အာတန် လိုဘော့ဗ် (Artem Lobov) နဲ့ ဇူဘိုင်ရာ တူခူဂိုဗ် (Zubaira Tukhugov) တိုရဲ့ ပွဲ၊ ဒူဘိုင်း PFL ကနေ နောက်ဆုံးမိနစ်မှာ ဖျက်သိမ်း

အာတန် လိုဘော့ဗ် (Artem Lobov) နဲ့ ဇူဘိုင်ရာ တူခူဂိုဗ် (Zubaira Tukhugov) တို့ရဲ့ ပွဲ၊ ဒူဘိုင်း PFL ကနေ နောက်ဆုံးမိနစ်မှာ ဖျက်သိမ်း|တကယ်လို့ အာတန် လိုဘော့ဗ် တိုက်ဖြစ်ဦးမယ်ဆိုရင်တော့ နောက်မှပဲ စောင့်ရတော့မယ်။ ယူအက်ဖ်စီ (UFC) နဲ့ ဘီကေအက်ဖ်စီ (BKFC) တိုက်ခိုက်ဟောင်းဖြစ်ပြီး ၅ နှစ်ကြာ အနားယူနေရာကနေ ပြန်လာဖို့ ပြင်နေတဲ့ လိုဘော့ဗ်ဟာ၊ ဇူဘိုင်ရာ တူခူဂိုဗ် နဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို နောက်ဆုံးမိနစ်မှာ ဖျက်သိမ်းလိုက်လို့ ဒီသောကြာနေ့မှာတော့ ပွဲထွက်နိုင်တော့မှာ မဟုတ်ဘူး။ PFL တာဝန်ရှိသူတွေက လိုဘော့ဗ်ဟာ လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့ကြောင်း အတည်ပြုပြီး၊ အဲဒီဒဏ်ရာကြောင့်ပဲ တူခူဂိုဗ်နဲ့ပွဲကို ပွဲစဉ်စာရင်းကနေ ဖယ်ရှားလိုက်တာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က […]

ဆယ်ကျော်သက်ကွင်းလယ်ခံစစ်ကစားသမား မာ့ခ်ဘာနယ်လ်ကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုး

ဆယ်ကျော်သက်ကွင်းလယ်ခံစစ်ကစားသမား မာ့ခ်ဘာနယ်လ်ကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုး ဘာစီလိုနာအသင်းဟာ လာမာစီယာအကယ်ဒမီထွက် ဆယ်ကျော်သက်ကွင်းလယ်ခံစစ်ကစားသမား မာ့ခ်ဘာနယ်လ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ် ဘာနယ်လ်(၁၈ နှစ်)ဟာ အသက်(၆)နှစ်အရွယ်ကတည်းက ဘာစီလိုနာအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာကတည်းက ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒါ့အပြင် အဲဒီအချိန်မှာကတည်းက နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ရယူထားခဲ့သလို၊ ယူရိုသန်း(၅၀၀)တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။ ဘာနယ်လ်ဟာ ၂၀၂၄ သြဂုတ် (၁၇)မှာ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ သြဂုတ်(၂၇)မှာ ACL ဒဏ်ရာရခဲ့တာကြောင့် ရက်ပေါင်း(၃၈၂)ရက်ကြာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ခြေစွမ်းခြေစကို ယုံကြည်တာကြောင့် […]

နောက်ခံလူ ဆာလီဘာကို အာဆင်နယ် ငါးနှစ်သက်တမ်းတိုးမယ်

နောက်ခံလူ ဆာလီဘာကို အာဆင်နယ် ငါးနှစ်သက်တမ်းတိုးမယ် အာဆင်နယ်အသင်းဟာ အသင်းနောက်ခံလူ ဆာလီဘာကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းက တရားဝင်မကြေညာသေးပေမဲ့ ဆာလီဘာဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြလာကြပါတယ်။ ဆာလီဘာဟာ ပြီးခဲ့တဲ့နွေရာသီက ရီးယဲလ်မက်ဒရစ်နဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၉ ခုနှစ်က စိန့်အက်တီယန်အသင်းကနေ ယူရို သန်း ၃၀ နဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာတာပါ။ အစောပိုင်းနှစ်တွေမှာတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ နိုက်စ်၊ မာဆေးလ်အသင်းတွေထံ အငှားပြန်ကစားခဲ့ရပါတယ်။ ၎င်းအနေနဲ့ အာဆင်နယ်အသင်းအတွက် ပွဲ ၁၄၀ ကစားထားပြီး ခုနစ်ဂိုးသွင်းကာ သုံးဂိုး ဖန်တီးပေးခဲ့ပါတယ်။ လက်ရှိဈေးကွက်တန်ဖိုးက ယူရို သန်း ၈၀ လောက်ရှိတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်ကို အာမိုရင်မ် ပြောင်းလဲနိုင်မယ်လို့ ရွန်နီ မယုံကြည်

မန်ယူနိုက်တက်ကို အာမိုရင်မ် ပြောင်းလဲနိုင်မယ်လို့ ရွန်နီ မယုံကြည် မန်ယူနိုက်တက်အသင်းရဲ့လက်ရှိအခြေအနေကို နည်းပြ ရူဘင်အာမိုရင်မ်တစ်ယောက် ပြောင်းလဲနိုင်မယ်လို့ မယုံကြည်ကြောင်း အသင်းဂန္ထဝင် တိုက်စစ်မှူး ဝိန်းရွန်နီက ပြောခဲ့ပါတယ်။ ၎င်းက သူ့ရဲ့အသင်းဟောင်းဟာ ပင်ကိုစရိုက်လက္ခဏာတွေလည်း ပျောက်ဆုံးခဲ့ပြီလို့လည်း သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်အနေနဲ့ လက်ရှိအတိုင်းဆို ရှုံးပွဲများစွာ ထပ်မံကြုံတွေ့ရဦးမှာဖြစ်ပြီး တချို့ကစားသမားတွေဟာ ကလပ်ကို ကိုယ်စားပြုဖို့ မထိုက်တန်ဘူးလို့ ယူဆခဲ့ပါတယ်။ ”ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ ရူဘင်အာမိုရင်မ်က ကျွန်တော့်အရွယ်ပါပဲ။ သူဟာ လူငယ်မန်နေဂျာတစ်ယောက်ပါ။ သူ့မှာ ကြီးမားတဲ့အနာဂတ်ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်မှာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ အသင်းကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် ရိုးသားစွာ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံးမြင်ခဲ့ပြီးနောက် သူ လုပ်နိုင်မယ်လို့ မယုံတော့ပါဘူး”လို့ ရွန်နီက ပြောခဲ့ပါတယ်။ […]

တိုက်စစ်မှူး ဟာရီကိန်းကို သက်တမ်းတိုးဖို့ ဘိုင်ယန် ကြိုးပမ်းမယ်

တိုက်စစ်မှူး ဟာရီကိန်းကို သက်တမ်းတိုးဖို့ ဘိုင်ယန် ကြိုးပမ်းမယ် ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်အားကစားဒါရိုက်တာ မက်အယ်ဘယ်လ်ကလည်း စာချုပ်သက်တမ်းတိုးမယ့်ကိစ္စအတွက် ဟာရီကိန်းနဲ့ ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာရီကိန်း(၃၂ နှစ်)ဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာပါ။ ဒါပေမဲ့ စာချုပ်မှာ လျော်ကြေးပမာဏ ထည့်သွင်းထားပြီး ရာသီကုန်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။ ဟာရီကိန်းဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၄ ပွဲမှာ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ငါးခုမှာ ကလပ်တစ်သင်းတည်းအတွက် ပွဲအနည်းဆုံးကစားကာ ဂိုး ၁၀၀ အမြန်ဆုံးပြည့်သူ ဖြစ်လာခဲ့တယ်။ ရာသီအဖွင့်မှာလည်း ဟာရီကိန်းက ဂိုးသွင်းခြေစွမ်းပြနေပြီး အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

Cory Sandhagen က Merab Dvalishvili နဲ့ UFC 320 ပွဲမတိုင်ခင် ‘ရှုံးမယ့်သူ’ ပရိသတ်ပုံစံနဲ့ အရွှန်းဖောက်နေတာကို ရှင်းပြ

Cory Sandhagen က Merab Dvalishvili နဲ့ UFC 320 ပွဲမတိုင်ခင် ‘ရှုံးမယ့်သူ’ ပရိသတ်ပုံစံနဲ့ အရွှန်းဖောက်နေတာကို ရှင်းပြ Cory Sandhagen ဟာ သူ့ကို Merab Dvalishvili နဲ့ ချန်ပီယံလုပွဲမှာ ရှုံးနိမ့်မယ်လို့ ပရိသတ်အများအပြားက သတ်မှတ်ထားတာကို သိတဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းပျော်ရွှင်နေပါတယ်။ Sandhagen ဟာ စနေနေ့ လပ်စ်ဗီးဂတ်စ် (Las Vegas)၊ T-Mobile အားကစားရုံမှာ ကျင်းပမယ့် UFC 320 ပြိုင်ပွဲရဲ့ တွဲဖက်-ပင်မပွဲ (co-main event) မှာ Dvalishvili ကို Bantamweight ချန်ပီယံဆုအတွက် စိန်ခေါ်မှာပါ။ Dvalishvili ဟာ အပြတ်အသတ်နိုင်မယ့်သူ (heavy favorite) တစ်ဦးဖြစ်ပြီး မတားဆီးနိုင်တဲ့ […]

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက်

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့အတွက် ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရပါတယ်။ အဲဒီပွဲမှာ ဆိုစီဒက်အသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ခွန်ဒဲ၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း သိမ်းပိုက်ရယူခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၄)ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာကစားသမားဘဝ သွင်းဂိုးပေါင်းကတော့ (၁၀၅)ဂိုး ရှိသွားခဲ့ပါပြီ။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပရပ်ဇ်ကောအသင်းအတွက် (၂၁)ဂိုး၊ လက်ချ်ပေါ့ဇ်နန်အသင်းအတွက် (၄၁)ဂိုး၊ ဒေါ့မွန်အသင်းအတွက် (၁၀၃)ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၃၄၄)ဂိုး၊ ဘာစီလိုနာအသင်းအတွက် (၁၀၅)ဂိုး၊ ပိုလန်လက်ရွေးစင်အသင်းအတွက် (၈၆)ဂိုး သွင်းယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။ လီဝန်ဒေါစကီးဟာ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ တတိယဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်နေပြီး သူ့ထက်ပိုသွင်းနိုင်သူက မက်ဆီနဲ့ […]

မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား(၁၀)ဦးစာရင်းထဲ ဟာလန်း ပါဝင်လာ

မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား(၁၀)ဦးစာရင်းထဲ ဟာလန်း ပါဝင်လာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဘန်လေနဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား(၁၀)ဦးစာရင်းထဲ ပါဝင်လာကြောင်း သိရပါတယ်။ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၅၃)ပွဲကစားအပြီးမှာ (၁၃၃)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့်(၉)နေရာ ရောက်ရှိလာခဲ့တာပါ။ မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားကတော့ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဖြစ်ပြီး ဂိုးပေါင်း (၂၆၀) သွင်းယူခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ နော်ဝေကစားသမားအဖြစ်လည်း လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့ပါတယ်။ အရင်က မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားလ်နဲ့အတူ (၉၁)ဂိုးစီဖြစ်နေခဲ့ရာက ဘန်လေနဲ့ပွဲအပြီးမှာတော့ ဟာလန်းက ပရီးမီးယားလိဂ်သွင်းဂိုး (၉၃)ဂိုးရှိသွားခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

ရာထူးက ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ်နည်းပြအဖြစ် အာမိုရင်မ် ရေပန်းအစားဆုံးဖြစ်လာ

ရာထူးက ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ်နည်းပြအဖြစ် အာမိုရင်မ် ရေပန်းအစားဆုံးဖြစ်လာ မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်ဟာ ပရီးမီးယားလိဂ်မှာ ရာထူးက နောက်ထပ်ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၆)ပွဲ ယှဉ်ပြိုင်အပြီးမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရောက်ရှိနေပြီး အာမိုရင်မ်က ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)ပွဲယှဉ်ပြိုင်ရာမှာ (၃၄)မှတ်သာ ရယူထားနိုင်ပါတယ်။ ဒါ့အပြင် အသင်းနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကစားပုံကို ခေါင်းမာစွာနဲ့ ဆက်လက်သုံးစွဲနေတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မန်ယူပရိသတ်အများစုကလည်း နည်းပြအပြောင်းအလဲလုပ်ဖို့ လိုလားနေကြကြောင်း သိရပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းနည်းပြ ဂရေဟမ်ပေါ်တာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ အာမိုရင်မ်က ပရီးမီးယားလိဂ်ကနေ နောက်ထပ် ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ရေပန်းအစားဆုံး ဖြစ်လာတာပါ။ မန်ယူအသင်းတာဝန်ရှိသူတွေက နည်းပြ အာမိုရင်မ်ကို ထောက်ခံနေဆဲဖြစ်ကြောင်း ပြောကြားထားပေမဲ့ အစားထိုးဖို့နည်းပြကို […]

UFC Perth သတင်း- ကားလိုစ် အာဘာဂ် (Carlos Ulberg) က ဒေါမနစ် ရေးယက်စ် (Dominick Reyes) ကို ပထမအချီမှာပင် ကြောက်မက်ဖွယ် အလဲထိုးနဲ့ အနိုင်ယူ

UFC Perth သတင်း- ကားလို့စ် အာဘာဂ် (Carlos Ulberg) က ဒေါမနစ် ရေးယက်စ် (Dominick Reyes) ကို ပထမအချီမှာပင် ကြောက်မက်ဖွယ် အလဲထိုးနဲ့ အနိုင်ယူ ကားလို့စ် အာဘာဂ် (Carlos Ulberg) ဟာ UFC Perth ပွဲစဉ်ရဲ့ အဓိကပွဲစဉ်မှာ အပြတ်အသတ် အနိုင်ရရှိသွားပြီးနောက် ချန်ပီယံဆု (title shot) အတွက် နောက်တစ်ယောက်အနေနဲ့ သူပဲဖြစ်သင့်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေတစ်ခုကို ပြသသွားခဲ့ပါတယ်။ အလဲထိုး (knockout) အနုပညာရှင်နှစ်ဦး ရဲ့ ပွဲစဉ်မှာ ရေးယက်စ် (Dominick Reyes) နဲ့ယှဉ်ပြိုင်ခဲ့တဲ့ အာဘာဂ်ဟာ ပွဲအစပိုင်းကတည်းက အရှိန်မြှင့်တင်ခဲ့ပေမဲ့ စောစောပိုင်း ထိုးသတ်မှုတွေမှာတော့ သတိထားနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ […]