကျဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ဘရာဇီးလ် ဘယ်လိုခြားနားသလဲဆိုတာ နားလည်ဖို့လည်း အမှားတွေအများကြီး လုပ်ဖို့ လိုပါတယ်။ သူ့ကြောင့်ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်။ သူ နားလည်ဖို့လိုပါတယ်။ ဒါပေမဲ့ သူဟာ တကယ်ကောင်းတဲ့ကစားသမားပါ”လို့ မာရက်စကာက ပြောခဲ့ပါတယ်။ အီစတယ်ဗိုဟာ ၃၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်သွင်းယူတဲ့ တတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ၎င်းအနေနဲ့ အသက် ၁၈ နှစ် ၁၂၀ ရက်သာရှိပြီး […]
Frankie Edgar ဘာလို ပြန်လာပြီး BKFC မှာ ထိုးသလဲဆိုတဲ့အကြောင်းရင်း

Frankie Edgar က သူ တိုက်ခိုက်တာတွေ မလုပ်တော့ဘူးလို့ ပြောခဲ့ပေမဲ့ တိုက်ပွဲခေါ်သံက သူ့ကို ပြန်ဆွဲဆောင်ခဲ့ပါတယ်။ နောက်လမှာ Edgar ဟာ သူ အနားယူထားတဲ့ သုံးနှစ်တာကာလကို အဆုံးသတ်ပြီး BKFC 82 ရဲ့ အထူးတိုက်ပွဲအဖြစ် နယူး ဂျာစီ၊ နယူးဝပ်ခ်မှာ Jimmie Rivera နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ UFC Hall of Famer ဖြစ်တဲ့ သူဟာ ၂၀၂၂ ခုနှစ်တုန်းက MMA ကစားသမားဘဝကို သုံးပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့နေအိမ်နားမှာပဲ BKFC ပြိုင်ပွဲလုပ်မယ်ဆိုတာ သိလိုက်ရတော့ ဒီ နယူးဂျာစီသားဟာ သူ နှစ်သက်တဲ့ တခြား တိုက်ခိုက်ရေးအားကစားကို စမ်းသပ်ကြည့်ဖို့ ဆန္ဒကို မထိန်းနိုင်ခဲ့ပါဘူး။ […]
ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ) လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံး ရာသီအဖွင့်ပွဲမှာ နိုင်ပွဲမရခဲ့ကြဘူး။ ချယ်လ်ဆီးအသင်းက ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ အသာစီးနဲ့ကစားနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တယ်။ ဝက်စ်ဟမ်းအသင်းကတော့ တန်းတက်ဆန်းဒါးလန်းအသင်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ နည်းပြ ဂရေဟမ်ပေါ်တာအတွက် ဖိအားများသွားပြီလို့ ဆိုရမယ်။ London Stadium မှာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းက အားရစရာသိပ်မရှိဘဲ နောက်ဆုံး ၁၀ ပွဲတွေ့ဆုံမှုမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ ငါးပွဲရှုံးနိမ့်ထားပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ဂျက်ဆန်၊ ပါလ်မာတို့ရဲ့ဂိုးတွေနဲ့ သုံးဂိုးပြတ် အနိုင်ရထားတယ်။ ဝက်စ်ဟမ်းအသင်း အိမ်ကွင်းဖြစ်ပေမဲ့ လက်ရှိခြေစွမ်းအရ ချယ်လ်ဆီးအသင်းပဲ နိုင်ပွဲစရဖို့ရှိတယ်။ ဂိုးလည်းများနိုင်တယ်။ ဘိုင်ယန်မြူးနစ် နှင့် လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ) […]
ဒူးဒဏ်ရာရနေတဲ့ စပါးကစားသမား ကူလူဆက်ဗ်စကီး လာမယ့်နှစ်မှ ပြန်ကစားနိုင်မယ်

စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးဟာ ဒူးဒဏ်ရာ သက်သာပျောက်ကင်းခြင်းမရှိသေးတာကြောင့် လာမယ့်နှစ်မှ ပြန်ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဆွီဒင်ကစားသမား ကူလူဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့မေလမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ အဲဒီဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်သာ အနားယူရမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အခုနောက်ဆုံး စမ်းသပ်စစ်ဆေးမှုတွေအရ ဒီနှစ်အတွင်း ပြန်ကစားနိုုင်မှာမဟုတ်တော့ကြောင်း သိရပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့စျေးကွက်မှာ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူဖို့ အခက်တွေ့နေတဲ့ စပါးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ စပါးအသင်းမှာ အင်္ဂလန်ကွင်းလယ်ကစားသမား မတ်ဒီဆန်ကလည်း ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖို့ ရှိနေပါတယ်။