မန်ယူနိုက်တက်အသင်းနည်းပြကို အသင်းဘုတ်အဖွဲ့က ဆက်လက်ထောက်ခံချက်ပေးထား

မန်ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဟာ အသင်းနည်းပြ ရူဘင်အာမိုရင်မ်ကို ဆက်လက်ထောက်ခံထားဆဲဖြစ်ကြောင်း သိရပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ မန်ချက်စတာဒါဘီမှာ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့အတွက် အာမိုရင်မ်ကို အချိန်ပိုပေးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာသီအဖွင့် လေးပွဲကနေ လေးပွဲသာ ရထားပြီး ၁၉၉၂-၉၃ ရာသီကတည်းက အဆိုးရွားဆုံး ရာသီအစရလဒ်ပိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။ လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်မှာလည်း League Two ကလပ် ဂရင်းစဘီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အာမိုရင်မ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြအဖြစ် ပရီးမီးယားလိဂ် ၃၁ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ရှစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ အခုနွေရာသီမှာ ကူညာ၊ အမ်ဘူမို၊ ရှက်ရှကိုတို့အား ပေါင် သန်း ၂၀၀ ဝန်းကျင်နဲ့ ခေါ်ယူပြီး တိုက်စစ်ပိုင်းအားဖြည့်ခဲ့ပေမဲ့ […]

Terence Crawford ဟာ တကယ်ပဲ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ Canelo Alvarez ရဲ့ စွမ်းဆောင်ရည်ကိုတော့ လူတိုင်း သဘောကျခဲ့ကြပုံမရ

Terence Crawford ဟာ တကယ်ပဲ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ Canelo Alvarez ရဲ့ စွမ်းဆောင်ရည်ကိုတော့ လူတိုင်း သဘောကျခဲ့ကြပုံမရပါဘူး။ ပြီးခဲ့တဲ့ စနေနေ့က လာ့စ်ဗီးဂတ်စ်မြို့မှာရှိတဲ့ Allegiant အားကစားကွင်းမှာ အားလုံး စောင့်မျှော်နေကြတဲ့ ပွဲကြီးပွဲကောင်းတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ Terence Crawford က Canelo Alvarez ကို ၁၂ ချီလုံးလုံး ထိုးသတ်၊ ဖြတ်တောက် ကစားသွားခဲ့ပြီး အမှတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် Crawford ဟာ ၄၂ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို ရရှိခဲ့ပြီး Canelo ရဲ့ စူပါမီဒီယမ်ဝိတ်တန်း ချန်ပီယံခါးပတ်တွေကို သိမ်းပိုက်လိုက်ပါတယ်။ ဒါဟာ Crawford တစ်ယောက် ကမ္ဘာ့ချန်ပီယံဆုကို ပဉ္စမမြောက် ဝိတ်တန်းမှာ […]

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖိုထက် တန်းဆင်းရဖိုက ဖြစ်နိုင်ခြေပိုများတယ်လို စူပါကွန်ပျူတာ တွက်ချက်ထား

နာမည်ကျော် အချက်အလက်ဝက်ဘ်ဆိုက် Opta ရဲ့ စူပါကွန်ပျူတာက ဒီရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ထက် တန်းဆင်းရဖို့က ဖြစ်နိုင်ခြေပိုများတယ်လို့ တွက်ချက်ထားကြောင်း သိရပါတယ်။ စူပါကွန်ပျူတာက ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း(၂၀)ရဲ့ အလားအလာအမျိုးမျိုးကို တွက်ချက်ဖော်ပြခဲ့ရာမှာ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ (၀.၁၈ %)၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ခြေ (၄.၁၈ %)၊ ယူရိုပါလိဂ်ဝင်ခွင့်ရရှိနိုင်ခြေ (၃.၁၅ %)၊ တန်းဆင်းရနိုင်ခြေ (၁၀.၉၅ %)ရှိတယ်လို့ တွက်ချက်ထားတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာထိပ်သီးအသင်းတွေထဲမှာ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသလို၊ ထိပ်သီးအသင်းတွေထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ခြေထက် တန်းဆင်းရဖို့ ဖြစ်နိုင်ခြေပိုများနေတာကလည်း မန်ယူတစ်သင်းသာရှိကြောင်း သိရပါတယ်။ လက်ရှိအချိန် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကတော့ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေလုံးဝမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ လတ်တလောမှာ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေအများဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ဘန်လေအသင်းဖြစ်ကြောင်းလည်း […]

မန်ချက်စတာဒါဘီနိုင်ပွဲကို ရစ်ကီဟက်တန်အတွက် ရည်ညွှန်းတယ်လို ဖိုဒန်နဲ့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်နဲ့ နည်းပြ ဂွါဒီယိုလာတို့က မန်ချက်စတာဒါဘီနိုင်ပွဲကို နာမည်ကျော် ဗြိတိန်လက်ဝှေ့သမား ရစ်ကီဟက်တန်အတွက် ရည်ညွှန်းကြောင်း ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အကျော်ကြားဆုံးလက်ဝှေ့သမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရစ်ကီဟက်တန်ဟာ မန်ချက်စတာဒါဘီပွဲ ကစားခဲ့တဲ့ စက်တင်ဘာ(၁၄)ရက်မှာပဲ သူ့နေအိမ်မှာ သေဆုံးနေတာကို အိမ်နီးချင်းရဲ့အကြောင်းကြားမှုနဲ့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရတာပါ။ ကွယ်လွန်ချိန်မှာ အသက်(၄၆)နှစ်သာရှိသေးတဲ့ ရစ်ကီဟက်တန်က မန်စီးတီးအသင်းကိုအားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်တာကြောင့် မန်ချက်စတာဒါဘီပွဲ မစမခင် တစ်မိနစ်ငြိမ်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။ ”ဒီပွဲမှာ သူက ကျွန်တော့်ကို အပိုလှုံ့ဆော်မှုပေးခဲ့ပါတယ်။ ဒီနိုင်ပွဲက သူ၊ သူ့မိသားစုနဲ့ သူ့ကြောင့် နာကျင်ခံစားနေရတဲ့ သူတွေအတွက်ပါ။ ဒီပွဲမှာ သူ ကျွန်တော်တို့ကို အားပေးနေမှာလည်း သေချာပါတယ်” လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း ”ကျွန်တော် ဒီမှာ […]

UFC လက်ဝှေ့သမား Diego Lopes သည် Jean Silva ၏ လှည့်စားပြီး ထိုးနှက်မှုကို ‘ဒါဟာ မကောင်းတဲ့လုပ်ရပ်ပဲ’ ဟု မှတ်ချက်ပြု

Diego Lopes ကတော့ အနိုင်ရခဲ့ပြီး အဆုံးသတ်မှာတော့ ဒါဟာ သူ့အတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ UFC ၏ အဓိကပွဲစဉ်ပြီးဆုံးသွားပြီး မကြာခင်မှာပဲ Jean Silva က သူ့ကို နောက်စေ့ကို လှည့်စားပြီး ထိုးနှက်ခဲ့တဲ့အတွက် သူ သိပ်စိတ်မကောင်းဖြစ်ခဲ့ပါဘူး။ ဒီပွဲဟာ အစပိုင်းမှာတော့ Lopes က လွှမ်းမိုးထားပြီး ဒုတိယအချီမှာတော့ Silva က ပြန်ပြီး ထိုးခုတ်ခဲ့တဲ့အတွက် အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ Silva တစ်ယောက် အရှိန်ရနေပြီလို့ ထင်ရတဲ့အချိန်မှာ Lopes က နောက်ပြန်လှည့်ပြီး တံတောင်နဲ့ ခပ်ပြင်းပြင်းရိုက်လိုက်တဲ့အတွက် ဘရာဇီးလ်ကစားသမားလဲ မြေပေါ်ပက်လက်လန်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာပဲ ပွဲပြီးဆုံးခဲ့ပါတယ်။Silva ဟာ သူ့မျက်နှာပေါ်က သွေးတွေစီးကျနေတာကိုတောင် ဂရုမစိုက်ဘဲ ပွဲရပ်ဆိုင်းလိုက်တာကို ကန့်ကွက်ခဲ့ပြီး replay ပြန်ကြည့်တဲ့အခါမှာလဲ […]

မန်ယူနိုက်တက်တိုက်စစ်ကစားသမားဟောင်းမာစီယဲလ် မက္ကဆီကိုကလပ်ထံ ပြောင်းရွှေ့

ဂရိကလပ် AEKအေသင်အသင်းမှာ ကစားနေတဲ့ မန်ယူနိုက်တက်တိုက်စစ်ကစားသမားဟောင်း မာစီယဲလ်ဟာ မက္ကဆီကိုကလပ် မွန်တာရေး အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ မာစီယဲလ်(၂၉ နှစ်)ဟာ မွန်တာရေးအသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ မွန်တာရေးအသင်းဟာ စပိန်နာမည်ကျော်နောက်ခံလူ ရာမို့စ် ကစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ မာစီယဲလ်ဟာ ၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ မန်ယူနိုက်တက်အသင်းထံ ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကမာ့တန်ဖိုးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၃၁၇ ပွဲကစားကာ ဂိုး ၉၀ သွင်းယူခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်ယူနိုက်တက်အသင်းက ထွက်ခွာကာ AEK အေသင်အသင်းကို ရောက်ရှိခဲ့ပြီး ၁၉ ပွဲကစား ခုနစ်ဂိုး သွင်းယူခဲ့ပါတယ်။

မိမိလက်ထက်မှာ မန်ယူနိုက်တက်ထက်အမြဲပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို ဂွါဒီယိုလာပြောကြား

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ့လက်ထက်မှာ မန်စီးတီးအသင်းဟာမန်ယူနိုက်တက်ထက် အမြဲပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ စပါးနဲ့ ဘရိုက်တန် ပရီးမီးယားလိဂ်နှစ်ပွဲဆက် အရေးနိမ့်ထားလို့ မန်ချက်စတာဒါဘီမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။ ”မန်ချက်စတာယူနိုက်တက်အပေါ် ကျွန်တော် လေးစားမှုရှိပါတယ်။ သူတို့ရဲ့သမိုင်းကြောင်းကို အများကြီးလေးစားပါတယ်။ အတိတ်မှာ သူတို့လုပ်ခဲ့တာတွေ၊ အင်္ဂလိပ်ဘောလုံးအတွက် သူတို့အမွေအနှစ်တွေပေါ့။ ၉၀ ပြည့်နှစ်တွေမှာ သူတို့က အမြဲရှေ့ရောက်နေတယ်။ မန်စီးတီးက တစ်ခါတစ်ရံ အနိုင်ယူတာတော့ ရှိခဲ့ပါတယ်။ နောက်ဆုံးရှစ်နှစ်မှာ တော့ ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရောက်လာကတည်းက မန်စီးတီးအသင်းဟာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အမြဲတမ်း သူတို့ထက် ပိုကောင်းခဲ့ပါတယ်။ ၁၀ နှစ်၊ ကိုးနှစ်ကြာ ကျွန်တော်တို့က အမြဲတမ်းပိုကောင်းတဲ့အသင်းပါ”လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက […]

ဂွါဒီယိုလာက ဖိအားပိုများတယ်ဆိုတဲ့စကားကို အာမိုရင်မ် လက်မခံ

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က မန်ချက်စတာဒါဘီမတိုင်ခင် ပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဖိအားပိုများနေတယ်ဆိုတဲ့စကားကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။ ၎င်းက ဒီနှိုင်းယှဉ်မှုဟာ ဟာသတစ်ခုလိုပဲလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိမှာ မန်ယူနိုက်တက်အသင်းက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားမှာမန်စီးတီးအထက် ရပ်တည်နေတာဖြစ်တယ်။ ဂွါဒီယိုလာက လက်ရှိမှာ သူ့ထက် ဖိအားပိုများနေသလားမေးခွန်းကို အာမိုရင်မ်က ”မဟုတ်ပါဘူး။ နှိုင်းယှဉ်လို့လည်း မရပါဘူး။ ဒီလူက အရာအားလုံး ရယူပြီးသားပါ။ ထပ်မံစွမ်းမဆောင်နိုင်ရင်လည်းသူ့အဖို့ သက်သောင့်သက်သာပါပဲ။ ကျွန်တော်ကတော့ ဒီမှာ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြနေရတာပါ။ ကျွန်တော်ကတော့ ဒီလိုပဲ ခံစားမိပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မန်ယူနိုက်တက်ကို ရောက်လာတဲ့ အာမိုရင်မ်ဟာ ဂွါဒီယိုလာနဲ့ နှစ်ကြိမ် ရင်ဆိုင်တွေ့ခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရရရှိခဲ့ပါတယ်။ ဒါ့အပြင် အစောပိုင်းက ချန်ပီယံလိဂ်မှာလည်း စပို့တင်းလစ္စဘွန်းအသင်းနဲ့ […]

တံကောက်ကြောဒဏ်ရာရထားတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ် ဒီဇင်ဘာလအထိ နားရမယ်

တံကောက်ကြောဒဏ်ရာရထားတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ် ဒီဇင်ဘာလအထိ နားရမယ် တံကောက်ကြောဒဏ်ရာရထားတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ်ဟာ ဒီဇင်ဘာလအထိ အနားယူရဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးနည်းပြ မာရက်စကာက ဒီလပ်ဟာ ရက်သတ္တပတ် ၁၀ ပတ်ကနေ ၁၂ ပတ်အထိ နားရနိုင်တယ်လို့ ပြောခဲ့တာပါ။ ချယ်လ်ဆီးအသင်းကတော့ ဒီလပ်ကို နိုဝင်ဘာလအတွင်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီလပ်ဟာ ဖူလ်ဟမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲအစ ၁၄ မိနစ်မှာပဲ ဒဏ်ရာရခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့ဇွန်လက အစ်ဆွစ်ချ်အသင်းကနေ ပေါင် သန်း ၃၀နဲ့ ရောက်ရှိလာတဲ့ ဒီလပ်ဟာ အခုရာသီ သုံးပွဲစလုံး ပါဝင်ကစားခဲ့ပါတယ်။ ဒီလပ် ဒဏ်ရာရသွားလို့ လက်ရှိ ချယ်လ်ဆီးအသင်းမှာ အထောင်တိုက်စစ်နေရာအတွက် ဂျော်အိုပတ်ဒရိုနဲ့ မက်ဂျူတို့သာ ကျန်ပါတော့တယ်။ မက်ဂျူကို ဆန်းဒါးလန်းအသင်းထံ […]