ခရစ္စတယ်ပဲလေ့စ်နဲ့ ဂျီရိုနာအသင်းတို ကစားသမားတွေ အပြန်အလှန်ခေါ်ယူဖို စီစဉ်နေ

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လာလီဂါကလပ် ဂျီရိုနာအသင်းတို့ဟာ ကစားသမားတွေ အပြန်အလှန်ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ဂျီရိုနာအသင်းရဲ့ စပိန်နောက်ခံလူ အာနော်မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။ အာနော်မာတီနက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသက်(၂၂)နှစ်သာ ရှိပါသေးတယ်။ ဂျီရိုနာအသင်းက တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အက်ဒွပ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂျီရိုနာအသင်းဟာ PSG ကစားသမားဟောင်းဖြစ်တဲ့ အက်ဒွပ်(၂၇ နှစ်)ကို ယူရို(၆)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နှစ်သင်းစလုံးရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

UFC 318 တွင် နောက်ဆုံးပွဲထိုးသတ်ပြီး အနားယူခဲ့တဲ့ Dustin Poirier အတွက် ဇနီးဖြစ်သူက ချီးကျူးဂုဏ်ပြုစာ ရေးသား

Dustin Poirier ဟာ သူ့ရဲ့ တိုက်ခိုက်ရေးသမားဘဝကို အဆုံးသတ်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့ အကြီးမားဆုံးသော ပံ့ပိုးသူဖြစ်တဲ့ ဇနီးဖြစ်သူက ချီးကျူးဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ UFC 318 ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ Max Holloway ကို Poirier ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အလယ်အလတ်တန်း (interim lightweight) ချန်ပီယံဟောင်းရဲ့ ဇနီးဖြစ်သူ Jolie ဟာ သူ့ခင်ပွန်းအတွက် Instagram မှာ လှိုက်လှဲနွေးထွေးတဲ့ စာတစ်စောင်ကို ပို့စ်တင်ခဲ့ပါတယ်။ ဒီစာထဲမှာတော့ လှောင်အိမ်ထဲမှာရော၊ အပြင်မှာပါ ရရှိခဲ့တဲ့ Poirier ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုချီးကျူးထားပါတယ်။ Poirier က အခုလို ရေးသားထားပါတယ်။ “ဒီအားကစားလောကကနေ ခင်ပွန်း အနားယူတော့မယ်ဆိုတဲ့ အယူအဆကို ကျွန်မ အမြဲကြောက်ရွံ့ခဲ့ပါတယ်။ ဒီအားကစားကပဲ […]

ကစားသမား (၁၅)ဦးအထိ ထပ်မံရောင်းထုတ်ဖို ချယ်လ်ဆီး စီစဉ်နေ

ချယ်လ်ဆီးအသင်းဟာ ဒီနှစ် နွေရာသီမှာ ကစားသမား (၉)ဦး ရောင်းထုတ်ထားပြီးဖြစ်ပေမဲ့ ထပ်မံရောင်းထုတ်ဖို့ စီစဉ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်း ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားက (၁၅)ဦးအထိ ရှိနေပြီး အန်ကွန်ကူ၊ စတာလင်၊ နီကိုလပ်စ်ဂျက်ဆင်၊ ဘင်ချီဝဲလ်တို့လို ကစားသမားတွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားသစ် (၈)ဦးခေါ်ယူထားပြီး နောက်ထပ်ခေါ်ယူမှုတွေ ပြုလုပ်ဦးမှာဖြစ်တာကြောင့် ကစားသမားတွေ ထပ်ရောင်းဖို့လည်း စီစဉ်နေတာပါ။ ဒါကြောင့် စေျးကွက်မပိတ်မချင်း ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအပြောင်းအလဲတွေကို မြင်တွေ့ရဖွယ်ရှိကြောင်းလည်း ဂျာနယ်လစ်အချို့က သုံးသပ်နေကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက နယ်သာလန်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ခေါ်ယူဖို့အတွက် ကစားသမား(၄)ဦးနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။

စပါးအသင်းနဲ့ ဆွန်ဟောင်မင် လမ်းခွဲမယ်

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အခုနွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဆိုးလ်မြို့ကို ရာသီကြိုခြေစမ်းခရီးစဥ် ရောက်ရှိနေတဲ့ ဆွန်ဟောင်မင်ဟာ နည်းပြ သောမတ်စ်ဖရန့်ခ်နဲ့အတူ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာချိန် အခုလို ကြေညာခဲ့တာဖြစ်တယ်။ ဆွန်ဟောင်မင် (၃၃ နှစ်)ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လမှာ စပါးအသင်းကို ရောက်လာခဲ့ပြီး ၁၀ နှစ်ကြာ ကစားသမားဘဝကို ယူရိုပါလိဂ် အောင်မြင်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၄၅၄ ပွဲကစားကာ ၁၇၃ ဂိုး သွင်းယူခဲ့ပြီး အသင်းသမိုင်းမှာ ပွဲ ၄၅၀အထက်ကစားတဲ့ ခုနစ်ဦးမြောက်နဲ့ ဂိုးအများဆုံးစာရင်းမှာ ပဥ္သမအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ၎င်းဟာ စပါးအသင်းနဲ့အတူ မေဂျာဖလားရတဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ စပါးအသင်းဟာ တနင်္ဂနွေနေ့မှာ ကိုရီးယားခရီးစဥ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဥ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ဒန်တီရှီရို (Dante Schiro) ရဲ့ အောင်ပွဲကို အရိပ်လွှမ်းခဲ့တဲ့ ရှင်စထရစ်ကလန် (Sean Strickland) ရဲ့ အဖြစ်အပျက်

ပြီးခဲ့တဲ့ ဇွန်လက ကျင်းပခဲ့တဲ့ Tuff-N-Uff 145 ပြိုင်ပွဲမှာ ဘယ်လေတာ (Bellator) ဝယ်သာဝိတ်ဖိုက်တာဟောင်း ဒန်တီရှီရိုဟာ ပီအက်ဖ်အယ်လ် (PFL) ချန်ပီယံ Ray Cooper III ကို အနိုင်ရရှိခဲ့တာကြောင့် လူပြောများခဲ့ပါတယ်။ ဒါပေမဲ့ ရှီရိုရဲ့ အောင်ပွဲဟာ ရှင်စထရစ်ကလန်ရဲ့ အကြမ်းဖက်မှုကြောင့် မှေးမှိန်သွားခဲ့ရပါတယ်။ ရှီရိုဟာ အခုဆိုရင် ဘယ်လေတာကနေ ထွက်ပြီးနောက် (၃) ပွဲဆက်တိုက် အနိုင်ရရှိထားတာကြောင့် UFC ကို ဝင်ဖို့ အခွင့်အရေးရနေပါတယ်။ ပုံမှန်အားဖြင့် Cooper လို နာမည်ကြီး ဖိုက်တာတစ်ယောက်ကို အနိုင်ရတာဟာ ပြိုင်ပွဲရဲ့ အရေးအကြီးဆုံး အခိုက်အတန့် ဖြစ်လာသင့်ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ လူးဝစ်ဟာနန်ဒက်ဇ် (Luis Hernandez) က မိုင်စ်ဟန်ဆင်ဂါ (Miles Hunsinger) […]

အဲဗာတန်ကို ပြောင်းရွှေ့ကစားဖို ဂရီးလစ်ရှ်ကို ဘယ်ရီ တိုက်တွန်း

အဲဗာတန်ကွင်းလယ်လူဟောင်း ဘယ်ရီက မန်စီးတီးတိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရတဲ့ မန်စီးတီးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို နည်းပြ ဂွါဒီယိုလာရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တာကြောင့် အခုနွေမှာ အသင်းပြောင်းရွှေ့ကစားဖို့ စီစဉ်နေတာပါ။ လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ စီးရီးအေချန်ပီယံ နာပိုလီအသင်းနဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေပြီး ဂရီးလစ်ရှ်အနေနဲ့ မန်စီးတီးအသင်းဖော်ဟောင်း ဒီဘရိုင်းနား ရှိနေတဲ့ နာပိုလီအသင်းထံ ပြောင်းရွှေ့ကစားဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမဲ့ အဲဗာတန်ကွင်းလယ်ကစားသမားဟောင်း ဘယ်ရီက ဂရီးလစ်ရှ်ကို အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘယ်ရီက “ကျွန်တော်သာ ဂရီးလစ်ရှ်ဆိုရင် ကျွန်တော့်ကို အထင်သေးနေတဲ့သူတွေကို သူတို့ မှားယွင်းကြောင်း သက်သေပြမှာပါ။ […]

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း ရှုံးပွဲမရှိချန်ပီယံဖြစ်နိုင်တယ်လို့ အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ် ထောက်ခံ

အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ်က ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ သူတို့အသင်းဟောင်းလိုပဲ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။  အင်္ဂလန်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်ဟာ ၂၀၀၃-၀၄ ရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆုကို ရယူနိုင်တာ အာဆင်နယ်အသင်းတစ်သင်းတည်းသာ ရှိပြီး အဲဒီစံချိန်ကို တခြားအသင်းတွေ ပိုင်ဆိုင်သွားမှာကို အာဆင်နယ်ပရိသတ်တွေအနေနဲ့ မလိုလားဘူးလို့ သိရပါတယ်။  ဒါပေမဲ့ အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ်က လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်စွမ်းရှိနေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။  ဆိုးလ်ကမ်းဘဲလ်က “မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆုကို ရယူနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ဒါက ဖြစ်နိုင်တဲ့အရာလည်း ဖြစ်ပါတယ်။ အခု လီဗာပူးလ်အသင်းကစားသမားတွေရဲ့ ပါရမီနဲ့ […]

No Bets Barred : Tatsuro Taira ဟာ UFC Vegas 108 မှာ သူ့ရဲ့ ပထမဆုံး အရှုံးကနေ ပြန်လည် နာလန်ထူနိုင်မလား

UFC ပြိုင်ပွဲတွေဟာ APEX ကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒီစနေနေ့မှာ ကမ္ဘာ့အကြီးကျယ်ဆုံး APEX မှာ UFC Vegas 108 ကျင်းပသွားမှာဖြစ်ပြီး၊ ဒီပွဲမှာ အထက်တန်းစား ဝိတ် ကြယ်ပွင့်တွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပင်မပွဲစဉ်မှာ Tatsuro Taira ဟာ Road to UFC ချန်ပီယံ Hyun Sung Park နဲ့ ရုတ်တရက် အစားထိုး ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်ပြီး၊ ဒီပွဲက အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာဖို့ သေချာပါတယ်။ No Bets Barred က ဒီပွဲအကြောင်း အားလုံးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အစီအစဉ်မှူး Jed Meshew တစ်ယောက်တည်းက UFC Vegas […]

မန်စီးတီးကို ပြန်လာဖို ဆုံးဖြတ်ရတာ လွယ်ကူတယ်လို ဂျိမ်းစ်ထရက်ဖိုဒ် ပြောကြား

မန်စီးတီးဂိုးသမားသစ် ဂျိမ်းစ်ထရက်ဖို့ဒ်က အသင်းကို ပြန်လာဖို့ ဆုံးဖြတ်ရတာဟာ အရမ်းကိုလွယ်ကူတယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အသင်းအကယ်ဒမီထွက်ဂိုးသမားဖြစ်သူ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ဘန်လေအသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်းအပါအဝင် Add-ons ကြေးတွေကို ထည့်တွက်မယ်ဆိုရင် ပေါင် (၃၁) သန်းအထိ ရှိလာနိုင်တဲ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ် အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအကယ်ဒမီထွက်ဖြစ်ပြီး မန်စီးတီးအသင်းမှာ နေရာမရတာကြောင့် ၂၀၂၃ နွေရာသီမှာ ဘန်လေအသင်းဆီ ပေါင် (၁၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘန်လေအသင်းမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းက buy-back clause နဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ်ထရက်ဖို့ဒ်က “မန်စီးတီးအသင်းကို ပြန်လာဖို့ ဆုံးဖြတ်ရတာ […]

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဟာရီကိန်း ဆန္ဒရှိနေ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။  အသက် (၃၂) နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ၂၀၂၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ပါအချက်အလက်တွေအရ သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ တစ်နှစ်ထက် တစ်နှစ် လျော့ကျလာတယ်လို့ သိရပါတယ်။  The Telegraph ရဲ့ ဖော်ပြချက်အရ ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားလိုနေပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဟာရီကိန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကစားသမားက အသင်းပြောင်းချင်တယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းကနေ စပါးအသင်းကို ဦးစားပေးရမယ်ဆိုတဲ့အချက်လည်း ပါဝင်နေကြောင်းလည်း သိရပါတယ်။  ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ (၂) ရာသီအတွင်း […]