မန်ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖိုဆိုတာ မိမိအိပ်မက်ဖြစ်ကြောင်း ပဲလေ့စ်နောက်ခံလူပြောကြား

မန်ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာ မိမိအိပ်မက်ဖြစ်ကြောင်း ပဲလေ့စ်နောက်ခံလူပြောကြား ခရစ္စတယ်ပဲလေ့စ်တောင်ပံခံစစ်ကစားသမား ဒန်နီရယ်လ်မူနော့ဇ် မန်ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာ မိမိအိပ်မက်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ပြောကြားခဲ့ပါတယ်။ မူနော့ဇ်ဟာ ပဲလေ့စ်သင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီး FA Cup ဗိုလ်လုပွဲမှာ မန်စီးတီးဘက်ကို အနိုင်ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ ခြောက်ဂိုးသွင်းပြီး ရှစ်ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာပါ။ မုူနော့ဇ်(၂၉ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီကလည်း ဘာစီလိုနာ၊ ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းတွေဆီကလည်း စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ဘယ်လ်ဂျီယံကလပ် KRCဂျန့်အသင်းကနေ ပဲလေ့စ်အသင်းကို ပြောင်းရွှေ့လာတာဖြစ်တယ်။ ပရီးမီးယားလိဂ်ကို မရောက်ခင် သူကစားခဲ့တဲ့ ကလပ်တွေမှာ စုစုပေါင်း ၃၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူလည်း ဖြစ်ပါတယ်။

ရိုဒေါဖို ဗီအဲရာက UFC 322 မှာ ဘို နစ်ကယ်ကို သူ့ရဲ့ “အပြင်းထန်ဆုံး” ပွဲတစ်ပွဲအဖြစ် သတ်မှတ်ရခြင်း အကြောင်းရင်းကို ရှင်းပြ

ရိုဒေါဖို ဗီအဲရာက UFC 322 မှာ ဘို နစ်ကယ်ကို သူ့ရဲ့ “အပြင်းထန်ဆုံး” ပွဲတစ်ပွဲအဖြစ် သတ်မှတ်ရခြင်း အကြောင်းရင်းကို ရှင်းပြ ရိုဒေါဖို ဗီအဲရာ (Rodolfo Vieira) နဲ့ ဘို နစ်ကယ် (Bo Nickal) တို့ဟာ မက်ဒီဆင်စကွဲဂါးဒင်း (Madison Square Garden) မှာ ကျင်းပမယ့် UFC 322 ရဲ့ ပဏာမပွဲစဉ်မှာ ဒီစနေနေ့မှာ နောက်ဆုံးတော့ အဌဂံ (octagon) အတွင်းမှာ တွေ့ဆုံကြတော့မှာဖြစ်ပြီး၊ ဒီပွဲစဉ်ဟာ ဂျူဂျစ်ဆု ဂန္ထဝင်ကစားသမားကို စိတ်ဝင်စားစေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်။ UFC ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက နောက်ဆုံးကျင်းပခဲ့တဲ့ MSG ပွဲစဉ်အတွက် ဒီထိပ်တိုက်တွေ့ဆုံမှုကို စီစဉ်လိုခဲ့ပေမယ့် […]

ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိရှိလာတဲ့ မက်ဆီ

ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိရှိလာတဲ့ မက်ဆီ အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီဟာ အန်ဂိုလာနဲ့ ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီးနောက် ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိရှိလာခဲ့ပါတယ်။ ဂိုးဖန်တီးမှုကလည်း ၄၀၁ ဂိုး ရှိလာပြီး ဘောလုံးသမိုင်းမှာ ဟန်ဂေရီဂန္ထဝင် ပွတ်ရှ်ကပ်စ်ရဲ့ ၄၀၄ ဂိုးကို လိုက်မီဖို့ သုံးဂိုးသာ လိုပါတော့တယ်။ မက်ဆီဟာ အခုရာသီအတွင်း ကလပ်နဲ့ နိုင်ငံအတွက် ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနဲ့ ဖန်တီးမှု) ဂိုး ၇၀ ပြည့်မြောက်ခဲ့ပြီး ၅၃ ပွဲကစား ၄၆ ဂိုးသွင်း၊ ၂၄ ဂိုးဖန်တီးခဲ့ပါတယ်။ အသက် ၃၈ နှစ်ပြည့်ပြီးကတည်းက ၂၆ ပွဲမှာ ၂၉ ဂိုးသွင်းကာ ၁၇ ဂိုး ဖန်တီးခဲ့ပါတယ်။ မက်ဆီအနေနဲ့ […]

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနဲ့ စီရော်နယ်လ်ဒိုလွဲချော်နိုင်သလား

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနဲ့ စီရော်နယ်လ်ဒို လွဲချော်နိုင်သလား ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်ကို ဝ-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြသခံရတဲ့ အနီကတ်ကြောင့် ခြေစစ်ပွဲအောင်ခဲ့ရင် အနည်းဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ ၎င်းဟာ အိုင်ယာလန်ကစားသမား ဒါရာအိုရှေးရဲ့ကျောကို နောက်ကနေ ပခုံးနဲ့တိုက်ခဲ့လို့ အနီကတ်ပြသခံခဲ့ရတာဖြစ်တယ်။ ကနဦး အဝါကတ်သာ ပြသခံရပေမဲ့ VAR ပြန်ကြည့်ပြီးနောက် အနီကတ်အဖြစ် ပြောင်းလဲသွားခဲ့ရတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အနီကတ်ပြစ်ဒဏ်အရ ကနဦး အာမေးနီးယားနဲ့ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲကို လွဲချော်ရမှာပါ။ ဒါပေမဲ့ အနည်းဆုံး နိုင်ငံတကာပွဲ နှစ်ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက အရေးယူမှုကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်။ အခုဖြစ်စဉ်ဟာ အကြမ်းဖက်အပြုအမူ ခေါင်းစဉ်အောက်ရောက်နေပြီး ဥပဒေအရတော့ အနည်းဆုံး သုံးပွဲနဲ့အထက် ပွဲပယ်ခံရမှာဖြစ်ပါတယ်။

ယမားလ် စပိန်လူစာရင်းက နုတ်ထွက်မှုအပေါ် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရှိကြောင်း နည်းပြ ပြောကြား

ယမားလ် စပိန်လူစာရင်းက နုတ်ထွက်မှုအပေါ် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရှိကြောင်း နည်းပြ ပြောကြား စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက တိုက်စစ်ကစားသမား ယမားလ် စပိန်လူစာရင်းက နုတ်ထွက်မှုအပေါ် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရှိကြောင်း ပြောခဲ့ပါတယ်။ ၎င်းဟာ ယမားလ် နုတ်ထွက်ကတည်းက အံ့အား သင့်စရာကောင်းတဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအကြား ဆက်ဆံရေးပိုကောင်းရမယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု E မှာ ခြေစစ်ပွဲမအောင်သေးပေမဲ့ လေးပွဲကစား လေးပွဲစလုံး အနိုင်ရပြီး အုပ်စုပထမရဖို့ နီးစပ်နေပါတယ်။ နိုဝင်ဘာလ ၁၅ ရက်(ယနေ့)မှာ ဂျော်ဂျီယာနဲ့ အဝေးကွင်း၊ နိုဝင်ဘာလ ၁၈ ရက်မှာ တူရကီနဲ့ အိမ်ကွင်းပွဲတွေ ကစားရမှာပါ။ စပိန်အသင်းအနေနဲ့ ဂျော်ဂျီယာကို […]

တီတို အော်တစ်ဇ် (Tito Ortiz) က သူ့ရဲ့ အကောင်းဆုံးအချိန် (Prime) မှာသာဆိုရင် အဲလက်စ် ပီရဲရား (Alex Pereira) ကို အနိုင်ယူနိုင်မယ်လို ယုံကြည်ချက်ရှိနေပြီး “သူ့ကို Double Leg နဲ့ ဖမ်းချုပ်ပစ်မယ်” လို ပြော

တီတို အော်တစ်ဇ် (Tito Ortiz) က သူ့ရဲ့ အကောင်းဆုံးအချိန် (Prime) မှာသာဆိုရင် အဲလက်စ် ပီရဲရား (Alex Pereira) ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး “သူ့ကို Double Leg နဲ့ ဖမ်းချုပ်ပစ်မယ်” လို့ ပြော တီတို အော်တစ်ဇ်ဟာ အဲလက်စ် ပီရဲရားနဲ့ သူတို့နှစ်ဦးစလုံး အကောင်းဆုံးအချိန် (Prime) မှာ ထိုးသတ်ကြမယ်ဆိုရင် သူ့ဘက်က အခွင့်အလမ်း ပိုများတယ်လို့ ယူဆနေပါတယ်။ တီတို အော်တစ်ဇ်ဟာ UFC သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး Light Heavyweight ချန်ပီယံတွေထဲက တစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဟာ အဲလက်စ် ပီရဲရားကို အနိုင်ယူဖို့ လုံလောက်တယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။ လက်ရှိ Light […]

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို ခွင့်ပြုပေးခဲ့ပြီလို သတင်းထွက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပြီလို့ သတင်းထွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားနိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။ နာမည်ကျော် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)နီးပါးက ကြည့်ရှုခွင့်ရနေပေမဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ ပိတ်ပင်ထားတာပါ။ အခု ကင်ဂျုံအွန်က ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပေမဲ့လည်း ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း သိရပါတယ်။ အဓိကကန့်သတ်ထားတဲ့အချက်တွေကတော့ (၁)ပရီးမီးယားလိဂ်ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာမဟုတ်ဘဲ တည်းဖြတ်ပြီးမှ ပြသရမှာပါ။ (၂) ဘောလုံးပွဲတစ်ပွဲက မိနစ်(၉၀) ယှဉ်ပြိုင်ရတာဖြစ်ပေမဲ့ မိနစ်(၆၀)သာကြာမြင့်အောင် တည်းဖြတ်ပြီးမှ ပြသရမှာပါ။ (၃) ကွင်းအတွင်းက အင်္ဂလိပ်စာလုံးတွေအားလုံးကို မြောက်ကိုရီးယားဂရပ်ဖစ်တွေနဲ့ ဖုံးအုပ်ပြီးမှ ပြသရမှာပါ။ (၄) တောင်ကိုရီးယားကစားသမားတွေရဲ့ ပုံရိပ်တွေကို ဖယ်ရှားပြီးမှ ပြသရမှာပါ။ (၅) LGBTQ+ နဲ့ ပတ်သက်တဲ့ […]

ဂိုး ၄၀၀ သွင်းယူနိုင်ခြင်းက အထင်ကြီးစရာမကောင်းဘဲ စီရော်နယ်လ်ဒိုလို ဂိုး ၁၀၀၀ သွင်းယူနိုင်ဖို ကြိုးစားချင်တယ်လို ဘာပေ ပြောကြား

ဂိုး ၄၀၀ သွင်းယူနိုင်ခြင်းက အထင်ကြီးစရာမကောင်းဘဲ စီရော်နယ်လ်ဒိုလို ဂိုး ၁၀၀၀ သွင်းယူနိုင်ဖို့ ကြိုးစားချင်တယ်လို့ ဘာပေ ပြောကြား ပြင်သစ်တိုက်စစ်မှူး ဘာပေက ဂိုး ၄၀၀ သွင်းယူနိုင်ခြင်းက အထင်ကြီးစရာမကောင်းကြောင်းနဲ့ စီရော်နယ်လ်ဒိုလို ဂိုး ၁၀၀၀ သွင်းယူနိုင်ဖို့ ကြိုးစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပေဟာ ယူကရိန်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဘာပေဟာ လက်ရွေးစင်အသင်းအတွက် (၅၅)ဂိုး၊ ကလပ်အသင်းတွေအတွက် (၃၄၅)ဂိုး သွင်းယူခဲ့တာပါ။ ဘာပေဟာ အသက်(၂၆)နှစ်သာရှိသေးတာကြောင့် ဘရာဇီးလ်ဂန္ထဝင် ပီလီနောက်ပိုင်း အသက်အငယ်ဆုံး ဂိုး ၄၀၀ ပြည့်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ဘာပေက ”အခု ဂိုး ၄၀၀ က […]

ဟာလန်းနဲ့ ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို ဆိုးလ်ရှား ပြောကြား

ဟာလန်းနဲ့ ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို့ ဆိုးလ်ရှား ပြောကြား မန်ယူအသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဆိုးလ်ရှားက မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မိုလ်ဒီအသင်းကို ကိုင်တွယ်စဉ်က ဟာလန်းနဲ့ လက်တွဲခဲ့ဖူးတာကြောင့် အခုလိုပြောခဲ့တာဖြစ်ပြီး နော်ဝေလက်ရွေးစင်အသင်းရဲ့နည်းပြရာထူးကို ချိန်ရွယ်နေကြောင်း ဝန်ခံလိုက်ခြင်းလည်းဖြစ်ပါတယ်။ အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်၊ မန်ယူနဲ့ ဘက်ဆစ်တက်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဘက်ဆစ်တက်နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ နော်ဝေလက်ရွေးစင်အသင်းဟာ ဆိုလ်ဘက်ကန်ကို နည်းပြအဖြစ် ခန့်အပ်ထားပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ရင် အပြောင်းအလဲလုပ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။ ”ကျွန်တော်တို့မှာ နည်းပြကောင်းတစ်ယောက်ရှိနေပြီး ကမ္ဘာ့ဖလားလမ်းကြောင်းပေါ်မှာလည်း ရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ(ဆိုလ်ဘက်ကန်)က စာချုပ်သစ် မချုပ်တော့ဘူးဆိုရင်ကော။ အာလင်း(ဟာလန်း)နဲ့ ထပ်ပြီးအလုပ်လုပ်ဖို့ ဘယ်သူ မလိုချင်ဘဲ ရှိမှာလဲ” […]

ဂျိုးရိုဂန်က ရွန်ဒါရိုစီကို ချစ်ခင်လေးစားကြောင်း ထပ်ပြော: ‘သူမက တကယ့်ကို ခွေးသိုးမျိုးပဲ’ 🥊

ဂျိုးရိုဂန်က ရွန်ဒါရိုစီကို ချစ်ခင်လေးစားကြောင်း ထပ်ပြော: ‘သူမက တကယ့်ကို ခွေးသိုးမျိုးပဲ’ 🥊 MMA လောကရဲ့ နာမည်ကြီး ပေါ့ဒ်ကတ်စ်တင်သူ ဂျိုးရိုဂန်ဟာ မကြာသေးမီက သူ့ရဲ့ MMA အသိပညာကို ဝေဖန်ခဲ့တဲ့ ရွန်ဒါရိုစီရဲ့ မှတ်ချက်တွေကို တည်တည်ငြိမ်ငြိမ်ပဲ လက်ခံလိုက်ပါတယ်။ ချန်ပီယံဟောင်း ရွန်ဒါရိုစီက ရိုဂန်ဟာ “ကျွမ်းကျင်သူမဟုတ်ဘဲ ပရိသတ်ရှိတဲ့ ပရိတ်သတ်တစ်ဦး” သာဖြစ်တယ်လို့ ပြောခဲ့ပြီး၊ တိုက်ကွမ်ဒို ယှဉ်ပြိုင်ဖူးပေမယ့် “သူ တကယ်တမ်း တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး” လို့ ဝေဖန်ခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရိုဂန်က သူ့ရဲ့ ပေါ့ဒ်ကတ်စ်မှာ ပွင့်ပွင့်လင်းလင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “သူမက တကယ့်ကို ဒဏ္ဍာရီ ပါ။ အဲဒီအမျိုးသမီးကို ကျွန်တော် ချစ်ခင်လေးစားမှု အပြည့်အဝ ရှိပါတယ်” လို့ […]