ပရီးမီးယားလိဂ်၊ လာလီဂါနှင့် ပြင်သစ်လီဂူး ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် နှင့် ဘုန်းမောက် (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ) လီဗာပူးလ်အသင်းက ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းခဲ့ပေမဲ့ ကွန်မြူနတီဒိုင်းမှာတော့ ပဲလေ့စ်အသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တယ်။ ရာသီကြိုပွဲစဉ်တွေမှာ ကစားသမားသစ် ဗက်ဇ်၊ အီကီတိုက်နဲ့ ဖရင်ပေါင်တို့က တစ်ဂိုးစီသွင်းယူနိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားပုံက တော်တော်လေးထက်မြက်ပြီး ကွန်မြူနတီဒိုင်းအပါအဝင် ရာသီကြိုပွဲစဉ်တွေမှာ စုစုပေါင်း ၂၂ ဂိုးသွင်း ယူနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းကတော့ အားနည်းချက်တချို့ရှိနေတယ်။ ဘုန်းမောက်အသင်း ကလည်း အားရစရာသိပ်မရှိဘဲ ခြေစမ်းပွဲ နောက်ဆုံးလေးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာလည်း လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံးအပါအဝင် လေးပွဲဆက် အနိုင်ကစားထားတယ်။ အခုပွဲက ရာသီအဖွင့်ပွဲစဉ်ဖြစ်သလို ပထမဆုံးအိမ်ကွင်းပွဲဖြစ်လို့ လီဗာပူးလ်အသင်း အနိုင်ရလဒ်ရယူမှာ သေချာပါတယ်။ ဂိုးလည်းပြတ်လိမ့်မယ်။ ဂျီရိုနာ နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် သောကြာည […]
အနည်းဆုံး တိုက်စစ်မှူးနောက်တစ်ဦး လိုအပ်တယ်လို အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်အသင်းရဲ့နည်းပြ အာနယ်ဆလော့က နွေရာသီမှာ ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမဲ့ တိုက်စစ်မှူးနောက်တစ်ဦး အနည်းဆုံးလိုအပ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေရာသီမှာ ကစားသမားသစ်(၈)ဦး ခေါ်ယူထားပြီး ကနဦးပြောင်းရွှေ့ကြေးတင်ပဲ ပေါင်(၂၆၅)သန်း အသုံးပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကစားသမားသစ်တွေထဲမှာ တိုက်စစ်မှူးက ပြင်သစ်ကစားသမား အီကီတိုက်နဲ့ အင်္ဂလန်ဆယ်ကျော်သက် ဝီလ်ရိုက်တို့ပဲ ပါဝင်ပါတယ်။ လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားနေပမဲ့ မအောင်မြင်သေးသလို၊ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကိုလည်း ရောင်းထုတ်ထားပါတယ်။ ဒါကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအပေါ် မေးမြန်းခဲ့ရာမှာ အာနယ်ဆလော့က ”ဟူဂို(အီကီတိုက်)ကို No.9 ကစားသမားအဖြစ် ကျွန်တော် အဓိကသိထားပါတယ်။ သူက ဘယ်တောင်ပံ ဒါမှမဟုတ် တခြား No.9 တစ်ယောက်နဲ့လည်း တွဲကစားနိုင်ပါတယ်။ ကျွန်တော်တို့ အနည်းဆုံး တိုက်စစ်မှူးနောက်တစ်ယောက် လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Dricus du Plessis – UFC 319 ပြီးရင် Khamzat Chimaev ပထမဆုံး အရှုံးကို ဘယ်လိုကိုင်တွယ်မလဲ

Dricus du Plessis က သူ့ရဲလှုပ်ရှားမှုလမ်းမှာ နှစ်ကြိမ်သာ အရှုးခံဖူးပေမဲ့ အဲဒီခံစားချက်ကို အမြဲမှတ်သားထားပြီး ထပ်မခံချင်အောင် ကြိုးစားလာခဲ့သူပါ။ အခု UFC 319 မှာ သူ့ရဲ့ ပြိုင်ဖက်ကတော့ အနိုင်မပေးဘဲ ပြင်းထန်မူကြီးနဲ့ တိုက်ရိုက်အနိုင်ရနေဆဲ Khamzat Chimaev ဖြစ်ပါတယ်။ Chimaev က တချို ပြိုင်ပွဲတွေမှာ ခက်ခဲမှုတွေကြုံဖူးပေမဲ့ တကယ့်အရှုးတော့ မခံရဖူးပါဘူး။ အဲဒီကြောင့်လည်း ချန်ပီယံဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုက တော်တော်ကြီးနေပြီး ဒီပွဲက သူ့ရဲ့ ပထမဆုံး ချန်ပီယံခေါင်းစဉ်အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမဲ့ du Plessis ကတော့ — “စနေနေ့ညပြီးရင် သူစိတ်ဓာတ်ဘယ်လိုဖြစ်မလဲဆိုတာ သိချင်တယ်။ သူ့မှာ ပိုက်ဆံများတယ်လိုပြောပေမဲ့ ငါက သူ ချန်ပီယံမဖြစ်နိုင်ဘူးလိုပြောချင်တယ်။ ငါ ချန်ပီယံနေရသေးတုန်းမှာတော့ မဖြစ်နိုင်ဘူး” လို […]
ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီး ရနိုင်လား

ချယ်လ်ဆီးက နည်းပြမာရက်စ်ကာလက်ထဲဆုဖလားယဉ်ကျေးမှုနဲ့အသားကျလာတယ်။ မာရက်စ်ကာရဲ့ပထမဆုံးရာသီမှာပဲကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ပိုင်ဆိုင်ခဲ့လိုလာမယ့်ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကိုချယ်လ်ဆီးအသင်းပရိသတ်တွေမရဲတရဲမျှော်လင့်နေပါလိမိ့မယ်။ လာမယ့်ရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေရေပန်းစားမှုမှာချယ်လ်ဆီးကလီဗာပူးလ်၊ အာဆင်နယ်၊မန်စီးတီးတိုရဲ့နောက်ရှိနေတာပါ။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ကစားသမားအင်အားစုက မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ပါတယ်။ မာရက်စ်ကာရဲ့ဉီးဆောင်မှုအောက်မှာချယ်လ်ဆီးကစားသမားတွေရဲ့ယုံကြည်စိတ်ကလွတ်လပ်ပေါ့ပါးနေတယ်။ လီဗာပူးလ်၊အာဆင်နယ်၊မန်စီးတီးတိုထက် ဖိအားမရှိဘဲချန်ပီယံဆုကို စိန်ခေါ် ခွင့်ရတဲ့အခြေအနေလည်းပိုင်ဆိုင်ထားပါတယ်။ ချယ်လ်ဆီးက ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးချန်ပီယံ PSG အသင်းကို ဖီဖာကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာဂိုးပြတ်အနိုင်ယူပြီးပညာပေးခဲ့တယ်။ ချယ်လ်ဆီးရဲ့အောင်ပွဲဆာလောင်စိတ်ဟာ သိပ်ပြီးပြင်းထနိနေတာပါ။လာမယ့်ရာသီမှာလည်းအရည်အသွေးမြင့်ပြီးအောင်ပွဲဆာလောင်စိတ်ပြင်းထန်နေတဲ့ ချယ်လ်ဆီးကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးကပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးနေတာကြာပါပြီ။ ၂၀၁၆ ၁၇ ရာသီမှာအီတလီလူမျိုးနည်းပြကွန်တီနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုနောက်ဆုံးအကြိမ်ရရှိထားတာလည်း ဖြစ်ပါတယ်။
မန်ယူအသင်း အဆင့် ၅ နေရာရမယ်လိုဝိန်းရွန်နီ ခန့်မှန်း

လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအဆင့် ၅ နေရာရလိမ့်မယ်လို တိုက်စစ်မှူးဟောင်းဝိန်းရွန်နီ ခန့်မှန်းလိုက်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၅ နေရာရပ်တည်ခဲ့ပြီးဉရောပပြိုင်ပွဲဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ဝိန်းရွန်နီက အသင်းဟောင်း မန်ယူကိုအထင်ကြီးနေပြီးလာမယ့်ရာသီမှာ အဆင့် ၅ နေရာရမယ်လိုခန့်မှန်းခဲ့ပါတယ်။ လက်ရှိနွေရာသီမှာ တိုက်စစ်အပြောင်းအလဲ လုပ်ထားတဲ့မန်ယူအသင်းကိုသက်ဆိုင်ရာပရိသ-တ်တွေလည်းအတော်လေးမျှော်လင့်နေတာပါ။ ဝိန်းရွန်နီက နောက်ထပ်ကစားသမား ခေါ် ယူမှုတစ်ခုလောက်လုပ်လိုက်ရင်မန်ယူအသင်းပိုကောင်းသွားမယ်လိုယူဆနေပါတယ်။ ဝိန်းရွန်နီက လာမယ့်ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်လီဗာပူးလ်ကို ရွေးချယ်ပြီး အာဆင်နယ်ကဒုတိယလူဖြစ်ဉီးမယ်လို ခန့်မှန်းခဲ့ပါတယ်။ Opta ရဲ့စူပါကွန်ပြူတာက လာမယ့်ရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်း အဆင့် ၁၂ နေရာသာရမယ်ဆိုပြီးခန့်မှန်းထားပါတယ်။
အောက်တိုဘာလ PFL Dubai ပွဲကြီးမှာ Nurmagomedov နဲ့ Hughes တိုရဲ့ အကြိတ်အနယ် rematch နဲ့ တခြားပွဲကောင်းတွေ ပါဝင်လာ

ပရိသတ်တွေ အားပေးခဲ့ကြရတဲ့ Usman Nurmagomedov နဲ့ Paul Hughes တိုရဲ့ ပွဲကောင်းဟာ ဒုတိယအကြိမ်အဖြစ် ပြန်လာပါပြီ။ဒီ Lightweight နှစ်ယောက်ဟာ အောက်တိုဘာလ ၃ ရက်၊ သောကြာနေ့မှာ Dubai က Coca-Cola Arena မှာ ကျင်းပမယ့် PFL ပြိုင်ပွဲကြီးရဲ့ အဓိကပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ကြမှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ Nurmagomedov ဟာ Hughes ကို Majority Decision နဲ့ အနိုင်ရပြီး ရှုးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တာပါ။ အဲ့ဒီညကတည်းက Hughes က rematch အတွက် တောင်းဆိုခဲ့ပြီး မေလမှာ Bruno Miranda ကို ၄၂ စက္ကန့်အတွင်း အလဲထိုးနဲ့ အနိုင်ယူပြီးနောက် အခုလို ဒုတိယအကြိမ် […]
ဥရောပစူပါဖလားက စိတ်လှုပ်ရှားစရာစိန်ခေါ်မှုဖြစ်ကြောင်း သောမတ်စ်ဖရန့်ခ် ပြောကြား

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က ဥရောပစူပါဖလားဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်ဟာ ပြီးခဲ့တဲ့ဇွန်လကမှ စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲ(၆)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ (၂)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုးခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်က စပါးအသင်းကို ယူရိုပါလိဂ်အောင်ပွဲအပေါ် အခြေပြုတည်ဆောက်သွားမှာဖြစ်ကြောင်းနဲ့ ဥရောပစူပါဖလားပွဲ ကစားရမှာ၊ ချန်ပီယံလိဂ်ယှဉ်ပြိုင်ရမှာတွေကို စိတ်လှုပ်ရှားကြောင်း ပြောကြားခဲ့ပါတယ်။ ဥရောပစူပါဖလားနဲ့ပတ်သက်ပြီး သောမတ်စ်ဖရန့်ခ်က ” နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနဲ့ ဗိုလ်လုပွဲက အတွေ့အကြုံတချိုကို လာမယ့်ပွဲမှာ အသုံးပြုနိုင်ဖို မျှော်လင့်ပါတယ်။ PSG က ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်ပြီး ပွဲထွက်ကစားသမား(၁၁)ဦးစလုံးကလည်း အရမ်းကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တိုအတွက် စိတ်လှုပ်ရှားစရာစိန်ခေါ်မှုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ ဗိုလ်လုပွဲ ကစားရမယ့်အချိန်မှာ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ အနိုင်ရအောင်ကြိုးစားဖိုပါပဲ။ ကျွန်တော်တို ဒီပွဲကို […]
ပဲလေ့စ်နောက်ခံလူ ဂူဟီကို လီဗာပူးလ်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို သတင်းထွက်

လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်လာပါတယ်။ ဂူဟီ(၂၅ နှစ်)ဟာ ပဲလေ့စ်အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးလိုခြင်းမရှိတော့တာကြောင့် ပဲလေ့စ်အသင်းကလည်း ဒီနွေမှာပဲ ရောင်းထုတ်ဖို့ လိုလားနေပါတယ်။ အသင်းရဲ့ ခံစစ်ပိုင်းကို စိတ်တိုင်းမကျဖြစ်နေတဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကို ဂူဟီကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ချိန်ရွယ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ဖော်ပြခဲ့ပါတယ်။ လီဗာပူလ်အသင်းက ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေး ဆက်လက်ညှိနှိုင်းနေပြီး ပေါင်(၃၅)သန်းဝန်းကျင်နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ကြောင်းလည်း သုံးသပ်ထားပါတယ်။ လီဗာပူးလ်အသင်းဟာ ပါးမားအသင်းက အရပ်(၆)ပေ (၅)လက်မမြင့်တဲ့ အီတလီဆယ်ကျော်သက်နောက်ခံလူ ဂျီယိုဗန်နီလီယွန်နီကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ .
UFC 319 ပြိုင်ပွဲဝင် Aaron Pico: Alexander Volkanovski မှာ ကျွန်တော်လိုချင်တဲ့ ခါးပတ် ရှိနေတယ်

Aaron Pico ဟာ UFC ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာဖို့ သူ့ရဲ့ရည်မှန်းချက်ထဲက အဓိကအချက်တစ်ချက်ကို အောင်မြင်ပြီးသားဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ နောက်တစ်ချက်ကို ထပ်ဖြည့်နိုင်ဖို့ ကြိုးစားတော့မှာပါ။ Bellator ရဲ့ နာမည်ကျော်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ Pico ဟာ ပြီးခဲ့တဲ့ ဧပြီလက UFC 314 မတိုင်မီမှာ UFC နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုအခါမှာတော့ လာမယ့် UFC 319 ပြိုင်ပွဲရဲ့ co-main event အဖြစ် ချီကာဂိုမှာ Lerone Murphy နဲ့ ရင်ဆိုင်ဖို့ရှိနေပါတယ်။ Pico ဟာ မူလက ပြီးခဲ့တဲ့ ဇူလိုင်လက UFC Abu Dhabi မှာ Movsar Evloev နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် Evloev က နုတ်ထွက်သွားတာကြောင့် […]
မန်ယူနိုက်တက်အသင်းမှာ အီဘရာဟီမိုဗစ် ကစားခဲ့တုန်းကထက် ပိုသာအောင်လုပ်ပြနိုင်ဖို ရှက်ရှကို မျှော်လင့်

မန်ယူနိုက်တက်တိုက်စစ်မှူးသစ် ရှက်ရှကိုက သူ့ရဲ့ idol ဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းကထက် ပိုသာအောင်လုပ်ပြနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောခဲ့ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ရှက်ရှကိုအနေနဲ့ လိုက်ပ်ဇစ်ကနေ မန်ယူအသင်းထံ ယူရို ၈၅ သန်းတန် အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့စနေနေ့က အပြီးသတ်ခဲ့တာပါ။ ”ကျွန်တော် ငယ်ငယ်လေးကတည်းက သူ့(အီဘရာဟီမိုဗစ်)ကို စောင့်ကြည့်ခဲ့တယ်။ YouTube ဗီဒီယို တစ်ခုချင်းတိုင်းမှာ ကျွန်တော် သူ့ကိုပဲ ရှာဖွေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်အဖို့ အံ့အားသင့်စရာပါပဲ။ ကျွန်တော်တို့က စရိုက်လက္ခဏာ မတူပါဘူး။ ဒါပေမဲ့ သူ ကစားပုံ၊ ဘောလုံးမှာ ပျော်ရွှင်နေတာ၊ အရာရာတိုင်းကို ဘယ်လိုလုပ်ဆောင်သလဲကို ကျွန်တော် ကြည့်ရတာကြိုက်ပါတယ်။ တစ်နေ့မှာ သူနဲ့ဆုံဖို့က ကျွန်တော့် အိပ်မက်ပါပဲ။ ဒါက ကြီးကျယ်ခမ်းနားပြီး ယေဘုယျအနေနဲ့ […]