သူငယ်ချင်းအတွက် UFC ဖလားကို စွန့်လွှတ်ရဲသူ ချန်ပီယံ Tom Aspinall

လက်ရှိ UFC ဟဲဗီးဝိတ်ချန်ပီယံ Tom Aspinall သည် သူ၏ရင်းနှီးသော သူငယ်ချင်းနှင့် လေ့ကျင့်ဖော်ဖြစ်သူ Ante Delija နှင့် ထိုးသတ်ရမည့် အခြေအနေမျိုး ကြုံလာပါက ချန်ပီယံခါးပတ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ Aspinall အနေဖြင့် ချန်ပီယံဘွဲထက် သူငယ်ချင်းသံယောဇဉ်ကို ပိုမိုတန်ဖိုးထားကြောင်း ပြသခဲ့သည်။ သူငယ်ချင်း Delija အတွက် ဖလားစွန့်လွှတ်မည်“ShxtsnGigs Podcast” တွင် ပါဝင်ခဲ့သော Aspinall ကို ‘အကောင်းဆုံးသူငယ်ချင်းနဲ့ ခါးပတ်အတွက် ထိုးမလား၊ ဒါမှမဟုတ် ခါးပတ်ကို စွန့်လွှတ်ပြီး ဘယ်တော့မှ ပြန်မရတော့မလား’ ဟူသည့် မေးခွန်းကို မေးမြန်းခဲ့ရာတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ Delija အကြောင်း ချက်ချင်းပြေးမြင်မိခဲ့ကြောင်း ဖြေကြားခဲ့သည်။ Delija သည် ယခုမှ UFC […]

နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ အော်ဒီဂွါ ပြန်ကစားနိုင်မယ်

ဒူးဒဏ်ရာရရှိထားတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား အော်ဒီဂွါဟာ နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ ပြန်ကစားနိုင်မယ်လို သိရပါတယ်။ အော်ဒီဂွါဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပြန်ကစားနိုင်ဖို မျှော်လင့်ခဲ့ပေမဲ့ နိုဝင်ဘာလလယ်အထိ ပြန်ကစားနိုင်ဖွယ်မရှိသေးကြောင်း သိရပါတယ်။ ဒါကြောင့် အော်ဒီဂွါအနေနဲ့ နိုဝင်ဘာလလယ်မှာ သတ်မှတ်ထားတဲ့ နိုင်ငံတကာရက်သတ္တပတ်အလွန်မှသာ ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း BBC က ဖော်ပြခဲ့တာပါ။ ဒီအတွက် အော်ဒီဂွါဟာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်(၇)ပွဲလောက်ကို လွဲချော်ဖွယ်ရှိနေပြီး စပါးနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ အော်ဒီဂွါ လွဲချော်မယ့်ပွဲတွေက ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်၊ ပဲလေ့စ်၊ ဘန်လေ၊ ဆန်းဒါးလန်း၊ လိဂ်ဖလားမှာ ဘရိုက်တန်၊ ချန်ပီယံလိဂ်မှာ အက်သလက်တီကို၊ ဆလားဗီးယားပရပ်ဂ်ပွဲတွေဖြစ်ကြောင်း သိရပါတယ်။

ရပ်ရှ်ဖိုဒ်ကို ကစားသမားဘ၀ စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးမသတ်စေရေး တူဟယ်လ် သတိပေး

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ်ကို ကစားသမားဘ၀ စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးမသတ်စေရေး သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ရပ်ရှ်ဖိုဒ်ရဲ့အလားအလာက အကန့်အသတ်မရှိဘူးလိုလည်း သုံးသပ်ခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ်ဟာ လက်ရှိမှာ မန်ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းထံ အငှားသွားကစားနေပြီး ၁၀ ပွဲကစား သုံးဂိုးသွင်းကာ ငါးဂိုးဖန်တီးခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ်(၂၇ နှစ်)အနေနဲ့ အက်စတွန်ဗီလာကို အငှားသွားကစားချိန်မှာလည်း အထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့မတ်လက ၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအဖြစ် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ ယနေ့မှာ လတ်ဗီးယားအသင်းနဲ့ ခြေစစ်ပွဲအဝေးကွင်း ကစားရမှာပါ။ ဒီပွဲမှာ အနိုင်ရရုံနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ပါလိမ့်မယ်။

လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဗက်ဇ်ကို နာဂယ်စမန်းနဲ့ ယာဂန်ကလော့ပ် ကာကွယ်

လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဗက်ဇ်ကို ဂျာမနီအသင်းနည်းပြ နာဂယ်စမန်းနဲ့ လီဗာပူးလ်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်တိုက ကာကွယ်ပြောကြားခဲ့ပါတယ်။ ဗက်ဇ် (၂၂ နှစ်)ဟာ ယခုနွေရာသီမှာ လေဗာကူဆင်အသင်းကနေ လီဗာပူးလ်အသင်းကို ကလပ်စံချိန်တင်ကြေး ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ ၎င်းဟာ ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားပေမဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်သာ မရှိသေးလို ဝေဖန်ပြစ်တင်ခံနေရပါတယ်။ ဒါပေမဲ့ Opta ရဲ့ အချက်အလက်တွေအရ ဗက်ဇ်ဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခွင့်အရေးဖန်တီးနိုင်တာ ၂၁ ကြိမ်ရှိပြီး တခြားကစားသမားအားလုံးထက် ပိုများပါတယ်။ ”သူက ဂိုးမသွင်းနိုင်ပေမဲ့ ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးနိုင်မှုအများဆုံး ကစားသမားပါ။ သူ့အသင်းဖော်တွေက ဂိုးအဖြစ် မပြောင်းလဲနိုင်တာ သူ့အမှားမဟုတ်ပါဘူး။ အချက်အလက်တွေက ဇာတ်လမ်းတစ်ခုလုံးကို မပြောပြနိုင်ပါဘူး။ဗက်ဇ်က လိဂ်ပြိုင်ပွဲနဲ့ […]

‘ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်း သေဆုံးသွားသလိုပါပဲ’ – အနားယူပြီးမှ စိတ်မချနိုင်ဖြစ်နေတဲ့ ‘The Diamond’ Dustin Poirier

‘ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်း သေဆုံးသွားသလိုပါပဲ’ – အနားယူပြီးမှ စိတ်မချနိုင်ဖြစ်နေတဲ့ ‘The Diamond’ Dustin Poirier Dustin Poirier တစ်ယောက် တိုက်ခိုက်ရေးလောကကို စိတ်ကုန်သွားပြီလားဆိုရင်၊ လုံးဝမဟုတ်ပါဘူး။ ‘The Diamond’ လို့ အမည်ရတဲ့ နာမည်ကျော် MMA ဖိုက်တာ Poirier ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ၎င်းရဲ့ ဇာတိမြေ လူးဝီးစီးယားနားပြည်နယ်မှာ ကျင်းပတဲ့ UFC 318 ပွဲစဉ်မှာ သူ့ရဲ့ ပြိုင်ဘက်ဟောင်း Max Holloway နဲ့ တတိယမြောက် ထိပ်တိုက်တွေ့ဆုံမှုအပြီးမှာ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ၄၁ ပွဲ တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို နိဂုံးချုပ်လိုက်တာပါ။ ဒီလိုနဲ့ သူဟာ ယာယီ လက်စ်ဝိတ်ချန်ပီယံ တစ်ဦးဖြစ်လာခဲ့ပြီး MMA […]

ပယ်နယ်တီမဝင်ခဲ့တဲ့ စီရော်နယ်လ်ဒို မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်

ပယ်နယ်တီမဝင်ခဲ့တဲ့ စီရော်နယ်လ်ဒို မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီမဝင်ခဲ့လို့ မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာ စီရော်နယ်လ်ဒို ကန်သွင်းတဲ့ ပယ်နယ်တီကို အိုင်ယာလန်ဂိုးသမား ကယ်လယ်ဟာက ကာကွယ်နိုင်ခဲ့တာဖြစ်တယ်။ စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခဲ့ရတာပါ။ စီရော်နယ်လ်ဒိုဟာ လက်ရှိမှာ ဂွါတီမာလာကစားသမား ကားလို့စ်ရုဇ်နဲ့ ၃၉ ဂိုးစီ တူညီနေတာဖြစ်တယ်။ ၎င်းအနေနဲ့ အခုနှစ်အတွင်းမှာ တတိယအကြိမ်မြောက် ပယ်နယ်တီ လွဲချော်ခဲ့ပါတယ်။ ယခင်နှစ်ပွဲကတော့ အိုဇေဘီကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ဆော်ဒီပရိုလိဂ်ပွဲ၊ ဒိန်းမတ်ကို ၅-၂ ဂိုးနဲ့ အနိုင်ရတဲ့ UEFA Nations League ပွဲတွေပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိမယ့်အသင်းကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်က ဒီအစီအစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာ အာဆင်နယ်အသင်းက ဆန္ဒမဲအများဆုံးရရှိထားကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၇)မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွှဲပြောင်းရယူနိုင်ခဲ့သလို၊ လာမယ့်ပွဲစဉ်(၄)ပွဲမှာ လီဗာပူးလ်က ပွဲကျပ်ပြီး အာဆင်နယ်က ပွဲချောင်နေတာကြောင့်လည်း ဆန္ဒမဲအများဆုံး ရရှိခြင်းဖြစ်ဖွယ်ရှိပါတယ်။ လီဗာပူးလ်က ဒုတိယမဲအများဆုံးရရှိထားပြီး မန်စီးတီးက တတိယမဲအများဆုံးရရှိထားပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိရလဒ်နဲ့ နောက်ဆုံးအကြိမ်ရရှိခဲ့ပြီး ချန်ပီယံဆုနဲ့ ဝေးကွာနေတာ (၂၁)နှစ်ရှိပြီဖြစ်ပေမဲ့ နောက်ဆုံး(၃)ရာသီဆက်တိုက် အကောင်းဆုံးစိန်ခေါ်သူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အဲဗာတန်အသင်းနဲ့ နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပစ်ဖိုဒ် သဘောတူညီမှုရရှိ

အဲဗာတန်အသင်းနဲ့ နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပစ်ဖို့ဒ် သဘောတူညီမှုရရှိ အဲဗာတန်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ပစ်ဖို့ဒ်(၃၁ နှစ်)ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေသူဖြစ်တာကြောင့် အဲဗာတန်အသင်းက ကာလရှည်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပစ်ဖို့ဒ်ဟာ ၂၀၁၇ နွေရာသီမှာ ဗြိတိန်ဂိုးသမားတွေထဲ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၃၀)နဲ့ ဆန်းဒါးလန်းကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၃၀၀)ကျော်ကစားပေးထားပါတယ်။ ပစ်ဖို့ဒ်ဟာ ပြီးခဲ့့တဲ့ရက်ပိုင်းအတွင်း အင်္ဂလန်အသင်းအတွက် (၈)ပွဲဆက်တိုက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ အဲဗာတန်အသင်းက ပစ်ဖို့ဒ်ကို လက်ရွေးစင်အသင်းက ပြန်လာချိန်မှာ စာချုပ်သစ်အတွက် လက်မှတ်ထိုးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Charles Oliveira က Mateusz Gamrot ကို အရှုံးပေးပြီးနောက် Max Holloway ကို BMF ခေါင်းစဉ်အတွက် စိန်ခေါ်

Charles Oliveira က Mateusz Gamrot ကို အရှုံးပေးပြီးနောက် Max Holloway ကို BMF ခေါင်းစဉ်အတွက် စိန်ခေါ် Charles Oliveira ဟာ UFC Rio ရဲ့ ပင်မပွဲစဉ်မှာ Mateusz Gamrot ကို ဒုတိယအချီမှာပဲ အရှုံးပေးချုပ်ကွက် (submission) နဲ့ အနိုင်ယူပြီး သူ့မှာ တိုက်ခိုက်နိုင်စွမ်းတွေ အများကြီး ကျန်နေသေးကြောင်း သက်သေပြလိုက်ပါတယ်။ သူ့ဘက်ကနေ အားပေးတဲ့ ပရိသတ်တွေရဲ့ ဆူညံသံတွေနဲ့အတူ UFC လိုက်ဝိတ်တန်း ချန်ပီယံဟောင်း Oliveira ဟာ သူ့ရဲ့အရင်ပွဲ Ilia Topuria ကို ကေအို (knockout) ရှုံးနိမ့်ပြီးနောက် ပြန်လာတာ အရမ်းစောတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ချေဖျက်လိုက်ပါတယ်။ Oliveira ဟာ […]

ကစားသမားဘ၀ ဟက်ထရစ် ၂၇ ကြိမ် ရှိလာတဲ့ ဟာလန်း

ကစားသမားဘ၀ ဟက်ထရစ် ၂၇ ကြိမ် ရှိလာတဲ့ ဟာလန်း အစ္စရေးကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေတိုက်စစ်မှူး ဟာလန်းက ဟက်ထရစ်သွင်းခဲ့ပြီး ကစားသမားဘ၀ ဟက်ထရစ် ၂၇ ကြိမ် ရှိလာခဲ့ပါတယ်။ ဟာလန်းဟာ နော်ဝေအသင်းအတွက် ခြောက်ကြိမ်၊ မိုလ်ဒီအသင်းအတွက် တစ်ကြိမ်၊ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ငါးကြိမ်၊ ဒေါ့မွန်အသင်းအတွက် လေးကြိမ်၊ မန်စီးတီးအသင်းအတွက် ၁၁ ကြိမ် သွင်းယူခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းသမိုင်းမှာ ဟက်ထရစ်အများဆုံးဖြစ်ကြတဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီ (၁၀ ကြိမ်)တို့ကို လိုက်မီဖို့ လေးကြိမ်သာ လိုပါတော့တယ်။ ဟာလန်းအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀ ပြည့်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဟာလန်းဟာ အခုဟက်ထရစ်အပါအဝင် နိုင်ငံသွင်းဂိုး ၅၁ ဂိုး ရှိလာကာ […]