Opta ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ နောက်ဆုံးခန့်မှန်းချက်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိလာ

ပရီးမီးယားလိဂ် ပွဲစဉ်-၁၀ အပြီး Opta က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ရာသီကုန် ချန်ပီယံ ရေပန်းစားမှုမှာ အာဆင်နယ်အသင်းရဲ့ ရာသီကုန် ပျမ်းမျှရမှတ်မှာ ၈၁ ဒသမ ၄၉ မှတ် ရှိနေပြီး ချန်ပီယံဖြစ်နိုင်ခြေမှာလည်း ၇၀ ဒသမ ၀၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့ပါတယ်။ Opta ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ အာဆင်နယ်အသင်းနောက် မန်စီးတီးအသင်းက ၇၁ ဒသမ ၀၁ မှတ်၊ လီဗာပူးလ်အသင်းက ၆၉ ဒသမ ၈၆ မှတ်၊ ချယ်လ်ဆီးအသင်းက ၆၂ ဒသမ ၈၉ မှတ်၊ ခရစ္စတယ်ပဲလေ့စ် အသင်းက ၆၀ ဒသမ ၀၅ မှတ်၊ အက်စတွန် ဗီလာအသင်းက ၅၈ ဒသမ ၅၁ မှတ်၊ […]

ဆားဘီးယားကလပ်နည်းပြတစ်ဦး ပွဲအတွင်း လဲကျသေဆုံး

ဆားဘီးယားကလပ် ရက်နစ်ကီအသင်းနည်းပြမီလာဒန်ဇီဇိုဗစ်(၄၄ နှစ်)ဟာ ပွဲကစားနေစဉ်အတွင်း ကွင်းဘေးမှာ နှလုံးရောဂါကြောင့် လဲကျပြီးသေဆုံးခဲ့ရပါတယ်။ ဘော့စနီးယားနိုင်ငံသား ဇီဇိုဗစ်ဟာ မီလာဒေါ့စ်အသင်းနဲ့ကစားတဲ့ပွဲ ပွဲချိန် ၂၂ မိနစ်မှာ လဲကျခဲ့တာဖြစ်တယ်။ ဇီဇိုဗစ်ကို ဆေးရုံကို ချက်ချင်းတင်ပိုခဲ့ပေမဲ့ သေဆုံးခဲ့ရပါတယ်။ ဘောလုံးပွဲ ပြန်ကစားပြီးနောက် မိနစ် ၂၀ အကြာမှာ ဇီဇိုဗစ်သေဆုံးမှုကို ကြေညာခဲ့ပြီး ပွဲကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ဇီဇိုဗစ်ဟာ ရက်နစ်ကီအသင်းကို အောက်တိုဘာလ ၂၃ ရက်ကမှ စတင်တာဝန်ယူခဲ့ပြီး အခုပွဲအပါအဝင် သုံးပွဲသာ ကိုင်တွယ်ခဲ့ရပါတယ်။ ၎င်းဟာ ဘော့စနီးယားလက်ရွေးစင်အသင်းအတွက် နှစ်ပွဲကစားခဲ့ပြီး ကစားသမားဘဝကို ဘော့စနီးယားနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတွေမှာ ကျင်လည်ကစားခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်ကို ဆာဘွဲ အပ်နှင်း

ဗြိတိန်ဘုရင် ချားလ်စ်က အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ကို ဆာဘွဲအပ်နှင်းခဲ့ပါတယ်။ ဘက်ခမ်(၅၀ နှစ်)ဟာ အခုနှစ်အစောပိုင်းက ထုတ်ပြန်တဲ့ ချားလ်စ်ဘုရင်မွေးနေ့ ဂုဏ်ပြုခံစာရင်းမှာ ပါဝင်ခဲ့ပြီး အခုမှ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။ အဆိုပါအခမ်းအနားကို ဝင်ဆာရဲတိုက်မှာ ယနေ့ပြုလုပ်ခဲ့ပြီး ဘက်ခမ်ဟာ ဘောလုံးနဲ့ ဗြိတိန်လူမှုအဖွဲအစည်းအား သူ့ရဲ့လုပ်ဆောင်မှုများအတွက် ချီးမြှင့်ခံခဲ့ရတာပါ။ ”ကျွန်တော် မော်ကြွားသူတစ်ဦး မဟုတ်ပါဘူး။ ကျွန်တော် ဘယ်လိုမျိုးချစ်စိတ်ရှိသလဲ၊ တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲဆိုတာ လူတွေ သိကြပါတယ်။ ကမ္ဘာတစ်ဝန်းခရီးသွားခွင့်ရလို ကျွန်တော် ကံကောင်းပါတယ်။ လူတွေကလည်း ကျွန်တော်တိုရဲ့ဘုရင်အကြောင်း ပြောချင်ကြတယ်။ ဒါကကျွန်တော့်အဖို ဂုဏ်ယူစရာပါပဲ”လို ဘက်ခမ်ကပြောခဲ့ပါတယ်။ ဘက်ခမ်ဟာ အခမ်းအနားကို ဇနီးဖြစ်သူ ဗစ်တိုးရီးယား၊ မိဘနှစ်ပါးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဗစ်တိုးရီးယားအနေနဲ့ ၂၀၁၇ ခုနှစ်က OBE ဂုဏ်ထူးဆောင်ဘွဲ အပ်နှင်းခံခဲ့ရပါတယ်။

ကမာရူး အူစမန် (Kamaru Usman)- တွမ် အက်စပီနောလ် (Tom Aspinall) စကားပြောဆိုမှု ပေါက်ကြားစေတဲ့အတွက် ဒန်နီရယ်လ် ကော်မီယာ (Daniel Cormier) စိတ်ဆိုးတာ “ရာနှုန်းပြည့် မှန်တယ်”

ကမာရူး အူစမန် (Kamaru Usman)- တွမ် အက်စပီနောလ် (Tom Aspinall) စကားပြောဆိုမှု ပေါက်ကြားစေတဲ့အတွက် ဒန်နီရယ်လ် ကော်မီယာ (Daniel Cormier) စိတ်ဆိုးတာ “ရာနှုန်းပြည့် မှန်တယ်” တွမ် အက်စပီနောလ် အတွက် UFC 321 ပွဲစဉ်သီတင်းပတ်ဟာ ဆိုးရွားတဲ့ အခြေအနေနဲ့ အဆုံးသတ်ခဲ့ပြီး ပင်မပွဲစဉ်မှာ စိတ်ပျက်စရာ ရလဒ်ထက် ပိုပြီး တောင်းပန်ရမယ့် ကိစ္စ ရှိနေနိုင်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က စီရယ်လ် ဂါနီ (Ciryl Gane) နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဟဲဗီးဝိတ် ချန်ပီယံဆု ကာကွယ်ပွဲ (ဂါနီရဲ့ မျက်လုံးထိုးမှုကြောင့် အက်စပီနောလ် မဆက်နိုင်ဘဲ ပွဲမပြီးဆုံးဘဲ ရပ်ဆိုင်းခဲ့ရသည်) မတိုင်မီမှာ အက်စပီနောလ်ဟာ သူ့ရဲ့ YouTube vlog […]

ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ အာဆင်နယ်အသင်း စီစဥ်နေ

ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ အာဆင်နယ်အသင်း စီစဥ်နေ အာဆင်နယ်အသင်းဟာ ဒဏ်ရာက ပြန်ကောင်းလာပြီဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ စီစဥ်နေကြောင်း သိရပါတယ်။ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျေးဇူးဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် အာဆင်နယ်အသင်းက လာမယ့်ဇန်နဝါရီစျေးကွက်မှာ ယူရိုသန်း ၃၀ နဲ့ ရောင်းထုတ်ဖို့ စီစဥ်နေတာပါ။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဂျေးဇူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒူးအရွတ်ဒဏ်ရာရရှိတာကြောင့် ကာလရှည်အနားယူနေရပေမဲ့ လက်ရှိအချိန်မှာ ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်တာကြောင့် လာမယ့် ဒီဇင်ဘာမှာ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ဂျေးဇူးက အာဆင်နယ်အသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပေမဲ့ အာဆင်နယ်အသင်းက […]

လာလီဂါမှာ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် ဂရီးဇ်မန်း မှတ်တမ်းဝင်

လာလီဂါမှာ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် ဂရီးဇ်မန်း မှတ်တမ်းဝင် အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ လာလီဂါမှာ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဂရီးဇ်မန်းဟာ ၂၀၀၉ ခုနှစ်ကတည်းက လာလီဂါမှာ ကစားနေခဲ့သူဖြစ်ပြီး ဆိုစီဒက်အတွက် ဂိုး ၄၀ ၊ ဘာစီလိုနာအတွက် ၂၂ ဂိုး၊ အက်သလက်တီကိုအသင်းအတွက် ၁၃၈ ဂိုး သွင်းယူခဲ့တာပါ။ ဂရီးဇ်မန်းဟာ သူ့ရဲ့ လာလီဂါပွဲဦးထွက်ကို ၂၀၁၀ မှာ စတင်ခဲ့ပြီး ပထမဆုံးလာလီဂါဂိုးကိုတော့ ၂၀၁၀ အောက်တိုဘာမှာ ကစားခဲ့တဲ့ ဒီပို့တီဗိုနဲ့ပွဲမှာ စတင်သွင်းယူနိုင်ခဲ့တာပါ။ လာလီဂါဂိုး ၂၀၀ ပြည့်ကိုတော့ အခုတစ်ပတ် ဆီဗီလာကို အနိုင်ရတဲ့ပွဲမှာ […]

ဖီအိုရင်တီးနားနည်းပြ ပီအိုလီ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေ

ဖီအိုရင်တီးနားနည်းပြ ပီအိုလီ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေ ဖီအိုရင်တီးနားအသင်းရဲ့ နည်းပြ ပီအိုလီဟာ စီးရီးအေမှာ ပွဲစဥ်(၁၀) ပြီးတဲ့အထိ နိုင်ပွဲမရသေးတာကြောင့် ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဖီအိုရင်တီးနားအသင်းဟာ ကွန်းဖရန့်လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရထားပေမဲ့ စီးရီးအေမှာတော့ ၄ ပွဲသရေ၊ ၆ ပွဲရှုံးထားပါတယ်။ ပီအိုလီဟာ ၂၀၂၁-၂၂ ရာသီမှာ အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းကိုတော့ ဒီနွေမှာ ဒုတိယအကြိမ် တစ်ကျော့ပြန် ကိုင်တွယ်ခဲ့တာပါ။ ဖီအိုရင်တီးနားအသင်းက ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ပီအိုလီကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေပြီး နစ်နာကြေးပေးချေသွားမယ်လို့ သိရပါတယ်။ ဖီအိုရင်တီးနားအသင်းဟာ အစားထိုးဖို့ နည်းပြသစ်ကိုလည်း ရှာဖွေနေပြီဖြစ်ပြီး နည်းပြဟောင်း ပယ်လာဒီနိုနဲ့ တိုရီနိုနည်းပြဟောင်း ဗာနိုလီတို့ထဲက တစ်ဦးဦးကို ခန့်အပ်ဖွယ်ရှိကြောင်း […]

Waldo Cortes-Acosta၊ မျက်လုံး ထိုးခံရပြီးနောက် Ante Delija ကို အကြမ်းဖက် KO ဖြင့် အနိုင်ယူ

စနေနေ့ UFC APEX တွင် ပြုလုပ်ခဲ့သော ပွဲစဉ်၌ Waldo Cortes-Acosta သည် ကြောက်မက်ဖွယ် မျက်လုံး ထိုးခံရခြင်းကို ကျော်လွှားကာ Ante Delija ကို ပထမအချီတွင် ရက်စက်သော ကေအို (Knockout) ဖြင့် အနိုင်ယူခဲ့ပြီး လိုအပ်နေသော အောင်ပွဲကို ရယူသွားခဲ့ပါတယ် ပွဲစဥ်က ရုတ်ချည်း အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေခဲ့ပါတယ်။ Cortes-Acosta မျက်လုံး ထိုးခံရပြီးနောက် Delija ၏ လက်သီးချက်များ ဆက်တိုက် ကျရောက်လာသဖြင့် ဒိုင်လူကြီး Mark Smith က ဝင်ရောက် ရပ်တန့်ခဲ့ရပါတယ်။ ပွဲကို ခေတ္တရပ်နားခဲ့သော်လည်း ရုပ်သံ ပြန်ကြည့်ရာတွင် Delija ၏ လက်ချောင်းသည် Cortes-Acosta ၏ မျက်လုံးကို ရှင်းလင်းစွာ ထိုးမိခဲ့ကြောင်း၊ […]

ဆံပင်ညှပ်ဖို ထပ်စောင့်ရဦးမယ့် မန်ယူနိုက်တက်ပရိသတ်

မန်ယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်မရမချင်း ကြွေးကြော်ထားတဲ့ အသင်းပရိသတ်ဖရန့်ခ်အီလတ်က အသင်းနိုင်ပွဲဆက်မှု ရပ်တန့်ခဲ့လို ဆံပင်ညှပ်ဖို ထပ်စောင့်ရဦးမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဆန်းဒါးလန်း၊လီဗာပူးလ်နဲ့ ဘရိုက်တန်တိုကို သုံးပွဲဆက် အနိုင်ယူခဲ့လို အီလတ်အတွက် မျှော်လင့်ချက်ရှင်သန်ခဲ့ပေမဲ့ နော်တင်ဟမ်ကို သရေကျခဲ့လို ပျက်သုဉ်းခဲ့ရပါတယ်။ အီလတ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်က စတင်ကြွေးကြော်ခဲ့တာဖြစ်လို ဆံပင်မညှပ်ရတာ တစ်နှစ်ကျော် ရှိလာခဲ့ပါတယ်။ အခုရာသီ အစောပိုင်းက BBC Radio Manchester နဲ့ အင်တာဗျူးမှာ အီလတ်က အခုနှစ်ကုန်မှာ ဆံပင်ညှပ်ရဖို မျှော်လင့်ထားတယ်လို ပြောခဲ့ဖူးပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ယူနိုက်တက်အသင်း သုံးပွဲဆက် အနိုင်ရလို မျှော်လင့်ချက်ရှိလာပေမဲ့ ပဲလေ့စ်ကိုရှုးပြီး ထပ်စောင့်ခဲ့ရပြန်ပါတယ်။ အီလက်ခ်အနေနဲ့ လက်ရှိမှာ မန်ယူနိုက်တက်အသင်း စပါး၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ […]

လီဗာပူးလ်အသင်းအတွက် ဆာလာ သွင်းဂိုး ၂၅၀ ပြည့်မြောက်

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာဟာအက်စတွန်ဗီလာကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာအဖွင့်ဂိုးသွင်းယူပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၅၀ ပြည့်မြောက်ခဲ့ပါတယ်။ ဆာလာဟာ အသင်းသမိုင်းမှာ ဒီမှတ်တိုင်ကိုရောက်ရှိတဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ ဆာလာထက် ဂိုးပိုသွင်းထားသူနှစ်ဦးအဖြစ် အီယန်ရပ်ရှ်က ၃၄၆ ဂိုးနဲ့ ရော်ဂျာဟန့်က ၂၈၅ ဂိုး သွင်းယူထားခဲ့တာဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာတဲ့ ဆာလာရဲ့ ဂိုး ၂၅၀ မှာ ပရီးမီးယားလိဂ် ၁၈၈ ဂိုး၊ ချန်ပီယံလိဂ် ၄၆ ဂိုး၊ယူရိုပါလိဂ် ၅ ဂိုး၊ FA Cup ၆ ဂိုး၊ လိဂ်ဖလား ၄ ဂိုးနဲ့ ကွန်မြူနတီဒိုင်း ၁ ဂိုး ရှိခဲ့ပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ် […]