ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကသာ ပြန်ခေါ်မယ်ဆိုရင် ငြင်းနိုင်မှာမဟုတ်ဘူးလို ဘန်ဇီမာ ပြောကြား

အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကသာ ပြန်ခေါ်မယ်ဆိုရင် မိမိအနေနဲ့ ငြင်းနိုင်မှာမဟုတ်ဘူးလို ပြောကြားခဲ့ပါတယ်။ အသက်(၃၈)နှစ် ပြည့်ခါနီးပြီဖြစ်တဲ့ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဥရောပမှာ ပြန်ကစားဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။ ဘန်ဇီမာကလည်း အယ်လ်အစ်တီဟတ်အသင်းမှာ ဆက်ရှိ၊ မရှိမသေချာကြောင်းနဲ့ အခြေအနေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ကစားသမားဘဝက အနားမယူသေးဘဲ အနည်းဆုံး(၂)နှစ် ကစားဦးမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒီအခြေအနေမှာ ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ရောင်းထုတ်ပြီး ဘန်ဇီမာကို ပြန်ခေါ်ဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဒီအတွက် AS က မေးမြန်းခဲ့ရာမှာ ဘန်ဇီမာက ”ရီးယဲလ်မက်ဒရစ်က ကျွန်တော့်ကို ပြန်ခေါ်ဖိုလား။ ဘာအတွက်လဲ(ရယ်လျက်)။ ဒါပေမဲ့ ဖလော်ရင်တီနိုပီရက်ဇ်ကတော့ ကျွန်တော် ဘယ်တော့မှ မငြင်းနိုင်တဲ့သူပါ။ ကျွန်တော်က မက်ဒရစ်သားတစ်ယောက်ပါ။ […]
ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း အန်တိုနီ ဖွင့်ဟ

ဘက်တစ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက သူ့ကို ခေါ်ယူဖို ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ယူရို(၂၅)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းကို သစ္စာဖောက်မဖောက်နိုင်တာကြောင့် ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ” နွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံး(၂၄)နာရီအတွင်းမှာ ဘိုင်ယန်မြူးနစ်က ကျွန်တော့်ကို ခေါ်ယူဖို ကြိုးပမ်းခဲ့ပါတယ်။ ကွန်ပနီက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ပုဂ္ဂိုလ်ရေးအရ စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်ပရိသတ်ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘက်တစ်နဲ့ စကားပြောပြီးပြီဖြစ်တာကြောင့် သူတိုကို သစ္စာမဖောက်နိုင်ပါဘူး။ ဘက်တစ်ဟာ ကျွန်တော့်အတွက် ပျော်ရွှင်ခြင်းလို အဓိပ္ပာယ်ရပါတယ်” လို အန်တိုနီက ပြောကြားခဲ့ပါတယ်။ အန်တိုနီဟာ ၂၀၂၅ ဇန်နဝါရီမှာ ဘက်တစ်ကို အငှားနဲ့ […]
၁၆ ကြိမ်မြောက် Globe Soccer Awards ဆုပေးပွဲကို ဒီဇင်ဘာ ၂၈ မှာ ပြုလုပ်မယ်

ဘောလုံးလောကရဲ့ ထင်ရှားကျော်ကြားတဲ့ ဆုပေးပွဲတစ်ခုဖြစ်တဲ့ Globe Soccer Awards ကို ဒီဇင်ဘာ ၂၈ မှာ ကျင်းပပြုလုပ်မယ်လို သိရပါတယ်။ ဒီဆုပေးပွဲက နာမည်ကျော် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ရဲ့ ဦးဆောင်မှုနဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတည်းက နှစ်စဥ်ကျင်းပလာခဲ့တာပါ။ Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးအားကစားဒါရိုက်တာဆု၊ အကောင်းဆုံးအေးဂျင့်ဆု၊ အကောင်းဆုံးကလပ်အသင်းဆု စသဖြင့် ဆုအမျိုးအစားများစွာ ချီးမြှင့်လေ့ရှိပြီး ၂၀၂၅ ခုနှစ်အတွက်တော့ ၁၁ မျိုး ချီးမြှင့်သွားမယ်လို သိရပါတယ်။ အဲဒီဆုတွေအတွက် ဆန်ခါတင်စာရင်းကိုလည်း ဒီနေ့ ထုတ်ပြန်ပေးခဲ့ပြီး ပရိသတ်တွေအနေနဲ့ Globe Soccer ဝက်ဘ်ဆိုက်မှာ ဝင်ရောက်မဲပေးနိုင်ကြောင်း သိရပါတယ်။ Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိထားသူက […]
ထိုင်းဖိုက်လိဂ်မွေထိုင်းပြိုင်ပွဲမှာ တရုတ်ဖိုက်တာကို စောအေးစီး အနိုင်ရခဲ့

ယခုတစ်ပတ်ကျင်းပတဲ့ ထိုင်းဖိုက်လိဂ်-၉၀ မွေထိုင်းပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးဟာ တရုတ်ဖိုက်တာ မရှင်းဟု (Ma Xinhu) ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ထိုင်းဖိုက်လိဂ်-၉၀ မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ World Siam Stadium မှာ ကျင်းပပြုလုပ်ခဲ့ပြီး တွဲဆိုင်း ခုနှစ်ဆိုင်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲမှာ မြန်မာဖိုက်တာ စောအေးစီးနဲ့ တရုတ်ဖိုက် တာ မရှင်းဟုတိုဟာ မွေထိုင်း (၆၀) ကီလိုတန်း ပွဲစဉ် (၃) မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။ ပထမအချီစကတည်းက ဖိုက်တာနှစ်ဦးစလုံးဟာ တိုက်စစ်ဖွင့်ပြီး ဆိုင်ထိုး ပြိုင်ထိုးခဲ့လို အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဖိုက်တာနှစ်ဦးစလုံး လက်သီးကိုသာ အဓိကအားပြုခဲ့ပြီး ရင်ဆိုင်ထိုးခဲ့လို အထိနာခဲ့ကြပါတယ်။ ဒုတိယအချီမှာ မြန်မာဖိုက်တာ စောအေးစီးက […]
အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်

အာဖရိကဘောလုံးအဖွဲချုပ်(CAF)ဟာ ၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းကို မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အောက်တိုဘာလတုန်းက ဆန်ခါတင်ကစားသမား(၁၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခု (၃)ဦးစာရင်းကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပြီး ဆာလာ(အီဂျစ်၊ လီဗာပူးလ်)၊ ဟာကီမီ(မော်ရိုကို၊ PSG )၊ အိုဆင်မန်(နိုင်ဂျီးရီးယား၊ ဂါလာတာစာရေး)တို ပါဝင်ခဲ့ပါတယ်။ အာဖရိကဘောလုံးအဖွဲချုပ်ဟာ CAF Awards ဆုပေးပွဲမှာ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးလက်ရွေးစင်အသင်းဆု၊ အကောင်းဆုံးကလပ်အသင်းဆု၊ အကောင်းဆုံးပြည်တွင်းကစားသမားဆုတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်လည်း ပါဝင်ပါတယ်။ အဲဒီဆုတွေအားလုံးအတွက် နောက်ဆုံးဆန်ခါတင်စာရင်းတွေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာ ကိတ်ဗာဒီနည်းပြ ဘူဘစ္စတာ၊ မော်ရိုကိုနည်းပြ ရီဂရာဂွီ၊ မော်ရိုကိုယူ-၂၀ နည်းပြ မိုဟာမက်အူယာဘီတို ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီဆုတွေအတွက် ၂၀၂၅ ဇန်နနဝါရီ(၆)ရက်ကနေ ၂၀၂၅ အောက်တိုဘာ(၁၅)ရက်အတွင်းက စွမ်းရည်ရည်အပေါ် အကဲဖြတ်ရွေးချယ်မှာဖြစ်ပြီး […]
အိုလံပီယာကော့စ်က ဂရိဆယ်ကျော်သက် မူဇာကီတစ်ကို ပရီးမီးယားလိဂ်(၃)သင်း အပြိုင်လိုက်နေ

ပရီးမီးယားလိဂ်ကလပ်အသင်း(၃)သင်းဖြစ်တဲ့ အာဆင်နယ်၊ မန်ယူနဲ့ အက်စတွန်ဗီလာအသင်းတိုဟာ အိုလံပီယာကော့စ်အသင်းက ဂရိလက်ရွေးစင် ဆယ်ကျော်သက်ကွင်းလယ်ကစားသမား မူဇာကီတစ်ကို အပြိုင်လိုက်နေကြကြောင်း သိရပါတယ်။ လာမယ့် ဒီဇင်ဘာမှာ အသက်(၁၉)နှစ်ပြည့်မယ့် မူဇာကီတစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အိုလံပီယာကော့စ်အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့သလို၊ ၂၀၂၄ ခုနှစ်မှာ ဂရိလက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့်ရခဲ့သူပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ ဂရိစူပါလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူဖို စိတ်ဝင်စားနေတာဖြစ်ပြီး စီးရီးအေထိပ်သီး နာပိုလီကလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။ ခရိုအေးရှားဂန္ထဝင် မိုဒရစ်နဲ့ နှိင်းယှဉ်ခံရတဲ့ မူဇာကီတစ်ဟာ ၂၀၂၅ ခုနှစ် Golden Boy ဆုအတွက် ပရိသတ်တွေရဲ့ အွန်လိုင်းကပေးတဲ့ ဆန္ဒမဲအများဆုံးရရှိခဲ့တဲ့ ကစားသမားဖြစ်ကြောင်းလည်း သိရပါတယ်။ မူဇာကီတစ်ကို အိုလံပီယာကော့စ်အသင်းက ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။
Play-offs ယှဉ်ပြိုင်ခွင့်ရရှိတာဟာ နတ်သမီးပုံပြင်လိုပဲလို အိုင်ယာလန်တိုက်စစ်မှူး ပါရော့ ပြောကြား

တနင်္ဂနွေနေ့က ဟန်ဂေရီအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အိုင်ယာလန်အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ပါရော့က ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ယှဉ်ပြိုင်ခွင့်ရရှိတာဟာ သူတိုအတွက် နတ်သမီးပုံပြင်လိုပဲလို ပြောကြားခဲ့ပါတယ်။ အိုင်ယာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်အုပ်စု(F)မှာ ပေါ်တူဂီ၊ ဟန်ဂေရီ၊ အာမေးနီးယားတိုနဲ့အတူ ကျရောက်ခဲ့ပြီး (၂)ပွဲအလိုမှာ ရမှတ်(၄)မှတ်သာ ရရှိထားခဲ့ပေမဲ့ (၂)ပွဲစလုံးအနိုင်ယူပြီး Play-offs ဝင်ခွင့်ရခဲ့တာပါ။ အဲဒီနှစ်ပွဲမှာ အိုင်ယာလန်က ပေါ်တူဂီကို (၂-၀)ဂိုး၊ ဟန်ဂေရီကို (၃-၂)ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အိုင်ယာလန်အသင်းရဲ့ (၅)ဂိုးစလုံးကို ပါရော့ တစ်ဦးတည်းက သွင်းယူခဲ့တာပါ။ ဒါကြောင့် ဟန်ဂေရီနဲ့ပွဲအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပါရော့က မျက်ရည်တွေနဲ့ ဖြေကြားခဲ့သလို၊ ဒါဟာ ဝမ်းသာလို ကျတဲ့မျက်ရည်တွေဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ” ကျွန်တော် တကယ့်ကို မယုံနိုင်အောင်ပါပဲ။ […]
အောင်လအန်ဆန်ကို ONE ရဲ့ Hall of Fame မှာ တရားဝင်ထည့်သွင်းဂုဏ်ပြုမှု ပြုလုပ်

အောင်လအန်ဆန်ကို ONE ရဲ့ Hall of Fame မှာ တရားဝင်ထည့်သွင်းဂုဏ်ပြုမှု ပြုလုပ် ONE Championship အဖွဲ့အစည်းက မြန်မာ MMA ကစားသမား အောင်လအန်ဆန်ကို တရားဝင်ထည့်သွင်းဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ ONE 173 ပွဲစဉ်အတွင်း ONE ဥက္ကဋ္ဌ ချတ်ထရီက အောင်လအန်ဆန်ကို Hall of Fame ဆုတံဆိပ် အပ်နှင်းခဲ့တာဖြစ်တယ်။ အောင်လအန်ဆန်အနေနဲ့ ONE Championship မှာ ဒီမီထရီးယပ်စ်ဂျွန်ဆင်၊ ဘီဘီယာနိုဖာနန်ဒက်စ်ပြီးနောက် Hall of Fame မှာ တတိယမြောက် ထည့်သွင်းဂုဏ်ပြုခံရသူလည်း ဖြစ်ခဲ့ပါတယ်။ အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ ONE လက်အောက်မှာ ၂၀၁၄ ခုနှစ် ဇွန်လက […]
အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် နိုင်ငံတကာပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိ

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် နိုင်ငံတကာပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိ အာဆင်နယ်အသင်းက ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူ ဂါဘရီယဲလ်ဟာ ဆီနီဂေါနဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပါတယ်။ ဂါဘရီယဲလ်(၂၇ နှစ်)အနေနဲ့ ပွဲချိန်တစ်နာရီမပြည့်ခင်မှာ ဒဏ်ရာရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးရောက် အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ငါးဂိုးသာ ပေးခဲ့ရတဲ့ ခံစစ်ကြောင်းကို ဦးဆောင်သူတစ်ဦးလည်းဖြစ်တယ်။ ”ဒဏ်ရာက ဆိုးသလားကို ကျွန်တော် မသိပါဘူး။ သူ့ရဲ့ပေါင်မှာ ဒဏ်ရာရခဲ့ပါတယ်။ ဆေးအဖွဲ့က မနက်ဖြန်မှာ စစ်ဆေးပါမယ်။ ကျွန်တော်တို့ ဒီအတွက် အမှန်တကယ် ဝမ်းနည်းစိတ်ပျက်ရပါတယ်။ ကစားသမားတစ်ယောက် ဒဏ်ရာရချိန်မှာ မကြာခင်ပြန်ကောင်းဖို့ မျှော်လင့်ပါတယ်”လို့ ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။ ဘရာဇီးလ် (၂-ဝ) ဆီနီဂေါခြေစမ်းပွဲကို အာဆင်နယ်အသင်းရဲ့ အီမရိတ်စ်ကွင်းမှာ ကစားခဲ့ပြီး အီစတယ်ဗို၊ […]
မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်နဲ့ ဂိုးသမားလမ်မန်းစ်တိုကို ဖာဂူဆန် ချီးကျူးစကားဆို

မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်နဲ့ ဂိုးသမား လမ်မန်းစ်တို့ကို ဖာဂူဆန် ချီးကျူးစကားဆို မန်ယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က နည်းပြ အာမိုရင်မ်နဲ့ ဂိုးသမား လမ်မန်းစ်တို့ကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ဖာဂူဆန်ဟာ Bahrain International Trophy မြင်းစီးပြိုင်ပွဲကို တက်ရောက်လာချိန်မှာ အသင်းဟောင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။ ”မန်နေဂျာက ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုတချို့ ပြုလုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် ဂိုးသမားက ထူးထူးချွန်ချွန် ကစားပြနိုင်ခဲ့တယ်။ သူက သုံးပွဲ သို့မဟုတ် လေးပွဲလောက်သာ ကစားရသေးပြီး တကယ်ကောင်းပါတယ်။ တကယ်တော့ ဝုလ်ဗ်၊ ဘရန့်ဖို့ဒ်ကနေ ခေါ်ယူခဲ့တဲ့ အမ်ဘူမို၊ ကူညာတို့ကိုလည်း ဒီစာရင်းထဲ ထည့်ရမယ်။ မန်နေဂျာအနေနဲ့ အောင်မြင်မှုအနည်းငယ်ရဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်မှာ အောင်မြင်ဖို့ လိုအပ်ပါတယ်။ လက္ခဏာတွေကတော့ ပိုကောင်းလာပါတယ်။ ပွဲဆက်အနိုင်ရတာမျိုးဟာ […]