လိဂ်ဖလားဒုတိယအဆင့်နှင့် လာလီဂါပွဲကြိုသုံးသပ်ချက်

ဂရင့်ဇ်ဘီ နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ) ဂရင့်ဇ်ဘီက League Two က အသင်းဖြစ်တာကြောင့် မန်ယူအသင်းနဲ့ အဆင့်ချင်းကွာခြားလွန်းပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီအဖွင့်(၆)ပွဲစလုံး ရှုံးပွဲမရှိအောင် ကစားထားနိုင်တာကိုတော့ သတိပြုရမှာပါ။ မန်ယူနည်းပြ အာမိုရင်မ်က ဒီပွဲမှာ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ဖို့ရှိနေပြီး တိုက်စစ်မှူး ရှက်ရှကို ပွဲထွက်ခွင့်ရလာနိုင်ပါတယ်။ ဂိုးသမား အိုနာနာလည်း ပြန်ပါလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ မန်ယူအသင်း ဒီပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲနဲ့ ပရိသတ်ကို ချွေးသိပ်ပါလိမ့်မယ်။ ဆယ်လ်တာဗီဂို နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ) ဒီပွဲက လာလီဂါပွဲစဉ်(၆)မှာ ကစားရမယ့်ပွဲကို ကြိုကစားတာပါ။ လက်ရှိအနေအထားကတော့ ဆယ်လ်တာဗီဂိုက ရာသီအဖွင့်နှစ်ပွဲမှာ နိုင်ပွဲမရသေးဘဲ […]

စထရန်းလာဆန်အတွက် နယူးကာဆယ်ရဲ့ ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းမှု ပယ်ချခံရ

နယူးကာဆယ်အသင်းဟာ ဝုလ်ဗ်အသင်းက နော်ဝေတိုက်စစ်မှူး စထရန်းလာဆန်ကို ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာ ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ နယူးကာဆယ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် အစားထိုးဖို့အတွက် စထရန်းလာဆန်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပထမအကြိမ်မှာ ပေါင်သန်း(၅၀)၊ အခု ဒုတိယအကြိမ်မှာ ပေါင်(၅၅)သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ စထရန်းလာဆန်(၂၅ နှစ်)ကို ပြီးခဲ့တဲ့ရာသီက ဆယ်လ်တာဗီဂိုကနေ အငှားနဲ့ခေါ်ယူခဲ့ပြီး ဒီနွေမှာမှ ပေါင်(၂၃)သန်းနဲ့ အပြီးသတ်ခေါ်ယူထားတာပါ။ စထရန်းလာဆင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဝုလ်ဗ်အသင်းအတွက် (၁၄)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် နယူးကာဆယ်အသင်းက မျက်စိကျခဲ့တာဖြစ်ပြီး မနေ့ညက ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာလည်း စထရန်းလာဆန်က (၂)ဂိုးသွင်းခဲ့ပါတယ်။ နယူးကာဆယ်က ပေါင်သန်း(၆၀)နဲ့ ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေပြီး ဝုလ်ဗ်အသင်းက ပေါင်သန်း(၇၀)အလိုရှိနေကြောင်းလည်း သိရပါတယ်။

ဖာမင်လိုပက်ဇ်အတွက် ယူရိုသန်း(၇၀)အောက် ကမ်းလှမ်းမှုတွေကို ဘာစီလိုနာ လက်ခံစဉ်းစားမှာမဟုတ်

ဘာစီလိုနာအသင်းဟာ စပိန်တောင်ပံကစားသမား ဖာမင်လိုပက်ဇ်အတွက် ယူရိုသန်း(၇၀)အောက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာမဟုတ်ကြောင်း သိရပါတယ်။ ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၃-၂၄ ရာသီကတည်းက အသင်းမှာ ကစားခွင့်ရခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်တော့ မရသေးပါဘူး။ ဘာစီလိုနာအသင်းက ဖာမင်လိုပက်ဇ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသလို ယူရိုသန်း(၅၀၀)တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ကစားသမားတချို့ကို ရောင်းထုတ်ရမယ့် အခြေအနေဖြစ်နေတာကြောင့် ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ဖာမင်လိုပက်ဇ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေကြပြီး ချယ်လ်ဆီးက ကမ်းလှမ်းမှုပြုလုပ်ထားပြီလို့တောင် သတင်းထွက်နေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက ယူရိုသန်း(၇၀)အောက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာမဟုတ်ဘူးလို့ တုံ့့ပြန်ထားသလို၊ ဖာမင်လိုပက်ဇ်ကလည်း ဘာစီလိုနာမှာသာ ဆက်ကစားလိုတယ်လို့ ပြောကြားထားပါတယ်။

ပရော်ဖက်ရှင်နယ် နပန်းသမားကို တိုက်ခိုက်ခဲ့တဲ့ Raja Jackson အပေါ် Matt Brown ရဲ့ တုံပြန်မှု

ရန်ဖြစ်တာမဟုတ်ဘူး၊ တစ်ဖက်သတ် အနိုင်ကျင့်တာရန်ဖြစ်တာမဟုတ်ဘူး၊ တစ်ဖက်သတ် အနိုင်ကျင့်တာ” လို့ UFC နပန်းသမားဟောင်း Matt Brown က Quinton “Rampage” Jackson ရဲ့သား Raja Jackson ရဲ့ ဖြစ်ရပ်အပေါ် မှတ်ချက်ပေးခဲ့ပါတယ်။ Raja Jackson ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က Los Angeles မှာ ကျင်းပခဲ့တဲ့ ပရော်ဖက်ရှင်နယ် နပန်းပွဲတစ်ခုမှာ နပန်းသမားတစ်ဦးကို ရုတ်တရက် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ဒီဖြစ်ရပ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ လူမှုကွန်ရက်ပေါ်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ Raja Jackson ဟာ ပွဲကွင်းထဲကို ရုတ်တရက်ဝင်လာပြီး Syko Stu လို့လူသိများတဲ့ နပန်းသမား Stuart Smith ကို မတင်ပြီး မြေပြင်ပေါ်ကို ပြင်းထန်စွာ ပစ်ချခဲ့ပါတယ်။ […]

လေဗာကူဆင်နောက်ခံလူ ဟင်ကာပီယာကို အာဆင်နယ်အသင်း ခေါ်ယူဖို ကြိုးပမ်းနေ

အာဆင်နယ်အသင်းဟာ လေဗာကူဆင်အသင်းက အီကွေဒေါနောက်ခံလူ ဟင်ကာပီယာကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဟင်ကာပီယာ (၂၃ နှစ်) ကို စပါးအသင်းက ခေါ်ယူဖို့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကြိုးပမ်းခဲ့ပေမဲ့ ငွေပေးချေမယ့်ပုံစံနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်ခဲ့ကြောင်း သတင်းထွက်ခဲ့တဲ့နောက်မှာ အာဆင်နယ်အသင်းက ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဟင်ကာပီယာက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့အတွက် အာဆင်နယ်အသင်းက လက်ရှိအချိန်မှာ လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ လေဗာကူဆင်အသင်းက ဟင်ကာပီယာကို ယူရိုသန်း ၆၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ကစားသမားရဲ့ ဆန္ဒအရ စျေးလျှော့ပြီး ရောင်းချပေးဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ဟင်ကာပီယာဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် အာဆင်နယ်အသင်းမှာ ကစားခွင့်ရတဲ့ ပထမဆုံးအီကွေဒေါကစားသမားအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်တိုက်စစ်မှူး ဟွိင်လန်းကို နာပိုလီ ခေါ်ယူဖို ကြိုးပမ်းနေ

စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ မန်ယူနိုက်တက်အသင်းက ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဟွိုင်လန်းအနေနဲ့ နာပိုလီအသင်းမှာ ကနဦးအငှားနဲ့ သွားရောက်ကစားမှာပါ။ အငှားစာချုပ်ပြည့်ရင် ပေါင် ၃၉ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက် ပါဝင်ပါတယ်။ ဒါပေမဲ့ ပွဲကစားခွင့်၊ သွင်းဂိုးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် မူတည်ပြီး အပြီးသတ်ပြောင်းရွှေ့မှာပါ။ ၂၂ နှစ်သာရှိသေးတဲ့ ဟွိုင်လန်းဟာ မန်ယူနိုက်တက်အသင်းမှာ နှစ်ရာသီသာ ကစားခဲ့ပြီး ၉၅ ပွဲကစား ၂၆ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့နှစ်နှစ်က ဟွိုင်လန်းကို ခေါ်ယူခဲ့ချိန် ပေါင် ၇၂ သန်း ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် မန်ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီ ရောင်းချဖြစ်ခဲ့ရင်တောင် ပေါင် ၃၃ သန်းလောက် အရှုံးပြနိုင်ပါတယ်။ နာပိုလီအသင်းအနေနဲ့ အဓိကတိုက်စစ်မှူး လူကာကူ ပေါင်ဒဏ်ရာကြောင့် လေးလလောက် […]

ဂျက် ဒယ်လာ မက်ဒါလီနာနဲ့ ယှဉ်ပြိုင်အပြီး အီလီယာ တိုပူရီယာနဲ့ စူပါဖိုက်ထိုးသတ်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ မာခါချက်ဗ် ပြောကြား

၂၀၂၅ အစောပိုင်းမှာ ဖြစ်လာနိုင်တဲ့ အကြီးဆုံး MMA ပွဲစဉ်ကတော့ ဖဲသာဝိတ်ချန်ပီယံ အီလီယာ တိုပူရီယာနဲ့ လက်ရှိလိုက်ဝိတ်ချန်ပီယံ အစ္စလမ် မာခါချက်ဗ်တို့ရဲ့ စူပါဖိုက်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျက် ဒယ်လာ မက်ဒါလီနာက ဘီလယ် မူဟာမက်ကို အနိုင်ရပြီး ဝဲလ်တာဝိတ်ချန်ပီယံ ဖြစ်လာပြီးနောက် မာခါချက်ဗ်ဟာ ပေါင် ၁၇၀ ဝိတ်တန်းကို တက်လာပြီး ချန်ပီယံ ၂ ခုယူဖို့အတွက် လိုက်ဝိတ်ခါးပတ်ကို စွန့်လွှတ်လိုက်ပါတယ်။ အဲဒီအစား တိုပူရီယာက ချားလ်စ် အိုလီဗီယာကို အနိုင်ရပြီး လစ်လပ်နေတဲ့ လိုက်ဝိတ်ချန်ပီယံဆုကို ရယူလိုက်တဲ့အခါ ပရိသတ်တွေက စူပါဖိုက်ပွဲ ဖြစ်လာဖို့ ခက်ခဲသွားပြီလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုမဟုတ်ပါဘူး။ မာခါချက်ဗ်ဟာ ဒယ်လာ မက်ဒါလီနာအပေါ် အာရုံစိုက်နေပြီး သူ့ရဲ့ ဒုတိယမြောက် UFC […]

အသင်းအနေနဲ့ တိုးတက်မှုရှိဖို လိုအပ်နေတယ်လို အာမိုရင်မ် ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အသင်းအနေနဲ့ တိုးတက်မှုရှိဖို့ လိုအပ်နေတယ်လို့ ဖူလ်ဟမ်နဲ့ သရေကျတဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲမှာ ဖူလ်ဟမ်နဲ့ သရေကျခဲ့တာပါ။ ဒါကြောင့် အာမိုရင်မ်အနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်(၂၉)ပွဲမှာ (၂၈)မှတ်သာ ရယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ”ကျွန်တော်တို့ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လိုကစားနေသလဲဆိုတာ မေ့သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွင်းထဲမှာရှိတဲ့လူတိုင်းက အခွင့်အရေးကို ဆုပ်ကိုင်ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲဒီအခိုက်အတန့်မှာ သက်သောင့်သက်သာနဲ့ ပြိုင်ဘက်ကို ဖိအားပေးကစားရမှာပါ။ ကျွန်တော်တို့က ပြင်းပြင်းထန်ထန်ဖိကစားဖို့ ကြိုးစားခဲ့လို့ နေရာလွတ်အများကြီးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်မှုရှိဖို့ အများကြီးလိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ သြဂုတ်(၂၇)ရက်နေ့မှာ Grimsby Town အသင်းနဲ့ လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ် […]

ဂရေဟမ်ပေါ်တာကို ဝက်စ်ဟမ်းအသင်း နှစ်ပွဲပဲ အချိန်ပေးတော့မယ်

ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလီဗန်က နည်းပြ ဂရေဟမ်ပေါ်တာကို နှစ်ပွဲပဲ အချိန်ပေးတော့မယ်လို့ ဗြိတိန်ဂျာနယ်လစ်တချို့က ဆိုခဲ့ကြပါတယ်။ ဂရေဟမ်ပေါ်တာဟာ ဝက်စ်ဟမ်းနည်းပြအဖြစ် ၂၀၂၅ ဇန်နဝါရီမှာ စတင်ဆောင်ရွက်ခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့ (၂၁)ပွဲမှာ (၅)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၁၁)ပွဲရှုံးထားပါတယ်။ ဒီနှစ် ရာသီအစမှာပဲ ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးရောက်နေတာကြောင့် ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေက နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားလာကြောင်း သိရပါတယ်။ ဒေးဗစ်ဆူလီဗန်က ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဂရေဟမ်ပေါ်တာကို ချက်ချင်းထုတ်ပယ်ဦးမှာမဟုတ်ပေမဲ့ လာမယ့်ပွဲစဉ် နှစ်ပွဲမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ရင်တော့ ထုတ်ပယ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လိဂ်ဖလားဒုတိယအဆင့်မှာ ဝုလ်ဗ်၊ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ) လက်ရှိချန်ပီယံ လီဗာပူးလ်က ရာသီအဖွင့်ပွဲမှာ ဘုန်းမောက်ကို တိုက်စစ်ခြေစွမ်းပြ အနိုင်ယူပြီး ရာသီသစ်အတွက် အကောင်းဆုံးချန်ပီယံလောင်း အသင်းတစ်သင်းဖြစ်ကြောင်း သက်သေထူခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ကြောင်း မြင်တွေ့ခဲ့ရပါတယ်။ နယူးကာဆယ်ကတော့ အဖွင့်ပွဲမှာ တစ်မှတ်သာ ယူနိုင်ခဲ့တာပါ။ အစဉ်အလာမှာ လီဗာပူးလ်အသင်း အပြတ်အသတ်အသာရထားပေမဲ့ လက်ရှိအနေအထားအရတော့ နယူးကာဆယ်ကွင်းမှာ အမှတ်ပြည့်ရဖို့ ခက်ခဲနိုင်ပါတယ်။ သရေကျနိုင်တဲ့ပွဲပါ။ အင်တာမီလန် နှင့် တိုရီနို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ) နည်းပြသစ် ချီဗူးရဲ့ အင်တာမီလန်အသင်းက ရာသီကြိုကာလမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားလည်း ယှဉ်ပြိုင်ခဲ့ရတာကြောင့် ချီဗူးနဲ့ အင်တာမီလန်အသင်း အတော်လေး အသားကျနေပြီလို့ ဆိုရမှာပါ။ တိုရီနိုကို […]