ဂျီနိုအာအသင်းနည်းပြ ဗီယာရာ ရာထူးက ထုတ်ပယ်ခံရ

ဂျီနိုအာအသင်းနည်းပြ ပက်ထရစ်ဗီယာရာဟာ ရလဒ်ဆိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ အာဆင်နယ်နဲ့ ပြင်သစ်ကွင်းလယ်လူဟောင်းဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဂျီနိုအာအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ရာသီမှာ ဂျီနိုအာအသင်းကို ရာသီကုန် အဆင့် ၁၃ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုရာသီမှာ ဂျီနိုအာအသင်းဟာ အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတဲ့အထိ အခြေအနေဆိုးနေတာပါ။ အခုရာသီ စီးရီးအေကိုးပွဲမှာ နိုင်ပွဲမရှိဘဲ သုံးပွဲသရေကျပြီး ခြောက်ပွဲအထိ အရေးနိမ့်ထားခဲ့တာဖြစ်တယ်။ တနင်္လာနေ့မှာကစားမယ့် ဆာဆူအိုလိုနဲ့ပွဲကိုမာဂီတာနဲ့ ခရစ်စီတိုတိုက ယာယီနည်းပြအဖြစ် တာဝန်ယူမယ်လို သိရပါတယ်။

Umar Nurmagomedov ကို ရှုးနိမ့်ပြီးနောက် ထိပ်တန်းတွဲဖက်ကိုသာ စိန်ခေါ်မည်

UFC 321 ပြိုင်ပွဲတွင် မာရီယို ဘော်တီစတာ သည် လေးစားဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့သော်လည်း Umar Nurmagomedov ကို အမှတ်ဖြင့် ရှုးနိမ့်ခဲ့ပါတယ်။ ဘော်တီစတာသည် ရှုးနိမ့်မှုကို နောင်တမရဘဲ၊ ၎င်း၏ နောက်လာမည့်ပွဲအတွက် ထိပ်တန်းအဆင့်သတ်မှတ်ခံထားရသော ပြိုင်ဘက် ကိုသာ တောင်းဆိုသွားမည်ဟု မျှော်လင့်နေခဲ့ပါတယ်။ ပြိုင်ပွဲမတိုင်မီက အပြတ်အသတ် အားနည်းသူ အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ဘော်တီစတာသည် သုံးချီလုံးတွင် Nurmagomedov ကို အခက်တွေ့စေခဲ့ပါတယ်။ ပထမအချီ၌ ပြင်းထန်သော ခြေချောင်းချုပ် (toehold) ကို အံ့အားသင့်ဖွယ် ဖမ်းမိခဲ့ပြီး၊ ဒုတိယအချီတွင်လည်း ပြိုင်ဘက်ကို ဒူးဖြင့်ထိချက် ဖြင့် လဲကျအောင် ထိုးနိုင်ခဲ့ပါတယ်။ သိုသော်လည်း အပြီးသတ် အနိုင်ယူနိုင်ခြင်းမရှိခဲ့ဘဲ၊ အဆုံးတွင် အမှတ်ဆုံးရှုးခဲ့ရပါတယ်။ “သူ ကောင်းပါတယ်။ အားလည်း […]

လီဗာပူးလ်ညာနောက်ခံလူ ဖရင်ပေါင် တံကောက်ကြောဒဏ်ရာကြောင့် (၆)ပတ်နားရမယ်

လီဗာပူးလ်အသင်းရဲ့ နယ်သာလန်ညာနောက်ခံလူ ဖရင်ပေါင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် (၆)ပတ်ကြာ အနားယူရမယ်လို သိရပါတယ်။ ဖရင်ပေါင်ဟာ ဖရန့်ဖတ်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလလယ်မှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ဒီနှစ် နွေရာသီမှာ လေဗာကူဆင်ကနေ လီဗာပူးလ်အသင်းကို ယူရို(၃၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဖရင်ပေါင်ဟာ ရာသီအစပိုင်းမှာလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုဒဏ်ရာက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဖရင်ပေါင်ဟာ ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်အသင်းရဲ့ပွဲစဉ် (၁၀)ပွဲလောက်အထိ လွဲချော်ဖွယ်ရှိနေပြီး ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးတိုနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေကိုတော့ သေချာပေါက်လွဲချော်ရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ဖို ကြိုးပမ်းနေရပေမဲ့ နိုဝင်ဘာလအတွင်း ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ရဖို ရှိနေကြောင်းလည်း သိရပါတယ်။

ရီးယဲလ်အသင်းမှာ နှစ်များစွာဆက်ရှိပြီးဆုဖလားတွေ ရချင်တယ်လို အမ်ဘာပေ ပြောကြား

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက အသင်းမှာ နှစ်များစွာဆက်ရှိပြီး ဆုဖလားတွေရချင်တယ်လို ပြောကြားခဲ့ပါတယ်။ ၎င်းဟာ ၂၀၂၄-၂၅ ဘောလုံးရာသီ ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူအပြီးမှာ အခုလို ပြောခဲ့တာဖြစ်တယ်။ အမ်ဘာပေအနေနဲ့ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ၃၁ ဂိုး သွင်းယူခဲ့ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။ ဒါ့အပြင် ကစားသမားဘဝမှာ ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်းဖြစ်တယ်။ ”ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိတာဟာ ကျွန်တော့်အဖို သာယာကြည်နူးစရာပါပဲ။ ကျွန်တော့်အဖို အရေးပါတဲ့ အခိုက်အတန့်ပါ။ ဒီဆုကို ကျွန်တော် ပထမဆုံးအကြိမ် ရရှိတာပါ။ ဒါက ရှေ့လျှောက် အဓိပ္ပာယ်များစွာ ရှိပါတယ်”လို အမ်ဘာပေက ပြောခဲ့ပါတယ်။ ဘာနေဗျူးမှာကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားကို ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၊ နည်းပြ အလွန်ဆိုနဲ့ ကစားသမားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မိမိဟာ ရှမိုက်ကယ်ကို ပုံဖျက်ထားတာမဟုတ်ကြောင်း လမ်မန်းစ် ပြောကြား

မန်ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်လာတဲ့ လမ်မန်းစ်က မိမိဟာ ရှမိုက်ကယ်ကိုပုံဖျက်ထားတာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ၂၃ နှစ်သာရှိသေးတဲ့ လမ်မန်းစ်ဟာ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းကနေ ပေါင် ၁၈.၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ပထမဆုံးသုံးပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမဲ့ ဆန်းဒါးလန်းနဲ့ပွဲကစပြီး မန်ယူနိုက်တက်အတွက် သုံးပွဲဆက်တိုက် ပွဲထွက်ကစားခဲ့ရပါတယ်။ ”ပွဲအတွင်းမှာ ကျွန်တော် အသံတွေကို သိပ်နားမထောင်ပါဘူး။ ဒါပေမဲ့ နောက်မှာတော့ ပြန်တွေ့ရပါတယ်။ ကျွန်တော်ဟာ ရှမိုက်ကယ်ကို ပုံဖျက်ထားတာမဟုတ်ပါဘူး။ အသင်းကိုကူညီမယ့်ဆန်းလမ်မန်းစ်သာဖြစ်ပါတယ်”လို လမ်မန်းစ်ကပြောခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက မန်ယူနိုက်တက်အသင်းမှာ ဖိအားဒဏ်ကို မကြောက်ရွံဘူးလိုလည်း ဆိုခဲ့ပါတယ်။

မေဝယ်သာနဲ့ မကျေပွဲအတွက် သဘောတူညီမှုရဖို နီးစပ်နေပြီဖြစ်ကြောင်း ပက်ကီယောင်း ပြောကြား

လက်ဝှေ့ကြိုးဝိုင်းအတွင်း တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ နာမည်ကြီး ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းက အမေရိကန်လက်ဝှေ့သမားဟောင်း မေဝယ်သာနဲ့ မကျေပွဲအတွက် သဘောတူညီမှုရဖို နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၎င်းတိုနှစ်ဦးဟာ ၂၀၁၅ ခုနှစ် မေလတုန်းက အမေရိကန်နိုင်ငံမှာ ထိုးသတ်ခဲ့ဖူးပြီး မေဝယ်သာက ဒိုင်သုံးဦးစလုံးရဲ့ အမှတ်ပေးမှုနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ”ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲ” အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဝင်ငွေရရှိမှုလည်း စံချိန်တင်ခဲ့ပါတယ်။ ” မေဝယ်သာရဲ့အဖွဲနဲ့ မကျေပွဲအတွက် ဆွေးနွေးနေပါတယ်။ နေရာကတော့ လတ်စ်ဗေးဂတ်စ်မှာ ဖြစ်နိုင်ပါတယ်။ ပွဲထိုးဖြစ်ဖိုက ကျွန်တော်တို အပြန်အလှန်နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။ ကျွန်တော့်လူတွေနဲ့ သူ့လူတွေ တိုက်ရိုက်ညှိနှိင်းဆောင်ရွက်နေပါတယ်” လို ပက်ကီယောင်းက ပြောကြားခဲ့ပါတယ်။ ပက်ကီယောင်း (၄၆ နှစ်) ဟာ ၂၀၂၁ ခုနှစ်မှာ အနားယူပြီးနောက် ဇူလိုင်လအတွင်း WBC ဝယ်လ်တာဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲအဖြစ် […]

အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

ပရီးမီးယားလိဂ်အဖွဲချုပ်ဟာ အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်တီကတ်ရှ်(အက်စတွန်ဗီလာ)၊ ဂီမာရေ့စ်(နယူးကာဆယ်)၊ ဟာလန်း(မန်စီးတီး)၊ ခရူပီ(ဘုန်းမောက်)၊ အမ်ဘူမို(မန်ယူ)၊ မူကီလီ(ဆန်းဒါးလန်း)၊ သီယာဂို(ဘရန့်ဖိုဒ်)နဲ့ တင်ဘာ(အာဆင်နယ်)တို ပါဝင်ခဲ့ပြီး ဟာလန်းကလွဲရင် ကျန်တဲ့ကစားသမားတွေက ဒီရာသီမှာ လအလိုက်အကောင်းဆုံးဆု ရရှိဖူးခြင်း မရှိသေးပါဘူး။ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ်သုံးပွဲစလုံး အနိုင်ရခဲ့ကြတဲ့ အာမိုရင်မ်(မန်ယူ)၊ အာတေတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)တိုနဲ့အတူ အိုင်ရာအိုလာ(ဘုန်းမောက်)တို ပါဝင်ခဲ့ပြီး (၄)ဦးစလုံး ဒီရာသီမှာ လအလိုက်အကောင်းဆုံးနည်းပြဆု မရဖူးသေးပါဘူး။ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ဆယ်မင်ညို၊ ဂျပ်စတင်ကလွိက်ဗတ်(ဘုန်းမောက် ၃-၁ ဖူလ်ဟမ်ပွဲ)၊ ကိုင်စီဒို(ချယ်လ်ဆီး ၂-၁ လီဗာပူးလ်ပွဲ)၊ ချာအူနာ(ဘန်လေ ၂-၀ လိဒ်စ်ပွဲ)၊ ဗော်တာမယ်ဒီ(ဘရိုက်တန် ၂-၁ နယူးကာဆယ်ပွဲ)၊ ဘူအန်ဒီယာ(စပါး ၁-၂ အက်စတွန်ဗီလာပွဲ)၊ ဆာလာ(ဘရန့်ဖိုဒ် […]

လိုအပ်တဲ့ ကစားသမားခေါ်ယူမှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ပြောကြား

မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်က အသင်းရဲ့ ရေရှည်စီမံကိန်းအတွက် ကစားသမားခေါ်ယူမှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ကွန်ညာ၊ အမ်ဘူမို၊ ရှက်ရှကို၊ လမ်မန်းစ်၊ ဒီယေဂိုလီယွန် စတဲ့ကစားသမားသစ်တွေ ခေါ်ယူခဲ့သလို၊ လာမယ့် ဇန်နဝါရီမှာလည်း ထပ်မံအားဖြည့်ဖို စီစဉ်နေပြီး ဝီလ်ကော့စ်ရဲ့စကားက ဇန်နဝါရီစျေးကွက်မှာ ကစားသမားသစ်တွေ ထပ်ခေါ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတချိုက သုံးသပ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ၂၀၂၄ နိုဝင်ဘာမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ လက်ရှိနည်းပြ အာမိုရင်မ်လက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၂၅၀)နီးပါး သုံးစွဲထားပြီးဖြစ်ပေမဲ့ လိုအပ်တဲ့ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ပေးဖို ရည်ရွယ်ထားတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သုံးပွဲဆက် အနိုင်ရလဒ်နဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတာကြောင့်လည်း ဝီလ်ကော့စ်က အခုလိုပြောကြားခဲ့တာဖြစ်နိုင်ပါတယ်။ ”ကျွန်တော်တိုမှာ ရှင်းလင်းပြတ်သားတဲ့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို ဘာလုပ်ရမယ်ဆိုတာ၊ […]

လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ နယ်သာလန်နည်းပြ အာနယ်ဆလော့ဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရာထူးက ထုတ်ပယ်ခံရဖို အလေးပေးမှုတွေ မြင့်တက်နေပေမဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေက သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို ဆွေးနွေးနေကြောင်းလည်း သတင်းများထွက်ပေါ်လာပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ခြောက်ပွဲရှုးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်က ထပ်မံထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ဝုလ်ဗ်နည်းပြ ဗစ်တာပါရဲရားရဲ့နောက် ဒုတိယရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေကတော့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ အာနယ်ဆလော့ကို ယုံကြည်မှုအပြည့်ရှိနေတဲ့အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖိုတောင် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ အာနယ်ဆလော့ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သက်တမ်းတိုးဖို ဆွေးနွေးနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီအတွက် […]

မန်ယူရဲ့သူရဲကောင်းအသစ်

မန်ယူရဲ့သူရဲကောင်းအသစ် မန်ယူကတိုက်စစ်အင်အားစုတစ်ခုလုံးနီးပါး အပြောင်းအလဲဖြစ်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုတို့ ရှင်းထုတ်လိုက်တယ်။ပြီးတော့ဟွိုင်လန်းကိုထပ်ပြီးဖယ်ရှားခဲ့ပါတယ်။ ဆက်ရှ်ကို၊ အမ်ဘူမို၊ကူညာတို့နဲ့ မန်ယူတိုက်စစ်အသွင်သစ်ဖြစ်လာပါတယ်။ အဲဒီသုံးဉီးထဲမှာမှအမ်ဘူမိုက ဂိူးအများဆုံး သွင်းယူထားပြီးသူရဲကောင်းဖြစ်နေတာပါ။ အမ်ဘူမိုက ပရီးမီးယားလိဂ်အတွေ့အကြုံရင့်တယ်၊ အဆုံးသတ်ကောင်းတယ်၊ နေရာစုံလှည့်ပတ်ကစားနိုင်ပြီး မာဂုဏ်မြင့်တယ်။ အဲဒီအချက်တွေကမန်ယူတိုက်စစ်ရဲ့လိုအပ်ချက်တွေပါ။မန်ယူတိုက်စစ်မှာ တစ်ရာသီဂိုးနှစ်ဆယ်အနည်းဆုံးသွင်းယူနိုင်မယ် အဆုံးသတ်သမားတစ်ဉီး ပျောက်ဆုံးခဲ့ပြီးအခုအမ်ဘူမိုနဲ့အတူ မျှော်လင့်ခွင့် ရှိလာပါတယ်။ ကန်ညာနဲ့ အမ်ဘူမိုက အဆုံးသတ်သမားစစ်စစ်တွေမဟုတ်ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းမြင့်မားတယ် အဝေးကန်ချက်တွေ၊ ဂိုးဧရိယာထဲ ပြေးဝင်ကန်သွင်းချက်တွေလုပ်နိုင်ပါတယ်။သူတို့နှစ်ဉီးအတွက် မန်ယူက ပေါင်သန်း ၁၃၀ နီးပါးသုံးပြီး အသွင်သစ်တိုက်စစ်ကိုအမ်မိုရင်မ် ဖန်ဆင်းခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်းတိုက်စစ်ကအတော်လေးဆိုးရွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး ၄၄ ဂိုးသာရခဲ့ပြီး တစ်ပွဲပျမ်းမျှ ၁ ဒဿမ ၂၅ ဂိုးသာ ပိုင်ဆိုင်ခဲ့ပြီးရှက်စရာကောင်းခဲ့ပါတယ်။ ၁၉၇၃ ၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံး တိုက်စစ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ အမ်ဘူမိုက […]