ဂျင်း မာဆူမိုတို- ‘ရော့ဘ် ဖောင့်ကို ကျွန်တော် မရှုံးပါဘူး’

ဂျင်း မာဆူမိုတိုက သူဟာ အခုထိ ရှုံးပွဲမရှိသေးဘူး လို့ ခံယူထားဆဲပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက UFC Seattle မှာ ဝါရင့်လက်ဝှေ့သမား ရော့ဘ် ဖောင့် နဲ့ ရုတ်တရက်ထိုးသတ်ခဲ့ပြီး ပထမဆုံး MMA ရှုံးပွဲကြုံခဲ့ပေမဲ့ သူ့ရဲ့စံချိန်က (၁၆-၁) မဟုတ်ဘဲ (၁၇-၀) ပဲလို့ ပြောပါတယ်။ ဒီစနေနေ့မှာတော့ UFC Vegas 109 ပင်မပွဲစဉ်မှာ မိုင်းစ် ဂျော့န်စ် နဲ့ ထိုးသတ်ဖို့ ပြန်လာပါပြီ။ နောက်တစ်ကြိမ် ရင်ကွဲနာကျန်ခဲ့တာမျိုး မဖြစ်ရလေအောင် အလဲထိုးနဲ့ အဆုံးသတ်နိုင်ဖို့ အားထုတ်သွားမယ်လို့ ဆိုပါတယ်။ “ကျွန်တော့်အတွက်တော့ အဲဒီပွဲကို ကျွန်တော်နိုင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က အခုထိ ရှုံးပွဲမရှိသေးပါဘူး” လို့ မာဆူမိုတိုက MMA Fighting ကို […]
မန်ယူနိုက်တက်တိုက်စစ်မှူး ဟွိင်လန်းကို အေစီမီလန် စိတ်ဝင်စားနေ

အေစီမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းက ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုင်လန်းကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အေစီမီလန်အသင်းက ဟွိုင်လန်းကို အငှားခေါ်ယူခ ယူရို လေးသန်း(ပေါင် ၃.၄၇ သန်း)၊ အပြီးသတ်ခေါ်ယူမှု ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ မန်ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်က ဟွိုင်လန်းကို အတ္တလန်တာကနေ ခေါ်ယူချိန်က ပေါင် ၇၂ သန်း ကုန်ကျခဲ့ပါတယ်။ ဟွိုင်လန်းကိုယ်တိုင်ကလည်း အမေရိကခရီးစဉ်မှာ မန်ယူနိုက်တက်မှာပဲ ဆက်လက်ကစားချင်တယ်လို့ ဖွင့်ဟထားပါတယ်။ ဒါပေမဲ့ ရှက်ရှကို ရောက်ရှိလာတော့မှာဖြစ်လို့ ဟွိုင်လန်းရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ပါတယ်။ အခြားအသင်းအတော်များများကလည်း ဟွိုင်လန်းကို စိတ်ဝင်စားနေပြီး အငှားခေါ်ယူချင်တာ ပိုများပါတယ်။
အာဆင်နယ်လူငယ်ကြယ်ပွင့် နွမ်နယ်ရီ ကာလရှည်စာချုပ်သစ် ချုပ်ဆို

အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား နွမ်နယ်ရီဟာ သြဂုတ် ၈ ရက် ညပိုင်းမှာ အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ နွမ်နယ်ရီဟာ ပြီးခဲ့တဲ့ရာသီမှာ စီနီယာအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲကစား၊ ၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အာဆင်နယ်အသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့ပြီး အဲဒီအချိန်တုန်းက ၁၅ နှစ်၊ ၁၈၁ ရက်ပဲ ရှိသေးတာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်ထားပါတယ်။ အာဆင်နယ်အသင်းက နွမ်နယ်ရီနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကို ထုတ်ပြန်ခြင်းမရှိပေမဲ့ ၅ နှစ်စာချုပ်ဖြစ်တယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။ နွမ်နယ်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ PFA လူငယ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင် ၆ ဦးစာရင်းမှာလည်း […]
UFC ပရိသတ်တွေအတွက် သတင်းကောင်း! Marlon “Chito” Vera ပြန်လာပါပြီ။ တစ်နှစ်ကျော်လောက် အနားယူပြီးတဲ့နောက် အခုတော့ တိုက်ပွဲဝင်ဖို ပြင်ဆင်

ဒီတစ်ခါတော့ တက်သစ်စကစားသမား Aiemann Zahabi နဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ တွေ့ကြမှာပါ။ Vera ဟာ နောက်ဆုံးလေးပွဲမှာ ၁-၃ နဲ့ ရလဒ်သိပ်မကောင်းခဲ့ဘူး။ Sean O’Malley ကိုလည်း ခါးပတ်လုပွဲမှာ ရှုံးခဲ့ပြီး Deiveson Figueiredo ကိုလည်း ရှုံးနိမ့်ထားတာကြောင့် ဒီပွဲက သူ့အတွက် အရေးကြီးနေပါတယ်။ ပြိုင်ဘက် Zahabi ကတော့ အခုချိန်မှာ ခြေစွမ်းပြနေပြီး ခြောက်ပွဲဆက်တိုက် အနိုင်ရထားတာပါ။ ပြီးခဲ့တဲ့ မေလတုန်းကဆိုရင် နာမည်ကြီး Jose Aldo ကိုတောင် အနိုင်ယူထားနိုင်တာမို့ Vera အတွက် လွယ်တဲ့ပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီ UFC Vancouver ပွဲမှာ သူတို့နှစ်ယောက်ရဲ့ပွဲအပြင် တခြားကောင်းမွန်တဲ့ ပွဲစဉ်တွေလည်း […]
အယ်လ်နာဆာအသင်းနဲ့ အင်နီဂိုမာတီနက်ဇ် သဘောတူညီမှုရရှိ

ဘာစီလိုနာအသင်းက စပိန်နောက်ခံလူ အင်နီဂိုမာတီနက်ဇ်ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အင်နီဂိုမာတီနက်ဇ်ဟာ ၂၀၂၃ နွေရာသီမှာ ဘီလ်ဘာအိုကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၆ မှာ ကုန်ဆုံးမှာပါ။ အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ အင်နီဂိုကို ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းပေးဖို့ သဘောတူလိုက်ပြီဖြစ်ပြီး အယ်လ်နာဆာအသင်းက အင်နီဂိုကို ကနဦး တစ်နှစ်စာချုပ်ချုပ်ဆိုပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ဖို့အတွက် အသင်းက ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေပြီး အင်နီဂိုကို စာချုပ်ဖျက်သိမ်းလိုက်တဲ့အတွက်လည်း သက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။ အင်နီဂိုဟာ ဘာစီလိုနာအသင်းမှာ ပွဲ(၇၀)ကျော်သာ ကစားခဲ့ရပေမဲ့ ဆိုစီဒက်၊ ဘီလ်ဘာအိုအသင်းတွေနဲ့အတူ အတွေ့အကြုံကြွယ်ဝခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ဘယ်လီဘာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၂၀)လို ဘရိုက်တန် သတ်မှတ်

ဘရိုက်တန်အသင်းက မန်ချက်စတာမြို့ခံအသင်းနှစ်သင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကင်မရွန်းကွင်းလယ်ကစားသမား ဘယ်လီဘာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၂၀)လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ ဘယ်လီဘာ(၂၁ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ လိုင်လီကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၂၇)သန်း+ Add-ons ကြေး ယူရို(၃)သန်းနဲ့ ရောက်ရှိခဲ့သူပါ။ ဘယ်လီဘာဟာ လက်ရှိအချိန်မှာ ဘရိုက်တန်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် မန်ချက်စတာနှစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာတော့ မန်ယူအသင်း ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။ ဒါပေမဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဘယ်လီဘာကို ဒီနွေရာသီမှာ ဘယ်အသင်းကပဲ ကမ်းလှမ်းသည်ဖြစ်စေ ဘရိုက်တန်အသင်းက ယူရိုသန်း(၁၂၀)တောင်းဆိုသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းရဲ့ ဥက္ကဋ္ဌ ပေါလ်ဘာဘာကတော့ လက်ရှိအချိန်အထိ မန်ယူအသင်းက မဆက်သွယ်သေးကြောင်းနဲ့ ဘယ်လီဘာကို အသင်းမှာ […]
UFC Vegas 109 မှာ နိုင်ပွဲရရင် မစ်ဒယ်ဝိတ် BMF ခါးပတ်အတွက် စိန်ခေါ်မယ်လို Anthony Hernandez ပြော

Anthony Hernandez ကတော့ တိုက်ခိုက်ရတာကို အရမ်းနှစ်သက်သူပါ။ ဒီလာမယ့် စနေနေ့ပွဲမှာသာ သူနိုင်ပွဲဆက်ပြီး စုစုပေါင်း ၈ ပွဲဆက်တိုက်နိုင်ခဲ့မယ်ဆိုရင် မစ်ဒယ်ဝိတ်တန်းကို ပိုစိတ်ဝင်စားစရာကောင်းအောင် လုပ်သွားမယ့် အကြံတစ်ခုကို သူ ပိုင်ဆိုင်ထားပါတယ်။ UFC Vegas 109 ပွဲစဉ်ရဲ့ ပင်မပွဲမှာ Roman Dolidze နဲ့ Hernandez တို့ ယှဉ်ပြိုင်ကြမှာပါ။ လာမယ့် စနေနေ့မှာပဲ Dricus du Plessis နဲ့ Khamzat Chimaev တို့က UFC 319 မှာ ချန်ပီယံခါးပတ်အတွက် ထိုးသတ်ကြမှာဖြစ်သလို၊ Reinier de Ridder ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လက UFC Abu Dhabi မှာ ယခင်ချန်ပီယံ Robert Whittaker […]
Ballon d’Or ဆုကို PSG တိုက်စစ်ကစားသမားဒမ်ဘီလီရရှိမယ်လို သတင်းပေါက်ကြား

၂၀၂၅ Ballon d’Or ဆုကို PSG တိုက်စစ်ကစားသမား ဒမ်ဘီလီရရှိမယ်ဆိုပြီး သတင်းပေါက်ကြားလာပါတယ်။ ဒမ်ဘီလီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ PSG အသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရရှိထားပြီး (၃၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပေါက်ကြားလာတဲ့မှတ်တမ်းအရ PSG တိုက်စစ်ကစားသမား ဒမ်ဘီလီက ရမှတ် ၆၃၀ နဲ့ Ballon d’or ရမယ်လို့သိရပါတယ်။ ၂၀၂၅ Ballon d’Or ဆုအတွက် ၂၀၂၄ သြဂုတ်(၁)ကနေ ၂၀၂၅ ဇူလိုင်(၃၁)အထိ ကာလအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ Ballon d’or ဆုအတွက် ဆန်ခါတင်စာရင်းကို ဒီနေ့ သြဂုတ်လ ၇ ရက်မှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ Ballon d’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ဦးဆောင်မှုနဲ့ […]
ရိုဒရီဂိုကို ယူရို(၆၅)သန်းနဲ့ စပါးအသင်း ကမ်းလှမ်း

စပါးအသင်းဟာ ရီးယဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ယူရို(၆၅)သန်းနဲ့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ ရီးယဲလ်အသင်းကို ၂၀၁၉ ခုနှစ်ကတည်းက ရောက်ရှိခဲ့တဲ့ ရိုဒရီဂိုဟာ အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမဲ့ နည်းပြသစ် အလွန်ဆို သဘောမကျတာကြောင့် ပွဲကစားခွင့်ရနိုင်ခြေ နည်းပါးနေပါတယ်။ ရိုဒရီဂိုက ရီးယဲလ်အသင်းမှာပဲ ဆက်နေပြီး နေရာလုတိုက်ပွဲ ဆင်နွှဲချင်နေပေမဲ့ အလွန်ဆိုက ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦး အားဖြည့်ချင်နေတာကြောင့် ရိုဒရီဂိုကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့အသုံးစရိတ် ရှာဖွေဖို့ လိုလားနေကြောင်း သိရပါတယ်။ စပါးအသင်းက ၀ါရင့်တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ဆုံးရှုံးထားရတော့မှာဖြစ်လို့ ရိုဒရီဂိုကို ခေါ်ယူအစားထိုးဖို့ ရည်ရွယ်နေတာဖြစ်ပြီး ရိုဒရီဂိုနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခွင့်ပြုဖို့ ရီးယဲလ်အသင်းကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။ စပါးအသင်းက ရိုဒရီဂိုကို မခေါ်ယူနိုင်ခဲ့ရင် ရာဖေးလ်လီယာအို၊ မူအာနီနဲ့ အန်ဒီယေးတို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ […]
‘အဲဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံချင်လာတယ်’- Dillon Danis ဟာ Logan Paul နဲ့ ရှုးနိမ့်မှုကို မေ့မရနိုင်သေးဘူး

လက်ရှိ WWE နာမည်ကြီး Logan Paul နဲ့ လက်ဝှေ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကို Dillon Danis ဟာ မေ့မရနိုင်သေးပါဘူး။ Danis ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက Misfits Boxing ရဲ့ The PRIME Card ပွဲစဉ်မှာ Paul ကို ရှုံးနိမ့်ခဲ့တာပါ။ အဲဒီပွဲဟာ အပြိုင်အဆိုင် သိပ်မဖြစ်ခဲ့ဘဲ ဆဋ္ဌမအချီမှာ Danis ဟာ အားကစားသမားစိတ်ဓာတ် မရှိတာကြောင့် အရည်အချင်းပျက်ပြယ်ခဲ့ပါတယ်။ အခုတော့ အသက် ၃၁ နှစ်အရွယ် Danis ဟာ Misfits 22 ပွဲစဉ်မှာ MMA ပြိုင်ပွဲနဲ့ ပြန်လာတာဖြစ်ပြီး Warren Spencer နဲ့ ယှဉ်ပြိုင်ရမှာပါ။ Paul နဲ့ ထိုးသတ်ခဲ့တဲ့ပွဲရဲ့ […]