ဂန္ထဝင်ရန်ပုံငွေပွဲမှာ ချယ်လ်ဆီးအသင်းကိုလီဗာပူးလ် အနိုင်ယူ

ဂန္ထဝင်ရန်ပုံငွေပွဲမှာ ချယ်လ်ဆီးအသင်းကို လီဗာပူးလ် အနိုင်ယူ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂန္ထဝင်ရန်ပုံငွေပွဲမှာ လီဗာပူးလ်အသင်းက ချယ်လ်ဆီးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဘာဘယ်လ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကလည်း ဒီနှစ်သင်း အန်ဖီးလ်မှာ ရန်ပုံငွေပွဲ ကစားခဲ့ပြီး လီဗာပူးလ်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။ အခုပွဲက လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ရှာဖွေတဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီရန်ပုံငွေပွဲမှာ အမျိုးသမားကစားသမားဟောင်းတချို့လည်း ပါဝင်ကစားခဲ့ပါတယ်။ အခုပွဲကို ပရိသတ်ပေါင်း ၃၀၀၇၆ ဦး လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ Chelsea starting line-up: Substitutes: Management: Head coach Roberto Di Matteo, assistant Michael Ballack Liverpool starting line-up: Substitutes: […]

ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ အမ်ဘာပေ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်း

ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ အမ်ဘာပေ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်း ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်မှူး အမ်ဘာပေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရပြီးနောက် မိခင်ကလပ်ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က အမ်ဘာပေဟာ အဇာဘိုင်ဂျန်ကို အနိုင်ရတဲ့ပွဲမှာ ညာခြေချင်းဝတ်ဒဏ်ရာ ရခဲ့ပြီး အိုက်စလန်နဲ့ပွဲကို လွဲချော်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဗီလာရီးယဲလ်နဲ့ပွဲမှာလည်း ခြေချင်းဝတ် ထိခိုက်ခဲ့ပါသေးတယ်။ အခု အဇာဘိုင်ဂျန်နဲ့ပွဲမှာလည်း ယခင် ခြေချင်းဝတ်နေရာကိုပဲ ထပ်မံထိခိုက်ခဲ့တာဖြစ်တယ်။ ပြင်သစ်အသင်းက အမ်ဘာပေရဲ့နေရာကို အစားထိုးမဟုတ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲစလုံး အနိုင်ကစားထားပြီး အုပ်စု D ကို ဦးဆောင်နေပါတယ်။

၁၀ ပွဲဆက် ဂိုးသွင်းခဲ့တဲ့ အမ်ဘာပေ ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိ

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ အဇာဘိုင်ဂျန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။ အမ်ဘာပေဟာ ၈၄ မိနစ်မှာ ဒီဒဏ်ရာကြောင့်သာအူဗင်နဲ့ လူစားလဲခံခဲ့ရတာဖြစ်တယ်။ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က ”သူဟာ ခြေချင်းဝတ်ရဲ့ အရင်နေရာမှာပဲ ထပ်ထိတာပါ။ အနားယူလိုက်တဲ့အချိန်မှာတော့ နာကျင်မှု သက်သာသွားပါတယ်။ ဘောလုံးပွဲတွေမှာတော့ ဒါတွေက မလွဲမသွေ ထိတတ်ပါတယ်။ ဒဏ်ရာအခြေအနေကိုတော့ နောက်ပိုင်းမှ ကျွန်တော်တို ကြည့်ရမှာပါ။ သူ အနည်းငယ်တော့နာနေတယ်။ ဒါက သူ့အတွက် မကောင်းပါဘူး”လို ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၅၃ ဂိုး ရှိလာပြီး ဂိုးအများဆုံး ဂျရူး(၅၇ ဂိုး)ကိုမီဖို လေးဂိုးသာ လိုပါတော့တယ်။ ၎င်းဟာ အခုရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၁၃ […]

မန်ယူနိုက်တက်မှာ ပျော်ရွှင်နေတယ်လို ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ

မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းမှာ ပျော်ရွှင်နေတယ်လိုဖွင့်ဟခဲ့ပါတယ်။ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ကို ထိခိုက်မှာစိုးလို ဆော်ဒီအာရေဗျကို မပြောင်းရွှေ့တာဖြစ်ကြောင်း သုံးသပ်ချက်များကို ၎င်းက ငြင်းဆန်ခဲ့ပါတယ်။ ဖာနန်ဒက်စ်(၃၁ နှစ်)ဟာ အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်အသင်းတွေက ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်တယ်။ ”ကမ္ဘာ့ဖလားကြောင့် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့မယ့်တံခါးကို မပိတ်ပါဘူး။ ဘာမှကို စိတ်ထဲမရှိတာပါ။ ကလပ်မှာပဲ ဆက်နေချင်ခဲ့တယ်။ ကလပ်ကလည်း ကျွန်တော့်ကို ဆက်နေစေချင်တယ်။ ဒါပါပဲ”လို ဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ၂၀၃၁ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ၎င်းက ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးဟာ သူ့အိပ်မက်သာမဟုတ်ဘဲ ပေါ်တူဂီပြည်သူတစ်ရပ်လုံးရဲ့အိပ်မက်လို ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို ကြံ့ခိုင်မှုပြည့်နေပြီလို အီဆက်ခ် ကြုံးဝါး

လီဗာပူးလ်အသင်းတိုက်စစ်မှူး အီဆက်ခ်က အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို ကြံ့ခိုင်မှုပြည့်နေပြီလို ကြုံးဝါးခဲ့ပါတယ်။ အီဆက်ခ်(၂၆ နှစ်)ဟာ လီဗာပူးလ်နဲ့ နွေရာသီကာလတစ်လျှောက်လုံး သတင်းတွေထွက်ခဲ့ပြီး အဆုံးသတ်မှာ ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။ စက်တင်ဘာလ ၂၃ ရက်က လိဂ်ဖလားပွဲဖြစ်တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ပထမဆုံး ပွဲထွက်ကစားခွင့် ရခဲ့ပြီး အခြားသုံးပွဲလည်း ပွဲထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ လီဗာပူးလ်အသင်းအတွက် ပွဲချိန် မိနစ် ၉၀ စလုံး ကစားခွင့်မရဘဲ ဖြစ်နေတာပါ။ ”ကျွန်တော် အသင့်ဖြစ်နေပြီလို ထင်ပါတယ်။ လိုအပ်ရင် မိနစ် ၉၀ စလုံးကစားဖို ကျွန်တော် အသင့်ရှိနေပါတယ်”လို အီဆက်ခ်က ပြောခဲ့ပါတယ်။ အီဆက်ခ်ဟာ လီဗာပူးလ်အသင်းကို ရောက်လာပြီးကတည်းက ပွဲချိန်ပြည့်မကစားရသေးပေမဲ့ ခြောက်ပွဲကစားကာ တစ်ဂိုး သွင်းယူထားပါတယ်။

မန်စီးတီးအသင်းက ထွက်ခွာခဲ့တဲ့အပေါ် နောင်တရမိတယ်လို ဝေါ်လ်ကာ ပြောကြား

ဘန်လေအသင်းရဲ့ အင်္ဂလန်ဝါရင့်နောက်ခံလူ ကိုင်လီဝေါ်လ်ကာက မန်စီးတီးအသင်းက ထွက်ခွာခဲ့တဲ့အပေါ် နောင်တရမိတယ်လို ပြောကြားခဲ့ပါတယ်။ ကလပ်အသင်းခေါင်းဆောင်အနေနဲ့ အသင်းဖော်တွေ ရုန်းကန်နေရတဲ့အပေါ် နားလည်ခဲ့သင့်တယ်လိုလည်း ဝန်ခံခဲ့ပါတယ်။ ဝေါ်လ်ကာ(၃၅ နှစ်)ဟာ မန်စီးတီးအသင်းမှာ ပုံမှန်နေရာမရလို စီးရီးအေကလပ် အေစီမီလန်အသင်းထံ ပြီးခဲ့တဲ့ဇန်နဝါရီလက အငှားသွားကစားခဲ့ပါတယ်။ ၎င်းဟာ ခြောက်လအငှားနဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားခဲ့ပြီး အပြီးသတ်ခေါ်ယူခွင့်အချက် ပါဝင်ပေမဲ့ အေစီမီလန်အသင်းက စာချုပ်မချုပ်ဆိုခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီကာလမှာတော့ တန်းတက် ဘန်လေအသင်းထံ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဝေါ်လ်ကာဟာ အငှားထွက်ကစားချိန်မှာ ဇနီးဖြစ်သူ အန်နီကေလ်နာနဲ့ ကွာရှင်းပြတ်စဲလုနီးပါး အခြေအနေလည်း ရောက်ခဲ့ပါတယ်။

ဘန်တမ်ဝိတ် ဖိုက်တာ Saimon Oliveira UFC Rio ပွဲစဉ်အတွက် အလေးချိန် ၈ ပေါင်ကျော်လွန်သွားခဲ့

ဘရာဇီးလ် ဖိုက်တာ Saimon Oliveira ဟာ ဘန်တမ်ဝိတ် ကန့်သတ်ချက် ၁၃၅ ပေါင် (တစ်ပေါင်ခွင့်ပြုချက်နှင့်ဆိုရင် ၁၃၆ ပေါင်) ကို လုံးဝမမီဘဲ ၁၄၄ ပေါင် အထိ ရှိနေခဲ့ပါတယ်။ သူရဲ့ ပြိုင်ဘက် Luan Lacerda ကတော့ ၁၃၆ ပေါင်နဲ့ အလေးချိန်ကို အောင်မြင်စွာ စစ်ဆေးနိုင်ခဲ့ပါတယ်။ Oliveira vs. Lacerda ပွဲစဉ်ကို Catchweight အဖြစ် ဆက်လက်ကျင်းပဖို မျှော်လင့်ရပြီး Oliveira အနေနဲ့ သူရဲ့ ပိုက်ဆံအိတ် (purse) မှ ဒဏ်ကြေးငွေ ဘယ်လောက် ပေးဆောင်ရမယ်ဆိုတာကိုတော့ ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က Dana White’s Contender Series မှတစ်ဆင့် UFC […]

အာမိုရင်မ်နေရာ အစားထိုးချင်တဲ့ နည်းပြအဖြစ် အက်ဒီဟောင်းကို ပေါလ်စခိုးလ် ရွေးချယ်

မန်ယူအသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်က လက်ရှိနည်းပြ အာမိုရင်မ်နေရာ အစားထိုးချင်တဲ့နည်းပြအဖြစ် နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ပေါ်တူဂီနည်းပြ အာမိုရင်မ်ဟာ မန်ယူအသင်းတာဝန်ရှိသူတွေရဲ့ ထောက်ခံမှုရရှိနေပေမဲ့ ပရိသတ်တွေကတော့ စိတ်တိုင်းကျခြင်းမရှိတာကြောင့် ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြတစ်ဦးအဖြစ် ရေပန်းစားနေဆဲဖြစ်ပါတယ်။ ဒီအတွက် အာမိုရင်မ်ကို ထုတ်ပယ်ခဲ့ရင် ဘယ်သူ့ကို အစားထိုးခန့်အပ်သင့်သလဲလို ပေါလ်စခိုးလ်ကို မေးမြန်းခဲ့ရာမှာ အက်ဒီဟောင်းလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပေါလ်စခိုးလ်က အက်ဒီဟောင်း၊ အက်ဒီဟောင်း။ သူ့ရဲ့ လက်ထောက်နည်းပြအကြောင်းတော့ သေချာမသိပါဘူး။ သူကတော့ သင့်တော်တာသေချာပါတယ် လို ဆိုခဲ့တာပါ။ လောင်းကစားကုမ္ပဏီတွေကတော့ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် ပဲလေ့စ်နည်းပြ ဂလက်စ်နာကို တစ်ပေးထားကြောင်း သိရပါတယ်။

မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို ထိုက်တန်မှုရှိတယ်လို ဟန်ဒါဆန် ပြောကြား

ဘရန့်ဖိုဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆန်က မိမိအနေနဲ့ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို ထိုက်တန်မှုရှိတယ်လို ပြောကြားခဲ့ပါတယ်။အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆန်ဟာ ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းမှာ ပွဲပေါင်း(၅၀၀)နီးပါး ကစားခဲ့သူဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ ဆော်ဒီကလပ် အယ်လ်အက်တီဖတ်၊ ၂၀၂၄ ဇန်နဝါရီမှာ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ဒီနွေမှာမှ အင်္ဂလန်မြေကို ပြန်ရောက်လာခဲ့တာပါ။အင်္ဂလန်ဘောလုံးလောကမှ ရှိမနေတဲ့ကာလအတွင်း ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာကြောင့်လည်း ဟန်ဒါဆန်က အဲဒီကာလဟာ သူ့ရဲ့ ကစားသမားဘဝမှာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ခြေစွမ်းက အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို ထိုက်တန်ကြောင်း ပြောကြားခဲ့တာပါ။”ကျွန်တော် အင်္ဂလန်အသင်းအတွက် ဘာလုပ်နိုင်သလဲဆိုတာ ပြီးခဲ့တဲ့နှစ်တွေမှာ ပြသခဲ့ပြီးပါပြီ။ ကျွန်တော် ထိပ်တန်းအဆင့်မှာ ကစားနေတုန်းပါပဲ။ လူတွေက သူတိုဆန္ဒရှိတာကို တွေးနိုင်ကြပါတယ်။ […]

ဆန်မာရီနိုကို (၄)ဂိုးသွင်းခဲ့တဲ့ အာနော်တိုဗစ် သြစတြီးယားအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာ

သြစတြီးယားလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး အာနော်တိုဗစ်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ဦးတည်း (၄)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သြစတြီးယားအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။အဲဒီပွဲမှာ သြစတြီးယားအသင်းက ဆန်မာရီနိုကို (၁၀-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာနော်တိုဗစ်က (၄)ဂိုးသွင်းယူနိုင်ခဲ့တာပါ။အာနော်တိုဗစ်ဟာ ဒီပွဲမတိုင်ခင်တုန်းက သွင်းဂိုး(၄၁)ဂိုးနဲ့ တိုနီပေါ်စတာ(၄၄ ဂိုး)ရဲ့နောက် ဒုတိယနေရာမှာသာ ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ (၄၅)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ အာနော်တိုဗစ်ဟာ လက်ရှိအချိန်မှာ ဆားဘီးယားကလပ် ဇဗက်ဒါအသင်းမှာ ကစားနေပြီး သြစတြီးယားအသင်းအတွက် ပွဲအများဆုံးကစားထားသူအဖြစ်လည်း (၁၂၈)ပွဲနဲ့ စံချိန်တင်ထားပါတယ်။အာနော်တိုဗစ်ဟာ လက်ရွေးစင်အသင်းအတွက် တစ်ပွဲတည်း (၄)ဂိုးသွင်းယူနိုင်တာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရပါတယ်။