ရီးယဲလ်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို ကလပ်အသင်းများစွာ စိတ်ဝင်စားနေ

ရီးယဲလ်အသင်းက ဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အန်းဒရစ်(၁၉ နှစ်)ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် တစ်ပွဲမှ ကစားရခြင်းမရှိသေးတာကြောင့် လာမယ့်ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို ချိန်ရွယ်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။ ရီးယဲလ်အသင်းဟာ အန်းဒရစ်ကို ၂၀၂၄ နွေရာသီမှာ ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ နေရာပေးအသုံးပြုခဲ့ပေမဲ့ နည်းပြသစ် အလွန်ဆိုလက်ထက်မှာတော့ အန်းဒရစ်အနေနဲ့ အရန်ခုံသာ ထိုင်နေခဲ့ရတာပါ။ ဒါကြောင့် ရီးယဲလ်အသင်းက ဇန်နဝါရီစျေးကွက်မှာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပြီး သင့်လျော်တဲ့အသင်းဆီ အငှားချဖွယ်ရှိကြောင်းလည်း သိရပါတယ်။ အန်းဒရစ်ကတော့ ရီးယဲလ်အသင်းမှာပဲ နေရာလုတိုက်ပွဲ ဆင်နွှသွားဖို ဆန္ဒရှိနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို ကြိုးစားနေကြောင်း သိရပါတယ်။
ပါလ်မာရဲ့ဒဏ်ရာ မသက်သာတဲ့အတွက် နောက်ထပ်ခြောက်ပတ် ထပ်နားရမယ်လို မာရက်စကာ အတည်ပြု

ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက အင်္ဂလန်တောင်ပံကစားသမား ပါလ်မာရဲ့ ပေါင်ခြံဒဏ်ရာ သက်သာခြင်းမရှိတဲ့အတွက် နောက်ထပ်ခြောက်ပတ် ထပ်နားရမယ်လို အတည်ပြုပြောကြားခဲ့ပါတယ်။ ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး နွေရာသီမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာသီသစ်စတင်ချိန်မှာ ပေါင်ခြံဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ပရီးမီးယားလိဂ်သုံးပွဲနဲ့ ချန်ပီယံလိဂ်တစ်ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ မာရက်စကာက ပါလ်မာကို အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ် မတိုင်ခင်ကတည်းက အနားပေးခဲ့ပြီး နိုဝင်ဘာလမှာ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ ပြန်ကစားနိုင်ဖို မျှော်လင့်ခဲ့ပေမဲ့ အခု သူ့ရဲ့ ထင်မြင်ချက် မှားယွင်းခဲ့ပြီဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ဒီနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရက်စကာက ”ကျွန်တော် မှားယွင်းခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူက နောက်ခြောက်ပတ် အနားယူဖို လိုအပ်နေပါတယ်။ ကျွန်တော်တို သူ့ကို […]
Nate Diaz နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲကြေး မရရှိမှုအတွက် Jorge Masvidal က Fanmio ကို တရားစွဲကာ အမေရိကန်ဒေါ်လာ ၅ သန်းကျော် ပြစ်ဒဏ်ချမှတ်ခဲ့

UFC ဝါရင့်အားကစားသမား Jorge Masvidal ဟာ ၂၀၂၄ ခုနှစ်မှာ Nate Diaz နဲ့ ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲစဉ်**အတွက် *ပွဲကြေး အပြည့်အဝ မရရှိခဲ့*တဲ့အတွက်ကြောင့် ပရိုမိုးရှင်းနဲ့ အွန်လိုင်းထုတ်လွှင့်မှု လုပ်ငန်းဖြစ်တဲ့ *Fanmio ကို တရားစွဲဆိုခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် ရသင့်ရထိုက်တဲ့ ဆုံးဖြတ်ချက်*ကို အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (အောက်တိုဘာ ၁၄) က တရားသူကြီး Beatrice Butchko Sanchez ဟာ အလယ်အလတ်တန်း ချန်ပီယံဟောင်း Masvidal ရဲ့ တောင်းဆိုမှုကို တရားဝင် လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ကြားနာသူ (Arbitrator) က Masvidal ဟာ Diaz နဲ့ ထိုးသတ်ခဲ့တဲ့ပွဲအတွက် ပွဲကြေးအပြည့်အဝ […]
ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆို

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ဒီယွန်း(၂၈ နှစ်)ဟာ ၂၀၁၉ ဇန်နဝါရီမှာ အေဂျက်စ်ကနေ ဘာစီလိုနာကို ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက သူ့ရဲ့ မြင့်မားတဲ့ လစာနှုန်းထားကြောင့် ပြန်လည်ရောင်းထုတ်ဖို ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်ခဲ့ပေမဲ့ အသင်းမှာဆက်ရှိနေခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီယွန်းဟာ အရင်စာချုပ်အရ တစ်နှစ်လစာ ယူရို(၁၉)သန်းရရှိခဲ့ပေမဲ့ စာချုပ်သစ်မှာ တစ်နှစ်ယူရို(၁၀)သန်းနှုန်းသာရရှိတော့မှာဖြစ်ပြီး စာချုပ်လျော်ကြေးကိုတော့ ယူရိုသန်း(၄၀၀)ကနေ ယူရိုသန်း(၅၀၀)ကို တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ ဒီယွန်းကတော့ သူ လစာဘယ်လောက်ရနေသလဲဆိုတာ ပြောမပြနိုင်ပေမဲ့ သတင်းတွေမှာ ဖော်ပြနေတာကတော့ အလွန်အမင်းချဲ့ကားနေကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လမ်းပတ်စတိုင် သွင်းဂိုးတွေနဲ့ အန်ဇို

မာရက်စ်ကာက Tactical demands မြင့်မားသူပါ။သူ့ကစားသမားတွေကိုနေရာစုံကစားနိုင်တာမျိုးသဘောကျတယ်။ အန်ဇိုလည်း မာရက်စ်ကာလက်ထဲမှာဆေးစက်ကျရာအရုပ်ထင်ခဲ့ပါတယ်။အရင်တုန်းကကွင်းလယ်မှာအထိုင်ချကစားရသူကိုမာရက်စ်ကာက တိုက်စစ်ပိုပြီးလိုက်ပါခိုင်းခဲ့တယ်။ No 6 role ကနေ No 8 Role ပုံစံ၊ တခါတလေအန်ဇိုကNo 10 role ပုံစံဖြစ်နေတတ်တယ်။အဲဒီအပြောင်းအလဲဟာအန်ဇိုပိုကောင်းဖိုဖြစ်လာတယ်။ အန်ဇိုရဲ့ပြိုင်ဘက်ခံစစ်ဇုန်ထဲဘောလုံးပေးပိုမှုတွေပိုကောင်းလာတယ်။ဂိုးကန်သွင်းမှုနဲ့ အခွင့်အရေးဖန်တီးမှုတွေပိုထက်မြက်လာတယ်။ သူ့ရဲ့outstanding vision ကလည်းပြိုင်ဘက်ခံစစ်ကို ဖောက်ထွက်နိုင်မယ့်ဗျူဟာဖြစ်လာတယ်။ အန်ဇိုက ပွဲမကစားရလည်း လေ့ကျင့်ရေးကွင်းမှာမခိုမကပ်ပြင်းပြင်းထန်ထန်ကြိုးစားတတ်သူပါ။အခက်အခဲတွေရင်ဆိုင်ရချိန်တိုင်းရုန်းကန်ကြိုးစားမှုနဲ့ လူသားဆန်မှုတွေဟာကိုယ်လိုချင်တဲ့အရာကိုပိုင်ဆိုင်စေတယ်လိုအန်ဇိုယုံကြည်တယ်။ချယ်လ်ဆီးအသင်းမှာ သူမကစားရလည်းပွဲထွက်ကစားနေသူတွေကို မနာလိုမဖြစ်ပါဘူး။ ချယ်လ်ဆီးအသင်းအတွက်ကိုယ်စားပြုသူအားလုံးကိုအန်ဇိုအားပေးနေပါတယ်။ ကွင်းထဲမှာအစွမ်းပြခွင့်မရှိလည်း အရန်ခုံထိုင်ရင်း အားပေးနေတတ်တယ်။ချယ်လ်ဆီးအလိုရှိချိန်မှာ အန်ဇိုက ပေးဆပ်ဖိုအတွက်အသင့်ရှိနေသူပါ။ ကစားသမားတစ်ယောက်အတွက် ဆုဖလားအောင်ပွဲဆိုတာ မျှော်လင့်အိပ်မက်ပါပဲ။အန်ဇိုကအာဂျင်တီးနားအသင်းနဲ့အတူအခမ်းနားဆုံးကမ္ဘာ့ဖလားအောင်ပွဲပိုင်ဆိုင်ထားပေမယ့်ချယ်လ်ဆီးနဲ့ရမယ့်ဆုဖလားအောင်ပွဲကို ပြင်းထန်စွာတပ်မက်နေပါတယ်။ ချယ်လ်ဆီးနဲ့ ကွန်းဖရန့်လိဂ်၊ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ပိုင်ဆိုင်ထားသူအန်ဇိုက နောက်ထပ်အောင်မြင်မှုမျှော်လင့်နေတယ်။ ဘင်ဖီကာနဲ့ချန်ပီယံလိဂ်ပွဲမှာ အန်ဇိုကအသင်းဟောင်း ပရိသတ်တွေရဲ့အမုန်းကိုရင်ဆိုင်ခဲ့ရတယ်။ အန်ဇိုထောင့်ကန်ဘောကန်ချိန်မှာဘင်ဖီကာအသင်းပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာပါ။ အန်ဇိုက ဘင်ဖီကာအသင်းပရိသတ်ရဲ့အမုန်းကိုစွမ်းဆောင်ရည်ကောင်းပြသပြီးတုံပြန်ခဲ့တယ်။ချယ်လ်ဆီးအသင်းအနိုင်ဂိုးရအောင် အန်ဇိုစွမ်းဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဘင်ဖီကာအသင်းနဲ့ပွဲမှာ […]
ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို ဟာလန်းပဲရမှာလား

လက်ရှိရာသီပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုအတွက်မန်စီးတီးတိုက်စစ်မှူး ဟာလန်း ရေပန်းစားနေပါတယ်။ ဟာလန်းက လက်ရှိရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ၉ ဂိုးသွင်းထားပြီးပြီ။ တကယ့်ကိုအံ့မခန်းစွမ်းဆောင်ရည်ပါ။ ဟာလန်းအတွက်ပိုပြီးဂုဏ်ယူစရာကောင်းတာကသူ့ရဲ့လက်ရှိရာသီပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးမှာပယ်နယ်တီတစ်ဂိုးမှ မပါဝင်တာပါ။ ပရီးမီးယားလိဂ်ရေးရာကျွမ်းကျင်သူတွေကဂိုးသွင်းဘုရင်ဆုကို ရာသီကုန်ရင် ဟာလန်းပဲရလိမ့်မယ်လိုခန့်မှန်းနေကြပါပြီ။ လက်ရှိရာသီအစစွမ်းဆောင်ရည်က ဟာလန်းရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ အကောင်းဆုံးရာသီစတင်မှုမဟုတ်သေးဘူး။ ၂၀၂၂-၂၃ ရာသီမှာဟာလန်းကရာသီအစ ၇ ပွဲကစားပြီးချိန်၁၁ ဂိုးအထိသွင်းယူခဲ့ဖူးတယ်။ပြီးခဲ့တဲ့ရာသီမှာလည်း ဟာလန်းရဲ့သွင်းဂိုးအရှိန်အဝါထည်ဝါခဲ့ပြီး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်မှာဆာလာက ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု ရခဲ့လိုဟာလန်း မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။ ဟာလန်းရဲ့xG တန်ဖိုးက တစ်ပွဲပျမ်းမျှ ၀ ဒဿမ ၂၇ရှိနေပြီး သွင်းဂိုးကိုဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းက၂၇ ရာခိုင်နှုန်းနဲ့ အတော်လေးကောင်းမွန်နေတယ်။ပြီးခဲ့တဲ့ရာသီမှာ ဟာလန်းရဲ့xG တန်ဖိုးက၀ ဒဿမ ၁၇ ကြိမ်သာရှိခဲ့တာပါ။ ဟာလန်းရဲ့တစ်ကိုယ်ရေစာဂိုးသွင်းနှုန်း၊အခွင့်အရေးရရှိနှုန်း၊ xG တန်ဖိုးမြင့်တက်နေလိုဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံးဖြစ်လာတာပါ။
လုခ် ရော့ခ်ဟိုလ်ဒ် (Luke Rockhold) မှ Alex Pereira ကို “GOATs များထဲမှ တစ်ဦး” ဟု ချီးကျူး

UFC တွင် မီဒယ်ဝိတ်ချန်ပီယံ (Middleweight Champion)ဟောင်းတစ်ဦးဖြစ်သည့် လုခ် ရော့ခ်ဟိုလ်ဒ် (Luke Rockhold) သည် သူတစ်ချိန်က မယုံကြည်ခဲ့သော Alex Pereira အပေါ် လေးစားမှု အပြည့်အဝပြသလိုက်ပြီဖြစ်ပါတယ် တစ်ချိန်က ရော့ခ်ဟိုလ်ဒ်သည် ကမ္ဘာ့အကောင်းဆုံးတိုက်ခိုက်ရေးသမားများထဲမှ တစ်ဦးဖြစ်ခဲ့ပြီး၊ သူ၏ MMA ကစားသမားဘဝနောက်ဆုံး ငါးပွဲတွင် တစ်ပွဲသာနိုင်ခဲ့သော်လည်း သူ့တွင်ရှိသည့် စိတ်ဓာတ်ကျခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။ သူသည် Pereira ကို တွေ့ဆုံတိုက်ခိုက်ရပါက “ခါးပတ်အခမဲ့” ဟုပင် အခိုင်အမာ ယုံကြည်ခဲ့ဖူးသည်။သိုသော် ယခုအခါတွင် ရော့ခ်ဟိုလ်ဒ်၏ ထိုအပြောမျိုးများ ပျောက်ကွယ်သွားခဲ့ပြီ။ ယခုလအစောပိုင်းတွင် “Poatan” ဟု လူသိများသည့် Pereira သည် UFC 320 ပြိုင်ပွဲ၌ Magomed Ankalaev ကို ပထမအချီ၌ပင် […]
ဘော်စတွန်မြိုမှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဘော်စတွန်မြိုမှာ ယှဉ်ပြိုင်ဖို စီစဉ်ထားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ (၃)နိုင်ငံ ပူးပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပေမဲ့ အမေရိကန်နိုင်ငံက ပွဲအများဆုံးလက်ခံကျင်းပသွားမှာပါ။ ကနေဒါနိုင်ငံက မြိုနှစ်မြို၊ မက္ကဆီကိုနိုင်ငံက မြိုသုံးမြိုနဲ့ အမေရိကန်နိုင်ငံက မြို(၁၁)မြိုမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘော်စတွန်မြိုမှာ (၇)ပွဲ ယှဉ်ပြိုင်ကစားဖို စီစဉ်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဘော်စတွန်မှာ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြိုတော်ဝန်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် ဒေါ်နယ်ထရန့်က စိတ်တိုင်းကျခြင်းမရှိတာကြောင့် အခုလိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ”ကျွန်တော်တို အဲဒီက ပွဲတွေကို ရွှေ့ပြောင်းပစ်နိုင်ပါတယ်။ ကျွန်တော် ဘော်စတွန်က လူတွေကို ချစ်ပါတယ်။ အဲဒီကပွဲတွေအားလုံး လက်မှတ်ရောင်းကုန်သွားပြီဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတိုရဲ့ မြိုတော်ဝန်က မကောင်းပါဘူး” […]
ဘန်ဇီမာကို ခေါ်ယူဖို ဖီနာဘာချီအသင်း ပစ်မှတ်ထားနေ

တူရကီကလပ် ဖီနာဘာချီအသင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ လိုင်ယွန်နဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း ဘန်ဇီမာဟာ အသက်(၃၇)နှစ်ရှိပြီဖြစ်ပေမဲ့ ခြေစွမ်းပြနေဆဲဖြစ်ပြီး အယ်လ်အစ်တီဟတ်နဲ့ စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။ ဘန်ဇီမာကလည်း ဥရောပမှာ ပြန်ကစားဖို ဆန္ဒရှိနေတာကြောင့် ဖီနာဘာချီအသင်းက ခေါ်ယူဖို ပစ်မှတ်ထားလာခြင်းဖြစ်ပြီး နည်းပြ တယ်ဒက်စကိုကတော့ လာမယ့်ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူပေးဖို တောင်းဆိုထားကြောင်း သိရပါတယ်။ ဘင်ဖီကာနည်းပြ မော်ရင်ဟိုကလည်း ဘန်ဇီမာနဲ့ ပြန်လည်လက်တွဲဖို လိုလားနေကြောင်း သိရပါတယ်။ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ်ပေါင်သန်း(၈၀)ကျော် ရရှိနေကြောင်း သိရပါတယ်။
ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာ ငြင်းဆန်

ဘာစီလိုနာအသင်းဟာ ကြယ်ပွင့်ကစားသမား ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ငြင်းဆန်ခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ အသက်(၁၈)နှစ်သာရှိသေးပေမဲ့ ဘာစီလိုနာအသင်းအတွက်ရော စပိန်လက်ရွေးစင်အသင်းအတွက်ပါ အားအထားရဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတဲ့ ယမားလ်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို ယူရိုသန်း(၄၀၀)နဲ့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ခဲ့တာပါ။ ယမားလ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ဆုကြေးတွေကိုပါ ထည့်တွက်ရင် တစ်နှစ်ကို ယူရိုသန်း(၄၀)ဝန်းကျင်အထိ ရရှိနေပေမဲ့ လက်ရှိအချိန်မှာ နည်းပြနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေ ရှိနေတာကြောင့် အသင်းပြောင်းရွှေ့နိုင်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ကမ်းလှမ်းမှုရရှိထားခြင်းမရှိသလို၊ ယမားလ်ကို လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို Marca က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ယမားလ်ကို Not for Sale လို […]