ဘုန်းမောက်နောက်ခံလူ ဇာဘာညီ PSG အသင်းကို ပြောင်းရွှေ့မယ်

ဘုန်းမောက်အသင်းက ယူကရိန်းနောက်ခံလူ ဇာဘာညီဟာ PSG အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး မကြာခင် ဆေးစစ်မှု ခံယူပါလိမ့်မယ်။ ဇာဘာညီ(၂၂ နှစ်)ရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၅၇.၁ သန်းအထိ ရှိလိမ့်မယ်လို့ သိရပါတယ်။ နောက်ခံအတွင်းလူ ဇာဘာညီဟာ လက်ရှိမှာ ပါရီကို ရောက်ရှိနေပြီး PSG အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို႔ ပုဂ္ဂိုလ်ရေးသဘောတညီမှု ရရှိထားပါတယ်။ ကလပ်နှစ်သင်းကြား အပြီးသတ်ဆွေးနွေးမှုတွေတော့ လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ ဇာဘာညီရဲ့ ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၅၄.၅ သန်း ရှိနိုင်ပြီး add-ons ကြေးကတော့ ပေါင် ၂.၆ သန်းဝန်းကျင်ဖြစ်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘုန်းမောက်အနေနဲ့ အခုနွေရာသီမှာ ဇာဘာညီ ထွက်ခွာမှုဟာ တတိယမြောက် အဓိကနောက်ခံလူတစ်ဦးကို ရောင်းချတာလည်းဖြစ်တယ်။ အစောပိုင်းက ဟွိင်ဆန်ကို ရီးယဲလ်မက်ဒရစ်အသင်းထံ ပေါင် သန်း […]
လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို အီဆက်ခ် ဆုံးဖြတ်ထား

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ဟာ အခုနွေရာသီမှာ နယူးကာဆယ်က ထွက်ခွာပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ အီဆက်ခ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာလ ၁ ရက်မတိုင်ခင် ပရီးမီးယားလိဂ်ချန်ပီယံကလပ်နဲ့ ပူးပေါင်းနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ သြဂုတ်လ ၁ ရက်က အီဆက်ခ်ကို ပေါင် ၁၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ နယူးကာဆယ်အသင်းက ပယ်ချခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးလ်အသင်းဘက်က ထပ်မံကမ်းလှမ်းမှု မလုပ်တော့ဘူးလို့လည်း သတင်းထွက်ခဲ့ ပါတယ်။ အက်သလက်တီကိုအသင်းအား အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲအပြီး နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက အီဆက်ခ်ဟာ လက်ရှိမှာ သူ့ရဲ့အစီအစဉ်တွေထဲ မပါဝင်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အီဆက်ခ်အနေနဲ့ လာမယ့်စနေနေ့မှာကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ ပါဝင်မကစားဖို့ […]
Vitor Belfort နဲ့ Wanderlei Silva တိုရဲ့ ထိပ်တိုက်ရင်ဆိုင်ပွဲများ ပါဝင်မယ့် Brazil က လက်ဝှေ့ပွဲစဉ်များ

Spaten Fight Night 2 အတွက် လက်ဝှေ့ပွဲကြီးနှစ်ပွဲနဲ့ MMA ပြိုင်ပွဲတစ်ခုပါဝင်တဲ့ ပွဲစဉ်တွေကို ကြာသပတေးနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ အဓိကပွဲအဖြစ် UFC ဂုဏ်ပြုခန်းဝင် အားကစားသမားတွေဖြစ်တဲ့ Vitor Belfort နဲ့ Wanderlei Silva တို့ရဲ့ ရှစ်ချီ လက်ဝှေ့ထိုးသတ်ပွဲက ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အိုလံပစ်ဆုတံဆိပ် နှစ်ကြိမ်ရရှိဖူးတဲ့ IBF လက်ဝှေ့ချန်ပီယံ Beatriz Ferreira ဟာလည်း Maira Moneo နဲ့ ထိုးသတ်ပြီး ချန်ပီယံဆုကို ကာကွယ်သွားမှာပါ။ ၂၀၂၂ ခုနှစ်ကတည်းက ပရိုအဖြစ် စတင်ခဲ့တဲ့ Ferreira ဟာ နှစ်ပွဲ KO နဲ့ အနိုင်ရရှိပြီး ၇-၀ စံချိန်တင်ထားပါတယ်။ Moneo ကတော့ ၁၆-၂၊ […]
UFC ကို Paramount က အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံတန်ဖိုးနဲ့ ဝယ်ယူပြီး Pay-per-view စနစ်ကို ဖျက်သိမ်းမည်

UFC သည် ၎င်း၏အိမ်အသစ်အတွက် အကြီးမားဆုံးသော သဘောတူညီချက်တစ်ခုကို ရရှိခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် UFC မှ Paramount သည် ၂၀၂၆ ခုနှစ်မှစ၍ ၇ နှစ်ကြာသဘောတူညီချက်ဖြင့် အမေရိကန်နိုင်ငံရှိ UFC ပွဲစဉ်များအားလုံးကို သီးသန့်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသဘောတူညီချက်၏ တန်ဖိုးမှာ တစ်နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကျော်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသဘောတူညီချက်အရ UFC သည် လက်ရှိ Pay-per-view စနစ်ကို ဖျက်သိမ်းပြီး ပရီမီယံပွဲစဉ် ၁၃ ခုကို Paramount+ တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ရွေးချယ်ထားသော ပွဲစဉ်အချို့ကိုလည်း CBS ရုပ်သံလိုင်းတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် Fight Nights ပွဲစဉ် ၃၀ ကိုလည်း တစ်နှစ်လျှင် […]
အင်တာနေစီယွန်နယ်တိုက်စစ်မှူး ရီကာဒိုမားသီးယပ်စ်ကို စောင့်ကြည့်ဖို မန်ယူအသင်း ကင်းထောက်စေလွှတ်ထား

မန်ယူအသင်းဟာ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်အသင်းက ဘရာဇီးလ်ယူ-၂၀ တိုက်စစ်မှူး ရီကာဒိုမားသီးယပ်စ်ကို စောင့်ကြည့်ဖို့ ကင်းထောက် စေလွှတ်ထားကြောင်း သိရပါတယ်။ ရီကာဒိုမားသီးယပ်စ်(၁၉ နှစ်)ဟာ အရပ် (၆)ပေ၊ (၄)လက်မ ရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ အင်တာနေစီယွန်နယ်စီနီယာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့သူပါ။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ကစားဟန်တူတယ်လို့ နှိုင်းယှဉ်ချီးကျူးခြင်းခံနေရတဲ့ ရီကာဒိုမားသီးယပ်စ်ကို မန်ယူနဲ့အတူ အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အင်တာနေစီယွန်နယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရီကာဒိုမားသီးယပ်စ်ဟာ ယူရို(၆၅)သန်းတန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။ မန်ယူအသင်းက ဒီနှစ်နွေရာသီမှာ တိုက်စစ်ကစားသမား(၃)ဦး ခေါ်ယူအားဖြည့်ထားပေမဲ့ ရီကာဒိုမားသီးယပ်စ်ကို အနာဂတ်အတွက် ကာလရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးတောင်ပံကစားသမား ဆယ်ဗင်ညိုကို ကမ်းလှမ်းဖို စပါးအသင်း စီစဉ်နေ

စပါးအသင်းဟာ မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညိုကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဆယ်ဗင်ညို(၂၁ နှစ်)ဟာ ၂၀၂၄ နွေရာသီကမှ မန်စီးတီးအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ (၄၈)ပွဲ ကစားခွင့်ရခဲ့ပါတယ်။ မန်စီးတီးအသင်းက ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဆယ်ဗင်ညိုကို ရောင်းထုတ်လိုခြင်းမရှိခဲ့ပေမဲ့ စပါးအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် လက်ခံဆွေးနွေးဖွယ်ရှိကြောင်း သိရပါတယ်။ ဆယ်ဗင်ညိုကတော့ ကလပ်အသင်းနှစ်သင်း ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ရင် ပြောင်းရွှေ့ဖို့ လက်ခံသွားမယ်လို့ သိရပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့ မန်စီးတီးအသင်းက ဆယ်ဗင်ညိုကို ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူထားပေမဲ့ ပေါင်သန်း(၇၀)ဝန်းကျင်ရရှိမှ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း အယူခံရှုံးနိမ့်တာကြောင့် ကွန်းဖရန့်လိဂ်သာ ယှဉ်ပြိုင်ခွင့်ရရှိ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် အားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာကြောင့် ကွန်းဖရန့်လိဂ်သာ ယှဉ်ပြိုင်ခွင့်ရရှိတော့မှာဖြစ်ကြောင်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ FA ဖလား ချန်ပီယံဆုရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပေမဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ ပိုင်ရှင်တူဖြစ်နေလို့ UEFA ရဲ့စည်းမျဉ်းအရ လိုင်ယွန်အသင်းသာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရပြီး ပဲလေ့စ်အသင်းက ကွန်းဖရန့်လိဂ်ကို ဆင်းသက်ယှဉ်ပြိုင်ခဲ့ရတာပါ။ လိုင်ယွန်နဲ့ ပဲလေ့စ်နှစ်သင်းစလုံးကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်လုပ်ငန်းရှင် ဂျွန်တက်စ်တာက ပြီးခဲ့တဲ့ဇွန်လမှာ ပဲလေ့စ်အသင်းရဲ့ ရှယ်ယာ(၄၃%)ကို ပြန်ရောင်းထုတ်ခဲ့ပေမဲ့ သတ်မှတ်ရက်ထက် နောက်ကျသွားခဲ့တာကြောင့် အယူခံမအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ပဲလေ့စ်အသင်းအနေနဲ့ ကွန်းဖရန့်လိဂ် Play-off အဆင့်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၇)နေရာရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက ယူရိုပါလိဂ် လိဂ်အဆင့်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ပရိသတ်တချို့ကတော့ ပဲလေ့စ်အသင်း ကွန်းဖရန့်လိဂ်မှာ ချန်ပီယံဆုရရှိဖို့ ဆန္ဒပြုကြောင်း လူမှုကွန်ရက်မှာ […]
UFC Vegas 109 ရလဒ်များ: Steve Erceg တစ်ယောက် အစပိုင်းမှာ ရင်တမမဖြစ်ခဲ့ရပေမယ့် Ode Osbourne ကို အမှတ်နဲ့ အနိုင်ယူ၊ Win Streak ကို ပြန်စနိုင်ခဲ့ပါတယ်။

Steven Erceg ဟာ UFC Vegas 109 ရဲ့တွဲဖက် အဓိကပွဲစဉ်မှာ Ode Osbourne ကို အမှတ်နဲ့ အနိုင်ရရှိပြီး တစ်နှစ်ကျော်ကြာပြီးနောက်မှာ အနိုင်လမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီပွဲက Erceg အတွက်တော့ လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။ ပွဲအစပထမအချီမှာပဲ Osbourne ရဲ့ ပြင်းထန်တဲ့ ညာလက်သီးချက်ကြောင့် လဲကျသွားခဲ့ရတာပါ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ Erceg ဟာ ပြန်ပြီးကစားနိုင်ခဲ့သလို မြေပြင်ပေါ်မှာ ဖမ်းချုပ်ပြီး Osbourne ရဲ့ မြန်နှုန်းနဲ့အားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒိုင်သုံးဦးစလုံးက အမှတ် ၂၉-၂၈ နဲ့ Erceg ကို အနိုင်ပေးခဲ့တာကြောင့် ၎င်းရဲ့သုံးပွဲဆက်တိုက်ရှုံးပွဲကို ရပ်တန့်နိုင်ခဲ့ပါတယ်။ “ဒုတိယအချီမှာ သူ့ရဲ့နောက်ကျောကို ကျွန်တော်ရခဲ့တယ်။ ထိုးတာကလည်း သိပ်အကွာကြီးမဟုတ်ဘူး” လို့ Erceg က […]
မန်စီးတီးကွင်းလယ်လူ ရိုဒရီ ရီးယဲလ်မက်ဒရစ်နဲ့ သတင်းထွက်လာ

မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်လာခဲ့ပါတယ်။ Ballon d’Or ဆုရှင် ရိုဒရီ(၂၉ နှစ်)ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ် စာချုပ်သက်တမ်းရှိနေပါတယ်။ မန်စီးတီးအသင်းကလည်း မကြာခင်မှာ စာချုပ်သက်တမ်းတိုးနိုင်ရေး ကမ်းလှမ်းဖို့များပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ သူ့အနာဂတ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ စပိန်သတင်းစာ AS က မက်ဒရစ်သားတစ်ဦးဖြစ်တဲ့ ရိုဒရီဟာ ရီးယဲလ်အသင်းက ကွင်းလယ်ကစားသမားတစ်ဦး အလိုရှိနေပြီး နည်းပြကလည်း ရှာဘီအလွန်ဆိုဖြစ်နေလို့ အပြောင်းအရွှေ့ကို စဉ်းစားဖွယ်ရှိတယ်လို့ ရေးသားခဲ့ပါတယ်။ ရိုဒရီဟာ လက်ရှိမှာ ဒဏ်ရာပြန်ရထားပြီး စက်တင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အပြီးထိ အနားယူရဖို့ ရှိတယ်လို့ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ပြောခဲ့ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ရာသီကလည်း စက်တင်ဘာလကတည်းက ဒူးအရွတ်ဒဏ်ရာ ရခဲ့ပြီး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရ ပါတယ်။
စီရော်နယ်လ်ဒိုနဲ့ ဘာပြဿနာမှမရှိခဲ့ကြောင်း မန်ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြဟောင်း တန်ဟက်ဂ်က အသင်းမှာရှိတဲ့ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ ဘာပြဿနာမှမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ဟာ မန်ယူနိုက်တက်အသင်းကို နှစ်နှစ်ခွဲကြာ တာဝန်ယူခဲ့ပြီး ၂၀၂၄-၂၅ ရာသီ အောက်တိုဘာလက အသင်းရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုက ၂၀၂၁ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ နည်းပြ တန်ဟက်ဂ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး တစ်နှစ်ခွဲခန့်အကြာ နှစ်ဦးသဘောတူညီမှုနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ”ကျွန်တော့်အဖို့ သူနဲ့ ပြဿနာမရှိပါဘူး။ သူက ဘာပြဿနာမှ မရှိသူပါ။ ဒါက အတိတ်မှာကျန်ခဲ့ပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒါတွေ ဖြစ်ပြီးသွားပါပြီ။ အတိတ်ကဖြစ်ရပ်လည်းဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖလားနှစ်လုံး ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့နဲ့ ကံကြမ္မာကောင်းတွေရဖို့ […]