အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား မာဒူအေကေဟာ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ မာဒူအေကေဟာ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ အစောပိုင်းမှာ ACL ဒဏ်ရာဖြစ်မှာကို အာဆင်နယ်အသင်း စိုးရိမ်ပူပန်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ (၆)ပတ်ကနေ (၈)ပတ်ဝန်းကျင်သာ အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။ အာဆင်နယ်နည်းပြ အာတီတာကတော့ မာဒူအေကေအနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူမှာဖြစ်ကြောင်းနဲ့ နောက်တစ်ပတ် စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ပြီးမှသာ အတိအကျသိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကစားသမား မာဒူအေကေဟာ ဒီနွေမှာမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အစောပိုင်းမှာ အာဆင်နယ်ပရိသတ်တွေက မလိုလားခဲ့ကြပေမဲ့ ရာသီစတင်ချိန်မှာ အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဂျိတ်ပေါလ်နဲ့ တန့်ဒေးဗစ်တို ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့

ဂျိတ်ပေါလ်နဲ့ တန့်ဒေးဗစ်တို့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ Jake Paul နဲ့ Gervonta “Tank” Davis တို့ရဲ့ ထိုးသတ်ပွဲမတိုင်ခင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုမှာ ဂျိတ်ပေါလ်က တန့်ဒေးဗစ်ထက် အများကြီးသာနေတာကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ Netflix ပွဲမတိုင်ခင် သူတို့နှစ်ယောက်ဟာ စင်ပေါ်မှာ စကားတွေ အချေအတင်ပြောခဲ့ကြပြီးနောက် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ ဂျိတ်ပေါလ်က တန့်ဒေးဗစ်ထက် ၈ လက်မလောက် ပိုမြင့်တဲ့အတွက် မျက်နှာချင်းဆိုင်ထက် ရင်ဘတ်ချင်းဆိုင်တယ်လို့တောင် ပြောရမလို ဖြစ်နေပါတယ်။ ဒေးဗစ်ရဲ့ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ကိုယ်အလေးချိန်က ၁၃၅ ပေါင်ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင်မှာ Most Valuable Promotions ရဲ့ CEO ဖြစ်သူ Nakisa Bidarian က မိုင်ယာမီမှာ […]

ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ မိန်နူး ထွက်ခွာဖွယ်ရှိတယ်လို ဖီးလ်ဂျုံးစ် သုံးသပ်

ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ မိန်နူး ထွက်ခွာဖွယ်ရှိတယ်လို့ ဖီးလ်ဂျုံးစ် သုံးသပ် မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖီးလ်ဂျုံးစ်က အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ မိန်နူး(၂၀ နှစ်)ဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမဲ့ အသင်းမှာ အနာဂတ်မရေမရာဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အငှားနဲ့ ကမ်းလှမ်းမှုတွေကို မန်ယူအသင်းက ငြင်းဆန်ခဲ့ပေမဲ့ ကစားသမားသစ်ခေါ်ယူရာမှာ မိန်နူူးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ မန်ယူအသင်းက ရီးယဲလ်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေရာမှာ ပေါင်(၄၄)သန်းနဲ့ မိန်နူးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ”အချိန်က စကားပြောမှာပါ။ သူက အသင်းမှာ ပွဲကစားချိန်များများစားစားမရဘူးဆိုရင် အငှားနဲ့ ထွက်ကစားဖို့ ကြိုးစားမှာ သေချာပါတယ်” […]

ဘန်ဇီမာကို ဘင်ဖီကာအသင်းဆီ ခေါ်ယူဖို မော်ရင်ဟို ဆန္ဒရှိနေ

ဘန်ဇီမာကို ဘင်ဖီကာအသင်းဆီ ခေါ်ယူဖို့ မော်ရင်ဟို ဆန္ဒရှိနေ ဘင်ဖီကာအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို အင်အားတောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်ဖို့ ရည်ရွယ်ရာမှာ အတွေ့အကြုံရင့်ကျက်တဲ့ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဒါကြောင့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ ကစားနေပြီး လာမယ့် ဒီဇင်ဘာမှာ အသက်(၃၈)နှစ်ပြည့်မယ့် ဘန်ဇီမာကို ခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘန်ဇီမာဟာ မော်ရင်ဟိုနဲ့ ရီးယဲလ်အသင်းမှာ လက်တွဲခဲ့ဖူးပြီး အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ ဒါပေမဲ့ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ လစာအများဆုံးရနေသူဖြစ်ပြီး တစ်ပတ်ပေါင်(၁.၆)သန်းဝန်းကျင်ရရှိနေသူဖြစ်တာကြောင့် စာချုပ်သက်တမ်းမကုန်ခင် တခြားအသင်းကို ပြောင်းရွှေ့ဖို့ အလားအလာနည်းပါးကြောင်း သိရပါတယ်။

၂၀၂၅ Ballon d’Or ဆုပေးပွဲ အနှစ်ချုပ်

၂၀၂၅ Ballon d’Or ဆုပေးပွဲ အနှစ်ချုပ် Ballon d’Or – အူစမန်ဒမ်ဘီလီ (ပြင်သစ်/PSG)Ballon d’Or Fminin – ဘွန်မာတီ (စပိန်/ဘာစီလိုနာ)Men’s Kopa Trophy – ယမားလ် (စပိန်/ဘာစီလိုနာ)Women’s Kopa Trophy – ဗစ်ကီလိုပက်ဇ် (စပိန်/ဘာစီလိုနာ)Men’s Yashin Trophy – ဒွန်နာရမ်မာ (အီတလီ/PSG)Women’s Yashin Trophy – ဟမ်နာဟမ်တန် (အင်္ဂလန်/ချယ်လ်ဆီး)Gerd Mller Trophy(Men) – ယိုကယ်ရက်စ် (ဆွီဒင်/အာဆင်နယ်)Gerd Mller Trophy(Women) – အီဝါပါယော (ပိုလန်/ဘာစီလိုနာ)Scrates Award – အန်နရီကေး(စပိန်/PSG)Men’s Club of the Year – PSGWomen’s Club […]

ဆွန်ယန်ဒေါင်နဲ့ ထိုးသတ်ဖို အသင့်ရှိနေတဲ့ ရှောင်အိုမေလီ

ဆွန်ယန်ဒေါင်နဲ့ ထိုးသတ်ဖို့ အသင့်ရှိနေတဲ့ ရှောင်အိုမေလီ လက်ရှိ ဗန်တမ်ဝိတ်တန်းကနေ ဝေးကွာနေပေမဲ့လည်း ယခု သတင်းများ ထွက်ပေါ်နေတဲ့ ဆွန်ယန်ဒေါင် (Song Yadong) နဲ့ ထိုးသတ်ဖို့ ရှောင်အိုမေလီ (Sean O’Malley) က အသင့်ရှိနေပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဗန်တမ်ဝိတ်တန်း ချန်ပီယံဟောင်း ရှောင်အိုမေလီက UFC 316 မှာ မီရက်ဘ် ဒါဗာလီရွှီလီ (Merab Dvalishvili) နဲ့ ထပ်မံရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အိုမေလီအတွက်တော့ ဒီတစ်ကြိမ်မှာ ပိုပြီး အခြေအနေဆိုးခဲ့ပါတယ်။ မီရက်ဘ်က သူ့ကို တတိယအချီမှာ လက်ရုံးနဲ့ဖမ်းချုပ်ပြီး အနိုင်ယူခဲ့တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက အဆုံးသတ်သွားခဲ့ပါတယ်။ မီရက်ဘ်ကို ရှုံးနိမ့်ပြီးနောက် ဗန်တမ်ဝိတ်တန်း ချန်ပီယံလုပွဲကနေ အိုမေလီဟာ ဝေးကွာသွားခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဘက်အဖြစ် သတင်းထွက်နေတဲ့သူတွေထဲမှာ ဆွန်ယန်ဒေါင်က […]

အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်က ခြားနားသွားခဲ့ပြီလို အက်ဒီဟောင်း ပြောကြား

အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်က ခြားနားသွားခဲ့ပြီလို့ အက်ဒီဟောင်း ပြောကြား နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အသင်းမှာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့ တိုက်စစ်ကစားပုံက ခြားနားသွားခဲ့ပြီလို့ ဘုန်းမောက်အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်(၃)ပွဲဆက် ဂိုးမပေးရတဲ့ Clean Sheet ရလဒ်တွေ ရရှိခဲ့ပေမဲ့ (၃)ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ဘဲ (၀-၀)ရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။ ဒါကြောင့် အက်ဒီဟောင်းက တိုက်စစ်မှူး အီဆက်ခ် မရှိတော့ခြင်းရဲ့ အကျိုးသက်ရောက်မှုလို့ ပြောကြားခဲ့တာဖြစ်ပြီး တခြားကစားသမားတွေအနေနဲ့ ဒီကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြရမယ်လို့လည်း ဆိုခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့ရတာကြောင့် ဘရန့်ဖို့ဒ်က ဝစ်ဆာနဲ့ စတုဂတ်က ဗော်တာမေဒီတို့ကို ခေါ်ယူအစားထိုးခဲ့ပေမဲ့ ဝစ်ဆာက ဒဏ်ရာရနေသလို၊ ဗော်တာမေဒီကလည်း အသင်းဖော်တွေနဲ့ […]

ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို မာတင်နယ်လီ ပြောကြား

ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို့ မာတင်နယ်လီ ပြောကြား အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီက အရန်ကစားသမားအဖြစ် ရပ်တည်လိုခြင်းမရှိဘဲ ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို့ မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ မာတင်နယ်လီဟာ မန်စီးတီးအသင်းနဲ့ (၁-၁)ဂိုး သရေကျတဲ့ပွဲမှာ ပွဲချိန်မိနစ်(၈၀)ရောက်မှ လူစားဝင်ကစားခွင့်ရခဲ့ပြီး (၉၀+၃)မိနစ်မှာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ မာတင်နယ်လီဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမဲ့ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။ ”ပွဲထွက်စာရင်းမှာ ကျွန်တော် မပါခဲ့ပါဘူး။ နည်းပြက သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးလုပ်ဆောင်ပြီး အသင်းကို ကူညီဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော် အရန်ခုံမှာ မရှိချင်ပါဘူး။ ပွဲတိုင်းမှာ မိနစ်(၉၀)စလုံး ကစားချင်တာပါ။ ဒါပေမဲ့ သူ(အာတေတာ)က အကြီးအကဲဖြစ်ပြီး သူ့ကို အားလုံး […]

ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာ အဓိကကစားသမား(၅)ဦးကို အနားပေးမယ်လို အာနယ်ဆလော့ အတည်ပြု

လီဗာပူးလ်အသင်းရဲ့နည်းပြ အာနယ်ဆလော့က ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာ အဓိကကစားသမား(၅)ဦးကို အနားပေးမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လိဂ်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းနဲ့ မနက်ဖြန်ညမှာ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲစလုံး အနိုင်ရရှိထားသလို၊ ချန်ပီယံလိဂ်မှာလည်း အနိုင်ရရှိထားတာကြောင့် ပွဲတိုင်းရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းဖြစ်ပါတယ်။ အာနယ်ဆလော့က လိဂ်ဖလားပွဲဟာ ကစားသမားတွေကို အလှည့်ကျအသုံးပြုရမယ့် အချိန်ဖြစ်ပြီး ဗန်ဒိုက်၊ ကိုနာတေး၊ ဆာလာ၊ ဂရာဗန်ဘတ်ချ်နဲ့ ဆိုဘိုဆလိုင်းတို့ကို ဆောက်သမ်တန်နဲ့ပွဲမှာ အနားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲသုံးခုစလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ပါတယ်။

ရှောင်အိုမာလီက ဆောင်းယာဒေါင်းနဲ့ ထိုးသတ်ဖို ကြိုဆိုလိုက်ပြီး ‘ဒီပွဲစဉ်ကို ကျွန်တော်အရမ်းကြိုက်တယ်’ လို ပြော

ရှောင်အိုမာလီက ဆောင်းယာဒေါင်းနဲ့ ထိုးသတ်ဖို အသင့်ရှိနေပါတယ်။ဒီနှစ်အစောပိုင်းမှာတော့ ဘဲန်တန်ဝိတ်ချန်ပီယံဟောင်း အိုမာလီဟာ UFC 316 ပြိုင်ပွဲမှာ မီရက်ဒ် ဒ်ဗါလီရှ်ဗီလီနဲ့ ထိုးသတ်ပြီး ချန်ပီယံဆုကို ပြန်လည်ရယူဖို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အိုမာလီအတွက် ဒီတစ်ကြိမ်မှာ ပိုပြီး အခြေအနေဆိုးသွားခဲ့ပြီး ဒ်ဗါလီရှ်ဗီလီက တတိယအချီမှာပဲ အိုမာလီကို အနိုင်ယူလိုက်တာကြောင့် သူတိုနှစ်ဦးရဲ့ ပြိုင်ဆိုင်မှုက အပြီးတိုင် ပြီးဆုံးသွားခဲ့ပါတယ်။ အိုမာလီဟာ အခုဆိုရင် ဘဲန်တန်ဝိတ် ချန်ပီယံဆု လမ်းကြောင်းကနေ အတော်လေး ဝေးကွာနေပါပြီ။ သူ့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ပြိုင်ဘက်အချို ပေါ်ပေါက်လာခဲ့ပေမဲ့ “သကြားလုံး” လို လူသိများတဲ့ အိုမာလီရဲ့ စိတ်ဝင်စားမှုကို ဆောင်းယာဒေါင်းက ရရှိခဲ့ပုံရပါတယ်။“လူတိုင်းက ဆောင်းယာဒေါင်းနဲ့ သကြားလုံးတို ဒီဇင်ဘာ ၆ ရက်နေ့မှာ ထိုးမယ်ဆိုပြီး စာတွေ၊ ရုပ်ပုံတွေ ကျွန်တော့်ဆီ […]