ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုးပြီးနောက်ချယ်လ်ဆီးရဲ့အမှားမခံတဲ့ ချန်ပီယံလိဂ်ခရီး

ချယ်လ်ဆီးရဲ့တစ်ကျော့ပြန်ချန်ပီယံလိဂ်တိုက်ပွဲက ပန်းခင်းလမ်းမဟုတ်ပါဘူး။ လက်ရှိရာသီချန်ပီယံလိဂ်မှာ ချယ်လ်ဆီး ပထမဆုံးရင်ဆိုင်ရတာ အစဉ်အလာကြီးတဲ့ဘိုင်ယန်မြူးနစ်ဖြစ်ပြီး ခက်ခဲမယ်လို့ထင်ထားတဲ့အတိုင်း ဂိုးပြတ်ရှုံးခဲ့တယ်။ ဘိုင်ယန်မြူးနစ်က ချယ်လ်ဆီးကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ကချယ်လ်ဆီးနောက်ခံလူ ချာလိုဘာOwn Goal သွင်းတာကနေ အဖွင့်ဂိုးရခဲ့တာပါ။ နောက်ထပ်နှစ်ဂိုးကိုဟာရီကိန်းက သွင်းယူပြီးချယ်လ်ဆီးအတွက် ချေပဂိုးတစ်ဂိုးကို ပါလ်မာသွင်းယူပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်းဟာချယ်လ်ဆီးအတွက် အမှတ်ရစရာ အကောင်းဆုံး ရပ်ဝန်းဖြစ်ဖူးတယ်။ ချယ်လ်ဆီးဟာ ၂၀၁၂ ခုနှစ်ချန်ပီယံ ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ် ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးသိမ်းပိုက်ဖူးတယ်။ အခုတစ်ခါတော့ အရှုံးသာရင်ဝယ်ပိုက်ခဲ့ရပါတယ်။ ချယ်လ်ဆီးက ဘာစီလိုနာ၊ နာပိုလီ၊ အတ္တလန်တာတို့လို အသင်းတွေနဲ့ဆုံရမှာကလည်း မလွယ်ကူတဲ့အခြေအနေပါ။ ဘာစီလိုနာက ချနိပီယံလိဂ်မှာအောင်မြင်မှုပြန်ယူချင်နေပြီး ယမားလ်ရဲ့ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ပြသတဲ့ပေါက်ကွဲအားကြောင့် ချယ်လ်ဆီးကျော်ဖြတ်ရခက်နိုင်တယ်။ နာပိုလီနဲ့အတ္တလန်တာကချယ်လ်ဆီးအတွက်ဖျက်မြင်းထက်ပိုတဲ့အဆင့်ပါ။ အထူးသဖြင့် ဒီဘရိုင်းနား၊တွမ်မီနေး ဟွိုင်လန်းတို့လို ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေရှိနေတာ ချယ်လ်ဆီးအတွက် သတိထားရမယ့်အခြေအနေမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် League […]

ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို ယိုကယ်ရက်စ်ပိုင်ဆိုင်မလား

ယိုကယ်ရက်စ်က လက်ရှိရာသီ ပရီးမီးယားလိဂ်မှာဂိုးသွင်းဘုရင်ဆု ရနိုင်သူပါ။ သူ့ရဲ့ပရီးမီးယားလိဂ်စွန့်စားခန်းက ခမ်းနားနေတယ်။ အာဆင်နယ်ရဲ့အိမ်ကွင်း အီမရိတ်စ်မှာ ယိုကယ်ရက်စ် ဂိုးတွေရွှန်းရွှန်းဝေနေပါတယ်။ ပြီးခဲ့တဲ့ရာသီ ပေါ် တူဂီလိဂ် မှာ ၃၉ ဂိုးသွင်းခဲ့သူဟာ အခုဆိုရင်အာဆင်နယ် အတွက် ၃ ဂိုးသွင်းထားပါပြီ။ ယိုကယ်ရက်စ်က ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု မျှော်လင့်ခွင့် ရှိလာပြီ။ ယိုကယ်ရက်စ်ရဲ့အဓိကပြိုင်ဘက်တွေက ပရီးမီးယားလိဂ်အတွေ့အကြုံရင့်ပိုကောင်းပေမယ့် ယိုကယ်ရက်စ် ထိတ်လန့်နေမှာမဟုတ်ဘူး။ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ယိုကယ်ရက်စ်ရဲ့ အဓိကပြိုင်ဘက် ဖြစ်လာနိုင်တယ်။ ဆာလာက ပြီးခဲ့တဲ့ရာသီမှာ Golden Boot ဆု ရခဲ့ပြီး၊ လက်ရှိရာသီမှာလည်း မျှော်လင့်ချက်ကြီးမားနေသူပါ။တယ်။ ဒါပေမဲ့ အာဖရိကဖလား AFCON ပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ဇာတ်ရှိန်အတက်ဆုံးအချိန်တစ်ခုမှာ ဆာလာ လေးငါးပွဲလောက်လွဲချော်ဖွယ်ရှိနေတယ်။ ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးစံချိန်ရှင် အလန်ရှီယားက ယိုကယ်ရက်စ်ကို အတော်လေးချီးကျူးထားပြီး အနည်းဆုံးဂိုးနှစ်ဆယ်သွင်းမယ်လို့ခန့်မှန်းထားတယ်။ ယိုကယ်ရက်စ်ရဲ့ဂိုးသွင်းဘုရင်မျှော်လင့်ချက်အတွက် စဉ်ဆက်မပြတ်ခြေစွမ်းပြနိုင်မှုက […]

လီဗာပူးလ်ပရိသ-တ်တွေ တစ်ချိန်လုံးအော်ဟစ်ဆဲဆိုနေကြောင်း ဆီမြွန်နီ ပြစ်တင်

လီဗာပူးလ်နဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးလ်အသင်းပရိသ-တ်နဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီတို့ အချင်းများခဲ့ပါတယ်။ လီဗာပူးလ်အတွက်ပွဲသိမ်းအနိုင်ဂိုးကို ဗန်ဒိုက်က ၉၂ မိနစ်မှာသွင်းယူပြီးနောက် ဆီမြွန်နီနဲ့လီဗာပူးလ်ပရိသ-တ် ငြိကြတာပါ။ ဆီမြွန်နီက သူ့လုပ်ရပ်အတွက် နောင်တရနေပေမယ့် လီဗာပူးလ်အသင်းပရိသ-တ်တွေစော်ကားလို့ ဖြစ်ခဲ့ရတယ်ဆိုပြီး ပြစ်တင်ခဲ့ပါတယ်. ဆီမြွန်နီက ” နည်းပြတွေဟာ စံပြဖြစ်ရပါတယ်။ ကွင်းထဲက လူမျိုးရေးခွဲခြားမှုနဲ့ စော်ကားမှုတွေကို တိုက်ဖျက်နေသလိုပဲ၊ ကျွန်တော်တို့ နည်းပြတွေ ပွဲချိန်ပြည့် ခံစားနေရတဲ့ အော်ဟစ်ဆဲဆိုမှုတွေကိုလည်း တိုက်ဖျက်သင့်ပါတယ်” လို့ပြောပါတယ်။ ဒီယေဂိုဆီမြွန်နီက သူ့လုပ်ရပ်ကြောင့် အနီကတ်ပြသပြီး ထုတ်ပယ်ခံရပါတယ်။

ချန်ပီယံလိဂ်ဘုရင်ကိုကျော်ဖြတ်ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ချန်ပီယံလိဂ်အောင်ပွဲမျှော်လင့်ချက်က ပိုပြီးအားကောင်းလာပြီ။ ၂၀၂၅-၂၆ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်နိုင်တဲ့အလားအလာအရှိဆုံးအသင်းတွေထဲမှာ အာဆင်နယ် ပါဝင်နေတယ်။ Opta ရဲ့နောက်ဆုံးခန့်မှန်းချက်အရ အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။ လီဗာပူးလ် ၂၀ ရာခိုင်နှုန်းပြီးရင် အာဆင်နယ်က လက်ရှိရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အလားအလာအကောင်းဆုံးဖြစ်နေတာပါ။ အာဆင်နယ်က လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အရင်ကထက်သန်မာတဲ့ဟန်ပြသနေတယ်။ ယိုကယ်ရက်စ်၊ ဇူဘီ်မန်ဒီ၊ မာဒူအေကေ၊ အက်ဇီးစတဲ့ကစားသမားတွေအစွမ်းပြနေတယ်။အာတီတာရဲ့အဓိကရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားလိုချင်တာပါ။ ပရီးမီးယားလိဂ်ထက်ချန်ပီယံလိဂ်ကိုပိုလိုချင်နေတာသိသာပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ PSG ကို အညံ့ခံရပြီး ထွက်ခဲ့ရတာကို မမေ့နိုင်သေးဘူး။ ချန်ပီယံလိဂ်ဖလားနဲ့အတူ အာဆင်နယ်အသင်းသမိုင်းကို အာတီတာပြောင်းလဲချင်နေတာပါ။ အဲဒီလိုသမိုင်းသစ်ရေးထိုးနိုင်အောင် အာဆင်နယ်ကစားသမားတွေကို လှုံ့ဆော်ပေးထားတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျရှုံးနေတာဟာ အာဆင်နယ်ရဲ့သမိုင်းဝင်အမည်းစက်၊ ဂန္ထဝင်ဖိအားလို ဖြစ်နေပါတယ်။အာဆင်နယ်အသင်းဟာ အမှတ်ပေးချန်ပီယံ ၁၃ ကြိမ် ဖြစ်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရသေးပါဘူး။ ၂၀၀၅-၀၆ ရာသီက […]

ဂျိတ်ပေါလ်နဲ့ တန့်ဒေးဗစ် ထိုးပွဲ ကိုယ်အလေးချိန်မတူလို့ နေရာပြောင်းရွှေ့နိုင်ဖွယ်ရှိနေ

လက်ဝှေ့လောကရဲ့ ပြဿနာကလေး (The Problem Child) လို့ လူသိများတဲ့ ဂျိတ်ပေါလ်က WBA lightweight ချန်ပီယံ ဂါဗွန်တာ “Tank” ဒေးဗစ်နဲ့ ထိုးဖို့ စီစဉ်ထားတာ အဆင်မပြေဖြစ်နေပြန်ပြီ။ ဒီပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ အတ္တလန်တာမြို့က State Farm Arena မှာ ထိုးပြီး Netflix ကနေ တိုက်ရိုက်ပြမယ်လို့ ကြော်ငြာထားပေမယ့် အခုထိတော့ အတည်မဖြစ်သေးဘူးလို့ USA Today က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြဿနာရဲ့ အရင်းခံကတော့ လက်ဝှေ့သမားနှစ်ဦးရဲ့ ကိုယ်အလေးချိန် ကွာခြားမှုကြောင့်ပါပဲ။ ဂျိတ်ပေါလ်က ပြီးခဲ့တဲ့ ဇွန်လတုန်းက Julio Cesar Chavez Jr. နဲ့ ထိုးခဲ့တုန်းက ၁၉၉.၄ ပေါင် ရှိခဲ့ပြီး […]

ချန်ပီယံလိဂ်သမိုင်းမှာ စပိန်ကလပ်တွေကို (၆)ပွဲဆက်အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် အာဆင်နယ် မှတ်တမ်းဝင်

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ(ယခင် ဥရောပဖလားအပါအဝင်)သမိုင်းတစ်လျှောက် စပိန်ကလပ်တွေကို (၆)ပွဲဆက်အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဆီဗီလာကို နှစ်ကျော့စလုံး အနိုင်ရရှိခဲ့သလို၊ ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ် League Phase အဆင့်မှာ ဂျီရိုနာ၊ ကွာတားဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်ကို နှစ်ကျော့စလုံးအနိုင်ရခဲ့ပြီး အခု ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တာကြောင့် စပိန်ကလပ်တွေကို (၆)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို လူစားဝင်ကစားသမားတွေဖြစ်တဲ့ မာတင်နယ်လီနဲ့ ထရိုဆတ်ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လူစားဝင်ကစားသမားနှစ်ဦး အပြန်အလှန်ဖန်တီးမှုတွေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာကလည်း အာဆင်နယ်အသင်း ချန်ပီယံလိဂ်ယှဉ်ပြိုင်ခဲ့တဲ့ ကာလတစ်လျှောက် ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီပွဲမှာ ဘီလ်ဘာအိုအသင်းရဲ့ ပွဲထွက်ကစားသမား (၁၁)ဦးစလုံးက ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ဖူးတာဖြစ်ပြီး […]

အသင်းလက်မဲ့ဖြစ်နေတဲ့ ရယ်ဂီလွန်ကို အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ်ဖောရက်စ်တို ချိန်ရွယ်နေ

အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ စပါးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။ ရယ်ဂီလွန်(၂၈ နှစ်)ဟာ ၂၀၂၀ ခုနှစ်မှာ ရီးယဲလ်ကနေ စပါးကို ပေါင်(၂၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လမ်းမခွဲခင်ကာလအတွင်း အက်သလက်တီကို၊ မန်ယူနဲ့ ဘရန့်ဖို့ဒ်အသင်းတွေဆီ အငှားချခံခဲ့ရပါတယ်။ ဒီနွေမှာတော့ စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတာပါ။ ရယ်ဂီလွန်ကို အီရန်ကလပ်အသင်းတစ်သင်းက ကမ်းလှမ်းထားပြီး ရယ်ဂီလွန်က တစ်နှစ်လုပ်ခ ဒေါ်လာ(၄)သန်း တောင်းဆိုထားတယ်လို့လည်း သတင်းထွက်နေပါတယ်။ လက်ရှိအချိန်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေအနက် နည်းပြ ဒေးဗစ်မွိုက်စ် ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းက ခေါ်ယူနိုင်ခြေအရှိဆုံးဖြစ်နေကြောင်းလည်း သိရပါတယ်။

Reinier de Ridder နဲ့ Anthony Hernandez တို့ ပွဲပျက်၊ RDR ရဲ့ ပြိုင်ဘက်အသစ် Brendan Allen

UFC Vancouver ရဲ့ ပင်မပွဲကြီး ပွဲစဉ် ပြောင်းလဲသွားပြီ။ ပွဲကြီးကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာ သတင်းတစ်ခုပါပဲ။ ဒီပွဲမှာ မူလက Reinier de Ridder ဟာ Anthony Hernandez နဲ့ ရင်ဆိုင်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ UFC က ကြာသပတေးနေ့မှာ ကြေညာလိုက်တာကတော့ “Fluffy” ဆိုတဲ့နာမည်ပြောင်နဲ့ လူသိများတဲ့ Hernandez ဟာ ပွဲကနေ နုတ်ထွက်သွားပြီလို့ဆိုပါတယ်။ ဒါကြောင့် RDR လို့ခေါ်တဲ့ Reinier de Ridder ရဲ့ ပြိုင်ဘက်အသစ်ကတော့ Brendan Allen ဖြစ်လာပါတယ်။ Hernandez ဘာကြောင့် ပွဲနုတ်ထွက်သွားသလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ UFC က မကြေညာခင်ကတည်းက Paulo Costa […]

မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်ကို ဂန္ထဝင်ကစားသမားတွေ ဝေဖန်

မန်ယူနိုက်တက်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ပေါလ်စခိုးလ်၊ ဝိန်းရွန်နီတို့က လက်ရှိအသင်းနည်းပြ အာမိုရင်မ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဝိန်းရွန်နီက မန်ယူနိုက်တက်အသင်းဟာ အာမိုရင်မ်လက်ထက်မှာ ပိုမိုဆိုးရွားလာတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အာမိုရင်မ်ဟာ မန်ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်မှာ စတင်တာဝန်ယူခဲ့ပေမဲ့ သူ့လက်ထက် ၁၀ လအတွင်း ကွင်းတွင်းရလဒ်ပိုင်းက တိုးတက်မလာခဲ့ပါဘူး။ ပေါလ်စခိုးလ်ကလည်း အာမိုရင်မ်ရဲ့အငြင်းပွားဖွယ် ၃-၄-၃ ကစားကွက်အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ရှိမနေဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ကွင်းလယ်မှာ မိန်နူးနဲ့သင့်တော်မယ့် အသင်းဖော်လည်း ရှိမနေဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့် လေးပွဲအပြီးမှာ လေးမှတ်သာ ရရှိထားတာဖြစ်ပါတယ်။

လာမယ့်နှစ်နွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့ ဘာစီလိုနာ စိတ်ဝင်စားနေ

ဘာစီလိုနာအသင်းဟာ လာမယ့်နှစ်နွေရာသီမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေပေမဲ့ ဥက္ကဋ္ဌ လာပေါ်တာက ဟာလန်းကို မျက်စိကျနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။ လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာအသင်းမှာ သုံးရာသီ ရှိလာခဲ့ပြီး ၃၇ နှစ်အရွယ် သူ့ကို အသင်းက စာချုပ်သက်တမ်းတိုးဖို့ မရှိပါဘူး။ လက်ရှိမှာ လီဝန်ဒေါစကီး ရာသီကြိုဒဏ်ရာကနေ ပြန်ကောင်းလာပေမဲ့ နည်းပြ ဟန်ဆီဖလစ်ခ်က သူ့ကို အကန့်အသတ်နဲ့သာ အသုံးပြုနေပါတယ်။ အခြားတိုက်စစ်မှူးအဖြစ် ဖယ်ရန်တောရက်စ် ရှိနေပေမဲ့ အထောင်တိုက်စစ်နေရာမှာ ပုံမှန်ဦးဆောင်နိုင်ပါ့မလားဆိုတာ ဘာစီလိုနာဘုတ်အဖွဲ့က သံသယရှိနေပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့က လာမယ့်နှစ်နွေရာသီမှာ အထောင်တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ […]