ဒဏ်ရာကြောင့် ဝေးလ်စ်အသင်းနဲ့ပွဲကိုဟာရီကိန်း လွဲချော်

အဂ်လန်အသင်းတိုက်စစ်မှူး ဟာရီကိန်းကခြေချင်းဝတ်ဒဏ်ရာကြောင့် ဝေးလ်စ်အသင်းနဲ့ခြေစမ်းပွဲကိုလွဲချော်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဟာရီကိန်းရဲ့ခြေထောက်ဟာဘောလုံးကန်တိုင်းနာကျင်မှုခံစားနေရတယ်လိုသိရပါတယ်။ဒါကြောင့်ပဲဟာရီကိန်းကိုစွန့်စားအသုံးမပြုဘဲအနားပေးခဲ့တာဖြစ်ပြီးလာမယ့်လတ်ဗီးယားအသင်းနဲ့ပွဲမှာပြန်လည်ပါဝင်ကစားဖွယ်ရှိနေပါတယ်။ ဟာရီကိန်းကလက်ရွေးစင်အသင်းအတွက်၁၀၉ ပွဲကစားပြီးချိန်မှာ ၇၄ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ လက်ရှိအဂ်လန်အသင်းကစားသမားတွေအားလုံးပေါင်းသွင်းဂိုးကဟာရီကိန်းထက်နည်းပြီး၅၃ ဂိုးပဲရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ အဂ်လန်အသင်းအတွက် စတင်ပွဲထွက်ကစားသူဟာရီကိန်းက အဲဒီကာလအတွင်း အဂ်လန်အသင်းရတဲ့သွင်းဂိုးစုစုပေါင်းရဲ့၂၆ ဒဿမ ၄ ရာခိုင်နှုန်းအထိသွင်းယူခဲ့သူဖြစ်ပါတယ်။

အဲဗာတန်အသင်းနဲ့ သက်တမ်းတိုးခဲ့တဲ့ တာကောစကီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို ရည်မှန်းထားကြောင်း ပြောကြား

အဲဗာတန်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ တာကောစကီးဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ တာကောစကီးဟာ ၂၀၂၂ နွေရာသီမှာ ဘန်လေကနေ အဲဗာတန်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ တာကောစကီးဟာ အဲဗာတန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ပေးခံထားရသူဖြစ်တာကြောင့် အဲဗာတန်အသင်းက သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တာကောစကီးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့သူဖြစ်ပေမဲ့ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ ဘန်လေအသင်းမှာတုန်းက ယူရိုပါလိဂ်ခြေစစ်ပွဲ ဆင်နွှဖူးတာသာ ရှိခဲ့ပါတယ်။ ဒါကြောင့် တာကောစကီးက ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို ရည်မှန်းထားကြောင်းနဲ့ နည်းပြ ဒေးဗစ်မွိက်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ဒီအခွင့်အရေးရရှိဖို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်း စောင့်ကြည့်နေတဲ့ ယူ-၂၀ ကစားသမားတွေထဲမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်း ပါဝင်

ဘာစီလိုနာအသင်းဟာ ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကင်းထောက်တွေစေလွှတ်ပြီး ကစားသမားတချိုကို စောင့်ကြည့်ခိုင်းထားရာမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်းလည်း ပါဝင်နေကြောင်း သိရပါတယ်။ နောက်ခံလူ အယ်လ်ယက်ဇ်ဇီဒန်း(၁၉ နှစ်)ဟာ ဇီဒန်းရဲ့ သား(၄)ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး ပြင်သစ်ယူ-၂၀ အသင်းနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေတာပါ။ အယ်လ်ယက်ဇ်ဟာ ရီးယဲလ်အကယ်ဒမီမှာ (၁၁)နှစ်ကြာဖြတ်သန်းခဲ့ပေမဲ့ ၂၀၂၄ ဇန်နဝါရီမှာ ဘက်တစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘက်တစ်အရန်အသင်းမှာ ကစားနေပါတယ်။ ဘာစီလိုနာအသင်းက လာမာစီယာအကယ်ဒမီအတွက် သွေးသစ်ကစားသမားရှာဖွေဖို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကင်းထောက်တွေ စေလွှတ်ထားတာဖြစ်ပြီး ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ ပတ်ဒရင်ညိုနဲ့ ဒီဗစ်ဝါရှင်တန်၊ အာဂျင်တီးနားကစားသမား ပရက်စတီယန်နီ၊ ဂျပန်ကစားသမား အိုဇီကီတိုကိုလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။ ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲက အောက်တိုဘာ(၁၉)မှ ပြီးဆုံးမှာဖြစ်ပါတယ်။

ဗင်နီဇွဲလားနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြု မက်ဆီကိုယ်တိုင် ဆုံးဖြတ်မယ်

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားအသင်းနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြုကို ကိုယ်တိုင်ဆုံးဖြတ်မယ်လို သိရပါတယ်။ အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီးဆုံးသွားပြီဖြစ်တာကြောင့် ဒီလနိုင်ငံတကာရက်သတ္တပတ်မှာ ခြေစမ်းပွဲတွေသာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အောက်တိုဘာ(၁၀)မှာ ဗင်နီဇွဲလား၊ အောက်တိုဘာ(၁၃)မှာ ပူအာတိုရီကိုအသင်းတွေနဲ့ အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ ပွဲတွေဆက်တိုက်ကစားနေရပြီး မက်ဆီအနေနဲ့ (၂၁)ရက်အတွင်း (၇)ပွဲကစားရမယ့်အနေအထား ဖြစ်နေသလို၊ အတ္တလန်တာယူနိုက်တက်နဲ့ပွဲကိုလည်း အောက်တိုဘာ(၁၁)မှာ ကစားရမှာဖြစ်တာကြောင့် ဗင်နီဇွဲလားနဲ့ပွဲမှာ ပါဝင်ကစားဖို အခက်တွေ့နေကြောင်း သိရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီကတော့မက်ဆီအပါအဝင် ကစားသမားအားလုံးနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ကစားသမားကို စွန့်စားအသုံးပြုမှာမဟုတ်ဘူးလို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ပွဲတွေမှာ ကစားသမားသစ်တွေကို ကြည့်ရှုဖို ကြိုးစားသွားမယ်လိုလည်း ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပုံစံ ပြောင်းလဲမယ့်သတင်းများကို UEFA ငြင်းဆန်

ဥရောပဘောလုံးအဖွဲချုပ်(UEFA)က ချန်ပီယံလိဂ်ပုံစံ ပြောင်းလဲမယ့်သတင်းများကို ငြင်းဆန်ခဲ့ပါတယ်။ UEFAနဲ့ စူပါလိဂ်အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို သတင်းများထွက်ပေါ်လာပြီးနောက် UEFA အခုလို တုံပြန်ခဲ့တာပါ။ စပိန်သတင်းစာ Mundo Deportivo သတင်းစာက ပြီးခဲ့တဲ့လများအတွင်း UEFA ဟာ စူပါလိဂ်စီမံကိန်းကို အဓိကဖော်ဆောင်နေတဲ့ A22 ကုမ္ပဏီ၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတိုက ကိုယ်စားလှယ်တွေနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့တယ်လိုစနေနေ့မှာ ရေးသားခဲ့ပါတယ်။ ဒီသတင်းမှာ အသင်းကြီးတွေအကြား ထိပ်တိုက်ယှဉ်ပြိုင်တဲ့ပွဲ ပိုများရေးနဲ့ ပွဲတွေကို အခမဲ့ထုတ်လွှင့်ခွင့်စတဲ့ စူပါလိဂ်မော်ဒယ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှု မရခဲ့ဘူးလိုဖော်ပြထားပါတယ်။ စူပါလိဂ်စီမံကိန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက UEFA နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ UEFA က ”UEFA အထွေထွေအတွင်းရေးမှူး သီယိုဒေါ်ရီဒစ်နဲ့ A22 […]

ရာသီကုန်ရင် အနားယူတော့မယ့် အယ်လ်ဘာကို မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို ဂုဏ်ပြုနှုတ်ဆက်စကားဆို

အင်တာမိုင်ယာမီအသင်းက စပိန်နောက်ခံလူ အယ်လ်ဘာဟာ ဒီနှစ် မေဂျာလိဂ်ရာသီကုန်ရင် ကစားသမားဘဝက အနားယူတော့မယ်လို အတည်ပြုကြေညာခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတိုက ဂုဏ်ပြုနှုတ်ဆက်စကား ဆိုခဲ့ကြကြောင်း သိရပါတယ်။ အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဘာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်တာကြောင့် (၁၉)နှစ်အကြာမှာ အနားယူဖို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ”ဘဝမှာ တကယ့်ကို အဓိပ္ပာယ်ပြည့်ဝတဲ့ အခန်းကဏ္ဍတစ်ခု အဆုံးသတ်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ဒီရာသီအကုန်မှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အဆုံးသတ်ဖို ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကို ခိုင်မာတဲ့ခံယူချက်၊ အေးချမ်းမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ ကျွန်တော် ချမှတ်ခဲ့တာပါ” လို အယ်လ်ဘာက Instagram မှာ Video Post ကတစ်ဆင့် ပြောကြားခဲ့တာပါ။ အယ်လ်ဘာရဲ့ အနားယူမယ့်ကြေညာချက်အတွက် မက်ဆီက ” ကျေးဇူးပါ ယော်ဒီ။ ငါ […]

မန်ယူနိုက်တက်နဲ့ ပွဲထွက်ခဲ့တဲ့ လမ်းမန်းစ်နဲ့ပတ်သက်ပြီး ရှမိုက်ကယ် မှတ်ချက်ပြု

ပြီးခဲ့တဲ့ ဆန်းဒါးလန်းနဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံလူငယ်ဂိုးသမား လမ်းမန်းစ်နဲ့ပတ်သက်ပြီး အသင်းဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က မှတ်ချက်ပြုခဲ့ပါတယ်။ ဂိုးသမားပြဿနာကြုံတွေ့နေရတဲ့ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ပြီးဆုံးခါနီးမှာ လမ်းမန်းစ်ကို ပေါင် ၁၈.၂ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ လမ်းမန်းစ်(၂၃ နှစ်)ဟာ ပွဲဦးထွက်မှာ ဂိုးပေါက်ကာကွယ်မှု သုံးကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းကိုလည်း အခုရာသီ ပထမဆုံး Clean Sheet ရလဒ် ရရှိစေခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူနိုက်တက်အသင်းပရိသတ်တချိုက လမ်းမန်းစ်ကို ”ခင်ဗျားဟာ ရှမိုက်ကယ် ပုံဖျက်ပြီးလာတာလား”လို သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။ ”လမ်းမန်းစ်နဲ့ပတ်သက်ပြီး အရိုးသားဆုံးပြောရရင် အသင်းကို ရောက်လာချိန်အထိ ကျွန်တော် မကြားဖူးပါဘူး။ ဥရောပထိပ်တန်းလိဂ် ၁၀ လိဂ်မှာ သူ့အချက်အလက်တွေကတော့ အရမ်းကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒီအရာက ဘယ်လ်ဂျီယံလိဂ်မှာ […]

UFC စတားဟောင်း Sean Strickland ၏ မင်္ဂလာပွဲ အထိမ်းအမှတ် အဖြစ် သေနတ်ပစ်ဖောက်ခြင်း

အငြင်းပွားဖွယ်ရာ UFC Middleweight ချန်ပီယံဟောင်း Sean Strickland သည် ၎င်း၏ရေရှည်လက်တွဲဖော်နှင့် လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ရာ ထုံးစံအတိုင်း ထူးခြားသော နည်းလမ်းဖြင့် ဂုဏ်ပြုခဲ့ပါတယ် Strickland သည် ၎င်းတိုဇနီးမောင်နှံနှင့် မင်္ဂလာပွဲတက်ရောက်သူများ သေနတ်များ ကိုင်ဆောင်ထားသည့် ဓာတ်ပုံကို “ကောင်းပြီ၊ ကြီးပြင်းဖို အချိန်တန်ပြီလို ထင်ပါတယ်” ဟူသော စာသားနှင့်အတူ အင်စတာဂရမ်တွင် တင်ပြီး ၎င်း၏လက်ထပ်ခြင်းသတင်းကို ကမ္ဘာကို အသိပေးခဲ့ပါတယ် သိုသော်လည်း ပို၍ ထူးခြားသောအဖြစ်အပျက်မှာ ဗီဒီယိုဖိုင်တွင် ပါရှိသည်။ သေနတ်ကို အလွန်နှစ်သက်သူ Strickland သည် ၎င်း၏ ဇနီးအသစ်နှင့်အတူ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည့် ဇနီးသည်က အလိုအလျောက်ပစ်ခတ်နိုင်သော လက်နက်တစ်မျိုးကို ပစ်ခတ်နေသည့် ဗီဒီယိုဖိုင်ကို ၎င်း၏ Reels တွင် တင်ခဲ့ပြီး ၎င်းတို၏ […]

ဆာလာရဲ့အလုပ်အပေါ် ထားရှိတဲ့ကျင့်ဝတ်အပေါ် ရွန်နီ မေးခွန်းထုတ်

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်နီက လတ်တလော လီဗာပူးလ်အသင်းရဲ့ရလဒ်ဆိုးတွေကြား အသင်းတိုက်စစ်ကစားသမား ဆာလာရဲ့အလုပ်အပေါ် ထားရှိတဲ့ကျင့်ဝတ်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နှစ်ပွဲအပါအဝင် သုံးပွဲဆက် အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း အာဆင်နယ်အသင်းထံ လွှပြောင်းပေးခဲ့ရပါတယ်။ ဆာလာဟာ လီဗာပူးလ်အသင်းမှာ ပြီးခဲ့တဲ့ရာသီအပါအဝင် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆု လေးကြိမ်(နှစ်ကြိမ်ပူးတွဲ) ရရှိထားပါတယ်။ ဒါပေမဲ့ အခုရာသီမှာတော့ ပရီးမီးယားလိဂ်မှာ open play ကနေ တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ”သူဟာ ခံစစ်ကို ကောင်းကောင်းမကူနိုင်ဘူးဆိုတာကို ကျွန်တော်တို သိပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ အသင်းဖော်နောက်ခံအစွန်လူက ကွဲပြဲသွားပေမဲ့ သူက စောင့်ပဲကြည့်နေခဲ့ပါတယ်။ သူက နောက်တန်းကို ဆင်းမကူဘူး။ ဗန်ဒိုက်လို ကစားသမားမျိုးအနေနဲ့အဝတ်အစားလဲခန်းမှာ သူ့အကူအညီလိုတယ်ဆိုတာ ပြောသင့်ပါတယ်။ သူ့ရဲ့အလုပ်အပေါ် ထားရှိတဲ့ကျင့်ဝတ်ကိုတော့ ကျွန်တော် မေးခွန်းထုတ်ရပါလိမ့်မယ်”လို ရွန်နီက ပြောခဲ့ပါတယ်။ ဒါ့အပြင် […]

အင်္ဂလန်အသင်းလူစာရင်းကနေ ရီးစ်ဂျိမ်းစ် ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပြီး အိုရိုင်လေးကို အစားထိုးရွေးချယ်

ချယ်လ်ဆီးအသင်းရဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး နည်းပြသောမတ်စ်တူဟယ်လ်က မန်စီးတီးဘယ်နောက်ခံလူ နီကိုအိုရိုင်လေးကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ရီးစ်ဂျိမ်းစ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ခြေသလုံးမှာ ဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာကတည်းက ဆေးစစ်မှုခံယူရမှာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အိုရိုင်လေးဟာ မန်စီးတီးအသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၄)ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းအတွက် ရွေးချယ်ထားပေမဲ့ သောမတ်စ်တူဟယ်လ်က လက်ရွေးစင်အသင်းအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အိုရိုင်လေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အိုရိုင်လေးဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူအဖြစ် ခြေစွမ်းပြနေပေမဲ့ ခံစစ်အတွင်းလူ၊ ကွင်းလယ်နေရာနဲ့ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။