Frankie Edgar ၏ ပြန်လည်ယှဉ်ပြိုင်မည့် အစီအစဉ် BKFC 82 မှ ဆေးဘက်ဆိုင်ရာ အကြောင်းများဖြင့် ဖယ်ရှားခံရ

UFC ဒဏ္ဍာရီဟောင်း Frankie Edgar သည် Bare Knuckle Fighting Championship (BKFC) 82 ၌ အနားယူရာမှ ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲမတိုင်မီ ဗုဒ္ဓဟူးနေ့တွင် ပါဝင်ခွင့်မရဘဲ ဖယ်ရှားခံခဲ့ရသည်။ မူလက Edgar သည် စနေနေ့ပွဲတွင် UFC မှ ဝါရင့်ဖိုက်တာဟောင်း Jimmie Rivera နှင့် ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ BKFC ၏ ဥက္ကဋ္ဌ David Feldman က ဆေးဘက်ဆိုင်ရာ အရာရှိနှင့် ထပ်မံသုံးသပ်ပြီးနောက် ပြိုင်ပွဲမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ Edgar အနေဖြင့် အနာဂတ်တွင် BKFC ၌ ပါဝင်နိုင်ဖွယ်ရှိသော်လည်း ယခုစနေနေ့ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း Feldman က ပြောကြားခဲ့သည်။ […]
ကင်နာဗာရိုကို နည်းပြအဖြစ် ခန့်အပ်ဖို ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲချုပ် ကြိုးပမ်းနေ

ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲချုပ်ဟာ အီတလီလက်ရွေးစင်နောက်ခံလူဟောင်း ကင်နာဗာရိုကို နည်းပြအဖြစ် ခန့်အပ်ဖို ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ ကင်နာဗာရိုဟာ (၂၁)ရာစုအတွင်း Ballon d’Or ဆုရရှိဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တာပါ။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ နည်းပြလောကကို ဝင်ရောက်ခဲ့ပြီး ကွမ်ကျိုးအဲဗားဂရင်း၊ အယ်လ်နာဆာ၊ တီယန်ဂျင်း၊ တရုတ်လက်ရွေးစင်၊ ဘင်နီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်အသင်းတွေကို ကိုင်တွယ်ကာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဒါကြောင့် ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲချုပ်က လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဥဇဘက်ကစ္စတန်အသင်းက လက်ရွေးစင်ကစားသမားဟောင်း ကာပက်ဇီရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်ပေမဲ့ ကင်နာဗာရိုကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဖို ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဟာလန်း ရွေးချယ်ခံရ

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ မန်စီးတီးက ဘန်လေကို (၅-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟာလန်းက အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု(၁)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုလိုြရွေးချယ်မှုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်က ပွဲစဉ်အလိုက် ဆန်ခါတင်ကစားသမားစာရင်း ထုတ်ပြန်ပေးပြီး ပရိသတ်တွေက အွန်လိုင်းကတစ်ဆင့် ဆန္ဒမဲပေးခဲ့ရာမှာ ပွဲစဉ်(၆)အတွက် ဟာလန်းက ဆန္ဒမဲ (၃၀ %)ရရှိကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းမတိုင်ခင် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတွေကတော့ ပွဲစဉ်(၁)မှာ ရစ်ချာလီဆန်(စပါး)၊ ပွဲစဉ်(၂)မှာ ပယ်လင်ညာ(စပါး)၊ ပွဲစဉ်(၃)မှာ ဆိုဘိုဆလိုင်း(လီဗာပူးလ်)၊ ပွဲစဉ်(၄)မှာ လူးကပ်စ်ဘာ့ဂ်ဗောလ်(စပါး)၊ ပွဲစဉ်(၅)မှာ […]
သွင်းဂိုးတွေနဲ့အတူ ဟွိင်လန်း ပြန်လာပြီ

ချန်ပီယံလိဂ် League Phase ပွဲစဉ် ၂ ရဲ့အကောင်းဆုံးကစားသမားလေးဉီးစာရင်းမှာ နာပိုလီတိုက်စစ်မှူးဟွိင်လန်း ပါဝင်ခဲ့ပါတယ်။ ဟွိင်လန်းက စပိုတင်းလစ္စဘွန်းအသင်းကို အနိုင်ရတဲ့ပွဲမှာနာပိုလီအသင်းအတွက် ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူဒီဘရိုင်းနား ဖန်တီးပေးတာကနေဟွိင်လန်းကဂိုးတွေသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ နာပိုလီနဲ့စပိုတင်းလစ္စဘွန်းပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ဟွိင်လန်း ရရှိခဲ့ပါတယ်။ မန်ယူမှာ နာမည်ပျက်ခဲ့ပေမယ့် ဟွိင်လန်းက နာပိုလီနဲ့အတူအကောင်းဆုံးပြန်လာနိုင်ခဲ့ပါပြီ။
အာဆင်နယ်ရဲ့သူရဲကောင်းပြန်ဖြစ်လာတဲ့ မာတင်နယ်လီ

မာတင်နယ်လီက အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာအာဆင်နယ်အတွက် ဂိုးသွင်းလိုက်ပြန်ပြီ။သူကအာဆင်နယ်မှာအရန်လူဖြစ်နေပေမယ့်အာဆင်နယ်ပရိသတ်တွေကိုယ်တိုင် မေ့ထားခဲ့ကြပေမယ့်ကစားခွင့်ရချိန်တိုင်းအစွမ်းပြနေပါတယ်။ အာတီတာ ရဲ့ Tactical style ဟာ မာတင်နယ်လီပိုင်ဆိုင်ထားတဲ့ ပင်ကိုတိုက်စစ်စွမ်းရည် တွေကို သ-တ်သလိုဖြစ်နေတယ်။ မာတင်နယ်လီကိုယ်တိုင်ပြောင်းလဲယူရမှာတွေရှိသလို၊အာတီတာဘက္ က နည်းဗျူဟာ အပြောင်းအလဲမာတင်နယ်လီကို အခွင့်အရေးရစေမယ့်အရာမျိုးလုပ်ပေးဖိုလည်းလိုအပ်နေတယ်။ မာတင်နယ်လီအားသာတာက အရေးပါတဲ့ဘောလုံးဆွဲပြေးမှုနဲ့ သယ်ဆောင်မှုပါ။အက္ဇီးက အဆုံးသတ်စွမ်းရည်ပိုကောင်းမွန်ပြီးတိုက်စစ်ထုတ်ကုန်၊ တည်ငြိမ်မှု၊ ဖန်တီးနိုင်စွမ်းလည်းထက်မြက်ပါတယ်။ မာတင်နယ်လီက အမြန်နှုန်း နဲ့ off-ball movement ကောင်းပေမယ့်၊ အာတီတာရဲ့ နည်းဗျူဟာအပြောင်းအလဲနဲ့မကိုက်ညီလို၊ အက်ဇီးရောက်လာတာဟာ မာတင်နယ်လီ အတွက်ကီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီခြိမ်း-ခြောက်မှုကို မာတင်နယ်လီက Super Sub အဖြစ်အံတုပြနေတယ်။ ဘီလ္ဘာအို၊ မန်စီးတီးနဲ့ ပွဲတွေမှာမာတင်နယ်လီက လူစားဝင်ကာ ဂိုးတွေသွင်းပြီးသူ့အစွမ်းအစပြသခဲ့တယ်။အာဆင်နယ်ပရိသ-တ်ရဲ့ ယုံကြည်စိတ်ကိုပြန်လည်မျှားယူခဲ့တယ်။ အာတီတာရဲ့Game Changer တစ်ယောက်ဖြစ်လာပါတယ်။
လက်ဝှေ့ပွဲပြီးနောက် ရုန်းရင်းဆန်ခတ်မှုကြောင့် Wanderlei Silva နှင့် Acelino Freitas တိုအား ပွဲပယ်ပြစ်ဒဏ်များ ချမှတ်

စက်တင်ဘာလ (၂၉) ရက် – ပြီးခဲ့သည့် စနေနေ့က ဆောပိုမြိုတွင် ကျင်းပခဲ့သော Spaten Fight Night 2 အဓိကပွဲစဉ်အပြီး ချက်ချင်းဆိုသလို ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်၍ ဘရာဇီးလ် အမျိုးသားလက်ဝှေ့ကောင်စီ (CNB) က Wanderlei Silva၊ Acelino Freitas နှင့် ၎င်းတို၏ ထောင့်ကလူများကို ရက်ရှည်ပွဲပယ်ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ပွဲပယ်ပြစ်ဒဏ်သည် Wanderlei Silva နှင့် အတွေ့အကြုံရှိ လက်ဝှေ့သမား Acelino Freitas တို၏ ပွဲစဉ်အပြီးတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယခင် PRIDE ချန်ပီယံဟောင်း Silva သည် ပြိုင်ဘက်အား စည်းကမ်းဖောက်ဖျက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် အားကစားဒိုင်လူကြီးက အရည်အချင်းမမီဟု သတ်မှတ်ကာ ပွဲမှ ထုတ်ပယ်ခဲ့သည်။ […]
ပရီးမီးယားလိဂ် ချန်ပီယံရေပန်းစားမှုမှာ အာဆင်နယ်အသင်း ထိပ်ဆုံးနေရာ ရောက်ရှိလာ

၂၀၂၅-၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီ ချန်ပီယံရေပန်းစားမှုမှာ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်-၆ မတိုင်ခင် ၇း၄ လေးသာ ရှိနေရာက ဇယားထိပ်ဆုံးမှာရှိတဲ့ လီဗာပူးလ်အသင်း ပထမဆုံးရှုးပွဲနဲ့ ရင်ဆိုင်ရပြီးနောက် အဆင့်တစ်နေရာကို တက်လှမ်းလာခဲ့တာဖြစ်တယ်။ William Hill က နောက်ဆုံးထုတ်ပြန်ထားတဲ့ ချန်ပီယံအလေးပေးချက်မှာ အာဆင်နယ်အသင်းက ၅း၄ လေးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ လီဗာပူးလ်အသင်းက ရး၄ လေးကို ကျဆင်းသွားပြီး မန်စီးတီးအသင်းကတော့ ၉း၂ လေးနဲ့တတိယနေရာမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ရာသီ မစတင်ခင် ချန်ပီယံအလေးပေးချက်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ မန်စီးတီးအသင်းတိုက ဒုတိယ၊ တတိယနေရာများမှာ ရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ […]
အက်သလက်တီကိုအသင်းအတွက် ဂိုး(၂၀၀)ပြည့် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ဂရီးဇ်မန်း မှတ်တမ်းဝင်

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ဖရန့်ဖတ်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်းအတွက် ဂိုး(၂၀၀)ပြည့်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်ကစားသမား ဂရီးဇ်မန်း(၃၄ နှစ်)ဟာ အက်သလက်တီကိုအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်တာကြောင့် ဂိုး(၂၀၀)ပြည့်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပါ။ ဂိုး(၂၀၀)ပြည့် သွင်းယူပြီးချိန်မှာ ဂရီးဇ်မန်းက ”Grizi” ဆိုတဲ့အမည်ပြောင်နဲ့ ”200” ဆိုတဲ့ ကိန်းဂဏန်း ရေးထိုးထားတဲ့ အကျင်္ကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပါတယ်။ ပြီးတော့ ”အခုလိုအမှတ်အသားကို ရောက်ရှိလာတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပြီး အရမ်းလည်း ဂုဏ်ယူပါတယ်။ ဒါဟာ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး” လို ဂရီးဇ်မန်းက ပြောကြားခဲ့ပါတယ်။ ဂရီးဇ်မန်းဟာ ပြင်သစ်ကစားသမားဖြစ်ပေမဲ့ စပိန်ကလပ်တွေမှာသာ ကစားခဲ့သူဖြစ်ပြီး အက်သလက်တီကိုအသင်းမှာ ၂၀၁၄ ကနေ ၂၀၁၉ အထိ […]
အနီကတ်ပြစ်ဒဏ်တွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပေမဲ့ စိုးရိမ်စရာမရှိဘူးလို မာရက်စကာ ပြောကြား

ချယ်လ်ဆီးနည်းပြ မာရက်စကာက အနီကတ်ပြစ်ဒဏ်တွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပေမဲ့ စိုးရိမ်စရာမရှိဘူးလို ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲအနက် (၃)ပွဲမှာ အနီကတ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပြီး မန်ယူနဲ့ပွဲမှာ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်၊ ဘရိုက်တန်နဲ့ပွဲမှာ နောက်ခံလူ ချာလိုဘာ၊ ဘင်ဖီကာနဲ့ပွဲမှာ တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရို(နှစ်ဝါ တစ်နီ)တို အနီကတ်ပြခံခဲ့ရတာပါ။ ဒါပေမဲ့ မာရက်စကာကတော့ ဒါဟာ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းဆိုင်ရာပြဿနာမဟုတ်သလို၊ စိုးရိမ်ပူပန်စရာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာနဲ့ပွဲမတိုင်ခင်အထိ ကစားသမားတွေ အနီကတ်ပြခံခဲ့ရတဲ့ နောက်ဆုံးပွဲစဉ်(၄)ပွဲစလုံး ရှုးနိမ့်ခဲ့ပေမဲ့ ဘင်ဖီကာနဲ့ပွဲမှာတော့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် မာရက်စကာက ”အနည်းဆုံးတော့ အနီကတ်ပြခံရပြီးမှ ဘယ်လိုအနိုင်ယူရမလဲဆိုတာ ကျွန်တော်တို သင်ယူနိုင်ခဲ့ပါပြီ။ ဒါက ပထမဆုံးပွဲပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲ ကစားရပေမဲ့ပေါ့။ ဆန်းချက်ဇ်နဲ့ ချာလိုဘာတိုက ဂိုးပေါက်ကို ကာကွယ်ရင်း ဖြစ်ခဲ့တာပါ။ […]
အသင်းဟောင်းအကြောင်း မကောင်းပြောစရာမရှိဘူးလို ဂါနာချို ဆို

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဂါနာချိုက အသင်းဟောင်း မန်ယူအကြောင်း မကောင်းပြောစရာမရှိဘူးလို ဘင်ဖီကာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဂါနာချို(၂၁ နှစ်)ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ဒီနှစ်နွေရာသီမှာ မန်ယူကနေ ချယ်လ်ဆီကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဂါနာချိုဟာ ဘင်ဖီကာနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ပေးပိုမှုကို တားဆီးရာက ပြိုင်ဘက်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာဖြစ်ပါတယ်။ ပွဲအပြီး မန်ယူအသင်းနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကို ဂါနာချိုက ”ကျွန်တော့်ရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အကြောင်း မကောင်းပြောစရာ ဘာမှမရှိပါဘူး။ ဘဝမှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေနဲ့ ကြုံတွေ့ခဲ့ရရုံလေးပါပဲ။ အခု ဒီမှာ ကျွန်တော် အရမ်းပျော်နေပါတယ်။ ဒီပြိုင်ပွဲကို ကစားရပြီး ဒီနေ့ သုံးမှတ်လည်း ရရှိခဲ့ပါတယ်” လို ပြောကြားခဲ့ပါတယ်။ ဂါနာချိုဟာ မန်ယူအသင်းမှာ တောက်ပလာမယ့် ကစားသမားတစ်ဦးအဖြစ် ထင်ကြေးပေးခံခဲ့ရပေမဲ့ နည်းပြ […]