မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုကို ခေါ်ယူဖို ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို သိရပါတယ်။

မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ရှက်ရှကိုက မန်ယူအသင်းရဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုမယ့် ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် မန်ယူအသင်းက လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ဆက်လက်ဆွေးနွေးနေပြီး မန်ယူအသင်းအနေနဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ Add-ons ကြေး ပေါင် ၁၀ သန်း ပေးရဖွယ်ရှိကြောင်း သိရပါတယ်။

ရာသီသစ်အတွက် ယုံကြည်မှုကြီးကြီးမားမားရှိနေတယ်လို အာတီတာ ပြောကြား

အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက ရာသီသစ်အတွက် ယုံကြည်မှုကြီးကြီးမားမားရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အာတီတာက အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီတွေမှာ ဆုဖလားရရှိဖို့ အလွန်နီးစပ်တဲ့အခြေအနေကို ရောက်ရှိခဲ့ပြီး ဒီရာသီမှာ ကစားသမားသစ်တွေ ထပ်မံအားဖြည့်နိုင်ခဲ့တာကြောင့် ယုံကြည်မှုရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ” ရောက်ရှိလာတဲ့ ကစားသမားသစ်အားလုံးက အသင်းကို အရည်အသွေးပိုမြင့်ပြီး ပိုတောင့်တင်းသွားစေခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ဘာတွေကို ပစ်မှတ်ထားနေလဲဆိုတာနဲ့ ဘာတွေကို ရယူချင်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းရည်က အဲဒါတွေကို ရယူနိုင်တယ်လို့ ယုံကြည်မှုကြီးကြီးမားမားရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ အလွန့်အလွန်နီးစပ်တဲ့အခြေအနေရှိခဲ့ပြီး တစ်သင်းလုံးက ဒါတွေကို ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် (၆)ဦး ခေါ်ယူအားဖြည့်ထားသလို၊ နောက်ထပ် ခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။ ရာသီကြိုခြေစမ်းပွဲ(၃)ပွဲ […]

Artem Lobov နဲ့ Zubaira Tukhogov တိုရဲ့ ကလဲ့စားချေပွဲ PFL မှာ ပြန်လာတော့မလား

MMA လောကထဲက ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ပွဲစဉ်တစ်ပွဲကတော့ Artem Lobov နဲ့ Zubaira Tukhogov တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုပါပဲ။ ဒီနှစ်ယောက်ဟာ အရင်က ပြဿနာတွေရှိခဲ့ပြီးသားမို့ ဘယ်တော့များ ပြန်တွေ့ကြမလဲဆိုတာ စောင့်ကြည့်နေကြတာပါ။အခုတော့ အောက်တိုဘာလမှာ ကျင်းပမယ့် PFL ပြိုင်ပွဲတစ်ခုမှာ ဒီနှစ်ယောက် ထိုးသတ်ကြဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တရားဝင် ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒီအကြောင်းကို MMA Fighting သတင်းဌာနက အတည်ပြုခဲ့ပြီး Lobov ကိုယ်တိုင်ကလည်း သူ့ရဲ့ Twitter မှာ “၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ၊ ကလဲ့စားချေဖို့ အချိန်တန်ပြီ” လို့ ရေးသားထားတာ တွေ့ရပါတယ်။ဒီပြဿနာက ဘယ်ကစခဲ့တာလဲဆိုတော့ ၂၀၁၈ ခုနှစ် UFC 223 ပြိုင်ပွဲမတိုင်ခင်ကပါ။ Lobov […]

ဒူးစ်ဘူရီဟောလ်နဲ့ အူဂိုချူကူတိုကိုချယ်လ်ဆီး ရောင်းချမယ်

ချယ်လ်ဆီးအသင်းဟာ အသင်းကစားသမားတွေဖြစ်တဲ့ ဒူးဘူရီဟောလ်နဲ့ အူဂိုချူကူတို့ကို ရောင်းချသွားမှာဖြစ်ပါတယ်။ ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒူးစ်ဘူရီဟောလ်က အဲဗာတန်၊ အူဂိုချူကူက ဘန်လေအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒူးစ်ဘူရီဟောလ်(၂၆ နှစ်)အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း ပေးချေရမှာဖြစ်ပြီး add-ons ကြေးက ပေါင် သုံးသန်းနဲ့ လေးသန်းအကြား ရှိပါတယ်။ ဒူးစ်ဘူရီဟောလ်ကို အဲဗာတန်အသင်းနဲ့အပြိုင် ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားခဲ့ပါတယ်။ အူဂိုချူကူကတော့ ဘန်လေးအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ ရှိပါတယ်။ အူဂိုချူကူရဲ့ပြောင်းရွှေ့ကြေးကို သတင်းတွေမှာ ဖော်ပြမထားခဲ့ပါဘူး။

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုကို အာမိုရင်မ် ထောက်ခံ

မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က အသင်းအပေါ် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုကို ထောက်ခံခဲ့ပါတယ်။ အဲဗာတန်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပေါ် ဖာနန်ဒက်စ်က အသင်းကစားပုံဟာ ပျင်းရိစရာကောင်းတယ်လို့ ဝေဖန်ခဲ့တာဖြစ်တယ်။ ”ကစားသမားတွေ ဒီလိုခံစားချက်ရှိတာကို ကျွန်တော့်အနေနဲ့ ကျေနပ်နေမယ်လို့ ထင်ပါတယ်။ ဒါက ဒီအခြေအနေကို သူတို့နားလည်တယ်လို့ ပြောတာပါပဲ။ ဒါကြောင့် ဒီအရာဟာ ကောင်းတဲ့ခံစားချက်ပါ။ ခရီးစဉ်ရဲ့အရှိန်အဟုန်ကကောင်းမွန်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ခံစားချက်တွေနဲ့ ကျွန်တော်တို့ ရက်အနည်းငယ် အလုပ်လုပ်ခဲ့ကြတယ်။ ပြီးရင်တော့ ကာရင်တန်ကို ပြန်မှာဖြစ်ပြီး ရာသီသစ်ကလည်း နီးနေပါပြီ။ ကျွန်တော်တို့ပိုကောင်းဖို့ အလုပ်များစွာလုပ်ဖို့လိုတယ်ဆိုတဲ့ ခံစားချက်နဲ့ သွားမှာဖြစ်ပါတယ်”လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်က မန်ယူနိုက်တက်အနေနဲ့ ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးလောက် ထပ်ခေါ်မယ်လို့ မျှော်လင့်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အသင်းတိုက်စစ်ပိုင်းအားဖြည့်ဖို့ […]

LFA အမှုဆောင်အရာရှိချုပ်က Bia Mesquita ကို UFC က အလျင်အမြန် ခေါ်ယူမယ်ဆိုတာ သိခဲ့တယ်၊ ‘ဒါက ကျွန်တော်တို အမြဲတမ်း လုပ်နေကျအရာပါ’

LFA အဖွဲ့အစည်းကနေ UFC ကို ပြောင်းရွှေ့သွားတဲ့ ဖိုက်တာတွေကို နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရတဲ့ LFA ရဲ့ စီအီးအို Ed Soares ဟာ နောက်ထပ် ထိပ်တန်းဖိုက်တာတစ်ယောက် သူ့အဖွဲ့အစည်းကနေ ထွက်ခွာသွားတာကို ကြိုတင်သိရှိထားခဲ့ပါတယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်နဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကလည်း ဖိုက်တာတွေကို အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ UFC ကို ရောက်ရှိအောင် ကူညီပေးဖို့ပါပဲ။“Bia Mesquita က တကယ်ကို ကောင်းတယ်။ သူက ဂျူဂျစ်ဆုရဲ့ ‘GOAT’ (အားလုံးထဲမှာ အကောင်းဆုံး) ပဲ။ သူ မကြာခင် UFC မှာ ထိုးသတ်လိမ့်မယ်လို့ ကျွန်တော် ခံစားမိခဲ့တယ်” လို့ Soares က MMA Fighting ကို ပြောပြခဲ့ပါတယ်။“သူ မသွားဘဲ […]

မက်ဆီရဲ့ ကြွက်သားဒဏ်ရာက အသေးစားသာဖြစ်တယ်လို အင်တာမိုင်ယာမီ အတည်ပြု

အင်တာမိုင်ယာမီအသင်းက အသင်းခေါင်းဆောင် မက်ဆီရဲ့ ကြွက်သားဒဏ်ရာဟာ အသေးစားသာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မက်ဆီဟာ စနေနေ့က Necaxa အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Leagues Cup ပွဲစဉ်မှာ ညာဘက်ခြေထောက် ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စိုးရိမ်စရာမရှိတဲ့ အသေးစားဒဏ်ရာသာဖြစ်ကြောင်း အင်တာမိုင်ယာမီအသင်းက ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ပြန်ကစားနိုင်မယ့်ရက်ကိုတော့ မသိရှိရသေးကြောင်းနဲ့ သက်သာပျောက်ကင်းမှု အနှေးအမြန်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ မက်ဆီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲချိန်များစွာ ကစားခဲ့ရပြီး ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၄)ပွဲစလုံး ပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။ ဒါကြောင့် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရနိုင်ခြေပိုများကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အခုရရှိတဲ့ဒဏ်ရာဟာ နောက်ဆုံး(၂)နှစ်အတွင်း (၇)ကြိမ်မြောက်ရရှိတဲ့ဒဏ်ရာဖြစ်ကြောင်းလည်း သိရပါတယ်။

ရာသီကြိုခြေစမ်းပွဲရလဒ်

မန်ယူနိုက်တက် ၂-၂ အဲဗာတန် မန်ယူနိုက်တက် – ဘရူနိုဖာနန်ဒက်စ်(၁၉ မိနစ် Pen)၊ မေဆန်မောင့်(၆၉ မိနစ်)အဲဗာတန် – အန်ဒီယားယီ(၄၀ မိနစ်)၊ ဟဲဗန်း(၇၅ မိနစ် OG)

UFC Vegas 108: ည၏အကောင်းဆုံးပွဲဆုနှစ်ခု ပေးအပ်

UFC Vegas 108 ပြိုင်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးပွဲအဖြစ် သတ်မှတ်နိုင်သည့် တိုက်ပွဲနှစ်ခု ပေါ်ထွက်လာခဲ့ပြီး ယင်းပွဲများတွင် ပါဝင်ခဲ့ကြသည့် အားကစားသမား လေးဦးစလုံးကို ဆုကြေးများစွာ ချီးမြှင့်ခဲ့သည်။ ပုံမှန်အားဖြင့် ည၏အကောင်းဆုံးပွဲ (Fight of the Night) ဆုကို တစ်ပွဲအတွက်သာ ပေးလေ့ရှိသော်လည်း ဤတစ်ကြိမ်တွင်မူ Chris Duncan နှင့် Mateusz Rebecki တို့၏ ပွဲစဉ်အပြင် Esteban Ribovics နှင့် Elves Brener တို့၏ ပွဲစဉ်များကိုပါ ထပ်ဆောင်းအသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် အဆိုပါ အားကစားသမား လေးဦးစလုံးသည် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ စီ ရရှိခဲ့ကြသည်။ Duncan နှင့် Rebecki တို့၏ ပွဲစဉ်မှာ ပွဲ၏ပူးတွဲခေါင်းစဉ်ပွဲ (co-main […]

ဘာစီလိုနာတိုက်စစ်ကစားသမား ဖာမင်လိုပက်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို မန်ယူအသင်း ပြင်ဆင်နေ

မန်ယူအသင်းဟာ ဘာစီလိုနာအသင်းက စပိန်တိုက်စစ်ကစားသမား ဖာမင်လိုပက်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းဆီ အငှားချစဉ်ကတည်းက ဖာမင်လိုပက်ဇ်အတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဖာမင်လိုပက်ဇ်(၂၂ နှစ်)ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း (၅၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခြေအနေအရ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေတာကြောင့် ဖာမင်လိုပက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ ဆော်ဒီကလပ်အသင်းတွေက ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ မန်ယူအသင်းက ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မန်ယူအသင်းက ဖာမင်လိုပက်ဇ်ကို ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့လစာရဲ့ နှစ်ဆပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။