ဘွန်ဒစ်လီဂါသမိုင်းမှာ ပထမဆုံး ပယ်နယ်တီ ၁၇ လုံးကို ရာနှုန်းပြည့်ဂိုးသွင်းနိုင်သူအဖြစ် ဟာရီကိန်း မှတ်တမ်းသစ်ရေးထိုး

ုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဟော်ဖန်ဟင်မ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီနှစ်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်ဘွန်ဒစ်လီဂါသမိုင်းမှာ ပထမဆုံး ပယ်နယ်တီ ၁၇ လုံးကို ရာနှုန်းပြည့်ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ ဟန်းယော်ကင်းအာဘယ်လ် တင်ရှိထားတဲ့ ပထမဆုံး ပယ်နယ်တီ ၁၆ ကြိမ်စလုံး ဂိုးသွင်းနိုင်သူမှတ်တမ်းကို ဟာရီကိန်းက ကျော်ဖြတ်ခဲ့တာပါ။ အာဘယ်ဟာ ဒီပယ်နယ်တီ ၁၆ လုံးအတွက် ကိုးရာသီ အချိန်ယူခဲ့ရပြီး ဟာရီကိန်းကတော့ သုံးရာသီအတွင်း မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ ဟာရီကိန်းအနေနဲ့ အခုရာသီ ဘွန်ဒစ်လီဂါ လေးပွဲမှာ ဒုတိယမြောက်ဟက်ထရစ် သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် အခုရာသီ လိဂ်ဂိုး ရှစ်ဂိုးအပါအဝင်ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူခဲ့တာဖြစ်တယ်။ ၎င်းဟာ ဘိုင်ယန်အသင်းကို ရောက်လာကတည်းက ဟက်ထရစ် ကိုးကြိမ်အထိ ရှိလာခဲ့ပါတယ်။
မှတ်တမ်းကောင်းနှစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို အာမိုရင်မ် ချီးကျူး

မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်ကချယ်လ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မှတ်တမ်းကောင်းနှစ်ခု ပိုင်ဆိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အခုပွဲမှာ အသင်းအတွက်ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် တစ်ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲစုံ ဂိုး ၁၀၀ လည်း ပြည့်ခဲ့ပါတယ်။ ”ချီးကျူးမှုအားလုံးနဲ့ သူထိုက်တန်ပါတယ်။ အရေးကြီးဆုံးအရာက အသင်းသားတွေအပေါ် သူ လွှမ်းမိုးနိုင်မှုရှိတာပါပဲ။ တစ်ခါတစ်ရံတော့ ပွဲတိုင်းမှာ အဓိကလူအဖြစ် သူဟာ အကောင်းဆုံးအနေအထား မရှိခဲ့ပါဘူး။ ဒါပေမဲ့ အရေးကြီးဆုံးအချက်က အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ လုပ်နိုင်တဲ့အနေအထားတိုင်းမှာ အသင်းကိုပိုကောင်းအောင်ကူညီဖို အကောင်းဆုံးဖြစ်နေရပါမယ်။ သူဟာ ပိုကောင်းအောင် ကစားနိုင်တယ်လို ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ကျွန်တော်တိုအသင်းမှာ ရှိတဲ့သူတိုင်း ပိုကောင်းအောင် ကစားရပါမယ်”လို အာမိုရင်မ်က ပြောခဲ့ပါတယ်။ […]
စီရော်နယ်လ်ဒို ကစားသမားဘ၀ သွင်းဂိုးပေါင်း ၉၄၅ ဂိုးရှိလာ

အယ်လ်နာဆာအသင်းက ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်ရီယာ့ဒ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးထပ်သွင်းပြီး ကစားသမားဘ၀ သွင်းဂိုးပေါင်း ၉၄၅ ဂိုး ရှိလာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ဂိုး ၁၀၀၀ ပစ်မှတ်အတွက် ၅၅ ဂိုးသာလိုတော့တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ ၎င်းဟာ အခုရာသီ ဆော်ဒီလိဂ် သုံးပွဲကစားရာမှာ သုံးဂိုး သွင်းယူထားတာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်းအယ်လ်နာဆာနဲ့ ပေါ်တူဂီအသင်းအတွက် ၂၉ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ၎င်းက သုံးပွဲကစား သုံးပွဲ အနိုင်ရခဲ့ပေမဲ့ အခုထက် ပိုအလိုရှိတယ်လို သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အယ်လ်နာဆာအသင်းအတွက် အခြားဂိုးသုံးဂိုးကို ဂျော်အိုဖေးလစ်က နှစ်ဂိုး၊ ကိုးမန်းက တစ်ဂိုးသွင်းခဲ့ပါတယ်။ ဂျော်အိုဖေးလစ်ဟာ အခုရာသီ လိဂ်ပွဲ သုံးပွဲမှာငါးဂိုးအထိ သွင်းယူထားပါတယ်။
Sir Alex Ferguson “ဖာဂူဆန်” ဟာ ဒီနှစ် ဒီဇင်ဘာမှာ ၈၄ နှစ်ပြည့်မှာဖြစ်ပါတယ်

Sir Alex Ferguson “ဖာဂူဆန်” ဟာ ဒီနှစ် ဒီဇင်ဘာမှာ ၈၄ နှစ်ပြည့်မှာဖြစ်ပြီး 🗣️ “တစ်ခါတစ်လေမှာ အမှတ်တရတွေ ကိုမေ့သွားတဲ့အခိုက်အတန့်တွေ ရှိပါတယ်၊ ဒါပေမယ့် ဘောလုံးနဲ့ပတ်သက်လာရင်၊ မန်နေဂျာတစ်ယောက်ဖြစ်ခဲ့တုန်းက ကျွန်တော့်ရဲ့မှတ်ဉာဏ်က အမြဲတမ်း အရေးကြီးပါတယ်။ ဒါဟာ မမေ့ပျောက်ချင်တဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ဒါဟာပုံမှန်ပါပဲ။” “လွန်ခဲ့တဲ့ အနှစ် 20 တုန်းကလည်း ဒီလိုပဲ တွေးခဲ့မယ်လိုပဲ ထင်ပါတယ်…”ဆိုပြီးလွမ်းစရာကောင်းအောင် ပြောကြားခဲ့ပါတယ် မန်ယူအသင်းရဲ့ ဂန္ဓဝင်နည်းပြကြီးကိုမန်ယူဖန်တိုင်းက အမြဲတမ်း သတိရနေမှာကတော့ မလွဲဧကန်ပင် ဖြစ်ပါတယ်
မန်စီတီး ရဲ့ ဂိုးပေါက်ကတော့ လုံးဝကို လုံခြုံစိတ်ချရတဲ့ အနေထားမှာရှိနေပြီ

မန်စီတီး ရဲ့ ဂိုးပေါက်ကတော့ လုံးဝကို လုံခြုံစိတ်ချရတဲ့ အနေထားမှာရှိနေပါပြီ… Gianluigi Donnarumma က ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးအတွက် ကောင်းမွန်တဲ့နိုင်ပွဲ ရလဒ်တွေကို ဖော်ဆောင်ပေးထားပါတယ်။ 2 ပွဲစလုံးမှာ clean-sheet ရခဲ့တာပါ။သူ့အတွက် ယူရို 30 သန်း / ယူရို 35 သန်းက နည်းတောင်နည်းတဲ့ ပမာဏပါပဲ။ ပက်ဂွာဒီယိုလာကတော့ သူဟာ ကလပ်အတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အသင်းက သူ့ကို အမှန်တကယ်အလိုရှိခဲ့တာပါဆိုပြီး ပြောကြားခဲ့ပါတယ်။
BREAKING: Lamine Yamal ဟာ ဒဏ်ရာကြောင့် ဂီတာဖေးနဲ့ ပွဲစဉ်ကို လွဲချော်

Lamine Yamal ဟာ ဒဏ်ရာကြောင့် ဂီတာဖေးနဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပြီး Ballon d’Or ပွဲအတွက် ပဲရစ်ကို ခရီးထွက်ခဲ့ပါတယ်။ နည်းပြ Hansi Flick က Lamine ဟာ မနက်ဖြန်ပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ Barça ကိုယ်စားလှယ်အဖွဲသည် ၎င်းတို၏အဖွဲဝင်များအား ဖိတ်ကြားပြီးနောက် တနင်္လာနေ့တွင် ပဲရစ်၌ ပြုလုပ်မည့် Ballon d’Or အတွက် ပဲရစ်ကိုထွက်ခွာမှာ ဖြစ်ပါတယ်။ ထပ်မံ၍ Barça ဝန်ထမ်းများသည် ဒဏ်ရာကြောင့် မကစားနိုင်သေးသော Gavi ၏ ခွဲစိတ်မှုနှင့်ပတ်သက်၍ လာမည့်အပတ်တွင် ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
ကက်စီမီရိုကို ခေါ်ယူဖို အယ်လ်နာဆာအသင်း ပစ်မှတ်ထားနေ

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ မန်ယူအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို ခေါ်ယူဖို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ကက်စီမီရို(၃၃ နှစ်)ဟာ ၂၀၂၆ နွေရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးဖို အလားအလာနည်းပါးနေကြောင်း သိရပါတယ်။ ဒါကြောင့် အယ်လ်နာဆာအသင်းက ခေါ်ယူဖို ပစ်မှတ်ထားနေတာဖြစ်ပြီး ကက်စီမီရိုသာ ဆန္ဒရှိရင် ငွေကြေးများစွာ အသုံးပြုဖို အသင့်ရှိနေကြောင်း သိရပါတယ်။ မန်ယူအသင်းကလည်း ကက်စီမီရိုကို သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထားမလား၊ သက်တမ်းကုန်ချိန်မှာ လမ်းခွဲမလားဆိုတာ ဆုံးဖြတ်ရမယ့် အခြေအနေဖြစ်နေကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းကွင်းလယ်ကစားသမား အားဖြည့်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ဘင်ဖီကာထက် ဆွဲဆောင်နိုင်တဲ့အသင်း မရှိဘူးလို မော်ရင်ဟို ပြောကြား

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုက သူ နည်းပြအဖြစ် ဆောင်ရွက်ဖို အခွင့်အရေးရခဲ့တဲ့အသင်းတွေထဲမှာ ဘင်ဖီကာထက် ဆွဲဆောင်နိုင်တဲ့အသင်း မရှိဘူးလို ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီနည်းပြ မော်ရင်ဟိုဟာ နည်းပြဘဝကို အစပြုချိန်မှာ ဘင်ဖီကာအသင်းကို အချိန်တိုအဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး အခု (၂၅)နှစ်ကြာမှ အသင်းဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ခြင်းဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၀၄ ခုနှစ်မှာ ပေါ်တိုအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက ပေါ်တူဂီမြေနဲ့ ဝေးကွာနေခဲ့တာကြောင့် (၂၁)နှစ်ကြာမှ ပေါ်တူဂီကလပ်တစ်သင်းကို ပြန်လည်ကိုင်တွယ်ခွင့်ရခြင်းလည်း ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ မော်ရင်ဟိုက ”(၂၅)နှစ်အတွင်းမှာ ကျွန်တော် ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ ဘင်ဖီကာနည်းပြ ဖြစ်လာဖိုထက် ပိုပြီးဆွဲဆောင်နိုင်တဲ့အသင်း မရှိခဲ့ဘူးလို ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော် ကတိပေးနိုင်တာကတော့ ဘင်ဖီကာအသင်းအတွက်၊ ကျွန်တော့်ရဲ့ […]
PSG နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကို အိုလံပစ်ကွင်းမှာသာ ကစားမယ်လို ဘာစီလိုနာ အတည်ပြု

ဘာစီလိုနာအသင်းက PSG အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်(၂)ကို အိုလံပစ်ကွင်းမှာသာ ကစားမယ်လို အတည်ပြုကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းတည်ဆောက်မှု အဆုံးသတ်ပိုင်း ရောက်နေပြီဖြစ်ပေမဲ့ လက်ခံကစားဖို ခွင့်ပြုချက်မရသေးတာကြောင့် အခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ယူရို(၁.၅)ဘီလီယံကုန်ကျတဲ့ နူးကမ့်ကွင်းတည်ဆောက်မှုကို ၂၀၂၃ ခုနှစ်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီမှာ ပရိသတ်(၅၆၀၀၀)နီးပါးဆံ့တဲ့ အိုလံပစ်ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာပါ။ ဒီရာသီမှာ နူးကမ့်ကွင်းသစ်ကို အသုံးပြုနိုင်ဖို ရည်မှန်းထားခဲ့ပေမဲ့ PSG နဲ့ပွဲအမီ ခွင့်ပြုချက်ရပါ့မလားဆိုတာ မရေမရာဖြစ်နေပါတယ်။ ဒါကြောင့် အောက်တိုဘာ(၁)ရက်မှာ ယှဉ်ပြိုင်ရမယ့် PSG နဲ့ပွဲကို အိုလံပစ်ကွင်းမှာ အိမ်ကွင်းအဖြစ် ကစားသွားမှာဖြစ်ကြောင်းနဲ့ အသင်းရဲ့အခြေအနေအပေါ် နားလည်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
Jared Gordon ဒဏ်ရာနဲ့တိုက်ပွဲဝင်ခဲ့ရတဲ့အကြောင်းရင်းကို ရှင်းပြ

Jared Gordon ကတော့ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်တတ်သူတစ်ယောက်ပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်က Noche UFC မှာ Rafa Garcia နဲ့ ယှဉ်ပြိုင်ရင်း တတိယအချီမှာ ရှုံးနိမ့်ခဲ့တဲ့ Gordon ဟာ ပွဲမစခင်ကတည်းက ပုံမှန်မဟုတ်ဘူးလို့ ပရိသတ်တွေက သတိထားမိခဲ့ပါတယ်။ နောက်ပိုင်းမှ သိရတာကတော့ အလေးချိန်စစ်ပြီးနောက် ကားတိုက်ခံရလို့ ဒူးအရွတ်မှာ ဒဏ်ရာရခဲ့တာကြောင့်ပါ။ ဒီအကြောင်းကို လျှို့ဝှက်ထားချင်တဲ့ Gordon က “အခမ်းအနားအတွက် အလေးချိန်စစ်ဖို့ သွားတဲ့အခါ ခြေထောက်က ဆွဲပြီး လမ်းလျှောက်နေမိတာကို သတိထားမိတယ်။ စင်ပေါ်မှာ အဲဒီလို လမ်းလျှောက်လို့ မသင့်တော်ဘူးထင်လို့ ဘာမှမဖြစ်သလို ဟန်ဆောင်ခဲ့ရတယ်” လို့ ပြောပြခဲ့ပါတယ်။ ဒဏ်ရာနဲ့တိုက်ပွဲဝင်တာ ဘာကြောင့်လဲလို့ ပရိသတ်တွေက မေးခွန်းထုတ်တဲ့အခါ Gordon က “တိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ ဒီပွဲကိုဝင်ဖို့အတွက် အရှိန်အဟုန်ကောင်းတွေရှိနေတယ်။ […]