လီဗာပူးလ်ရဲ့အမှောင်ဆုံးအချိန်

လီဗာပူးလ်ရဲ့အမှောင်ဆုံးအချိန် လီဗာပူးလ်က အရှုံးတွေကြားလဲပြိုလို့မဆုံးနိုင်ပါဘူး။ ပေါင်သန်းလေးရာကျော်သုံးပြီး ပြင်ဆင်ထားပေမယ့် လီဗာပူးလ်ရဲ့ မျှော်လင့်ချက်တွေအတုန်းအရုံး ဖြစ်နေရပြီ။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချိန်ကရှုံးပွဲအရေအတွက်နဲ့ လက်ရှိရာသီ ပွဲစဉ် ၉ ပြီးဆုံးချိန်မှာ တူညီသွားခဲ့တယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လက်ရှိချန်ပီယံအသင်းတွေအခုလိုမျိုးလေးပွဲဆက် ရှုံးပွဲတွေ့တာ ရှားပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ လက်စတာ ငါးပွဲဆက်၊ ၂၀၂၀-၂၁ ရာသီမှာ လီဗာပူးလ် လေးပွဲဆက်နဲ့ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီး လေးပွဲဆက်တို့ဖြစ်ပါတယ်။ ချန်ပီယံဆု ထိန်းသိမ်းမယ့်အသင်းတစ်သင်းအတွက် အခုလိုရှုံးပွဲဆက်တာဟာ ကြီးမားတဲ့အနုတ်လက္ခဏာပါ။ လီဗာပူးလ်ရဲ့ချန်ပီယံကာကွယ်ပွဲအိပ်မက်ဟာ ကျပျောက်လုနီးပါးဖြစ်ခဲ့ရပြီ။ လီဗာပူးလ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် လေးပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဉီးဆောင်တဲ့ လီဗာပူးလ်ခံစစ်က မလုံခြုံတော့ပါဘူး။ ပြီးခဲ့တဲ့မေလကစတင်ပြီး လီဗာပူးလ်ခံစစ်က နှစ်ဂိုးနဲ့အထက်ပေးရတဲ့ပွဲအများဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ပွဲစဉ် […]
ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဘာစီလိုနာအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ El Clasico ပွဲမှာ လူစားလဲခံရချိန် ဒေါသပေါက်ကွဲခဲ့တဲ့ အပြုအမူအတွက် လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဘာစီလိုနာအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ El Clasico ပွဲမှာ လူစားလဲခံရချိန် ဒေါသပေါက်ကွဲခဲ့တဲ့ အပြုအမူအတွက် လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။ “Clasico ပွဲမှာ လူစားလဲခံရချိန် ကျွန်တော့်ရဲ့ တုံ့ပြန်ခဲ့ပုံအတွက် ဒီနေ့ မက်ဒရစ်ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ဒီနေ့ လေ့ကျင့်ရေးအစီအစဥ်မှာ လုပ်ခဲ့သလို အသင်းဖော်တွေ၊ ကလပ်အသင်းနဲ့ ဥက္ကဋ္ဌကိုလည်း ထပ်ပြီးတောင်းပန်ချင်ပါတယ်။ တစ်ခါတစ်ရံ စိတ်အားထက်သန်မှုက ကျွန်တော့်ကို ပိုကောင်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမြဲအနိုင်ရချင်ပြီး အသင်းကို ကူညီချင်တာကြောင့်ပါ။ ကျွန်တော့်ရဲ့ ပြိုင်ဆိုင်လိုတဲ့ စရိုက်လက္ခဏာက ဒီအသင်းအပေါ် ချစ်ခြင်းကနေ ဖြစ်တည်လာတာပါ။ ပထမဆုံးနေ့ကလိုပဲ ရီးယဲလ်မက်ဒရစ်အသင်း ကောင်းဖို့အတွက် စက္ကန့်တိုင်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးပါတယ်” လို့ ဗင်နီစီယပ်စ်က ရေးသားခဲ့ပါတယ်။ မီဒီယာတချို့ကတော့ ဗင်နီစီယပ်စ် […]
UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း Andrei Arlovski သည် Misfits ပွဲတွင် လက်ဝှေ့သမားအဖြစ် ပွဲဦးထွက် ယှဉ်ပြိုင်မည်

UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း Andrei Arlovski သည် Misfits ပွဲတွင် လက်ဝှေ့သမားအဖြစ် ပွဲဦးထွက် ယှဉ်ပြိုင်မည် Andrei Arlovski သည် သူ၏ တိုက်ခိုက်ရေးအားကစားခရီးစဉ်ကို ဆက်လက်လုပ်ဆောင်ရင်း လာမည့်လတွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲဦးထွက် ယှဉ်ပြိုင်တော့မည်ဖြစ်သည်။ အင်္ဂါနေ့တွင် Misfits Boxing မှ နိုဝင်ဘာလ ၉ ရက်နေ့ ၌ Nashville မြူနီစပယ် အော်ဒီတိုရီယမ်တွင် ကျင်းပမည့်ပွဲကို ကြေညာခဲ့ရာ၊ အဆိုပါပွဲ၌ Arlovski သည် နိုင်ဂျီးရီးယားမှ ရီးရဲလ်တီစတား Kelz နှင့် လေးချီကြာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲတွင် ရင်ဆိုင်ရမည်ဖြစ်သည်။ အသက် ၄၆ နှစ်အရွယ် Arlovski သည် MMA လောကတွင် နာမည်အကြီးဆုံးဖြစ်ပြီး UFC ချန်ပီယံဟောင်း တစ်ဦးဖြစ်ကာ […]
UFC Vegas 111 ပြိုင်ပွဲ ကတ်ပြား အပြည့်အစုံကို ထုတ်ပြန်၊ Randy Brown နှင့် Gabriel Bonfim တို၏ ပင်မပွဲ

UFC Vegas 111 ပြိုင်ပွဲ ကတ်ပြား အပြည့်အစုံကို ထုတ်ပြန်၊ Randy Brown နှင့် Gabriel Bonfim တို့၏ ပင်မပွဲ UFC Vegas 111 အတွက် ပြိုင်ပွဲအပြည့်အစုံကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ပင်မပွဲစဉ်တွင် ဝယ်လ်တာဝိတ် (welterweights) တန်းမှ Randy Brown နှင့် Gabriel Bonfim တို့၏ ငါးချီပွဲစဉ်ဖြင့် ပွဲစဉ်များကို နိဂုံးချုပ်မည်ဖြစ်သည်။ ပွဲကျင်းပမည့် အချိန်နှင့် နေရာ အဆိုပါပွဲကို လပ်စ်ဗီးဂတ်စ်ရှိ UFC APEX တွင် ကျင်းပမည်ဖြစ်ပြီး ပင်မကတ် (main card) သည် အရှေ့တိုင်းစံတော်ချိန် (ET) ည ၇ နာရီတွင် စတင်မည်ဖြစ်သည်။ အရပ်တင်ပွဲများ (prelims) ကို […]
လီဝန်ဒေါစကီးကို အာမိုရင်မ် အလိုရှိနေပေမဲ့ ဆာဂျင်ရက်ကလစ်ဖ် တားမြစ်

လီဝန်ဒေါစကီးကို အာမိုရင်မ် အလိုရှိနေပေမဲ့ ဆာဂျင်ရက်ကလစ်ဖ် တားမြစ် မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမဲ့ အသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်က တားမြစ်ခဲ့ကြောင်း သတင်းထွက်လာပါတယ်။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၇ နှစ်)ဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းက သက်တမ်းတိုးလိုခြင်းမရှိတော့တာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့်ကစားသမားကို အာမိုရင်မ်က မျက်စိကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၅၆)ပွဲမှာ (၁၀၅)ဂိုးသွင်းယူပြီး ထိပ်တန်းခြေစွမ်းပြသနေဆဲဖြစ်ပေမဲ့ ဘာစီလိုနာအသင်းမှာ တစ်ပတ်ပေါင်(၅၄၀၀၀၀)ကျော်ရရှိနေသူဖြစ်တာကြောင့် မြင့်မားတဲ့လစာနှုန်းထား ပေးချေရဖွယ်ရှိတဲ့အတွက် ဆာဂျင်ရက်ကလစ်ဖ်က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လီဝန်ဒေါစကီးဟာ ဒီလအစောပိုုင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲတချို့ကို လွဲချော်ခဲ့ရပေမဲ့ အခု လေ့ကျင့်မှုပြန်လုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးနေရာ အစားထိုးဖို့အတွက် မန်စီးတီးတိုက်စစ်မှူး ဟာလန်း၊ […]
ဘရိုက်တန်နဲ့ပွဲကို ဆာလီဘာနဲ့ မာတင်နယ်လီ လွဲချော်မယ်လို အာတေတာ အတည်ပြုခဲ့ပြီး ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိ

ဘရိုက်တန်နဲ့ပွဲကို ဆာလီဘာနဲ့ မာတင်နယ်လီ လွဲချော်မယ်လို့ အာတေတာ အတည်ပြုခဲ့ပြီး ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိ အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက ဒီနေ့ည ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်ကို ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီတို့ လွဲချော်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာမှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ အာတေတာက ဒက်ကလန်ရိုက်စ်၊ ဆာကာနဲ့ ကာလာဖီအိုရီတို့ကတော့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပေမဲ့ ပွဲထွက်စာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိနေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ အသင်းအနေနဲ့ ပြိုင်ပွဲမျိုးစုံ ဆက်တိုက်ယှဉ်ပြိုင်နေရတာကြောင့် အာတေတာက အဓိကကစားသမားတွေကို အနားပေးပြီး အရန်ကစားသမားတွေကို အသုံးပြုဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြတာပါ။ ဒါကြောင့် ဂိုးသမား […]
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးသမား ဖရက်ဒီဝုဒ်မန်း ပွဲထွက်ခွင့်ရဖွယ်ရှိ

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးသမား ဖရက်ဒီဝုဒ်မန်း ပွဲထွက်ခွင့်ရဖွယ်ရှိ လီဗာပူးလ်အသင်းဟာ အင်္ဂလန်ဂိုးသမား ဖရက်ဒီဝုဒ်မန်းကို ဒီနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားမယ့် လိဂ်ဖလားစတုတ္ထအဆင့်ပွဲမှာ ပွဲထွက်ခွင့်ပြုဖွယ်ရှိကြောင်း သိရပါတယ်။ အင်္ဂလန်အသင်းရဲ့ သက်တမ်းအလိုက် လူငယ်အသင်းအဆင့်ဆင့်မှာ ရွေးချယ်ခံခဲ့ရဖူးတဲ့ ဖရက်ဒီဝုဒ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပရက်စတန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် ဒဏ်ရာရနေတာကြောင့် မာမာဒက်ရှ်ဗီလီကို အသုံးပြုနေရတဲ့အတွက် ပြည်တွင်းဖလားပွဲမှာ ဖရက်ဒီဝုဒ်မန်းကို အခွင့်အရေးပေးဖို့ စဉ်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ့ ဖရက်ဒီဝုဒ်မန်းဟာ လီဗာပူးလ်အသင်းအတွက် တစ်ပွဲမှ ကစားခွင့်မရသေးတဲ့အတွက် ဒါဟာ ပထမဆုံးပွဲထွက်မှု ဖြစ်လာဖွယ်ရှိကြောင်းလည်း သိရပါတယ်။ နယူးကာဆယ်အသင်းမှာတုန်းက ပရီးမီးယားလိဂ်ပွဲတချို့ ကစားခဲ့ဖူးတဲ့ ဖရက်ဒီဝုဒ်မန်းက ရာသီကြိုပွဲစဉ်ဖြစ်စေ၊ ပြိုင်ပွဲဖြစ်စေ လီဗာပူးလ်အသင်းအတွက် ကစားခွင့်ရချိန်မှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်း […]
အမ်ဘူမိုကို အခုရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ ရွန်နီ ချီးကျူး

အမ်ဘူမိုကို အခုရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ ရွန်နီ ချီးကျူး မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက အသင်းတိုက်စစ်ကစားသမား အမ်ဘူမိုဟာ အခုရာသီရဲ့အကောင်းဆုံးခေါ်ယူမှုလို့ ချီးကျူးခဲ့ပါတယ်။ အမ်ဘူမိုဟာ မန်ယူနိုက်တက်အသင်းကို အမှတ်ပေးပွဲ သုံးပွဲဆက် အနိုင်ရစေတဲ့ ဘရိုက်တန်ကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ် ကိုးပွဲမှာ လေးဂိုး သွင်းထားပြီး နောက်ဆုံးနှစ်ပွဲမှာ သုံးဂိုး သွင်းခဲ့ပါတယ်။ ”အမ်ဘူမိုဟာ သူ့ရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး တစ်သမတ်တည်း ရှိပါတယ်။ ဒါက အဓိကအရာပဲလို့ ကျွန်တော် ယူဆပါတယ်။ မှန်ကန်တဲ့ အနေအထားတွေမှာ တစ်သမတ်တည်းရှိရင် အခွင့်အရေးတွေရပြီး ဂိုးသွင်းနိုင်ပါလိမ့်မယ်။ တိုက်စစ်ကစားသမားတစ်ဦးအနေနဲ့ ဂိုးတွေသွင်းရင်း ဂိုးတွေသွင်းရတာ ပိုပျော်လာပါတယ်။ ဒီခံစားမှုကို ဆက်လက်ထိန်းသိမ်းထားရပါမယ်”လို့ ရွန်နီက မှတ်ချက်ပြုခဲ့ပါတယ်။ အမ်ဘူမို(၂၆ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက […]
ရီးယဲလ်နောက်ခံလူ ကာဗာဟယ်လ် နောက်ထပ်ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်

ရီးယဲလ်နောက်ခံလူ ကာဗာဟယ်လ် နောက်ထပ် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ် ရီးယဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟယ်လ်ဟာ နောက်ထပ်ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။ ရီးယဲလ်အသင်းကလည်း ကာဗာဟယ်လ်ရဲ့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ၎င်းဟာ El Clasico ပွဲမှာ ဒဏ်ရာရခဲ့လို့ ၇၂ မိနစ်မှာ လူစားလဲခံရပြီး တနင်္လာနေ့က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကာဗာဟယ်လ်ဟာ စက်တင်ဘာ ၂၇ ရက်က မက်ဒရစ်ဒါဘီပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရခဲ့ပြီးနောက် အခု El Clasico ပွဲမှ ပထမဆုံး ပြန်လည်ကစားတာပါ။ ရီးယဲလ်အသင်းကတော့ ကာဗာဟယ်လ် ဘယ်လောက်အနားယူရမယ်ဆိုတာကိုတော့ သတင်းမထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းရင်းမြစ်တွေကတော့ ကာဗာဟယ်လ်အနေနဲ့ လာမယ့်နှစ်စမှ ဘောလုံးပြန်ကစားနိုင်မယ်လို့ ESPN ကို ပြောခဲ့ပတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ မက်ဆီ ရည်မှန်းထား

★ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ မက်ဆီ ရည်မှန်းထား အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ထုတ်လွှင့်ခဲ့တဲ့ NBC News နဲ့ အင်တာဗျူးမှာ မက်ဆီက အခုလိုပြောခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ၎င်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခြင်း ရှိ၊ မရှိကို မဆုံးဖြတ်ရသေးဘူးလို့လည်း ထပ်မံဝန်ခံခဲ့ပါတယ်။ ”အမှန်တရားကတော့ အဲဒါပါပဲ။ ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားခွင့်ရတာ အံ့အားသင့်စရာကောင်းတဲ့ အရာတစ်ခုပါပဲ။ ကျွန်တော်လည်း ကစားချင်ပါတယ်။ ကျွန်တော် ကစားမယ်ဆိုရင် နိုင်ငံလက်ရွေးစင်အသင်းကို ကူညီရာမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ရှိချင်ပါတယ်။ လာမယ့်နှစ် အင်တာမိုင်ယာမီနဲ့ ရာသီကြိုပြင်ဆင်မှု စတင်ချိန်မှာ တစ်နေ့ပြီးတစ်နေ့ အကဲဖြတ်သွားပါမယ်။ ကျွန်တော် ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိလား […]