Alex Pereira မှ Jon Jones နှင့် UFC White House ပွဲတွင် Superfight ထိုးသတ်ရန် ဆန္ဒရှိနေ

Alex Pereira မှ Jon Jones နှင့် UFC White House ပွဲတွင် Superfight ထိုးသတ်ရန် ဆန္ဒရှိနေ Alex Pereira မှာ UFC 320 ပြီးနောက် ကြီးမားသော အစီအစဥ်များ ရှိနေပါသည်။ စနေနေ့ညက ပွဲတွင် Pereira သည် Magomed Ankalaev နှင့် ဒုတိယအကြိမ် ထပ်မံထိုးသတ်သည့်ပွဲတွင် ပြိုင်ဘက်ကို အလဲထိုး ဖြင့် အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် (light heavyweight) ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့သည်။ ထိုအနိုင်ရရှိမှုက Pereira အား ပေါင် ၂၀၅ အလေးချိန်တန်း၏ ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိစေခဲ့ပြီး “Poatan” အတွက် နောက်ဘာတွေဆက်ဖြစ်လာမလဲဆိုသည့် မေးခွန်းများ ချက်ချင်းပေါ်ပေါက်လာခဲ့သည်။ လိုက်ဟဲဗီးဝိတ်တန်းတွင် Carlos […]

Usman Nurmagomedov က Paul Hughes ကို အနုနည်းဖြင့် အနိုင်ယူကာ Lightweight ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်း

စောင့်မျှော်နေကြသည့် ပွဲစဉ်ဖြစ်သည့် Usman Nurmagomedov နှင့် Paul Hughes တို၏ ဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံမှုသည် PFL ဒူဘိုင်းပွဲစဉ်၏ ပင်မပွဲစဉ်အဖြစ် ခမ်းနားစွာ ကျင်းပခဲ့ပြီး၊ နောက်ဆုံးတွင် Nurmagomedov က ခက်ခဲကြမ်းတမ်းသော ငါးချီပွဲစဉ်အပြီးတွင် အမှတ်ဖြင့် တစ်ညီတစ်ညွတ်တည်း အနိုင်ရရှိကာ ၎င်း၏ PFL Lightweight ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ချန်ပီယံ Nurmagomedov သည် ၎င်း၏ ထူးချွန်သော မြေပြင်ချုပ်ကိုင်မှု (grappling) စွမ်းရည်ကို အပြည့်အဝ အသုံးချခဲ့ပါတယ်။ ၎င်းသည် Hughes ကို အကြိမ်ကြိမ် လဲချခဲ့ပြီး မြေပြင်တွင် အသာစီးရယူကာ အမှတ်များ စုဆောင်းခဲ့ပါတယ်။ Hughes က လဲကျရာမှ မကြာခဏဆိုသလို ရုန်းထွက်နိုင်သော်လည်း Nurmagomedov ၏ […]

လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို အမ်ဘာပေ ဒုတိယအကြိမ်မြောက် ဆွတ်ခူး

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ စက်တင်ဘာလအတွက် လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ ၎င်းဟာ လာလီဂါတစ်လတာအကောင်းဆုံးဆုကို ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရရှိဖူးပြီး အခု ဒုတိယအကြိမ်မြောက်လည်း ဖြစ်ခဲ့ပါတယ်။ အမ်ဘာပေဟာ စက်တင်ဘာလအတွင်း လာလီဂါ လေးပွဲကစားရာမှာ ငါးဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ပွဲတိုင်းဂိုးသွင်းခဲ့ပြီး လီဗန်တေးနဲ့ပွဲမှာ နှစ်ဂိုး၊ဆိုစီဒက်၊ အက်စ်ပန်ညို၊ အက်သလက်တီကိုတိုနဲ့ပွဲတွေမှာ တစ်ဂိုးစီ သွင်းနိုင်ခဲ့တာပါ။ လာလီဂါပြိုင်ပွဲမှာ ခုနစ်ပွဲကစား ရှစ်ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ နှစ်ပွဲကစားပြီးချိန်ဟက်ထရစ်တစ်ကြိမ်အပါအဝင် ငါးဂိုးအထိ ရှိနေပါတယ်

ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် စပိန်အသင်းလူစာရင်းက ယမားလ် နုတ်ထွက်

ဘာစီလိုနာတိုက်စစ်ကစားသမား လာမင်းယမားလ်ဟာ ပေါင်ခြံဒဏ်ရာရှိနေလို ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် စပိန်လက်ရွေးစင်အသင်းလူစာရင်းက နုတ်ထွက်ခဲ့ပါတယ်။ ယမားလ်(၁၈ နှစ်)ဟာ ဒီဒဏ်ရာရခဲ့လို ရက်သတ္တပတ် နှစ်ပတ် သိုမဟုတ် သုံးပတ်လောက် အနားယူရဖို ရှိနေပါတယ်။၎င်းဟာ စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တုန်းက ဒဏ်ရာရခဲ့ပြီး လေးပွဲလွဲချော်ခဲ့ပါတယ်။ ဆိုစီဒက်ကို အနိုင်ရတဲ့ပွဲမှာ လူစားဝင်ကစားကာ ပြန်လာနိုင်ခဲ့ပေမဲ့ PSG နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာပြန်ရခဲ့တာဖြစ်တယ်။ ဘာစီလိုနာအသင်းက ယမားလ်ဒဏ်ရာရရှိမှုကို သတင်းထုတ်ပြန်ခဲ့ပြီး တနင်္ဂနွေနေ့ ဆီဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ကာ ပြန်လည်သက်သာဖို နှစ်ပတ် သိုမဟုတ် သုံးပတ်လောက် အချိန်ယူရမယ်လိုပြောခဲ့ပါတယ်။ ယမားလ်ဟာ အခုရာသီမှာ ဘာစီလိုနာအတွက် ငါးပွဲကစား နှစ်ဂိုးသွင်း၊ လေးဂိုးဖန်တီးထားပါတယ်။

ကွင်းလယ်လူ ဘန်တန်ကာကို စပါးအသင်း ကာလရှည်စာချုပ် ချုပ်ဆို

စပါးအသင်းဟာ ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူ ဘန်တန်ကာကို ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဘန်တန်ကာ(၂၈ နှစ်)ရဲ့မူလစာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ စပါးအသင်းထုတ်ပြန်ချက်မှာ စာချုပ်သက်တမ်းမဖော်ပြထားဘဲ ကာလရှည်ချုပ်ဆိုခဲ့တာဖြစ်တယ်လိုသာ ရေးသားခဲ့ပါတယ်။ ၎င်းဟာ ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ပြောင်းရွှေ့လာပြီး ပြိုင်ပွဲစုံ ၁၂၂ ပွဲ ကစားထားပါတယ်။ ”တကယ်ကောင်းတဲ့ ခံစားချက်ပါပဲ။ ပြီးတော့ဒီအံ့အားသင့်စရာကောင်းတဲ့ ကလပ်နဲ့အတူကျွန်တော့်သမိုင်း ဆက်ရှိနေတော့မှာဖြစ်လို အရမ်းပျော်ပါတယ်။ ကျွန်တော်တိုမှာ နည်းပြသစ်တစ်ဦး၊ အသင်းခေါင်းဆောင်သစ်တစ်ဦး ရှိနေပြီး ကလပ်မှာ နောက်ထပ်နှစ်များစွာ ပျော်ရွှင်စွာ ကစားလိုပါတယ်”လို ဘန်တန်ကာက ပြောခဲ့ပါတယ်။ ဘန်တန်ကာဟာ ၁၇ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။

ရာသီဝက်ကာလမှာ ဆော်ဒီကို ခြေစမ်းပွဲ သွားရောက်ကစားဖို မန်ယူအသင်း ဆွေးနွေးနေ

မန်ယူအသင်းဟာ ရာသီဝက်ကာလမှာ ဆော်ဒီနိုင်ငံကို သွားရောက်ပြီး ခြေစမ်းပွဲကစားဖို ဆွေးနွေးနေကြောင်း သိရပါတယ်။ မန်ယူအသင်းအနေနဲ့ လက်ရှိသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖိုမရှိသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်တာကြောင့် ဆောင်းရာသီကာလရဲ့ ကြားရက်တွေမှာ ပွဲမကစားရဘဲ အားလပ်ရက်တွေရရှိနေမှာပါ။ ဒါကြောင့် ဝင်ငွေလျော့ကျမယ့် အခြေအနေကို သက်သာစေဖိုအတွက် ဆော်ဒီကို သွားရောက်ပြီး ခြေစမ်းပွဲကစားဖို စီစဉ်နေခြင်းဖြစ်ကြောင်း The Athletic အားကစားဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ခြေစမ်းပွဲကစားဖို သဘောတူညီမှု မရသေးပေမဲ့ ကစားဖြစ်ခဲ့ရင် ပေါင်သန်းနဲ့ချီပြီး ဝင်ငွေရရှိနိုင်ကြောင်း သိရပါတယ်။ မန်ယူအသင်း မတိုင်ခင်က နယူးကာဆယ်၊ ဘာစီလိုနာအသင်းတိုလည်း ရာသီဝက်ကာလမှာ ဆော်ဒီကို သွားရောက်ပြီး ခြေစမ်းပွဲကစားခဲ့ဖူးကြောင်း သိရပါတယ်။

၂၀၂၄-၂၀၂၅ ရာသီအတွက် အင်္ဂလန်အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ဘယ်လင်ဂမ် ဆွတ်ခူး

၂၀၂၄-၂၀၂၅ ရာသီအတွက် အင်္ဂလန်အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ဘယ်လင်ဂမ်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ ဒီဆုကို ပရိသတ်တွေက မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ရာသီအတွင်း အင်္ဂလန်ကစားသမားများအနက် စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားကို ရွေးချယ်တာပါ။ ဘယ်လင်ဂမ် (၂၂ နှစ်)ဟာ ဒီကာလအတွင်း အင်္ဂလန်အသင်းအတွက် ရှစ်ပွဲပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဂရိအသင်းကို အိမ်ကွင်းမှာ ရှုးနိမ့်တဲ့ UEFA Nations League ပွဲစဉ်မှာ ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို နိုဝင်ဘာလအတွင်း အိုင်ယာလန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာလည်း ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။ အဲဒီနောက် ဒီနှစ် မတ်လအတွင်း အယ်လ်ဘေးနီးယားအသင်းကို အိမ်ကွင်းမှာ အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ် ထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်လင်ဂမ်အနေနဲ့ ၂၀၂၄- ၂၀၂၅ ရာသီ အင်္ဂလန်အကောင်းဆုံးကစားသမားဆုအတွက် မဲအများဆုံးရရှိခဲ့ခြင်းဖြစ်ပြီး […]

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးကို FIFA မိတ်ဆက်ပြသ

ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။ Trionda လို အမည်ပေးထားတဲ့ ဒီဘောလုံးကို Adidas က ထုတ်လုပ်ထားတာဖြစ်ပြီး FIFA အနေနဲ့ Adidas ရဲ့ဘောလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၅)ကြိမ်ဆက် အသုံးပြုခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ကမ္ဘာ့ဖလားဘောလုံးအသစ်မှာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုတဲ့ အပြာရောင်ကြယ်ပွင့်၊ ကနေဒါနိုင်ငံကို ကိုယ်စားပြုတဲ့ အနီရောင်မေပယ်လ်ရွက်၊ မက္ကဆီကိုနိုင်ငံကို ကိုယ်စားပြုတဲ့ အစိမ်းရောင်လင်းယုန်ငှက်တွေ ထည့်သွင်းဖန်တီးထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဒီဘောလုံးမှာ လူကျွံဘောနဲ့ လက်ထိဘောတွေကို အမြန်ဆုံးအဆုံးအဖြတ်ပေးနိုင်မယ့် နည်းပညာ ထည့်သွင်းဖန်တီးထားကြောင်းလည်း သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး Adidas က ထုတ်လုပ်တဲ့ ဘောလုံးတွေကို ၁၉၇၀ ပြိုင်ပွဲကတည်းက တောက်လျှောက်အသုံးပြုလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှုးပွဲမရှိစံချိန် (၁၉)ပွဲအထိ ရောက်ရှိလာ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲမှာ ဒိုင်နမိုကိဗ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံရှုးပွဲမရှိတာ (၁၉)ပွဲအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဧပြီလတုန်းက ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းကို (၀-၅)ဂိုးနဲ့ ရှုးနိမ့်ခဲ့ပြီးနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၉)ပွဲမှာ ရှုးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး (၁၁)ပွဲနိုင်၊ (၈)ပွဲသရေကျခဲ့တာပါ။ ဒါကြောင့် ပဲလေ့စ်အသင်းဟာ လက်ရှိအချိန်မှာ ဥရောပထိပ်တန်းလိဂ်(၅)ခုထဲ ရှုးပွဲမရှိတဲ့ ပွဲဆက်အများဆုံးအသင်းအဖြစ် ရပ်တည်နေသလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ပဲလေ့စ်အသင်းဟာ ဒီရာသီမှာမှ ဥရောပပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်တာကြောင့် ဒိုင်နမိုကိဗ်ကို အနိုင်ရရှိခြင်းက ပထမဆုံးဥရောပအဆင့်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ ”ကျွန်တော်တိုအတွက် ပြိုင်ပွဲတိုင်းက အတူတူပါပဲ။ ဒီပြိုင်ပွဲလိုပဲ တခြားပြိုင်ပွဲကလည်း အရေးကြီးပါတယ်။ ပွဲတိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်သွားချင်ပါတယ်” လို နည်းပြ […]

ချယ်လ်ဆီးမှာ ဂါနာချို အောင်မြင်မလား

ဂါနာချိုက အရည်အသွေး ထက်မြက်သူဆိုတာမြင်သာပါတယ်။ လူငယ်တစ်ဉီးရဲ့ လုပ်ရဲကိုင်ရဲစိတ်နဲ့ပါရမီပေါင်းစပ်ထားတယ်။ စကားစပ်မိလိုပြောရရင်ဂါနာချိုရဲ့ ကံကြမ္မာကလည်း ထူးခြားတယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒို နေဝင်ခါစအချိနိမှာအသင်းဖော်အဖြစ် ခေတ္တ ရေစက်ဆုံခွင့်ရတယ်။အဲဒီရေစက်ဟာ သူအတွက်မဂ်လာတစ်ပါးပဲ။ သူက ကိုယ်ပိုင်ပါရမီရှိပြီးသားဖြစ်လို goat နှစ်ဉီးဆီကနေ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ခဲ့တာ တကယ်ကောင်းမွန်ပါတယ်။ ဂါနာချိုရဲ့အားနည်းချက်တစ်ခုရှိပါတယ်။သူ့ဆီမှာ ပုန်ကန်လိုစိတ်သိပ်များနေတာပါ။သူ့ကိုယ်သူအထင်ကြီးစိတ်သိပ်များနေတာပါ။ မန်ယူကိုပုန်ကန်ပြီး ချယ်လ်ဆီးရောက်ပြီးနောက်ချယ်လ်ဆီးက ကမ္ဘာ့အကောင်းဆုံးအသင်းလိုဂါနာချိုအမွှမ်းတင်လိုက်တယ်။ ကစားသမားတစ်ဉီးကအသင်းသစ်ကိုရောက်တိုင်း အခုလိုစကားမျိုးတွေပြောတာ သိပ်ပြီးမထူးဆန်းဘူး။ ဒါပေမဲ့ဂါနာချိုကျတော့ဒီပလိုမေဆီဆန်ဆန်ပြောတာမဟုတ်ဘဲ မန်ယူမုန်းစိတ်ကြောင့် စိတ်လိုလက်ရပြောခဲ့တာပါ။ တကယ်ဆိုရင် ဂါနာချိုက မန်ယူနိုက်တက်အတွက်အသုံးတော်ခွင့်ရတိုင်းမဆုတ်မနစ်ပေးဆပ်ခဲ့သူပါ။အရည်အသွေးမြင့်ကစားသမားဆိုတာသံသယဝင်စရာမလိုပါဘူး။ ရပ်ရှ်ဖိုဒ်ပုံမှန်စွမ်းရည်မရှိချိန်၊ အန်တိုနီကပြောင်းရွှေ့ကြေးနဲ့မလိုက်ဖက်အောင်သုံးစားမရချိန်မှာဂါနာချိုကမန်ယူနိုက်တက်တောင်ပံတိုက်စစ်အတွက်အကောင်းဆုံးပေးဆပ်ခဲ့တယ်။ဂါနာချိုက ဘယ်တောင်ပံ ၊ ညာတောင်ပံနှစ်ဘက်စလုံးမှာအကောင်းဆုံးကစားပြခဲ့တာပါ။မန်ယူနိုက်တက်အတွက်ဆိုရင် ဆေးစက်ကျရာအရုပ်ထင်ခဲ့ပြီး ဘယ်တော့မှ သွေးကြောင်မနေခဲ့ဘူး။ ဂါနာချိုက အမြန်နှုန်းမြင့်မားပြီးတောင်ပံတစ်လျှောက်ဆွဲပြေးနိုင်တယ်၊Cut Inside လုပ်ပြီး ဂိုးကန်သွင်းနိုင်တယ်။ဂိုးဧရိယာထဲပြေးဝင်ပြီး အဆုံးသတ်ပိတ်သွင်းနိုင်တယ်။ဂိုးဖန်တီးမှုလုပ်ပေးနိုင်ပါတယ်။ ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက ဘယ်တောင်ပံတိုက်စစ်ပိုပြီးအားကောင်းအောင် ဂါနာချိုကိုယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဂါနာချိုက ပုံမှန်နေရာအတွက် […]