နည်းပြရာထူးအတွက် အာမိုရင်မ် မစိုးရိမ်

နည်းပြရာထူးအတွက် အာမိုရင်မ် မစိုးရိမ် မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က ဘရန့်ဖို့ဒ်ကို အရေးနိမ့်ပြီးနောက် နည်းပြရာထူးအတွက်မစိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နည်းပြ အာမိုရင်မ် ကိုင်တွယ်ကတည်းက ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲမရသေးဘဲ ဖြစ်နေတာပါ။ ဒါ့အပြင် အသင်းအနေနဲ့ လိဂ်ပွဲ ၃၃ ပွဲမှာ ရမှတ်ကလည်း ၃၄ မှတ်သာ ရရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး သူ့ရဲ့အနာဂတ်ပတ်သက်လို့ မေးခွန်းများစွာနဲ့ အာမိုရင်မ် ရင်ဆိုင်ခဲ့ရပါတယ်။ ”ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိုးရိမ်ပူပန်မှု မဖြစ်မိပါဘူး။ ကျွန်တော်ဟာ ဒီလိုလူစားမျိုးလည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော် ဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘဲ ဒီမှာရှိတဲ့ မိနစ်တိုင်းကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ”လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်း ရှုံးနိမ့်သင့်တယ်လို့ နည်းပြ အာနယ်ဆလော့ ဖွင့်ဟ

လီဗာပူးလ်အသင်း ရှုံးနိမ့်သင့်တယ်လို့ နည်းပြ အာနယ်ဆလော့ ဖွင့်ဟ လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ခရစ္စတယ်ပဲလေ့စ်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်အပြီး သူ့ရဲ့အသင်းဟာ ရှုံးနိမ့်သင့်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ရာသီအဖွင့် ငါးပွဲဆက် အနိုင်ရပြီးနောက် ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အာနယ်ဆလော့က နာကျင်အချိန်ပိုဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အနေနဲ့ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက လီဗာပူးလ်အနေနဲ့ အခုရှုံးပွဲအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ကွန်မြူနတီဒိုင်းမှာလည်း ပဲလေ့စ်ကို ရှုံးထားလို့ အခုရာသီအတွင်း နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ရပါတယ်။ ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရောက်လာပြီး ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ရှုံးပွဲမရှိ ကစားထားပါတယ်။

ပရီးမီးယားလိဂ် ပွဲစဥ် – ၆ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဥ် – ၆ ပွဲကြိုသုံးသပ်ချက် ♦ နယူးကာဆယ် – အာဆင်နယ် (ည ၁၀ နာရီ) ဒီဘက်နောက်ပိုင်းနှစ်တွေမှာ အာဆင်နယ်အသင်းကို ကစားရခက်စေတဲ့အသင်းတွေထဲမှာ နယူးကာဆယ်အသင်းလည်း အပါအဝင်ဖြစ်တယ်။ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ အနိုင်ကစားထားသလို ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အီဆက်ခ် မရှိတော့တဲ့ပြဿနာကို နယူးကာ ဆယ်အသင်း ရင်ဆိုင်နေရပြီး ငါးပွဲမှာ ခြောက်မှတ်ပဲရထားသလို တိုက်စစ်ကလည်း သုံးဂိုးပဲ သွင်းထားယူနိုင်တယ်။ အာဆင်နယ်အသင်းကတော့ ဒဏ်ရာပြဿနာတွေကြားမှာပဲ အသင်း လိုက်ကစားပုံက တော်တော်လေးအားရစရာကောင်းလာတယ်။ မာဒူအေကေ ဒဏ်ရာရသွား ချိန်မှာ ဆာကာ ပြန်ကစားနိုင်ပြီဖြစ်လို့ ညာခြမ်းတိုက်စစ်အတွက် စိတ်ပူစရာမရှိတော့ပါဘူး။ ဒီပွဲသာ ထပ်ပြီးအမှတ်လျော့ခဲ့ရင် လီဗာပူးလ်နဲ့ အမှတ်ကွာဟမှု ပိုများသွားနိုင်လို့ အာဆင်နယ် […]

ဂျိုးရိုဂန်က Dricus du Plessis ဟာ Khamzat Chimaev ကို “ဘယ်တော့မှ အနိုင်ရတော့မှာ မဟုတ်ဘူး” လို သံသယရှိ

ဂျိုးရိုဂန်က Dricus du Plessis ဟာ Khamzat Chimaev ကို “ဘယ်တော့မှ အနိုင်ရတော့မှာ မဟုတ်ဘူး” လို့ သံသယရှိ ဂျိုးရိုဂန် (Joe Rogan) ဟာ Dricus du Plessis သာ Khamzat Chimaev နဲ့ နောက်တစ်ကြိမ် ထပ်တွေ့ရင် အနိုင်ရဖို့ အခွင့်အရေး မရှိဘူးလို့ မြင်ပါတယ်။ Du Plessis ဟာ ပြီးခဲ့တဲ့ သြဂုတ်လ UFC 319 ပြိုင်ပွဲမှာ Chimaev ကို စိတ်ပျက်စရာ ရှုံးနိမ့်ခဲ့ရပါတယ်။ Chimaev ဟာ ငါးချီလုံးလုံး သူရဲ့ နပန်းစွမ်းရည်နဲ့ Du Plessis ကို လွှမ်းမိုးပြီး Du Plessis ရဲ့ မစ်ဒယ်ဝိတ် […]

ဆိုစီဒက်နဲ့ပွဲမှာ ပြန်ကစားမယ်လို ယမားလ် အတည်ပြု

ဆိုစီဒက်နဲ့ပွဲမှာ ပြန်ကစားမယ်လို့ ယမားလ် အတည်ပြု ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ယမားလ်က ဒီတစ်ပတ် ယှဉ်ပြိုင်ရမယ့် ဆိုစီဒက်နဲ့ လာလီဂါပွဲမှာ ပြန်ကစားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ယမားလ်ဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးပွဲစဉ်(၄)ပွဲကို လွဲချော်ထားရသူဖြစ်ပြီး စက်တင်ဘာလနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ကစားခဲ့တဲ့ လာလီဂါ(၃)ပွဲမှာ (၂)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ယမားလ်ဟာ ပေါင်ခြံဒဏ်ရာ အနည်းငယ်ရှိနေလျက်နဲ့ စပိန်လက်ရွေးစင်အသင်းအတွက် ကစားခဲ့ရခြင်းဖြစ်တာကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လူငယ်ကစားသမားတွေကို ဂရုစိုက်ခြင်းမရှိဘူးလို့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒီအတွက် စပိန်လက်ရွေးစင်နည်းပြ ဒယ်လာဖွန်တေကလည်း ဟန်ဆီဖလစ်ခ်ရဲ့ အမြင်ကို စိတ်မဝင်စားဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ယမားလ်ကတော့ ဒီနေ့ Instagram မှာ ” ဟေး ငါပြန်လာပြီ ” ဆိုတဲ့ စာသားရေးသားကာ ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို အာနယ်ဆလော့ အတည်ပြု

ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အာနယ်ဆလော့ အတည်ပြု လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ကွယ်လွန်သွားတဲ့ တိုက်စစ်ကစားသမား ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အတည်ပြုခဲ့ပါတယ်။ လီဗာပူးလ်အသင်းပိုင်ရှင်တွေဟာ လက်ကျန်စာချုပ်သက်တမ်း နှစ်နှစ်ကို လစာငွေအပြည့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ပေါ်တူဂီကစားသမား ဂျိုတာ(၂၈ နှစ်)ဟာ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားနဲ့အတူ ဇူလိုင်လ ၃ ရက်က စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဇနီးဖြစ်သူ ရူတေကာဒိုဆိုနဲ့အတူ သားသမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။ ဂျိုတာရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၆-၂၇ ရာသီကုန်အထိဖြစ်ပြီး မိသားစုကို လစာအပြည့်ပေးဖို့ အသင်းပိုင်ရှင် Fenway Sports Group က ဆုံးဖြတ်ခဲ့တယ်လို့ ပေါ်တူဂီသတင်းတွေက ဖော်ပြပြီးနောက် အာနယ်ဆလော့က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီက နာကျင်စရာအမာရွတ်တွေ ပျောက်ကင်းဖို နိုင်ပွဲလိုအပ်တယ်လို အာမိုရင်မ် ဝန်ခံ

မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီက နာကျင်စရာအမာရွတ်တွေ ပျောက်ကင်းဖို့ နိုင်ပွဲလိုအပ်တယ်လို့ အာမိုရင်မ် ဝန်ခံ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီက နာကျင်စရာအမာရွတ်တွေ ပျောက်ကင်းဖို့ နိုင်ပွဲလိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် အာမိုရင်မ်က မန်ယူနိုက်တက်ကစားသမားတချို့ဟာ ပြီးခဲ့တဲ့ရာသီ ရိုက်ခတ်မှုဒဏ်ကြောင့် ရုန်းကန်နေရဆဲဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အာမိုရင်မ်လက်ထက်မှာ ပရီးမီးယားလိဂ် နှစ်ပွဲဆက် အနိုင်ရမှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့အပတ်က ချယ်လ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် ယနေ့ကစားမယ့် ဘရန့်ဖို့ဒ်ကွင်းမှာ ဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။ အာမိုရင်မ်ကိုယ်တိုင်လည်း နိုင်ပွဲဆက်တာဟာ ပြီးခဲ့တဲ့ရာသီ ဒဏ်ရာကို ကုစားပေးနိုင်လိမ့်မယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ အမှတ်ပေးပွဲ ထက်ဝက်နီးပါး အရေးနိမ့်ခဲ့ပြီး ရာသီကုန် အဆင့် ၁၅ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။

နည်းပြ ဂရေဟမ်ပေါ်တာကို ဝက်စ်ဟမ်း ရာထူးက ထုတ်ပယ်ခဲ့ပြီး နူနိုဆန်တိုနဲ့ အစားထိုးဖွယ်ရှိ

နည်းပြ ဂရေဟမ်ပေါ်တာကို ဝက်စ်ဟမ်း ရာထူးက ထုတ်ပယ်ခဲ့ပြီး နူနိုဆန်တိုနဲ့ အစားထိုးဖွယ်ရှိ ဝက်စ်ဟမ်းအသင်းဟာ နည်းပြ ဂရေဟမ်ပေါ်တာကို ရာထူးက ထုတ်ပယ်ခဲ့ပြီး နူနိုဆန်တိုနဲ့ အစားထိုးဖို့ နီးစပ်နေပါတယ်။ ပေါ်တာ (၅၀ နှစ်)အနေနဲ့ ဝက်စ်ဟမ်းအသင်းကို ရှစ်လသာ ကိုင်တွယ်ပြီး ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။ ဝက်စ်ဟမ်းအသင်းဟာ အခုရာသီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၉ နေရာ ရောက်နေပြီး ငါးပွဲကစား သုံးမှတ်သာ ရရှိထားပါတယ်။ ဝက်စ်ဟမ်းအသင်းအဖို့ နူနိုဆန်တိုကို တနင်္လာနေ့ ကစားမယ့် အဲဗာတန်နဲ့ပွဲအမီ ခန့်အပ်ဖို့ ရှိနေပါတယ်။ နူနိုဆန်တို (၅၁ နှစ်)နဲ့ ဝက်စ်ဟမ်းဘုတ်အဖွဲ့အကြား ဆွေးနွေးမှုဟာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နူနိုဆန်တိုဟာ နော်တင်ဟမ်အသင်းကို အောင်မြင်မှု ရရှိစေခဲ့ပေမဲ့ အသင်းပိုင်ရှင်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ […]

ကွိင်လ် စနိုက်ဒါ ဒဏ်ရာကြောင့် နုတ်ထွက်၊ UFC ဟဲဗီးဝိတ်ဟောင်း အစားထိုး ဝင်ရောက်

ကွိုင်လ် စနိုက်ဒါ ဒဏ်ရာကြောင့် နုတ်ထွက်၊ UFC ဟဲဗီးဝိတ်ဟောင်း အစားထိုး ဝင်ရောက် Real American Freestyle ပြိုင်ပွဲကြီးရဲ့ ဒုတိယအကြိမ်မြောက်ပွဲစဉ်မှာ နပန်းလောကရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ကွိုင်လ် စနိုက်ဒါ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးနောက်ပိုင်းမှာ ဒဏ်ရာရခဲ့တာကြောင့် ပွဲကနေ နုတ်ထွက်ခဲ့ရတာလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုမျိုး ရုတ်တရက် နုတ်ထွက်သွားတာကြောင့် MMA ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား UFC ဟဲဗီးဝိတ်ဟောင်း၊ လက်ရှိ PFL တိုက်ခိုက်ရေးသမားဖြစ်သူ အလက်ဇန္ဒာ ရိုမာနော့ဗ်က သူ့နေရာကို အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ရိုမာနော့ဗ်ဟာ အရင်တုန်းက UFC မှာ ၇ ပွဲနိုင်၊ ၃ ပွဲရှုံး စံချိန်ရှိခဲ့သူပါ။ ဒီပွဲစဉ်မှာ ကွိုင်လ် စနိုက်ဒါက NCAA ချန်ပီယံနဲ့ […]

ကိုလံဘီယာဆယ်ကျော်သက်ကစားသမား အိုရော့ဇ်ကိုကို မန်ယူအသင်း အကြိုသဘောတူညီမှုရရှိ

ကိုလံဘီယာဆယ်ကျော်သက်ကစားသမား အိုရော့ဇ်ကိုကို မန်ယူအသင်း အကြိုသဘောတူညီမှုရရှိ မန်ယူအသင်းဟာ ကိုလံဘီယာကလပ် ဖော်တာလီဇာအသင်းက ဆယ်ကျော်သက် ကွင်းလယ်ခံစစ်ကစားသမား အိုရော့ဇ်ကိုကို အသက်(၁၈)နှစ်ပြည့်ချိန်မှာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အိုရော့ဇ်ကိုဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ အသက်(၁၇)နှစ်ပြည့်ခဲ့သူဖြစ်ပြီး ကိုလံဘီယာယူ-၁၇ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့သူပါ။ ဒါကြောင့် မန်ယူအသင်းက လာမယ့်နှစ်မှာ ခေါ်ယူမယ့် အကြိုသဘောတူညီချက် ရယူခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ မန်ယူအသင်းရဲ့ ကစားသမားအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အိုရော့ဇ်ကိုဟာ ကိုလံဘီယာရဲ့ တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦး အဖြစ် စောင့်ကြည့်ခံနေရသူဖြစ်ကြောင်းလည်း သိရပါတယ်။ မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်ဟာ လက်ရှိအချိန်မှာ ပြည်ပက လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း သိရပါတယ်။