ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ချင်တယ်လို ကိုင်စီဒို ပြောကြား

အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုက ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦး ဖြစ်ချင်တယ်လို ပြောကြားခဲ့ပါတယ်။ ကိုင်စီဒိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲတိုင်း ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းပြနေပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ကွန်တေ၊ မက်ခီလီလီတိုနဲ့ နှိင်းယှဉ်ချီးကျူးခြင်းခံနေရပါတယ်။ ကိုင်စီဒိုဟာ ၂၀၂၃ နွေရာသီမှာ ဘရိုက်တန်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေးပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစောပိုင်းမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီရာသီမှာလည်း ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (၃)ကြိမ်ရရှိပြီး အများဆုံးရရှိသူအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့် မက်ခီလီလီ၊ ကွန်တေတိုနဲ့ နှိင်းယှဉ်မှုအပေါ် ကိုင်စီဒိုက ”ပရိသတ်တွေ ကျွန်တော့်ကို ချစ်ကြတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကွန်တေ ဒါမှမဟုတ် မက်ခီလီလီနဲ့ ကျွန်တော်က အဝေးကြီးပါပဲ။ […]

ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ ပိုစတီကိုဂလူး ထိပ်ဆုံးရောက်လာ

ပရီးမီးယားလိဂ် ပွဲစဉ်-၇ အပြီး ထုတ်ပယ်ခံရမယ့် နည်းပြရေပန်းစားမှုမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ ပိုစတီကိုဂလူးက ထိပ်ဆုံးရောက်လာခဲ့ပါတယ်။ စပါးနည်းပြဟောင်း ပိုစတီကိုဂလူးဟာ မကြာသေးခင်ကမှ နော်တင်ဟမ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူကိုင်တွယ်တဲ့ ခုနစ်ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ပိုစတီကိုဂလူးလက်ထက်ကစားတဲ့ နော်တင်ဟမ်အသင်းရဲ့ ခုနစ်ပွဲမှာ နှစ်ပွဲသာ သရေကျပြီး ငါးပွဲ ရှုးနိမ့်ခဲ့ပါတယ်။ ပွဲစဉ်-၆ အပြီးမှာ မန်ယူနိုက်တက်နည်းပြ အာမိုရင်မ် ထိပ်ဆုံးရောက်လာခဲ့ပေမဲ့ အခု သူ့နေရာကို ပိုစတီကိုဂလူးက အစားထိုးဝင်ယူခဲ့တာဖြစ်တယ်။ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာ ရောက်နေပြီး အဆင့် ၁၈၊ ၁၉ ကအသင်းတွေနဲ့လည်း တစ်မှတ်သာ ကွာဟပါတယ်။ ဒါ့အပြင် နိုင်ငံတကာရက်သတ္တပတ်အပြီး ချယ်လ်ဆီး၊ ပေါ်တို၊ ဘုန်းမောက်အသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက်ကစားရဖို ရှိပါတယ်။ နော်တင်ဟမ်အသင်းဟာ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကို […]

Patchy Mix က UFC 320 တွင် Jakub Wiklacz ကို ရှုံးနိမ့်ပြီးနောက် ပထမဆုံးထုတ်ပြန်ချက် ထုတ်ပြန်၊ ‘စိတ်မပျက်နိုင်ဘူး’ ဟုဆို

Patchy Mix က UFC 320 တွင် Jakub Wiklacz ကို ရှုံးနိမ့်ပြီးနောက် ပထမဆုံးထုတ်ပြန်ချက် ထုတ်ပြန်၊ ‘စိတ်မပျက်နိုင်ဘူး’ ဟုဆို Patchy Mix သည် ယခုအခါ UFC တွင် 0-2 ဖြစ်သွားခဲ့ပြီဖြစ်ပြီး ချက်ခြင်းဆိုသလိုပင် သူ၏ရှုံးနိမ့်မှုကို သက်ညှာစွာ ခံယူခဲ့သည်။Mix သည် စနေနေ့က ကျင်းပခဲ့သော UFC 320 ၏ အကြိုပွဲတွင် KSW ချန်ပီယံဟောင်း Jakub Wiklacz နှင့် ရင်ဆိုင်ခဲ့သည်။ ယခင် Bellator ဘန်တန်ဝိတ်ချန်ပီယံသည် UFC လှောင်အိမ်အတွင်း နောက်ထပ် ခက်ခဲသော ညတစ်ညကို ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် Wiklacz ကို ကွဲပြားသော ဆုံးဖြတ်ချက် (split decision) […]

လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ဟာလန်း ကြုံးဝါး

လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ဟာလန်း ကြုံးဝါး မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းက လက်ရှိအချိန်မှာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် (၉)ပွဲမှာ (၁၂)ဂိုး သွင်းယူထားသလို၊ နော်ဝေအသင်းအတွက် (၂)ပွဲမှာ (၆)ဂိုး သွင်းယူထားတာကြောင့် ပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ဟာလန်းအနေနဲ့ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာသာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ကျန်ပွဲအားလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာပါ။ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်း နှစ်မျိုးပေါင်းအတွက် (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းက ဟာလန်းရဲ့ ကစားသမားဘဝမှာ ပွဲဆက်အများဆုံးဂိုးသွင်းမှတ်တမ်းဖြစ်နေကြောင်းလည်း သိရပါတယ်။ ”အခု လုပ်နိုင်တာထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါဘူး။ ပထမဆုံးအချက်က ပွဲကစားဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်မှုကြောင့်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ […]

အသင်းပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ပိုစတီကိုဂလူး မျှော်လင့်

အသင်းပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ပိုစတီကိုဂလူး မျှော်လင့် နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့နည်းပြ ပိုစတီကိုဂလူးဟာ အသင်းပိုင်ရှင် မာရီနာကစ်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ မာရီနာကစ်ဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ပေးထားတဲ့ နည်းပြ နူနိုဆန်တိုကို ဆက်ဆံရေးအဆင်မပြေမှုကြောင့် ရာထူးက ထုတ်ပယ်ခဲ့ပြီး စပါးနည်းပြဟောင်း ပိုစတီကိုဂလူးကို အစားထိုးခန့်အပ်ခဲ့တာပါ။ ဒါပေမဲ့ ပိုစတီကိုဂလူးလက်ထက်မှာ ပြိုင်ပွဲစုံ(၇)ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပြီး နောက်ဆုံး(၃)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ၊ လှောင်ပြောင်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် ပိုစတီကိုဂလူူးက မာရီနာကစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေတာဖြစ်ပြီး သူ့အနေနဲ့ တိုက်ပွဲဝင်ရတာကို နှစ်သက်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ”ကျွန်တော် အသင်းပိုင်ရှင်နဲ့ရော ဒီအသင်းမှာရှိတဲ့သူ အားလုံးနဲ့ရော ဆွေးနွေးမှုပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ဘယ်နေရာရောက်နေတယ်၊ ဘာတွေလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို အဖြေရှာရမှာပါ။ ကျွန်တော် […]

ဒက်ကလန်ရိုက်စ်မှာ နောက်ကျောဒဏ်ရာရှိနေတယ်လို့ အာတေတာ ပြောကြား

ဒက်ကလန်ရိုက်စ်မှာ နောက်ကျောဒဏ်ရာရှိနေတယ်လို့ အာတေတာ ပြောကြား အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်မှာနောက်ကျောဒဏ်ရာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒက်ကလန်ရိုက်စ်ဟာ အသင်းဟောင်း ဝက်စ်ဟမ်းနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ နောက်ကျောမှာ နာကျင်မှုခံစားခဲ့ရတာကြောင့် ပွဲချိန်(၇၉)မိနစ်မှာ လူစားလဲပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ”ဒက်ကလန်က နောက်ကျောမှာ နာကျင်နေတာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့ပါတယ်။ သူ ဆက်မကစားနိုင်လို့ တောင်းဆိုခဲ့တာဖြစ်ပြီး အခြေအနေကို စောင့်ကြည့်ရမှာပါ” လို့ အာတေတာက ပြောကြားခဲ့ပါတယ်။ ဒက်ကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲတိုင်းကစားပေးထားပေမဲ့ လာမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲတွေမှာတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ ခြေချင်းဝတ်ဒဏ်ရာ ရရှိ

ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ ခြေချင်းဝတ်ဒဏ်ရာ ရရှိ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဗီလာရီးယဲလ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ ရီးယဲလ်အတွက် တတိယမြောက်ဂိုး သွင်းပြီး နှစ်မိနစ်အကြာ ၈၃ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ အမ်ဘာပေရဲ့ခြေချင်းဝတ်ကို စမ်းသပ်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၎င်းဟာ အခုရာသီအစမှာ ဂိုးသွင်းခြေစွမ်းပြနေပြီး ကလပ်နဲ့ နိုင်ငံပွဲ ၉ ပွဲဆက်တိုက် ဂိုးသွင်းယူထားပါတယ်။ ဒါ့အပြင် အခုရာသီ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၄ ဂိုး သွင်းယူထားတာပါ။ ရီးယဲလ်အသင်းနည်းပြ အလွန်ဆိုက အမ်ဘာပေအနေနဲ့ နိုင်ငံပွဲ သွားကစား၊ မကစားကို သူ့အနေနဲ့ မပြောနိုင်သေးလို့သာ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ဒူးဒဏ်ရာအခြေအနေ စိုးရိမ်ရ

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ဒူးဒဏ်ရာအခြေအနေ စိုးရိမ်ရ အာဆင်နယ်အသင်းနည်းပြ အာတေတာက ဝက်စ်ဟမ်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ အော်ဒီဂွါဟာ ဝက်စ်ဟမ်းကစားသမား ဆမ်မာဗေးလ်နဲ့ ထိခိုက်မိပြီး ဘယ်ဘက်ဒူးဒဏ်ရာ ရခဲ့ကာ ၃၀ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲထွက်ကစားခွင့်ရတဲ့ သုံးပွဲဆက်တိုက် ပထမပိုင်းမပြီးခင် လူစားလဲခံရတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ လိဒ်စ်၊ နော်တင်ဟမ်အသင်းတို့နဲ့ ပွဲတွေမှာ လူစားလဲခံရတာက ပခုံးဒဏ်ရာကြောင့် ဖြစ်ပါတယ်။ ”သူဟာ ဒူးချင်းထိခိုက်မိခဲ့တယ်လို့ ကျွန်တော် ယူဆပါတယ်။ ချက်ချင်းပဲ သက်သောင့်သက်သာ မရှိတော့ပါဘူး။ ကျွန်တော် သူနဲ့ စကားပြောခဲ့ပြီး သူ့ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ ဆရာဝန်တွေထံက အဖြေကို ကျွန်တော်တို့ စောင့်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ […]

လီဗာပူးလ်အသင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို အာနယ်ဆလော့ ဝန်ခံ

လီဗာပူးလ်အသင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အာနယ်ဆလော့ ဝန်ခံ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ချယ်လ်ဆီးကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် သူ့အသင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ကံကြမ္မာအပေါ်မှာပဲ အားကိုးနေလို့ မရကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နှစ်ပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပါတယ်။ အာနယ်ဆလော့ဟာ လီဗာပူးလ်နည်းပြဘဝမှာ ပထမဆုံးအကြိမ် သုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့တာပါ။ ဒါ့အပြင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုလည်း မဟာပြိုင်ဘက် အာဆင်နယ်အသင်းထံ လွှဲပြောင်းပေးခဲ့ရပါတယ်။ လီဗာပူးလ်အနေနဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲတွေမှာ နောက်ကျဂိုးတွေနဲ့ အနိုင်ယူခဲ့ကြပေမဲ့ အခုနောက်ဆုံး နှစ်ပွဲဆက် နာကျင်အချိန်ပိုမှာ အနိုင်ဂိုး ပေးခဲ့ရပါတယ်။

ခြေချင်းဝတ်ဒဏ်ရာ ရထားပေမဲ့ အင်္ဂလန်အသင်းအတွက် ဟာရီကိန်း ကစားပေးမယ်

ခြေချင်းဝတ်ဒဏ်ရာ ရထားပေမဲ့ အင်္ဂလန်အသင်းအတွက် ဟာရီကိန်း ကစားပေးမယ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက ခြေချင်းဝတ်ဒဏ်ရာ ရထားပေမဲ့ လာမယ့် နိုင်ငံတကာပွဲတွေမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဝင်ရောက်ကစားမယ်လို့ ပြောခဲ့ပါတယ်။ ဟာရီကိန်းက မိနစ် ၈၀ မှာ ဖရန့်ဖတ်ဂိုးသမားနဲ့ ထိခိုက်မိကာ ဒဏ်ရာရခဲ့ပြီး ၈၅ မိနစ်မှာ နီကိုးလက်စ်ဂျက်ဆန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါ့အပြင် ပွဲအပြီး အဝေးကွင်းလိုက်ပါအားပေမဲ့ အသင်းပရိသတ်ရှေ့ အောင်ပွဲခံရာမှာတော့ ဟာရီကိန်းဟာ ညာခြေထောက်ရေခဲအိတ်ကပ်ထားပေမဲ့ ခုန်ပေါက်အောင်ပွဲခံခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ ကစားနိုင်မလားမေးခွန်းကို ဟာရီကိန်းက ”မရှိနိုင်လောက်ပါဘူး။ ကျွန်တော် တနင်္လာနေ့ အဲဒီမှာရှိမှာပါ။ ကျွန်တော် အဆင်ပြေပါတယ်။ အရိုးကိုသာထိခဲ့တာပါ။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကလည်း အဲဒီလို ထိခိုက်မိပြီး ပြန်ကောင်းလာခဲ့တယ်။ အခုလည်း ဒီနေရာကိုပဲ ပြန်ထိခိုက်မိတာပါ။ ရက်အနည်းငယ်လောက်ဆိုရင် ပြန်ကောင်းမှာပါ”လို့ ဟာရီကိန်းက ပြောခဲ့ပါတယ်။ ဖရန့်ဖတ်နဲ့ပွဲမှာ […]