ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ နေမာဒေါသထွက်

ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ နေမာ ဒေါသထွက် ဆန်းတို့စ်တိုက်စစ်ကစားသမား နေမာဟာ ဖလာမင်ဂိုနဲ့ပွဲမှာ ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ ဒေါသထွက်ခဲ့ပါတယ်။ ၎င်းဟာ တနင်္ဂနွေနေ့ကစားတဲ့ အခုပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ၈၅ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။ နေမာအနေနဲ့ ကွင်းထဲကထွက်လာချိန် နည်းပြ ဗော်ဗိုဒါရဲ့လူစားလဲမှုကို မေးခွန်းထုတ်ခဲ့ပြီး အရန်ခုံမှာထိုင်ဖို့ ငြင်းဆန်ကာ အဝတ်အစားလဲခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။ ”နေမာ စိတ်ဆိုးသွားတာ သဘာဝပါပဲ။ တခြားကစားသမားတွေလည်း ဒီလိုပဲ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကို လူစားလဲမရလဲဆိုတာ ကျွန်တော် ဆုံးဖြတ်ရတာပါ။ သူ စိတ်ဆိုးခဲ့ရင်တောင် ဒါဟာ သာမန်ဖြစ်စဉ်ပဲလို့ ကျွန်တော် တွေးပါတယ်။ သူ့အနေနဲ့ လေးစားမှုမရှိတာ မဟုတ်သလို၊ ဘာမှလည်း မဖြစ်ပါဘူး။ ကစားသမားတွေဟာ ဒီလိုအချိန်မှာ အသင်းကိုကူညီဖို့ […]

ဂျွန် ဂျုံးစ်မှ ဒေနာ ဝှိက်အား မျက်နှာချင်းဆိုင် တောင်းပန်ရန် ကြိုးပမ်း၊ “ကျွန်တော် မှားပါတယ်” ဟု ဝန်ခံ

လက်ရှိအချိန်တွင် ဂျွန် ဂျုံးစ် သည် UFC ဥက္ကဋ္ဌ ဒေနာ ဝှိက် နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကာ ပြေလည်မှုရယူရန် အပြင်းအထန် ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။ ဂျုံးစ်သည် ယခင်က တွမ် အက်စ်ပီနယ်လ် နှင့် ထိုးသတ်မည့်ပွဲအစား ရုတ်တရက် အနားယူကာ UFC ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ပြီးနောက် ဝှိက်၏ ယုံကြည်မှု ပျက်ပြားမှုကို ပြန်လည်ရရှိရန် ဤသိုလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဂျုံးစ်၏ အနီးကပ်ဆုံး ရည်မှန်းချက်မှာ ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် UFC White House ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်ဖြစ်သော်လည်း၊ ရှေးဦးစွာ ဒေနာ ဝှိက်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေခြင်း ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ အနားယူမှုနှင့် ချန်ပီယံခါးပတ် စွန့်လွှတ်ခြင်းတစ်နှစ်နီးပါးခန့်အတွင်း ဂျုံးစ်သည် […]

ဒူးဒဏ်ရာရခဲ့တဲ့ ရှက်ရှကို ကာလကြာရှည် အနားယူရနိုင်

မန်ယူနိုက်တက်တိုက်စစ်မှူး ရှက်ရှကိုဟာ ဒူးဒဏ်ရာရခဲ့လို ကာလကြာရှည် အနားယူရဖို ရှိနေပါတယ်။ ၎င်းဟာ စပါးနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၅၈ မိနစ်ရောက်မှ လူစားဝင်ကစားခွင့်ရခဲ့ပြီး ၈၈ မိနစ်မှာ စပါးနောက်ခံလူ ဗန်ဒန်ဗန်နဲ့ ထိခိုက်မိလို ဒဏ်ရာရခဲ့တာဖြစ်တယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ကွင်းတွင်းကုသမှု ခံယူပြီး ကွင်းပြင်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က ရှက်ရှကိုရဲ့ဒဏ်ရာအပေါ် စိုးရိမ်မိတယ်လို ပြောခဲ့ပါတယ်။ ရှက်ရှကိုသာ ကာလရှည်နားရရင် မန်ယူနိုက်တက်တိုက်စစ်အတွက် ခေါင်းခဲစရာ ဖြစ်လာလိမ့်မယ်။ လာမယ့်လမှာ အမ်ဘူမို၊ အာမက်ဒီယာလိုတိုကိုအာဖရိကနိုင်ငံများဖလားပွဲ စေလွှတ်ရဖိုရှိနေလိုအာမိုရင်မ်အဖို မလွယ်လှပါဘူး။

နိုင်ပွဲဆက်မှု ရပ်တန့်သွားလို ရင်ထဲက နာကျင်ရကြောင်း အာတေတာ ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတေတာကဆန်းဒါးလန်းနဲ့ပွဲမှာ နှစ်ဂိုးစီသရေကျပြီး နိုင်ပွဲဆက်မှု ရပ်တန့်သွားလို ရင်ထဲက နာကျင်ရကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ ဒုတိယပိုင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး နာကျင်အချိန်ပို လေးမိနစ်ရောက်မှ ချေပဂိုးပေးခဲ့ရတာပါ။ အာဆင်နယ်အနေနဲ့ လိဂ်ပွဲ ငါးပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲ နိုင်ပွဲဆက်နေမှု အဆုံးသတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးရှစ်ပွဲဆက် clean sheet ရထားမှုလည်း ပြီးဆုံးခဲ့ပါတယ်။ ”ရင်ထဲက နာကျင်သလို ခံစားရပါတယ်။ ဘယ်လိုဂိုးမျိုးမှ ကျွန်တော် မပေးချင်ပါဘူး။ ဒါက ဂိုးတစ်ဂိုးဖြစ်ပြီး ပွဲကို ခက်ခဲတဲ့အနေအထား ဖြစ်စေခဲ့ပါတယ်”လို အာတေတာက ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နိုင်ပွဲဆက်မှု ရပ်တန့်သွားပေမဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၂၆ မှတ်နဲ့ အမှတ်ဖြတ် ဦးဆောင်ထားဆဲဖြစ်ပါတယ်။

ဆော်ဒီလိဂ်မှာ စီရော်နယ်လ်ဒို ဂိုးပါဝင်ပတ်သက်မှု ဂိုး ၁၀၀ ပြည့်မြောက်

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ Neom SC အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီတစ်ဂိုးသွင်းပြီး ဆော်ဒီလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု) ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ အယ်လ်နာဆာအသင်း ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ၅၆ မိနစ်မှာ Neom SC ကစားသမားတစ်ဦး အထုတ်ခံရပြီး စီရော်နယ်လ်ဒိုကတော့ ၆၅ မိနစ်မှာ ရရှိတဲ့ ပယ်နယ်တီကို အသင်းရဲ့ဒုတိယဂိုးအဖြစ် သွင်းယူခဲ့တာပါ။ စီရော်နယ်လ်ဒိုမှာ ဆော်ဒီလိဂ်မှာ ၈၅ ပွဲကစား ၈၃ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးမှုနဲ့ ဂိုး ၁၀၀ ပြည့်ခဲ့တာဖြစ်တယ်။ အယ်လ်နာဆာအသင်းသမိုင်းမှာ ဆော်ဒီကစားသမားမဟုတ်ဘဲ ဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၎င်းဟာ ကစားသမားဘဝသွင်းဂိုးပေါင်း ၉၅၃ ဂိုးအထိ ရှိလာခဲ့တာပါ။ […]

Ismael Bonfim ဝိတ်ချော်မှုကြောင့် ပွဲဆက်လက်ကျင်းပရန် ပိုက်ဆံလျှော့ယူခဲ့ရ

UFC Lightweight တန်းမှ Ismael Bonfim သည် သတ်မှတ်ဝိတ်ထက် ၅ ပေါင်အထိ လွန်ခဲ့တာကြောင့် ၎င်းရဲ့ ပိုက်ဆံ (purse) ၂၅ ရာခိုင်နှုန်းကို ပေးလျော်ရမှာဖြစ်ပါတယ်။ Las Vegas, NV – UFC Vegas 111 ပြိုင်ပွဲဟာ Bonfim ညီအစ်ကိုတွေအတွက် အရေးပါတဲ့ ညတစ်ညဖြစ်လာနိုင်ပေမယ့်၊ အစ်ကိုဖြစ်သူ Ismael Bonfim ကတော့ ပွဲမတိုင်ခင်ကတည်းက အမှားတစ်ခုနဲ့ စတင်လိုက်တာ ဖြစ်ပါတယ် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ တရားဝင် ဝိတ်ချိန်ပွဲတွေမှာ Ismael Bonfim ဟာ ပေါင် ၅ ပေါင် အထိ သိသိသာသာကို ဝိတ်လွန်ခဲ့တာ တွေ့ရပါတယ်။ အစ်ကိုဖြစ်သူ Bonfim ဟာ ပေါင် ၁၆၁ […]

အာဆင်နယ်နဲ့ပွဲမှာ ဘယ်အသင်း ပိုကောင်းသလဲဆိုတာ မြင်တွေ့ရမယ်လို ချာကာ ပြောကြား

ဆန်းဒါးလန်းအသင်းခေါင်းဆောင် ချာကာက အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဘယ်အသင်းပိုကောင်းသလဲဆိုတာ မြင်တွေ့ရမယ်လို ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်ခံစစ်ကစားသမား ချာကာဟာ အာဆင်နယ်အသင်းမှာ ပွဲအများဆုံးကစားခဲ့ဖူးပြီး အခု အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်လို အခုလို ပြောကြားခဲ့တာပါ။ ဆန်းဒါးလန်းအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး အခုတစ်ပတ် စနေညမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းပွဲ ယှဥ်ပြိုင်ရမှာပါ။ ချာကာက ဆန်းဒါးလန်းအသင်း အမှတ်ပေးဇယားထိပ်ပိုင်းရောက်နေတာကို မအံ့သြကြောင်းနဲ့ မိမိတိုနဲ့ ထိုက်တန်တဲ့နေရာကို ရရှိထားခြင်းဖြစ်တယ်လိုလည်း ဆိုခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲအတွက်တော့ “အဲဒီပွဲက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲ ဖြစ်လာမှာပါ။ ကျွန်တော် အဲဒီမှာ အံအားသင့်စရာကောင်းတဲ့ ၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ရပါတယ်။ သူတိုနဲ့လည်း အဆက်အသွယ်ရှိနေတုန်းပါပဲ။ ဒီပွဲမှာ ပျော်ရွှင်ရဖို […]

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုတွေကို တစ်ပြိုင်နက်ဆွတ်ခူးခဲ့တဲ့ အာမိုရင်မ်နဲ့ အမ်ဘူမို

မန်ယူနိုက်တက်အသင်းက နည်းပြ အာမိုရင်မ်နဲ့ တိုက်စစ်ကစားသမား အမ်ဘူမိုတိုကပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို တစ်ပြိုင်နက်ဆွတ်ခူးခဲ့ပါတယ်။ ၂၀၂၃ နိုဝင်ဘာလက မက်ဂွိင်းရား၊ တန်ဟက်ဂ်နဲ့ဂါနာချိုတို ကစားသမားဆု၊ နည်းပြဆုနဲ့ သွင်းဂိုးဆုတွေ တစ်ပြိုင်နက် ဆွတ်ခူးပြီးနောက် တစ်လတာအကောင်းဆုံးဆုတွေကို နှစ်ခုနဲ့အထက် ပထမဆုံးအကြိမ် ပြန်ရခဲ့တာပါ။ အာမိုရင်မ်က မန်ယူနိုက်တက်အသင်းကိုကိုင်တွယ်မှု တစ်နှစ်နီးပါးကြာမှ သူ့လက်ထက် ပထမဆုံးအဖြစ် အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ် သုံးပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အာမိုရင်မ်အနေနဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိတဲ့ ခြောက်ဦးမြောက် ပေါ်တူဂီလူမျိုးနည်းပြလည်း ဖြစ်ခဲ့တယ်။ အမ်ဘူမိုကတော့ အောက်တိုဘာလမှာ ပရီးမီးယားလိဂ် သုံးပွဲကစား သုံးဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဘန်လေဂိုးသမား ဒူဘရေကာက အကောင်းဆုံးကာကွယ်မှုဆုနဲ့ အက်စတွန်ဗီလာကွင်းလယ်တိုက်စစ်ကစားသမား ဘန်ဒီယာက အကောင်းဆုံးသွင်းဂိုးဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘယ်လင်ဂမ်၊ ဖိုဒန်တိုကို ပြန်လည်ရွေးချယ်မှုအပေါ် တူဟယ်လ် ရှင်းလင်း

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ရီးယဲလ်မက်ဒရစ်အသင်းကဘယ်လင်ဂမ်၊ မန်စီးတီးအသင်းက ဖိုဒန်တိုကို ပြန်လည်ရွေးချယ်မှုအပေါ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ၎င်းက သက်ဆိုင်ရာကလပ်အသင်းတွေမှာ အတိုင်းထက်အလွန် ခြေစွမ်းပြနေလို ဘယ်လင်ဂမ်၊ ဖိုဒန်တိုကို ပြန်လည်ရွေးချယ်ခဲ့တာလို ပြောခဲ့တာဖြစ်တယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးသား အင်္ဂလန်အသင်းဟာ အခုနိုင်ငံတကာရက်သတ္တပတ်မှာဆားဘီးယား၊ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ ကစားရမှာပါ။ ”သူတိုဟာ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးရဲ့အောင်မြင်မှုမှာ ပုံမှန်ကစားခွင့်ရပြီး ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူတိုဟာ အဆုံးအဖြတ်ဂိုးတွေ ပုံမှန်သွင်းပေးနေကြတယ်။သူတို ပုံစံကောင်းပြန်ရပြီး ကျွန်တော်တိုထံ ပြန်လာနိုင်လို ဝမ်းသာမိပါတယ်”လို တူဟယ်လ်ကပြောခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ပထမဆုံးအကြိမ် ရွေးချယ်ခဲ့တဲ့ ဘုန်းမောက်ကွင်းလယ်လူ အဲလက်စ်စကော့မှာလည်း အင်္ဂလန်အသင်းနဲ့ ထိုက်တန်တယ်လို မှတ်ချက်ပြုခဲ့ပါတယ်။ အခုအင်္ဂလန်အသင်းလူစာရင်းမှာ ရီးယဲလ်နောက်ခံလူ အာနိုးလ်၊ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘက်နဲ့ အဲဗာတန်ကစားသမား ဂရီးလစ်ရှ်တို မပါဝင်လာခဲ့ပါဘူး။

ဖရန်စစ် ငန်နူး (Francis Ngannou) က ဂျိတ် ပေါလ် (Jake Paul) ၏ လက်ဝှေ့ပွဲ ကမ်းလှမ်းချက်ကို ပယ်ချပြီး “လေးစားမှုမရှိ” ဟု ဝေဖန်

UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဖရန်စစ် ငန်နူး သည် ဂျိတ် ပေါလ်၏ အစားထိုးလက်ဝှေ့ထိုးဖော် ဖြစ်လာရန် ကမ်းလှမ်းချက်ကို လုံးဝစိတ်မဝင်စားကြောင်းနှင့် “လေးစားမှုမရှိသော ကမ်းလှမ်းမှု” ဟု မှတ်ချက်ပြုကာ ငြင်းပယ်လိုက်ကြောင်း သတင်းများအရ သိရပါတယ်။ ပြိုင်ပွဲ မသေချာမှု – လာမည့်အပတ်တွင် Netflix ၌ ပြသရန် စီစဉ်ထားသည့် ဂျိတ် ပေါလ်နှင့် Gervonta Davis တို၏ ပြပွဲလက်ဝှေ့ပွဲ သည် ဒေးဗစ်စ်၏ ချစ်သူဟောင်းဖြစ်သူ Courtney Rossel က ၎င်းအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပြင်းထန်စွာ ရိုက်နှက်မှု၊ မတရားချုပ်နှောင်မှု၊ ပြန်ပေးဆွဲမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်မှုတိုဖြင့် တရားစွဲဆိုခဲ့ခြင်းကြောင့် မသေချာသည့် အခြေအနေသို ရောက်ရှိသွားခဲ့သည်။ အစားထိုးရှာဖွေမှု – […]