အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်း ဘီလီဗီဂါ ဦးနှောက်ဒဏ်ရာရရှိပြီး ကွယ်လွန်

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်း ဘီလီဗီဂါ ဦးနှောက်ဒဏ်ရာရရှိပြီး ကွယ်လွန် အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘီလီဗီဂါဟာ ဘောလုံးပွဲ ယှဉ်ပြိုင်ကစားစဉ် ဦးခေါင်းထိခိုက်မိပြီး ဦးနှောက်ဒဏ်ရာရရှိကာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ ဘီလီဗီဂါဟာ အသက်(၁၄)နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို စတင်ရောက်ရှိလာတဲ့ အင်္ဂလန်တိုက်စစ်မှူးဖြစ်ပြီး အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမဲ့ အသင်းကြီးအတွက် ကစားခွင့်မရခဲ့ဘဲ ၂၀၂၃-၂၄ ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲသွားခဲ့တာပါ။ ဘီလီဗီဂါဟာ ပြီးခဲ့တဲ့လက ချီချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့က Wingate and Finchley အသင်းနဲ့ အင်္ဂလန်သတ္တမတန်းအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားစဉ် ကွန်ကရစ်နံရံနဲ့ တိုက်မိပြီး ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အင်္ဂါနေ့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပေမဲ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၂၁)နှစ်သာရှိသေးကြောင်း သိရပါတယ်။ ဘီလီဗီဂါ ကွယ်လွန်ခဲ့ခြင်းအတွက် […]
ငယ်စဉ်က အရက်စွဲခဲ့ဖူးပြီး ဇနီးဖြစ်သူ ကောလင်းသာ မရှိပါက မိမိသေနိုင်ကြောင်း ရွန်နီ ဝန်ခံ

ငယ်စဉ်က အရက်စွဲခဲ့ဖူးပြီး ဇနီးဖြစ်သူ ကောလင်းသာ မရှိပါက မိမိသေနိုင်ကြောင်း ရွန်နီ ဝန်ခံ မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက ငယ်စဉ်ဘဝမှာ အရက်စွဲခဲ့ဖူးပြီး ဇနီးဖြစ်သူ ကောလင်းသာ မရှိရင် မိမိသေနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ရွန်နီက မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ ပြုလုပ်တဲ့ ”Rio Ferdinand Presents” Podcast အစီအစဉ်မှာ ငယ်စဉ်ဘဝအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခြင်းဖြစ်ပါတယ်။ ”သူသာ မရှိရင် ကျွန်တော်သေလိမ့်မယ်ဆိုတာ ရိုးသားစွာ ယုံကြည်ပါတယ်။ ကျွန်တော် အရင်တုန်းက အမှားတွေလုပ်ခဲ့ဖူးတယ်။ အဲဒါတွေကို သေချာမှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေမှာ ကျွန်တော်က နည်းနည်းတော့ ကွဲပြားမှုရှိပါတယ်။ သူက ကျွန်တော့်ကို ထိန်းကျောင်းပေးခဲ့တာပါ။ အသက် ၂၀ အရွယ်မှာ […]
ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို မာရက်စကာ ပြောကြား

ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို့ မာရက်စကာ ပြောကြား ချယ်လ်ဆီးနည်းပြ မာရက်စကာက အင်္ဂလန်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာကို နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပါလ်မာဟာ လက်ရှိအချိန်မှာ ပေါင်ခြံဒဏ်ရာရရှိနေပြီး ပိုမိုဆိုးရွားမသွားစေဖို့နဲ့ အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်အလွန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့အတွက် မာရက်စကာက အခုလိုဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ”ကိုးလ်ရဲ့ဒဏ်ရာ ပိုဆိုးရွားမသွားအောင် နည်းနည်းလောက်ကာကွယ်ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ။ သူ့ကို ရာနှုန်းပြည့်ကြံ့ခိုင်မှုနဲ့ ပြန်တွေ့ရဖို့ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးသွားမှာပါ” လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ပါလ်မာအနေနဲ့ လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်သလို၊ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲ၊ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုလည်း လွဲချော်ရမယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေပြီး […]
Dillon Danis နှင့် Eddie Hall တို၏ ထိုးသတ်ပွဲ ဖြစ်မြောက်နိုင်ခြေရှိဟု သတင်းထွက်ပေါ်

ကမ္ဘာ့အသန်မာဆုံးလူသားဟောင်း အက်ဒီဟော (Eddie Hall) နဲ့ MMA တိုက်ခိုက်ရေးသမား ဒေလွန်ဒန်းနစ် (Dillon Danis) တိုဟာ သူတိုနှစ်ဦး တိုက်ခိုက်ကြမယ့်ပွဲ ဖြစ်မြောက်ရေးအတွက် လူမှုကွန်ရက်စာမျက်နှာတွေကနေ အရိပ်အမြွက် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပွဲဖြစ်မြောက်ဖို သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပွဲကျင်းပမယ့်ရက်၊ နေရာနဲ့ စီစဉ်မယ့်အဖွဲအစည်းတွေကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ဟောက မကြာမီကာလမှာ ဒန်းနစ်နဲ့ ထိုးသတ်ဖွယ်ရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်ရေးသမားနှစ်ဦးဟာ အရင်ကလည်း ထိုးသတ်ဖို စိတ်ဝင်စားကြောင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ၆ ပေ ၂ လက်မ အရပ်နဲ့ ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်ရှိတဲ့ ဟောဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက KSW ပြိုင်ပွဲမှာ […]
ချစ်ခြင်းမေတ္တာ တကယ်ရှိသေးကြောင်းသက်သေပြတဲ့ ဒမ်ဘီလီတိုသူငယ်ချင်းနှစ်ယောက်

မိတ်ဆွေသူငယ်ချင်းဆိုတာ အေးအတူပူအမျှမရှိအတူ ရှိအတူဆက်ဆံရေးမျိုးထားရှိရတယ်။ပျော်စရာကြုံတဲ့အခါ အတူရယ်မောပြီးငိုစရာကြုံတဲ့အခါ အတူဆွေးမြေ့ကြတယ်။ ပူပူနွေးနွေးBallon d’or ပိုင်ရှင် ဒမ်ဘီလီမှာလည်းအတူရယ်မော၊အတူဆွေးမြေ့ပေးမယ့်နှလုံးသားချင်းဂျက်ပင်ထိုးထားတဲ့မိတ်ဆွေတစ်ဉီးရှိပါတယ်။ သူ့နာမည်က ဒီယက်တာပါ။ဒမ်ဘီလီကို လဲကျချိန်တိုင်းနှစ်သိမ့်ပေးခဲ့သူဒီယက်တာပါ။ဒဏ်ရာတောထဲကနေ ဒမ်ဘီလီလဲကျပြီးနာလံမထူနိုင်ချိန်၊ လူတကာရဲ့တံတွေးခွက်ထဲဆေးရုံအုပ်ကြီးအဖြစ် ဝေဖန်ခံနေရချိန်မှာ ဒီယက်တာက မေတ္တာမပျက်ခဲ့ဘူး။ မိသားစုဝင်တစ်ဉီးထက်ပိုတဲ့မေတ္တာကို ဒီယက်တာက ဒမ်ဘီလီအတွက်ပေးခဲ့တာပါ။ချစ်ခြင်းနဲ့ ယုံကြည်မှုရစ်နွယ်ထားတဲ့ ငယ်သူငယ်ချင်းနှစ်ဦးကBallon d’or ဆုပေးပွဲမှာ မျက်ရည်ပြဇာတ်ကို အပြိုင်တင်ဆက်ခဲ့တယ်။ Ballon d’Or ဆုကိုလက်ခံရယူချိန်မှာ ဒမ်ဘီလီက သူငယ်ချင်းဒီယက်တာကို မမေ့မလျော့တခုတ်တရချီးကျူးခဲ့တယ်။ဒမ်ဘီလီက ချီးကျုးချိန်မှာ ဒီယက်တာတစ်ယောက်စင်အောက်မှာကြည်နူးမျက်ရည်တွေကျဆင်းနေခဲ့ပါတယ်။ ဒမ်ဘီလီက ”ငါ့ဘေးမှာမင်းရှိချိန်တိုင်းဘဝက အဓိပ္ပါယ်ပိုရှိလာတယ်” လိုပြောခဲ့ပါတယ်။သူတိုရဲ့ချစ်ခြင်းဟာ စကားလုံးထက် ပိုမိုနက်နဲခဲ့တယ်။ အချစ်ဆုံးသူငယ်ချင်းဆိုတာ အနာဂတ်ကို အတူတူအိပ်မက်မက်သူတွေမဟုတ်လား။ ဒမ်ဘီလီနဲ့ ဒီယက်တာဟာEvreux မြိုက La Madeleine အိမ်ရာစီမံကိန်းမှာ အတူတူကြီးပြင်းလာခဲ့ပါတယ်။ ဒမ်ဘီလီက ငါးထပ်မှာနေပြီး ဒီယက်တာက တစ်ထပ်မှာနေပါတယ်။ဘောလုံးသမားဘဝအိပ်မက်ကိုလည်းအတူတူမက်ခဲ့ကြတာပါ။ LM […]
ယမားလ် Ballon d’Or ဆုမရတာ အသက်အရွယ်ကြောင့်လို လာလီဂါဥက္ကဋ္ဌ တီဘက်စ် ပြောကြား

လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ဘာစီလိုနာကစားသမား ယမားလ်အနေနဲ့ Ballon d’Or ဆု မရတာဟာ အသက်အရွယ်ကြောင့်ဖြစ်တယ်လို သုံးသပ်ပြောကြားခဲ့ပါတယ်။ ယမားလ်ဟာ ၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုရွေးချယ်ရာမှာ အဆင့်(၈)နေရာရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုရွေးချယ်ရာမှာတော့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့ ယမားလ်ဟာ အဲဒီ(၂)နှစ်စလုံး အသက်(၂၁)နှစ်အောက် လူငယ်ကစားသမားတွေကိုသာ ချီးမြှင့်တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa Trophy)ကိုသာ ရရှိခဲ့ပါတယ်။ ဒါကြောင့် တီဘက်စ်က ”သူ(ယမားလ်)သာ အသက်(၂၃)နှစ်အထက် ကစားသမားဆိုရင် Ballon d’Or ဆုကို ရရှိနေပါပြီ။ သူ ဒီထက် ငယ်စဉ်ကတည်းက သူတိုက တခြားတစ်ခု (Kopa Trophy)ကိုပဲ ပေးခဲ့ပါတယ်လို ပြောကြားခဲ့ပါတယ်။ တီဘက်စ်က ယမားလ်အနေနဲ့ လက်ရှိခြေအဆင့်အတန်းအတိုင်း […]
ဘရန့်ဖိုဒ်နဲ့ပွဲမှာ ဒီရာသီရဲ့တတိယဝတ်စုံကို မန်ယူအသင်း ပထမဆုံးအကြိမ် ဝတ်ဆင်ကစားမယ်

မန်ယူအသင်းဟာ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖိုဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီရဲ့ တတိယဝတ်စုံကို ပထမဆုံးအကြိမ်အဖြစ် ဝတ်ဆင်ကစားမယ်လို သိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ ၂၀၂၅-၂၆ ရာသီမှာ အိမ်ကွင်းဝတ်စုံကို အနီရောင်၊ အဝေးကွင်းဝတ်စုံကို အဖြူရောင်၊ တတိယဝတ်စုံကို အနက်ရောင်အဖြစ် ထုတ်လုပ်ထားပါတယ်။ မန်ယူအသင်းအနေနဲ့ အဖြူရောင်အဝေးကွင်းဝတ်စုံကို ရာသီကြိုကာလမှာသာ ဝတ်ဆင်ခဲ့ပြီး ဒီရာသီ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲနဲ့ လိဂ်ဖလား(၁)ပွဲမှာ အနီရောင် အိမ်ကွင်းဝတ်စုံနဲ့သာ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းရဲ့ ဒီရာသီ တတိယဝတ်စုံဟာ ၁၉၉၃ ကနေ ၁၉၉၅ ခုနှစ်အတွင်း ဝတ်ဆင်ခဲ့တဲ့ အဝေးကွင်းဝတ်စုံကို ပြန်လည်ဆန်းသစ်ဖန်တီးထားတာဖြစ်ပြီး အဲဒီတုန်းက ၁၉၉၃-၉၄ ရာသီမှာ ပရီးမီးယားလိဂ်နဲ့ FA ဖလားနှစ်လုံး ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ဘရန့်ဖိုဒ်နဲ့ပွဲမှာ ဘောင်းဘီနဲ့ […]
ချာလီစ် အိုလီဗီရာဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် UFC Rio ပြိုင်ပွဲရဲ့ ပင်မပွဲစဉ်မှာ Rafael Fiziev ရဲ့နေရာကို အစားထိုးမယ့် Mateusz Gamrot နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

ချာလီစ် အိုလီဗီရာဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် UFC Rio ပြိုင်ပွဲရဲ့ ပင်မပွဲစဉ်မှာ Rafael Fiziev ရဲ့နေရာကို အစားထိုးမယ့် Mateusz Gamrot နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ “ပြိုင်ဘက်ကတော့ Mateusz Gamrot ပါ။” လို့ အိုလီဗီရာက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ “သူက ကျွန်တော်တို့နဲ့ အပြင်းအထန်တိုက်ပွဲဝင်မယ့်သူပါ။ ကျန်တဲ့သူတွေကတော့ စကားပဲပြောပြီး အချိန်ဆွဲချင်ကြတယ်။ ဒါကတော့ ပွဲရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ Mateusz Gamrot ရေ၊ ပွဲလက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဖြစ်လာမှာပါ။ ခြင်္သေ့က ဆာနေပြီ။ ကျွန်တော့်မှာ စိတ်ဆန္ဒတွေ အပြည့်ရှိတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှာ တွေ့မယ်။” အိုလီဗီရာရဲ့ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ Rafael Fiziev […]
အက်ကီတီကီရဲ့အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို အာနယ်ဆလော့ ပြစ်တင်

အက်ကီတီကီရဲ့အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို့ အာနယ်ဆလော့ ပြစ်တင် လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဆောက်သမ်တန်နဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး အက်ကီတီကီရဲ့ အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။ အက်ကီတီကီဟာ အဲဒီပွဲမှာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရပြီး ပွဲချိန်(၈၅)မိနစ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးတဲ့နောက် အကျင်္ီချွတ်ပြီး အောင်ပွဲခံခဲ့တာကြောင့် ဒုတိယအဝါကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။ ”ပထမတစ်ခုက မလိုအပ်တဲ့လုပ်ရပ်ကြောင့်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ မိုက်မဲတဲ့လုပ်ရပ်ပါ။ တစ်ဖက်နောက်ခံလူက ဘာမှလုပ်မရအောင် တားဆီးထားနိုင်ချိန်မှာ No.9 တစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီလိုအနေအထားမှာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တာဆိုရင်တော့ သူ ဒီလိုလုပ်တာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်” လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။ အက်ကီတီကီဟာ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမယ့် […]
ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို ဆွေးနွေးနေ

ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေ အင်္ဂလန်ဘောလုံးလိဂ်(EFL) ဘုတ်အဖွဲ့ဟာ ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ လက်ရှိပုံစံကတော့ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးရပ်တည်မှုရရှိတဲ့နှစ်သင်း ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရရှိပြီး အဆင့်(၃)နေရာကနေ အဆင့်(၆)နေရာအထိ ရပ်တည်တဲ့ အသင်း(၄)သင်းက Play-offs ယှဉ်ပြိုင်ကစားပြီးမှ ဗိုလ်စွဲတဲ့အသင်း တန်းတက်ခွင့်ရတာဖြစ်ပါတယ်။ အခု EFL ရဲ့ ဘုတ်အဖွဲ့က အဆင့်(၃)ကနေ အဆင့်(၈)နေရာရရှိတဲ့အသင်းအထိ စုစုပေါင်း အသင်း(၆)သင်းကို Play-offs ယှဉ်ပြိုင်ကစားစေဖို့ ဆွေးနွေးနေခြင်းဖြစ်ပြီး ဒီရာသီမှာတော့ အရင်ပုံစံအတိုင်း အဆင့်(၃)ကနေ အဆင့်(၆)အထိသာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။ ဒါ့အပြင် EFL ဘုတ်အဖွဲ့ရဲ့ ဆွေးနွေးမှုက အောင်မြင်ခဲ့ရင်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နဲ့ ပရီးမီးယားလိဂ်ရဲ့ သဘောတူညီချက် […]