အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို Opta ခန့်မှန်း

အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို့ Opta ခန့်မှန်း အာဆင်နယ် နိုင်ပွဲဆက်တာ ရပ်တန့်သွားတယ်၊ ဂိုးတွေပြန်ပေးလာရတယ်၊ ဒါပေမဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့်ဟာ လျော့ကျမသွားခဲ့ဘူး။ Opta ရဲ့စူပါကွန်ပြူတာက ရာသီကုန်ဆုံးချိန်မှာ မန်စီးတီးကိုရမှတ် ၇ မှတ်ဖြတ်ပြီး အာဆင်နယ်အသင်းချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းနေဆဲပါ။ အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်းက ၆၃ ဒဿမ ၆ ရာခိုင်နှုန်း ရှိနေပြီး၊ မန်စီးတီးက ၂၂ ဒဿမ ၉ ရာခိုင်နှုန်းသာရှိနေပါတယ်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်က ချန်ပီယံဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ရာသီကုန်ဆုံးချိန်မှာ အာဆင်နယ်က ရမှတ် ၈၀ ၊ မန်စီးတီးက ရမှတ် ၇၃ မှတ်၊ လီဗာပူးလ်က ရမှတ် ၆၈ မှတ်ရမယ်လို့ Opta ခန့်မှန်းထားပါတယ်။ အာဆင်နယ်က […]
ဂွာဒီယိုလာ၊ မန်စီးတီးတစ်ခေတ်နဲ့နည်းပြလောကရဲ့ GOAT

ဂွာဒီယိုလာ၊ မန်စီးတီးတစ်ခေတ်နဲ့ နည်းပြလောကရဲ့ GOAT ဂွာဒီယိုလာက သူ့ကိုယ်သူ ဆာအဲလက်စ်ဖာဂူဆန်နဲ့ ခိုင်းနှိုင်းလိုက်တယ်။ တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ကို သက်ဦးဆံပိုင်ဘုရင်တစ်ပါးလို အုပ်စိုးခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ မန်ချက်စတာယူနိုက်တက်ဘ၀မျိုး သူတို့စံမြန်းခွင့် ရနေပြီလို့ ဂွာဒီယိုလာ ခိုင်မာစွာ ယုံကြည်နေတာပါပဲ။ မန်ချက်စတာရဲ့ အနီရောင်တစ်ခေတ်ကနေ မန်ချက်စတာရဲ့ မိုးပြာရောင်တစ်ခေတ်ဆီ ရွေ့လျားခဲ့ပုံဟာ ဒရမ်မာသိပ်ဆန်ပါတယ်။ အဂွဲရိုးရဲ့၂၀၁၁ ခုနှစ်က နောက်ကျသွင်းဂိုးဟာ မန်ချက်စတာမြို့ရဲ့ ဇာတ်ညွှန်းအပြောင်းအလဲ အတွက် သိပ်ပြီးအရေးပါတဲ့ နောက်ဆုံးပြကွက်ပဲ။ ဇာတ်လမ်းတွဲတစ်ခုရဲ့ Season တစ်ခုကနေ Season တစ်ခုဆီ အကူးအပြောင်းမှာ ကြည့်ရှုသူပရိသတ် ရင်တမမဖြစ်အောင် မျှော်တလင့်လင့်ဖြစ်အောင် ဖမ်းစားလိုက်တာနဲ့ ဆင်တူတယ်။ အဂွဲရိုးက အနာဂတ်ပရီးမီးယားလိဂ် Season မှာ မန်စီးတီးဟာ အဓိကဇာတ်ကောင်တွေဖြစ်ကြောင်း နိမိတ်ဖတ်ခဲ့တာပါပဲ။ မန်စီးတီးက ပရီးမီးယားလိဂ်ရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပြီးပြီ။ ဖလားသုံးလုံးအောင်ပွဲ […]
မန်ယူအသင်းက သာမန်အသင်းဖြစ်နေပြီလား

မန်ယူအသင်းက သာမန်အသင်းဖြစ်နေပြီလား Short-term boost ဆိုတဲ့စကားလုံးက အတော်လေး ကြောက်စရာကောင်းတယ်။ ရေတိုကုစားမှုလို့ မြန်မာမှုပြုနိုင်ပါတယ်။ မန်ယူအသင်းက အဲဒီလိုရေတိုကုစားမှများပြီး မန်ယူကနေ နလံမထူဖြစ်နေတာကြာပြီ။ နည်းပြပြောင်းလဲတာ short-term boost ဖြစ်ပြီး မန်ယူအတွက် အသင်းဖွဲ့စည်းမှုပြန်တည်ဆောက်တာ၊ မန်ယူ DNA ပြန်လည်ပြုစုပျိုးထောင်တာကပိုအရေးကြီးပါတယ်။ ကစားသမားတစ်ဦးချင်းစွမ်းဆောင်ကောင်းတချို့ရှိပေမယ့် အစုအဖွဲ့လိုက်သန်မာလာအောင်နည်းပြရဲ့management နဲ့ training system က သိပ်ပြီးအရေးကြီးတယ်။’ မန်ယူက အသင်းတစ်သင်းအတွက်အရေးကြီးဆုံးအချက် တွေဖြစ်တဲ့ နည်းပြ၊ ကစားသမား၊ အသင်းစည်းလုံးမှု အကုန်လုံးဖရိုဖရဲဖြစ်ခဲ့တာပါ။ အရင်ခေတ်က ဖာဂီလို နည်းပြကောင်းဉှီးဆောင်ပြီး ကစားသမားတွေက တသွေးတသံတမိန့် လိုက်နာလို့ အသင်းလိုက်စုစည်းမှု သိပ်ပြီးကောင်းမွန်တယ်။ မန်ယူရဲ့DNA ကို ခံစားခွင့်ရခဲ့တယ်။ မန်ယူပရိသတ်တွေရဲ့လွမ်းမောဖွယ်ရာ အရင်ခေတ်ပါပဲ။ ဆုဖလားယဉ်ကျေးမှုနဲ့နီးစပ်တဲ့ ကစားသမားတွေပိုင်ဆိုင်ထားတာဟာ သိပ်ပြီးအကျိုးရှိတယ်။ ရီးယဲလ်က ချန်ပီယံလိဂ်ဘုရင် ဖြစ်ခဲ့တာဟာ […]
ကိုလ်ဘီ မလာရင် ဂျိုအာကွင် ဘတ်ကလေကို ပစ်မှတ်ထားမယ့် ဂါဘရီရယ်လ် ဘွန်ဖင်မ်

ကိုလ်ဘီ မလာရင် ဂျိုအာကွင် ဘတ်ကလေကို ပစ်မှတ်ထားမယ့် ဂါဘရီရယ်လ် ဘွန်ဖင်မ် ဂါဘရီရယ်လ် ဘွန်ဖင်မ်က ကိုလ်ဘီ ကော်ဗင်တန်ကို စိန်ခေါ်ထားတာ တုံ့ပြန်သံ မကြားရသေးလို့ အရန်ပစ်မှတ်ထားမယ့် နာမည်တစ်လုံးကို ထုတ်ဖော်လိုက်ပါတယ်။ အဲဒါကတော့ ဂျိုအာကွင် ဘတ်ကလေပါ။ ပြီးခဲ့တဲ့ UFC ပွဲနှစ်ပွဲမှာ စတီဖင် သွန်မ်ဆန်နဲ့ ရန်ဒီ ဘရောင်းတို့ကို နိုင်ပြီးကတည်းက ဘွန်ဖင်မ်က ယာယီချန်ပီယံဟောင်း ကော်ဗင်တန်ကို “ကျွန်တော် အနားပေးလိုက်မယ်” ဆိုပြီး စိန်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ အကြောင်းမထူးလို့ အခုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလတုန်းက ကော်ဗင်တန်ကို နိုင်ခဲ့ဖူးတဲ့ ဘတ်ကလေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေပါပြီ။ “ကိုလ်ဘီကို ကျွန်တော် ခေါ်ခဲ့တာပေါ့၊ ဒါပေမဲ့ ဂျိုအာကွင် ဘတ်ကလေလည်း အားနေတယ်” လို့ ဘွန်ဖင်မ်က […]
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို စီရော်နယ်လ်ဒို အတည်ပြု

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ စီရော်နယ်လ်ဒို အတည်ပြု ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေပေမဲ့ ဆော်ဒီမှာပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားကွန်းဖရန့်ကို အွန်လိုင်းက တက်ရောက်နေစဉ်မှာ CNN က အနားယူမယ့်အချိန်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်သလားဆိုတဲ့ မေးမြန်းမှုကို စီရော်နယ်လ်ဒိုက ” သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် (၄၁)နှစ်ပြည့်တော့မှာကြောင့်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကြာရင် အနားယူတော့မယ်လို့လည်း ဆိုခဲ့ပါတယ်။ ”လက်ရှိအခိုက်အတန့်မှာ အရမ်းကောင်းနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် […]
လိုင်ယွန်အသင်းမှာ အငှားနဲ့ ပြောင်းရွှေ့ကစားဖို အန်းဒရစ် နီးစပ်နေ

လိုင်ယွန်အသင်းမှာ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ အန်းဒရစ် နီးစပ်နေ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အန်းဒရစ်က လိုင်ယွန်အသင်းမှာ သွားရောက်ကစားဖို့ ဆန္ဒရှိနေသလို၊ အသင်းနှစ်သင်းကလည်း ညှိနှိုင်းမှုတွေ အဆင်ပြေတာကြောင့် အန်းဒရစ်ကို ပြင်သစ်လိဂ်မှာ မြင်တွေ့ရတော့မှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်မပါဝင်တဲ့ အငှားသက်သက်သာဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ အန်းဒရစ်ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် (၁၁)မိနစ်သာ ကစားခွင့်ရသေးတဲ့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ပွဲကစားခွင့်ရမယ့်အသင်းဆီ အငှားပြောင်းရွှေ့ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အန်းဒရစ်ဟာ ၂၀၂၄ နွေရာသီမှာ ပါးလ်မီးရပ်စ်ကနေ ရီးယဲလ်အသင်းကို ယူရို(၇၂)သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၃၇)ပွဲ ကစားခွင့်ရခဲ့ပေမဲ့ နည်းပြသစ် အလွန်ဆိုလက်ထက်မှာ နေရာပျောက်နေခဲ့တာပါ။ […]
မန်ယူအသင်းကို တရားစွဲထားတဲ့ တွမ်ဇီဘီရဲ့ အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထွက်ပေါ်လာ

မန်ယူအသင်းကို တရားစွဲထားတဲ့ တွမ်ဇီဘီရဲ့ အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထွက်ပေါ်လာ မန်ယူအသင်းကို နစ်နာကြေး ပေါင်တစ်သန်းကျော် ရရှိလိုမှုနဲ့ တရားစွဲဆိုထားတဲ့ ကစားသမားဟောင်း တွမ်ဇီဘီရဲ့အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထပ်မံထွက်ပေါ်လာကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘန်လေအသင်းရဲ့ ကစားသမားဖြစ်နေတဲ့ DR ကွန်ဂိုနောက်ခံလူ တွမ်ဇီဘီဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းမှာတော့ ပြိုင်ပွဲစုံ (၃၇)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ တွမ်ဇီဘီဟာ မန်ယူကစားသမားဘဝ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ဒဏ်ရာပြဿနာကြောင့် (၁၉၅)ရက်ကြာ အနားယူခဲ့ရပြီး အဲဒီလို ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဟာ မန်ယူအသင်းရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးမှုမှာ ပေါ့ဆခဲ့တာကြောင့်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကစားသမားဘဝတက်လမ်းနဲ့ ဝင်ငွေအပေါ် ထိခိုက်မှုရှိစေခဲ့တဲ့အတွက် နစ်နာကြေး ပေါင်တစ်သန်းကျော်(ဒေါ်လာ ၁.၃ […]
ဟာ့ဘ် ဒီးန်က မျက်လုံးထိုးသည့် စည်းမျဉ်းများ ပြောင်းလဲရေး ဆွေးနွေးမှုများကို ထုတ်ဖော်၊ ရှောင် စထရစ်ကလန်းကို စံနှုန်းကောင်းအဖြစ် သတ်မှတ်

ဟာ့ဘ် ဒီးန်က မျက်လုံးထိုးသည့် စည်းမျဉ်းများ ပြောင်းလဲရေး ဆွေးနွေးမှုများကို ထုတ်ဖော်၊ ရှောင် စထရစ်ကလန်းကို စံနှုန်းကောင်းအဖြစ် သတ်မှတ် ကြာရှည် သက်တမ်းရှိပြီဖြစ်သော ဒိုင်လူကြီး ဟာ့ဘ် ဒီးန်က MMA ပြိုင်ပွဲများတွင် မျက်လုံးထိုးမှုများနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်သော လမ်းညွှန်ချက်များ ရှိလာတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက ကျင်းပခဲ့သော UFC 321 ပြိုင်ပွဲတွင် တွမ် အက်စ်ပီနယ်လ်နှင့် ဆီရီ ဂန်းတို့၏ ပွဲသည် ဂန်းက ပွဲပြီးဆုံးစေသည့် မျက်လုံးထိုးမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ရလဒ်မပေါ်ဘဲ ပြီးဆုံးခဲ့သည့် အခြေအနေများကြောင့် မကြာသေးမီက ကျင်းပခဲ့သော စည်းမျဉ်း အစည်းအဝေးများအကြောင်းကို Believe You Me အစီအစဉ်တွင် ဒီးန်အား မေးမြန်းခဲ့သည်။ “ခုထိတော့ ကျွန်တော်တို့ ဆွေးနွေးနေတာက စည်းမျဉ်းတွေ […]
ဗန်ဒိုက်ရဲ့ ဂိုး ခွင့်ပြုမခံရတဲ့အပေါ် PGMOL ထံ လီဗာပူးလ် မေးခွန်းထုတ်

ဗန်ဒိုက်ရဲ့ ဂိုး ခွင့်ပြုမခံရတဲ့အပေါ် PGMOL ထံ လီဗာပူးလ် မေးခွန်းထုတ် လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ချေပဂိုးဖြစ်စေမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ဂိုး ခွင့်ပြုမခံရတဲ့အပေါ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်း(PGMOL)ထံ ဆက်သွယ်ပြီး မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ၃၈ မိနစ်မှာ ဗန်ဒိုက်က ခေါင်းတိုက်သွင်းခဲ့တာဖြစ်တယ်။ ဒီဂိုးဟာ VAR နဲ့ ပယ်ဖျက်ခံရပြီး အသင်းဖော် ရောဘတ်ဆန်က မန်စီးတီးဂိုးသမား ဒွန်နာရမ်မာ ရှေ့မှာရှိနေကာ လူကျွံတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းက ဒီဂိုးမှာ လူကျွံနေတဲ့ ရောဘတ်ဆန်ရဲ့သက်ရောက်မှုက အနည်းငယ်သာရှိတယ်လို့ ယူဆခဲ့တာပါ။ လီဗာပူးလ်အနေနဲ့ ဒီဂိုးဟာ လူကျွံဘောဥပဒေ ၁၁ အရ ဂိုးအဖြစ် ခွင့်မပြုဖို့ လုံလောက်တဲ့ စံနှုန်းစံထားမှာ ရှိမနေဘူးလို့ ယုံကြည်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ […]
ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို မန်ယူနိုက်တက် မျှော်လင့်

ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မန်ယူနိုက်တက် မျှော်လင့် မန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ ဒူးဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ရှက်ရှကိုဟာ ဒီဒဏ်ရာကြောင့် မိခင်နိုင်ငံ ဆလိုဗေးနီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုတော့ လွဲချော်ခဲ့ရပါတယ်။ ၎င်းဟာ စပါးနဲ့ပွဲမှာ လူစားဝင်ကစားပြီး ၈၈ မိနစ်မှာ စပါးနောက်ခံလူ ဗန်ဒယ်ဗန်နဲ့ ထိခိုက်မိလို့ ဒဏ်ရာရခဲ့တာဖြစ်တယ်။ ရှက်ရှကိုအနေနဲ့ ကွင်းထဲက ချိုင်းထောက်အကူအညီမပါဘဲ ထွက်ခွာခဲ့ပေမဲ့ ကောင်းစွာ လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ ရှက်ရှကိုရဲ့ဒဏ်ရာကို နိုင်ငံတကာရက်သတ္တပတ်အတွင်း စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားဖို့ ရှိပါတယ်။ ပေါင် ၇၃.၇ သန်းတန် တိုက်စစ်မှူးဟာ မန်ယူနိုက်တက်အတွက် ၁၂ ပွဲကစားပြီး နှစ်ဂိုးသာ သွင်းယူထားပါတယ်။