အာဆင်နယ်ရဲ့အနာဂတ်မှာ ဆာကာ၊ ဆာလီဘာတိုကို ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ရှိစေချင်တယ်လို အာတေတာ ပြောကြား

အာဆင်နယ်ရဲ့အနာဂတ်မှာ ဆာကာ၊ ဆာလီဘာတို့ကို ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ရှိစေချင်တယ်လို့ အာတေတာ ပြောကြား အာဆင်နယ်အသင်းနည်းပြ အာတေတာက အသင်းအနာဂတ်မှာ ဆာကာ၊ ဆာလီဘာတို့ကို ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ရှိစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးရဲ့စာချုပ်သစ်အကြောင်း ပြောကြားရာမှာ အာတေတာက အခုလို ပြောခဲ့တာဖြစ်တယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဆာကာနဲ့ ဆာလီဘာတို့ နှစ်ဦးစလုံးဟာ စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်တော့ပြီး ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးပါလိမ့်မယ်။ နောက်ခံအတွင်းလူ ဆာလီဘာကတော့ ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုတယ်လို့ ဝန်ခံခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာလီဘာရဲ့တွဲဖက် ဂါဘရီယဲလ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးထားပြီး နွမ်နယ်ရီ၊ လူးဝစ်ဆကယ်လီတို့ကိုလည်း ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဘာယင်ဒယ်ကို နံပါတ်တစ်ဂိုးသမားအဖြစ်မန်ယူနိုက်တက် ဆက်ထားမယ်

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က ဘာယင်ဒယ်ကို နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်ထားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံလူငယ်ဂိုးသမား လမ်းမန်းစ်ကလည်း နံပါတ်တစ်ဂိုးသမားဖြစ်လာဖို့ အလားအလာရှိသူလို့ မှတ်ချက်ပြုခဲ့ပါတယ်။ လမ်းမန်းစ်(၂၃ နှစ်)ဟာ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းကနေ ပေါင် ၁၈.၁ သန်းနဲ့ ရောက်ရှိလာတာဖြစ်တယ်။ ဘာယင်ဒယ်ကတော့ အခုရာသီသစ် ပရီးမီးယား လိဂ် သုံးပွဲစလုံး ပွဲထွက်ကစားခွင့်ရပါတယ်။ ဒါပေမဲ့ အာဆင်နယ်၊ ဘန်လေတို့နဲ့ပွဲတွေမှာ ပေးခဲ့ရတဲ့ဂိုးတွေက သူ့ရဲ့အမှားနဲ့ မကင်းခဲ့ပါဘူး။ ဘာယင်ဒယ်(၂၇ နှစ်)အနေနဲ့ ပြီးခဲ့တဲ့ဧပြီလကမှ ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားခဲ့ရတာ ဖြစ်ပါတယ်။ အာမိုရင်မ်က မန်ချက်စတာဒါဘီပွဲမှာ မေဆန်မောင့်၊ ကူညာ၊ ဒါလော့တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူးလို့လည်း အတည်ပြု ပြောကြားခဲ့ပါတယ်။
Luke Rockhold နဲ့ Darren Till တို Misfits Boxing 22 အလေးချိန်ချိန်ပွဲမှာ ထိုးသတ်ကြမလိုဖြစ်

Darren Till နဲ့ Luke Rockhold တို့ဟာ မျက်နှာချင်းဆိုင်ထိုးသတ်ဖို့ကို တအားစိတ်အားထက်သန်နေကြပါတယ်။ ဒီယခင် UFC ကြယ်ပွင့်တွေဟာ Misfits Boxing 22 ရဲ့ အဓိကပွဲစဉ်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး သောကြာနေ့မှာတော့ သူတို့နှစ်ဦးစလုံးဟာ Bridgerweight အလေးချိန် ကန့်သတ်ချက်ကို ပြည့်မီခဲ့ပါတယ်။ ဒါပေမဲ့ အလေးချိန်ချိန်တာထက် စိတ်ဝင်စားစရာကောင်းတာကတော့ Darren Till ဟာ တအားစိတ်ပါနေတာကြောင့် ပုံမှန် မျက်နှာချင်းဆိုင်ရပ်မချင်းတောင် မစောင့်နိုင်ဘဲ Luke Rockhold ကို ရန်စခဲ့တာပါပဲ။ လုံခြုံရေးတွေက သူတို့ကို ခွဲမထားခင်အထိ Darren Till ဟာ Rockhold ကို ပြေးဝင်ခဲ့ပါတယ်။ UFC ချန်ပီယံဟောင်းဟာ စင်ရဲ့တစ်ဖက်ကနေ သူ့ပြိုင်ဘက်ကို အဆက်မပြတ် အော်ဟစ်နေခဲ့ပါတယ်။ “မင်းကို သတ်ပစ်မယ်” လို့ […]
နော်ဝေတိုက်စစ်မှူး ဟာလန်း ခြေစမ်းပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရက်ဟာလန်းအဖြစ် နာမည်ပြောင်းလဲဝတ်ဆင်မယ်

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ စက်တင်ဘာလအတွင်းကစားရမယ့် ခြေစမ်းပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရက်ဟာလန်းအဖြစ် နာမည်ပြောင်းလဲ ဝတ်ဆင်မယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဟာလန်းရဲ့ နာမည်အပြည့်အစုံက အာလင်းဘရက်ဟာလန်းဖြစ်ပြီး ယခင်ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေမှာတော့ ”ဟာလန်း” အမည်ကိုသာ အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာလအတွင်း နော်ဝေလက်ရွေးစင်အသင်းယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ အလယ်နာမည်ကိုပါထည့်သွင်းပြီး ”ဘရက်ဟာလန်း” လို့ ရေးသားထားတဲ့အကျႌ ပြောင်းလဲဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခုလို ဟာလန်း နာမည်ပြောင်းလဲဝတ်ဆင်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ကန်က ”အဲဒါ (ဘရက်) က သူ့နာမည်ပါ။ ဒါက ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း အခုချိန်အထိမသိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အဲလ်ဖ်အင့်ချ်ဟာလန်းရဲ့ အမွေကိုဆက်ခံပြီး […]
မိမိအတွက် နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဖြစ်တာကြောင့် အလွန်ထူးခြားလိမ့်မယ်လို မက်ဆီ ညွှန်းဆို

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီက စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ မိမိအတွက် နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဖြစ်တာကြောင့် အလွန်ထူးခြားလိမ့်မယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ မက်ဆီက ကစားသမားဘဝက ဘယ်တော့အနားယူမလဲဆိုတာ အတည်မပြုသေးပေမဲ့ နောက်ထပ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ အတည်ပြုလိုက်သလိုတော့ ဖြစ်သွားခဲ့ပါတယ်။ တောင်အမေရိကဇုန်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ စက်တင်ဘာလအတွင်း အဆုံးသတ်တော့မှာဖြစ်ပြီး အာဂျင်တီးနားအသင်းက ပွဲမကုန်ခင်မှာကတည်းက ခြေစစ်ပွဲအောင်မြင်ထားပြီးသားပါ။ အာဂျင်တီးနားအသင်းဟာ စက်တင်ဘာ(၄)မှာ ဗင်နီဇွဲလားနဲ့ အိမ်ကွင်း၊ စက်တင်ဘာ(၉)မှာ အီကွေဒေါနဲ့ အဝေးကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မက်ဆီရဲ့ နောက်ဆုံးအိမ်ကွင်းကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ပွဲကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က လက်မှတ်စျေးနှုန်း မြှင့်တင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဗင်နီဇွဲလားနဲ့ပွဲအပေါ် မက်ဆီက ”ကျွန်တော့်အတွက် အလွန့်အလွန်ထူးခြားတဲ့ပွဲ ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကျွန်တော့်မိသားစုက အဲဒီမှာ […]
Mike Perry နဲ့ Conor McGregor တို BKFC မှာ ထိုးသတ်မယ့်ပွဲ ဖြစ်လာနိုင်ခြေရှိ၊ Perry က စိတ်အားထက်သန်နေ

ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ အားကစားသတင်းတစ်ခုကတော့ Mike Perry နဲ့ Conor McGregor တို့ လက်ဗလာထိုးသတ်ကြမယ့်ပွဲ ဖြစ်လာနိုင်ခြေအကြောင်းပါ။ BKFC မှာ လက်ရှိနာမည်ကြီးနေတဲ့ Mike Perry က ဒီပွဲဟာ တကယ်ကို ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ လက်ရှိမှာတော့ Perry ဟာ အောက်တိုဘာလ ၄ ရက်နေ့မှာ ပြုလုပ်မယ့် BKFC ၈၂ ပွဲစဉ်မှာ Jeremy Stephens နဲ့ ထိုးသတ်ဖို့ ပြင်ဆင်နေပြီး၊ သူ့ရဲ့ ‘King of Violence’ ချန်ပီယံဆုကိုလည်း ကာကွယ်ရမှာပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပွဲစီစဉ်သူ David Feldman က McGregor ဟာ Perry-Stephens ပွဲက အနိုင်ရသူနဲ့ ထိုးသတ်ဖို့ […]
မန်ယူနဲ့ပွဲကို အိမ်ကွင်းကစားခွင့်ရတာဟာ ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် ထိုက်တန်တဲ့ဆုလာဘ်လို ဂရင့်ဇ်ဘီနည်းပြ ဆို

ဂရင့်ဇ်ဘီအသင်းရဲ့နည်းပြ ဒေ့ဗ်အာတဲလ်က လိဂ်ဖလားပြိုင်ပွဲမှာ မန်ယူနဲ့ပွဲကို အိိမ်ကွင်းကစားခွင့်ရတာဟာ ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် ထိုက်တန်တဲ့ ဆုလာဘ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန် League Two ကလပ် ဂရင့်ဇ်ဘီအသင်းဟာ လိဂ်ဖလား ဒုတိယအဆင့်ကို တက်ရောက်လာနိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ ဒီည ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဂရင့်ဇ်ဘီအသင်းဟာ ၁၉၄၈ ခုနှစ်တုန်းက အင်္ဂလန်ပထမတန်းပြိုင်ပွဲမှာ မန်ယူအသင်းနဲ့ နောက်ဆုံးဆုံတွေ့ခဲ့ဖူးပြီး အခုမှ ပြန်လည်ဆုံတွေ့ ခွင့်ရတာပါ။ ” ဒီပွဲက ကလပ်အသင်းအတွက်ရော ဒီမြို့နဲ့ ပရိသတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာပွဲစဉ်ပါ။ ဒီနိုင်ငံရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်အစမ်းသပ်ခံရမှာက ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်။ ဒီလိုအသင်းနဲ့ ဆုံတွေ့ရတာ ကျွန်တော်တို့အတွက် ထိုက်တန်တဲ့ ဆုလာဘ်ပါ။ ဒါက ပထမအဆင့်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့်တင်မဟုတ်ပါဘူး။ ရာသီအဖွင့်(၃)ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့တာကြောင့်လည်း ဖြစ်ပါတယ်” လို့ […]
မက်ဆီ ဂိုးနှစ်ဂိုးသွင်းပြီး အင်တာမိုင်ယာမီအသင်းဖိုင်နယ်ရောက်ရှိ

မက်ဆီ ဂိုးနှစ်ဂိုးသွင်းပြီး အင်တာမိုင်ယာမီအသင်း ဖိုင်နယ်ရောက်ရှိ အင်တာမိုင်ယာမီအသင်းက ဂန္ထဝင်တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အော်လန်ဒိုစီးတီးအသင်းကို အနိုင်ယူပြီး Leagues Cup Final တက်ရောက်ခဲ့ပါတယ်။ မက်ဆီကဂိုးသွင်းနိုင်သလို၊ ဆွာရက်ဇ်နဲ့အယ်လ်ဘာကဂိုးဖန်တီးမှုတွေလုပ်နိုင်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းက အော်လန်ဒိုစီးတီးအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ မက်ဆီကဂိုးသွင်းပြီးချိန်မှာ သူ့ရဲ့သားတွေဖြစ်တဲ့ Thiago ၊ Mateo တို့ရှိရာပွဲကြည့်စင်ရှေ့အောင်ပွဲခံခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းက ၂၀၂၃ ခုနှစ်မှာ Leaguse Cup ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။
လီဗာပူးလ်ရဲ့ဂိုးသွင်းစက်အသစ်၊ အီကီတိုက်

ပြီးခဲ့တဲ့ရာသီမှာဖရန့်ဖတ်အသင်းအတွက် ၁၅ ဂိုးသွင်းပြီးဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ခဲ့တဲ့ အီကီတိုက်ခ်က ဉရောပထိပ်တန်းလိဂ်ငါးခုရဲ့အကောင်းဆုံးအသက်၂၃ နှစ်အောက်ကစားသမားဖြစ်ခဲ့ပါတယ်။ အခုသူက ပရီးမီးယားလိဂ်မှော်ရုံတောမှာ သွင်းဂိုးမုဆိုးဖြစ်နေပြီ။ လီဗာပူးလ်အတွက်ပရီးမီးယားလိဂ်နှစ်ပွဲဆက်ဂိုးသွင်းပြီး အီကီတိုက်က လာခြင်းကောင်းသူ ဖြစ်နေပါတယ်။ ခံစစ်အားနည်းချက်တွေနဲ့ လီဗာပူးလ်ကို သွင်းဂိုးတွေနဲ့ကယ်တင်ပေးသူဖြစ်နေပါတယ်။ ဉရောပထိပ်တန်းလိဂ်ငါးခုရဲ့အကောင်းဆုံးအသက်၂၃ နှစ်အောက်ကစားသမားက အီကီတိုက်ပါ။ မက်ဆီလက်သစ်၊ အနာဂတ်Ballon d’or ပိုင်ရှင်ဆိုပြီး အထင်ကြီး နေကြတဲ့ဘာစီလိုနာက ယမားလ်ထက်အီကီတိုက်ရဲ့စွမ်းဆောင်ရည်ပိုကောင်းခဲ့ပါတယ်။ ယမားလ်က ၉ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု၁၃ ကြိမ်ပြုလုပ်ခဲ့လို့သွင်းဂိုးပါဝင်ပတ်သက်မှု ၂၂ ဂိုးသာရှိပြီး အီကီတိုက် ၂၃ဂိုးရှိခဲ့တာပါ။ အီကီတိုက်က တိုက်စစ်တစ်နေရာတည်းစောင့်ကစားတတ်သူမဟုတ်ဘဲ နေရာစုံရွေ့လျားကစားတတ်ပြီး ပြိုင်ဘက်တွေကို SmartMove တွေနဲ့လှည့်စားနိုင်ပါတယ်။ နည်းစနစ်တန်ဖိုးမြင့်မားတဲ့တိုက်စစ်ကစားသမား။တန်ပြန်တိုက်စစ်ကစားမလား၊ ဘောလုံးပိုင်ဆိုင်မှု ဉီးစားပေးကစားမလား။ အဆင်ပြေအောင် အသုံးတော်ခံနိုင်သူပါ။
DWCS ရာသီ ၉၊ အပတ် ၃ ရလဒ်များ- ပထမအချီမှာ အလဲထိုးနဲ့ အနိုင်ယူခဲ့သူ ၄ ဦးအပါအဝင် ၅ ဦးကို စာချုပ်ချုပ်ဆို

Contender Series ရဲ့ နောက်ဆုံးပြိုင်ပွဲပြီးနောက် နောက်ထပ် ထိပ်တန်းဖိုက်တာ ၅ ဦးဟာ UFC ရဲ့ တိုက်ခိုက်ရေးသမားစာရင်းထဲကို ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက Las Vegas မှာရှိတဲ့ UFC APEX မှာ ကျင်းပခဲ့တဲ့ Contender Series ရဲ့ အပတ် ၃ ပြိုင်ပွဲဟာ အပတ် ၂ ပြိုင်ပွဲလိုပဲ ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အပတ် ၂ မှာ UFC CEO ဖြစ်သူ ဒါနာ ဝှိုက်က အနိုင်ရရှိသူ ၅ ဦးစလုံးကို စာချုပ်ချုပ်ဆိုခဲ့သလို အပတ် ၃ မှာလည်း အလားတူပဲ ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဖိုက်တာ ၄ ဦးက ပထမအချီမှာ အလဲထိုးနဲ့ […]